STAR Pre.School
09/07/2023
ကလေးကို မနာလိုစိတ်ကင်းအောင် ပျိုးထောင်ပါ
ရှင်သန်လာတဲ့တစ်လျှောက်မှာ
မနာလိုစိတ်ရှိတဲ့သူတွေက
ကြောက်စရာအကောင်းဆုံးပဲ။
မုန်းတယ် ဆိုတဲ့ခံစားချက်ထက်
မနာလိုစိတ်က ပိုပူလောင်ပြီး
တစ်ပါးသူ ပျက်စီးရာပျက်စီးကြောင်းပဲ ဖြစ်စေချင်တယ်။
မနာလိုစိတ်သည် အားကျရာကနေ
သိမ်ငယ်စိတ်၊ အငုံစိတ်ဝင်လာရင် ဖြစ်တတ်ပါတယ်။
သူတစ်ပါးအဆင်မပြေချိန် ဝမ်းသာနေရင် မနာလိုစိတ် ကြီးမားနေလို့ပါပဲ။
ကျွန်တော် တို့ Generation မှာ
ကလေးတွေကို အငုံစိတ် မနာလိုမှု သိမ်ငယ်စိတ်တွေ မရှိအောင် ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်တတ်အောင်
မွေးမြူပျိုးထောင်ပေးရမယ်။
ဒါမှ ပိုလှတဲ့နိုင်ငံ အသိုင်းအဝိုင်းဖြစ်လာမယ်။
မနာလိုစိတ်ရှိသူက အမြဲ သူတစ်ပါးကို ချိုးနှိမ်အောင်ပြောပြီး သူကပဲ အကောင်းဆုံးလို့ ဟန်ဆောင်တတ်ကြတယ်။
ဘာကြောင့်လဲဆိုတော့ စိတ်မလုံခြုံနေတာမို့။
သူများကိုကြည့် အားကျတယ်။
သူများလို လိုက်မလုပ်နိုင်တော့ ဒေါသထွက်ရတယ်။
ပြီးရင် အပြစ်တင်ဝေဖန်တိုက်ခိုက်တယ်။
ဒါ့ကြောင့် ရောင့်ရဲတတ်တဲ့ စိတ်နဲ့
အရှိကို အရှိအတိုင်းလက်ခံတတ်အောင် သင်ပေးရမယ်။
မနာလိုမှုရှိရင် သေသည်အထိ ပူလောင်ပြီး စိတ် မငြိမ်းချမ်းနိုင်ဘူး။
လူတွေမှာ မနာလိုစိတ်အားကြီးလာရင် ပျက်စီးတတ်တယ်။
မပြည့်တဲ့အိုးတွေက ဘောင်ဘင်ခတ်တယ်။
အကြွေစေ့တွေက အသံကျယ်တယ်။
သို့ဖြစ်ပါသောကြောင့် မိမိကလေးတွေကို မနာလိုစိတ် ကင်းအောင် သတိတရားနဲ့ ပြုစုပျိုးထောင်ကြပါ။
မိမိကလေးက အဖက်ဖက်က ပြည့်စုံနေရင် အကောင်းမွန်ဆုံး လက်ဆောင်တခုပေါ့။
ကောင်းကင်ထက်က ကြယ်စင် {kalay}
ᶜʳᵉᵈⁱᵗ ᵗᵒ ᵒʳⁱᵍⁱⁿᵃˡ ᵃᵘᵗʰᵒʳ📲 ₖₚ💁🏻♂️
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No(77). Insein Street(upper)Kyi Myint Dine Township
Yangon
959