Connect Burma

Connect Burma

Share

11/06/2026

အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကူဝိတ် လေပိုင်နက်ကို ပိတ်ပင်

Connect Burma၊ ဇွန် ၁၁

အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပင်လယ်ကွေ့နိုင်ငံ ကူဝိတ် က လေကြောင်းပိုင်နက်ကို ပိတ်ပင်လိုက်ပါတယ်။

တိုက်ခိုက်မှုအသစ်တွေထပ်မံလုပ်ဆောင်ဖို့ ရှိတယ်လို့ အီရန်က ကြေညာခဲ့ပြီးနောက် ကူဝိတ်နိုင်ငံရဲ့ လေပိုင်နက်ကို ပိတ်ပင်ကြောင်း ကြေညာပြီး အခြားအစားထိုး လေယာဉ်လမ်းကြောင်းတွေ စီစဉ်နေရတယ်လို့ ဆိုပါတယ်။

ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးစနစ်က ဝေဟင်ပစ်မှတ်များကို စတင်ခုလံနေပြီ ပြီးဖြစ်ကြောင်း ကြေညာပြီး တစ်ဆက်တည်းမှာ လေပိုင်နက်ကိုပါ ပိတ်ပင်လိုက်တာပါ။

လွန်ခဲ့သည့်အပတ်ကလည်း ကူဝိတ်နိုင်ငံတကာလေဆိပ်ကို အီရန်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အခြားတစ်ဖက်မှာလည်း ဘာရိန်းနိုင်ငံမှာ အခြေစိုက်ထားတဲ့ အမေရိကန်ရေတပ် Fifth Fleet ဌာနချုပ်ကို အီရန်က တိုက်ခိုက်ခဲ့ကြောင်း အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် IGRC က ထုတ်ပြန်ထားပါတယ်။

ဂျော်ဒန်လေကြောင်းပိုင်နက်အတွင်းမှာ အီရန်ကပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေ ၊ရောကတ်တွေ နဲ့ ဒရုန်းတွေ ပျံဝဲနေတယ်လို့ သတိပေးချက်တစ်ရပ်ထုတ်ပြန်ထားပါတယ်။

ကိုးကား - ဂါးဒီယန်း

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Kamayut Township
Yangon