Learning with Tr.Htet

Learning with Tr.Htet

Share

Photos from Learning with Tr.Htet's post 04/04/2026

Learning to read with real things around us! 📚✨
စာဖတ်ရတာပျင်းဖို့ကောင်းလား❓
စာဖတ်ဖို့ကြောက်နေလား❓
No, no, no ‼️
ခုတော့ sentence တစ်ကြောင်းပြီးတစ်ကြောင်းဖတ်ချင်လာပြီး
နောက်တစ်ခါမှာ ဘာပစ္စည်းလေးတွေသုံးမလဲဆိုတာကိုပါ စိတ်ဝင်စားလာပြီ🥰
စာဖတ်ရတာက ပျော်စရာကောင်းမှန်းသိလာပြီ🤍
✨🌈Learning becomes fun and active🌈✨

# Phonics

26/02/2026

FYI

📌လေထုညစ်ညမ်းခြင်းနှင့်ကလေးငယ်များ (Air Pollution)

ဒီနေ့ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုကြောင့် ပတ်ဝန်းကျင်မှာ မှုန်မှုန်မှိုင်းမှိုင်းဖြစ်နေပါတယ်။ IQAir က real-time လေထုအရည်အသွေးကို ကြည့်မယ်ဆိုရင် Yangon ရဲ့ AQI က 171 လို့ ဖော်ပြထားပါတယ်။

💠AQI 171 ဆိုတာဘာလဲ?

US AQI စံနှုန်းအရ 151–200 အတွင်းဟာ ကျန်းမာရေးအတွက် မကောင်းတော့ပါဘူး။ လေထုထဲမှာ ဖုန်မှုန့်သေးသေးလေးတွေ များလာတဲ့အဆင့်ပါ။ ဒီအနေအထားမှာ လူတိုင်းအတွက် အနည်းငယ် ကျန်းမာရေးသက်ရောက်မှု ဖြစ်နိုင်ပါတယ်။အထူးသဖြင့် High Risk Person(နာတာရှည်ရောဂါရှိသူ)တွေမှာ ပိုအန္တရာယ်ရှိပါတယ်။

💠ဖြစ်နိုင်တဲ့ လက္ခဏာများကတော့

▪️မျက်လုံး၊ လည်ချောင်း ယားယံခြင်း
▪️ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း
▪️အဆုတ်ရောဂါ နဲ့ Asthma (ပန်းနာရင်ကြပ်) ပိုမိုဆိုးရွားနိုင်ခြင်း
▪️ရောဂါအခံရှိသူများမှာ နှလုံးနဲ့ သွေးကြောဖိအားတိုးနိုင်ခြင်းတို့ဖြစ်ပါတယ်။

💠လေထုညစ်ညမ်းချိန်မှာ သတိထားသင့်သူများကတော့

▪️ကိုယ်ဝန်ဆောင်များ
▪️ကလေးငယ်များ
▪️အသက်အရွယ်ကြီးရင့်သူများ
▪️ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောဂါ၊ နှလုံးရောဂါရှိသူများဖြစ်ပါတယ်။

ဒီလိုနေ့တွေမှာ အားလုံးက

▪️အပြင်လေထုနဲ့ထိတွေ့တာလျှော့သင့်ပါတယ်။ ပြင်ပမှာ အားကစား / လေ့ကျင့်ခန်း မလုပ်တာကောင်းပါတယ်။ အိမ်ပြတင်းပေါက် ပိတ်ထားပြီး အိမ်ထဲမှာ HEPA Air Purifier သုံးသင့်ပါတယ်။

▪️အပြင်ထွက်ရင် N95 / KN95 Mask တပ်ပါ။

▪️ရေများများ သောက်ပါ။

ရန်ကုန်မှာ လေထုညစ်ညမ်းမှုများရတဲ့ အကြောင်းရင်းကတော့ ယာဉ်အသွားအလာများခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကနေ ဖုန်များထွက်ခြင်း၊အမှိုက်များမီးရှို့ခြင်းတွေကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လေထုညစ်ညမ်းတဲ့အချိန် ကလေးတွေကိုပိုဂရုစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက လူကြီးတွေထက် အသက်ရှူနှုန်းပိုမြန်တာကြောင့် ဖုန်မှုန့်တွေပိုဝင်နိုင်လို့ပါ။ ဒါ့အပြင် အဆုတ်ကဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် နုနယ်နေပြီး ခံနိုင်ရည်ရော ကိုယ်ခံအားရောနည်းနေပါတယ်။

ကလေးတွေမှာ ချောင်းဆိုးခြင်း၊ နှာစေးခြင်းတွေဖြစ်တတ်ပါတယ်။ အသက်ရှူမြန်ခြင်း၊ မောခြင်း၊ မျက်လုံး၊နှာခေါင်းယားယံခြင်း၊ ပန်းနာရင်ကြပ်ပြန်ကြွခြင်းတွေဖြစ်တတ်ပါတယ်။

ဒါကြောင့် ကလေးတွေနဲ့ Outdoor Play အပြင်ထွက်မှု လျှော့ပါ။ မဖြစ်မနေ အပြင်ထွက်ဖြစ်ရင် အသက် ၂နှစ်အထက်ဆိုရင် Mask အသုံးပြုလို့ရပါတယ်။(Child-size KN95 / N95)။ 2 နှစ်အောက်ကတော့ Mask မတပ်ရပါဘူး။ တတ်နိုင်သမျှ အပြင်မထွက်တာကောင်းပါတယ်။

ကလေးများအနေနဲ့ လေထုညစ်ညမ်းမှုကြောင့် ဆက်တိုက်ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ မောခြင်း၊ ပြာနှမ်းခြင်းများရှိလာရင်တော့ ချက်ချင်းဆေးရုံသွားရမှာဖြစ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

📍စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕

ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Thaketa Township
Yangon