Ngwae Yee

Ngwae Yee

Share

07/03/2026

လူတစ်​ယောက်ကို မေ့နိုင်ဖို့ဆိုတာ...
​လှောင်ချိုင့်ထဲက ကြက်တူ​ရွေး​လေးကို
တစ်ခြားသွားပြီးလွှတ်ပစ်လိုက်ဖို့ခက်ခဲ​နေသလိုပဲ
​မေ့မယ်လို့​တွေးလိုက်တိုင်း
မြဲမြဲချည်ထားတဲ့ သံ​ယောဇဥ်​ကြိုးကြောင့်
မ​အောင်မြင်နိုင်ခဲ့တာ ခုချိန်ထိပါပဲ...။

#​တွေးမိ​တွေးရာ​ရေးမိ​ရေးရာ

TikTok · Ngwae Yee@ ငွေ့ရည် 14/02/2026

TikTok · Ngwae Yee@ ငွေ့ရည် 32 likes, 4 comments. “သူရှိနေတယ်ဆိုတဲ့ အသိလေးနဲ့တင် နေတတ်ခဲ့သလို ကိုယ့်ဘဝထဲ သူမရှိတော့ပါဘူးဆိုတဲ့ အတွေးနဲ့ နေသားကျဖို.....

26/12/2025

ဘဝမှာ.....
တန်ဖိုးဖြတ်လို့မရတဲ့အထဲမှာ
သူငယ်ချင်း​တွေဆိုတာ မပါမဖြစ်ပဲ
အ​ရေအတွက် အများကြီးမလိုဘူး
ကိုယ့်အတွက်ဆို ဘယ်လို​တွေခက်ခဲ​နေပါ​စေ
အသင့်ဖြစ်​နေ​ပေးမယ့်သူ...
တစ်​ယောက် နှစ်​ယောက်ရှိရင်ကို လုံ​လောက်ပြီ​
ကိုယ့်ကိုဘယ်​တော့မှမငြိုငြင်ပဲ
ကိုယ်ကလဲ ဘယ်​တော့မှမငြိုငြင်မယ့်
ချစ်စရာ​လေး​တွေပေါ့...။

🥰
#​တွေးမိ​တွေးရာ​ရေးမိ​ရေးရာ

23/11/2025

ဘဝမှာ​လေ...
မိန်းမအရမ်းဆန်ပြီး
သဝန်တိုတတ်တဲ့သူ
မဖြစ်ချင်ခဲ့ဘူး
ဒါ​ပေမယ့်​လေ
ထိန်းချုပ်ထားတဲ့ကြားက
သိသိသာသာ​ရော မသိမသာ​ရော
သူ့အ​ပေါ် ခဏခဏသဝန်တိုမိသွားတယ်
အချစ်မှာ....
ဆိုးနွဲ့ချင်တာနဲ့ သဝန်တိုတတ်တာက
ထမင်းဝိုင်းတစ်ခုက
မပါမဖြစ် menu တစ်ခုလိုပဲလား...။

16/10/2025

သံယောဇဥ်က
တစ်ခါတစ်ခါ
အရမ်းခါးသက်တယ်နော်
ကိုယ်ကသူ့ကိုတွယ်တာမိခါမှ
သူကကိုယ့်ကို စိမ်းသွားတဲ့အခါ
တို့နှစ်ယောက်ကြား
ဘာတွေမှားသွားတာလဲ လို့
အဖြေရှာရတာလဲ အခါခါပါပဲ
ရင်ထဲပင်ပန်းရတာထက်ပိုတယ်...။
NgwaeYee #တွေးမိသမျှရေးမိသမျှ

14/10/2025

ကိုယ်တို့နှစ်ယောက်ကလေ
တစ်ယောက်ယောက်က စပြီး တစ်ယောက်ယောက်ကို တစ်ချိန်ချိန်မှာ ထားခဲ့ကြရမှာဆိုတာ ကြိုသိနေတယ်
ဒါပေမယ့် အခုထိတော့... ဝေးရမယ့်အကြောင်း မစဥ်းစားခဲ့ရဲဘူး...တစ်ကယ်ပါ အဲ့ဒီအေကြာင်း အတွေးထဲဝင်လာခဲ့ရင်တောင်မှ ချက်ချင်းအာရုံပြောင်းလိုက်မိတယ်
ဘာဖြစ်လို့လဲ ဆိုတော့ဝေးသွားရမယ့်အကြောင်း အတွေးလေးထဲဝင်လာမှာတောင် ကြောက်နေမိလို့...။
#တွေးမိသမျှရေးမိသမျှ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00