Trust Me Trading
LENOVO X1-CARBON
အသုံးပြု၍ရသော Software များ
Microsoft Office, Excel, Word, PowerPoint,Programming, Engineering, SketchUp, Photoshop, PageMaker, illustrator, CorelDraw, Audio Edition, Zoom Online Class ရုံးမှာပဲသုံးသုံး အလုပ်အတွက်ပဲသုံးသုံး စာရင်းကိုင်ဖို့ပဲသုံး မြန်မြန်ဆန်ဆန် အကုန်ဘက်စုံသုံးလို့ ရမယ်...°
_ Specifications
• CPU - i5 8Gen
•RAM - 8GB
•SSD - NVMe 256GB
•Battery 4 Hour
• Original Charger
• TypeC Charging Support
• USB, VGA, HDMI, WiFi, LAN Port, Bluetooth, SD Card, Camera, Mic, Audio Jack, Speaker All Good
အနေနဲ့ စက်အာမခံ (၃)လပေးပါသည်
၁ပတ်စမ်းသုံးခွင့် နှင့် ၁ ပတ်အတွင်း စက်ပိုင်းဆိုင်ရာ Error ပြစ်ချက်ရှိခဲ့ပါကငွေအပြည့်ပြန်အမ်းပေးသည်ထိ တာ၀န်ယူပါသည်။
_Software Lifetime Free ပြင်ဆင်ခွင့်_
PRICE ~ 1,050,000/- Ks
LAPTOP ၀ယ်ယူသူတိုင်းအတွက်
လက်ဆောင်ပစ္စည်း [ ၆ ] မျိုး
~ Laptop Bag
~ Mouse
~ Mouse pad
~ LCD Cleaning kit
~ Keyboard Protector
~ Myanmar font Sticker
🚚 ရန်ကုန်မြို့ / မန္တလေး / နေပြည်တော် တွင်း ပစ္စည်းရောက်ငွေချေရ အခြားမြို့နယ်များအတွက် 💵 ငွေလွှဲ၀င် သက်ဆိုင်ရာ ကားဂိတ်တင်ပေးပါတယ်ခင်ဗျ
⭕ လက္ကားပြန်လည်ရောင်းလိုသူများအတွက်
လက္ကားဈေး ဆိုင်ပေးဈေး သက်သက်ရှိပါတယ်ဗျ
❝ Trust Me Online Shopping Center ❞
အမှတ် ၆၁၊ ဒုတိယထပ်၊ ၁၂၂လမ်း၊ မဂ်လာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
ဆိုင်ဖွင့်ချိန် 🕘 𝟵:𝟯𝟬 𝗔𝗠 𝘁𝗼 𝟳:𝟬𝟬 𝗣𝗠
Mobile_09 420186007/09788842067
Viber - 09420186007/09788842067
#ပစ္စည်းမှန် #စျေးသင့် #၀န်ဆောင်မှု့ကောင်း
တာဝန်ယူမှု့ တာဝန်ခံမှု့အပြည့်ဖြင့်
ရောင်းချပေးပါသည်။
18/09/2024
ငါးမိနစ်လေးအချိန်ပေးပေးပါ တန်ဖိုးမရှိတဲ့ စာတွေဆိုရင် ကျွန်တော့ကို block လိုက်ပါ☺
" တကယ်ကောင်းတဲ့ဟောပြောပွဲတစ်ခု "
ကျနော်တို့ လူငယ်တစ်သိုက် ဟောပြောပွဲတစ်ခု သွားနားထောင်ရန်အတွက်
ချီတက်နေကြသည်။
တစ်လမှ လစာငွေ ငါးသိန်းသာရသောအဖေက ဒီဟောပြောပွဲကို သွားနားထောင်ရင်
ကျနော့်ကို မုန့်ဖိုး တစ်သိန်းပေးမယ်လို့
စည်းရုံးထားတယ်လေ။
လက်မှတ်ကြေးက တစ်စောင်ကို တစ်သောင်းနှုံး၊လက်မှတ်ငါးစောင်ဖြတ်ပေးလိုက်တယ်။
ကျနော့်ရဲ့ ဆိုးဖော်ဆိုးဖက်
သူငယ်ချင်းတွေအတွက်ရောပေါ့။
ကျနော်ကြားဖူးနားဝ ဗုဒ္ဓဝင်ထဲကလို အသပြာတစ်ထောင်ပေးပြီး သားကို တရားနာခိုင်းတဲ့ သူဌေးကြီးလိုမျိုး။
.. သို့သော်
ဒီနေ့ ဒီဟောပြောပွဲကို
တက်ရောက်ကြားနာခဲ့ခြင်းဟာ
ဘဝမှာ အမှန်ဆုံးအလုပ်တစ်ခုဖြစ်မယ်ဆိုတာ ကျနော်မသိသေးဘူး။
ခန်းမထဲမှာ လူတွေအပြည့်ပဲ။တချို့က မိသားစုလိုက်။တချို့က စုံတွဲခုတ်လာကြတယ်။
တချို့က ကျနော်တို့လို ဘော်ဒါအဖွဲ့။
စင်ပေါ်ကို လူတစ်ယောက် တက်လာတယ်။
မျက်နှာက ပြုံးပြုံးရွှင်ရွှင်နဲ့
ထူးထူးခြားခြားတောက်ပနေတာက သူ့ရဲ့
ယုံကြည်မှုရှိတဲ့ ဟန်ပန်ပဲ။
နိုင်ငံသိ ကျော်ကြားအောင်မြင်သူဆိုတော့
လည်း ဒီလို confidence ရှိနေတာ မဆန်းပါဘူး။ဒါပေမယ့် သူက ဟိတ်ကြီးဟန်ကြီးမဟုတ်ဘူး။တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့။
ဂျင်းဘောင်းဘီဝတ်ထားတယ်။
တီရှပ်တစ်ထည်ဝတ်ထားတယ်။
မြန်မာ့အဆင့် ၁သူဌေးကြီးလို့
ဘယ်သူထင်မှာလဲ။
"မင်္ဂလာပါ။ကျနော် ကျော်စွာပါ။
မိတ်ဆက်ပုံက ဒီလောက်ပဲ။နိုင်ငံတော်က
ချီးမြှင့်ထားတဲ့ သူဌေးဘွဲ့ကို သူမရွတ်ပြဘူး။
"ကျနော်က ဟောပြောချင်တာမဟုတ်ဘူးဗျ။
ပြောပြချင်တာ။ဒီနှစ်ခုမတူဘူးနော်။
အပေါ်စီးကနေ သင်ကြားပေးချင်တာမဟုတ်ဘူး။နှလုံးသားက လာမယ့်စကားတွေကို
နှလုံးသားထဲ တိုက်ရိုက် မျှဝေပေးချင်တာ။
ကျနော်က စကားပြောသိပ်ကောင်းတာတော့ မဟုတ်ဘူး။ဒါကြောင့် ရူပါနဲ့ပဲ ထိန်းထားရတာ။😄😃
အောင်မြင်တဲ့ နိဒါန်းပဲလား။လေးလံခမ်းနားတဲ့ ဘွဲ့တံဆိပ်တွေနဲ့ သီရိသုဓမ္မဘာညာသူဌေးကြီးက ဒီလို ပေါ့ပေါ့ပါးပါးလေး အရွှန်းဖောက်တော့ ပရိတ်သတ်က ပြုံးစိပြုံးစိဖြစ်သွားတယ်။😍
"ကျနော်က သူဌေးဖြစ်နည်းကို ဟောပြောမှာ မဟုတ်ဘူးနော်။ကျနော့်ညီ ကျနော့်ညီမတွေလို လူငယ်တွေအတွက် ဘဝနေနည်းလေး
အကြံပြုချင်တာပါ။
❤❤
တစ်ခါက ဘုရင်ကြီးတစ်ပါးက အမတ်တွေကို ပြောတယ်။ကမ္ဘာအရပ်ရပ်က
လူသားသမိုင်းတွေကို လေ့လာချင်တယ်တဲ့။
အဲ့ဒိခေတ်က စာရွက်မပေါ်သေးလို့
ဆိတ်သားရေ၊နွားသားရေမှာ
စာရေးနေရတဲ့ခေတ်လေ။
ဘုရင့်နန်းတော်ရှေ့မှာ
လှည်းအစီးထောင်ပေါင်းများစွာဟာ
သားရေပြားတွေတင်ပြီး ရောက်နေတယ်။
ဘုရင်က အံ့သြတကြီးနဲ့
"အဲ့ဒါဘာတွေလဲဆိုတော့ အမတ်ကြီးက
ကမ္ဘာအရပ်ရပ်က လူသားသမိုင်းတွေကို
သုံးနှစ်သုံးမိုးပြုစုထားတာပါတဲ့။
"ငါဘယ်လိုလုပ် ဖတ်နိုင်မှာလဲ အမတ်ကြီးရဲ့။
ခပ်တိုတိုလေး ပြန်ပြုစုပေး
အဲ့ဒိအချိန်မှာ အမတ်ကြီးက သူဆောင်ယူလာတဲ့ သားရေပြားချပ်လေးကို ပေးလိုက်ရင်း
"ဒါကမ္ဘာအရပ်ရပ်က လူသားသမိုင်းပါ
အရှင်မင်းကြီး
မင်းကြီးမျက်မှောင်ကုပ်သွားတယ်။
လူသားသမိုင်းတဲ့။ရေးထားတော့
စာကနှစ်ကြောင်းတည်း။
"သူတို့ မွေးဖွားလာကြသည်။
သူတို့ သေဆုံးသွားကြသည်။
အဲ့ဒါဘဝပဲ။နိဒါန်းက မွေးဖွားခြင်း။နိဂုံးက
သေဆုံးခြင်း။သတ္တဝါတိုင်း အတူတူချည်းပဲ။
ကျနော်လည်း ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့
ကြားကာလမှာ ရုန်းကန်ရွေ့လျားနေတဲ့
လူတစ်ယောက်ပဲ။ကျနော်ဘယ်လိုနေခဲ့လဲ။
ကျနော်လည်း ညီလေးတို့ ညီမလေးတို့လို ကျောင်းသားလူငယ်ဘဝကို ဖြတ်သန်းခဲ့ဖူးတယ်။ဆိုးခဲ့ဖူးတယ်။တေခဲ့ဖူးတယ်။ပေခဲ့ဖူးတယ်။
ဘဝမှာ ကြက်ခြေခက်တွေအပြည့်နဲ့။
ဘဝပျောက်လောက်အောင်တော့
မဆိုးခဲ့ဘူးပေါ့။ကျနော့်အဖေကမှာတယ်။
မင်းကြိုက်သလောက်ပျော်ပါ။ဒါပေမယ့်
အိမ်ကိုတော့ ရောက်အောင်ပြန်ခဲ့ပါတဲ့။
ဒါကို ဒဿနတစ်ခုလို့ ကျနော်မသိဘူး။
အခွင့်အရေးတစ်ခု၊လွတ်လပ်ခွင့်တစ်ခုလို့ပဲ
ထင်ခဲ့တာလေ။ညလုံးပေါက် ဂစ်တာတွေတီး၊
သီချင်းတွေဆို၊ဘော်ဒါတွေနဲ့မူးယစ်ပျော်ပါး။
မနက်လေးနာရီလောက်မှ အိမ်ပြန်ဖြစ်တဲ့
နေ့တွေက မနည်းလှဘူး။
ရက်တွေကြာလာတော့ အဖေက ပြောတယ်။
"သား ကြိုက်သလောက်ပျော်ပါ။
သားအပျော်ကြူးတာနဲ့
တိုက်ရိုက်အချိုးတူစွာ အဖေတို့
စိတ်ပူရတယ်။ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် သားအတွက် ဘေးကင်းမယ့် ဒီအိမ်လေးမှာ
တစ်ထောက်ပြန်နားပါသား။
သားဘယ်နေရာမှာ မူးမှောက်ပြီး အိပ်ပျော်နေမလဲ။ဘယ်နေရာမှာ ရန်တွေဖြစ်ပြီး
အရိုက်အနှက်ခံနေရမလဲ။ဖေဖေတို့
စိတ်ပူနေရတယ်။မနက်လင်းလို့ အိပ်ရာပေါ်မှာ ဘေးကင်းကင်းနဲ့ အိပ်မောကျနေတဲ့ သားကိုမြင်မှ အဖေတို့ တစ်ရက်စာ စိတ်အေးရတယ်တဲ့
ကျနော်မသိခဲ့ဘူး။ကျနော့်ရဲ့ ပျော်ပါးခြင်းဟာ မိဘကို စိတ်ပူပန်စေတယ်ဆိုတာ ကျနော်မသိဘူး။ကျနော်ပဲ ပျော်ချင်တာ။ကျနော့်တစ်ကိုယ်စာလေးပဲ ကျနော်တွေးခဲ့တာ။
အဲ့ဒိနောက်ပိုင်း တော်ရုံတန်ရုံအကြောင်းမရှိရင် ကျနော့်အိမ်ပြန်ချိန်တွေ ဥာဉ့်မနက်တော့ဘူး။ကျနော့်ကြောင့် မိဘကို
စိတ်ပူစေမယ့်ဘေးကို အတတ်နိုင်ဆုံး
အေးစေခဲ့တယ်။
အမေကတော့ အဖေ့ကို ပြောတယ်။
"ရှင့်နည်းက စွန့်စားလွန်းရာမကျဘူးလား။
၂နှစ်နီးပါးလောက် သားလေးကို ပရမ်းပတာ လွှတ်ပေးခဲ့တာ အန္တရာယ်သိပ်များတယ်။
ဒီကြားထဲ တစ်ခုခုဖြစ်သွားတော့
ဘယ့်နှယ့်လုပ်မလဲတဲ့။
ကျနော့် စိတ်ထဲမှာ စူးစူးနင့်နင့်နားလည်လိုက်တာက မိဘအိမ်ဆိုတာ သားသမီးတွေအတွက် လုံခြုံဘေးကင်းရာအရပ်ပဲ။
ညီလေးတို့ ညီမလေးတို့လည်း လူငယ်ပီပီ
ရူးမိုက်ပျော်ပါးချင်လိမ့်မယ်။
ပျော်ပါးဖူးလိမ့်မယ်။ဒါပေမယ့် မိဘတွေဘက်က ဝင်တွေးကြည့်ပါ။မင်းတို့အတွက်
မိဘအိမ်ဟာ ဘေးကင်းလုံခြုံရာအရပ်ပဲ။
ရောက်အောင်ပြန်ပါ။
ကျနော်ဒုတိယနှစ်ရောက်တော့
ရည်းစားရနေပြီ။အရူးအမဲသား စားရသလိုပေါ့ဗျာ။အခုမှ ဣတ္ထိယနဲ့ ထိတွေ့ဖူးတော့
ကြားလေသွေးရင်တောင်
ဝေးတယ်လို့ ထင်မိတာမျိုး။
တစ်ရက်မှာ အဖေက မေးတယ်။
" သား ချစ်သူရပြီလားတဲ့
"ဟုတ်ကဲ့လို့ ဖြေတော့
"မင်းဘယ်မှာ နေမလဲ။ဘာအလုပ်လုပ်စားမလဲ။မင်းဘဝရည်မှန်းချက်က ဘာလဲလို့
မေးတယ်။မေးခွန်းက ရိုးရှင်းသလောက်
အဖြေကသိပ်ခက်တယ်။ခက်တာထက်ကို
ပိုပါတယ်။အဖြေက ရှိကိုရှိမနေတာ။
အဖေက ဘာမှဆက်မမေးတော့ဘူး။
ဟုတ်တယ်။ဒါက အဖေ ကျနော့်ကို မေးရမယ့် မေးခွန်းမဟုတ်ဘူး။ကျနော့်ကို ကျနော်မေးရမှာ။ငါဘာအလုပ်လုပ်မှာလဲ။ငါ့ရည်မှန်းချက်ကဘာလဲ။ကိုယ်လျှောက်မယ့်လမ်းတောင် ကိုယ်မဖောက်ရသေးတဲ့အဖြစ်ပါ။
တကယ်က လမ်းပျောက်နေတာမဟုတ်ဘူး။
လမ်းကို မရှိခဲ့တာ။
ညီလေးတို့ ညီမလေးတို့မှာရော
ရည်မှန်းချက်လမ်းတွေ ရှိကြပြီလား။
ဒီလိုနဲ့ စီးပွားရေးဘက်ကို အထူးပြုလေ့လာမယ်ဆိုပြီး စီးပွားရေးဘက်ကို စလေ့လာတယ်။
စာတွေဖတ်တယ်။ကိုယ်ပိုင်လုပ်ငန်း
လုပ်နေကြတဲ့သူတွေကို အောက်ကျို့ခံပြီး
မေးခွန်းတွေမေးတယ်။သင်ယူတယ်။
ပညာရှာ ပမာ သူတောင်းစားမဟုတ်လား။
သိလိုသူက မာန်ချထားရတယ်။
ပြဿနာ အသစ်တစ်ခု ထပ်တွေ့လာပြန်ရော။
သမီးရည်းစားပြဿနာပါ။ရွေးချယ်ခဲ့တုန်းက ရုပ်ရည်ကြိုက်လို့ ရွေးခဲ့တာလေ။သူ့အကျင့်၊သူ့စရိုက် ဘာကိုမှ လေ့လာပြီး ကြိုက်ခဲ့တာမဟုတ်ဘူး။သူကျနော့်ကို ဖြတ်သွားပြီး နောက်တစ်ယောက်တွဲသွားတယ်။
လူလည်း ရူးမလိုလို ကြောင်မလိုလို
ဖြစ်သွားသေးတယ်။
သစ္စာမရှိတဲ့ မိန်းမဘာညာပေါ့။ကျိမ်စာတွေတိုက်။အသဲတွေကွဲ၊အရက်တွေမူး။
အဲ့ဒိအချိန်မှာ အဖေကထပ်မေးတယ်။
"သူ့မှာ မင်းကို ဖြတ်ဖို့ အခွင့်ရေးမရှိဘူးလားတဲ့
ဟုတ်တယ်။ဘာစာချုပ်စာတမ်းမှ
ရှိတာမဟုတ်ဘူး။တစ်သက်လုံးလက်တွဲပါမယ်လို့လည်း ကတိမပေးထားဘူး။
ကျနော့်ကို သူ မလိုချင်တော့ရင်၊မလိုအပ်တော့ရင် လမ်းခွဲဖို့ သူ့မှာ အခွင့်အရေးရှိနေတာပဲ။
ကျနော်လက်ခံပေးလိုက်တယ်။နောက်တစ်ခါများတော့ ရည်းစားထားမယ်ဆိုရင် သူ့ဘက်ကိုလည်း သေချာလေ့လာမယ်။ကိုယ့်ဘက်ကလည်း သေချာပြင်ဆင်မယ်။ဒီလိုတွေးဖြစ်လာတယ်။တစ်သက်လုံး ကိုယ့်အိပ်ရာဘေးမှာ ထားရမယ့် အမျိုးသမီး၊ကိုယ့် အိမ်ရှင်မဖြစ်လာမယ့် အမျိုးသမီးကို တွေ့ကရာမရွေးချယ်မိဖို့
ကိုယ့်ကိုယ်ကို ပြန်သတိပေးရတယ်။
ညီလေးတို့ ညီမလေးတို့ရော ကိုယ့်ကြင်ဖော်ကို ရွေးချယ်တဲ့အခါ စိတ်ခံစားချက်အတိုင်း ရွေးလိုက်တာလား။ဥာဏ်နဲ့ရော
ပိုင်းခြားစီစစ်ဖြစ်လား။
နောက်တစ်ကြိမ်ရွေးချယ်မှုကတော့ ကျနော့်အတွက် အကောင်းဆုံးဖြစ်ခဲ့တယ်။
အခုလက်ရှိ အိမ်သူသက်ထားပါပဲ။
လူနှစ်ယောက်ချိတ်ဆက်ဖို့ အတွက် တစ်ခုတည်းသော လိုအပ်ချက်က နားလည်မှုပဲ။
သူ့အပြစ် ကိုယ့်အပြစ်၊သူ့အမှား ကိုယ့်အမှား
သူ့အဆိုး ကိုယ့်အဆိုး၊သူ့အားနည်းချက် ကိုယ့်အားနည်းချက်ကို အပြန်အလှန် နားလည်ပေးခဲ့ကြတယ်။
ဖုန်းတစ်လုံး အားသွင်းဖို့ adapterလိုတယ်မဟုတ်လား။Adapterဆိုတာ powerကိုမပေးဘူး။
Powerကိုလည်းမယူဘူး။ပေးသူနဲ့ ယူသူကြားမှာ အဆင်ပြေအောင် ချိန်ညှိပေးတဲ့
deviceတစ်ခုပဲ။
နိုင်ငံရဲ့ power supply systemက 220AC
ဖုန်းကလိုချင်တာ 5amp(အမ်ပီယာ) current.
Adapterမခံဘဲ တိုက်ရိုက် joinလိုက်ရင် ဖုန်းပဲ ဂိသွားလိမ့်မယ်။ဒါဟာ ပေးသူရဲ့အမှားမဟုတ်သလို ယူသူရဲ့ အားနည်းချက်လည်း မဟုတ်ဘူး။မတူညီ ကွဲလွဲခြင်းသာ။နားလည်မှု adapterလည်း ကြားခံလိုက်တော့ အပေးအယူမျှတသွားရော။ဒါကြောင့် ညီလေးတို့
ညီမလေးတို့ ပေါင်းသင်းဆက်ဆံတဲ့အခါ
သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊မိဘနဲ့ပဲဖြစ်ဖြစ်၊ချစ်သူချင်းပဲဖြစ်ဖြစ် နားလည်မှုရှိကြပါ။
နားလည်မှုမရှိဘဲ ပေါင်းစပ်လို့ လုံးဝမရဘူး။
အဆီအငေါ်မတည့်ရင် နှစ်ဦးနှစ်ဖက် ထိခိုက်ရတတ်တယ်။မိဘက adapterမခံဘဲ 220AC voltageပေးလိုက်လို့ လောင်ကျွမ်းသွားတဲ့
ပျက်စီးသွားတဲ့ ဖုန်းလိုမျိုး သားသမီးတွေ
ဘယ်လောက်တောင် ရှိနေမလဲ။
ဒီလိုနဲ့ စီးပွားရေးကို အစပြုရင်း ဖြတ်လမ်းနည်းတွေနဲ့ အောင်မြင်ချင်လာတယ်။
သူဌေးကြီးတစ်ယောက်ကို မေးဖူးတယ်။
အောင်မြင်ဖို့ အမြန်ဆုံးနည်းပြောပြပါလို့။
သူဌေးကြီးဖြေသွားတာ သိပ်လှတာပဲ။
သမိုင်းဖြစ်ရပ်လေးတစ်ခုနဲ့ ဥပမာပေးသွားတာ။ညီတို့ ညီမတို့ကို ဗဟုသုတအဖြစ်၊messageတစ်ခုအဖြစ် မျှဝေချင်ပါတယ်။
မက်ဆီဒိုးနီးယား စစ်ဘုရင် အလက်ဇန်းဒါး
သေဆုံးပြီးနောက်မှာ သူပိုင်တဲ့နယ်မြေတွေကို သူ့စစ်သူကြီးတွေက ခွဲဝေယူတယ်။
အီဂျစ်မြေကိုယူတဲ့ တော်လမီ ၁ လက်ထက်မှာ
ဘုရင် တော်လမီကGeometryပညာရှင် ယူကလစ်ဆီက geometryပညာကို အလွယ်သင်ဖို့ ကမ်းလှမ်းတယ်။
ယူကလစ်ရဲ့အဖြေက သိပ်ရိုးရှင်းတယ်။
သိပ်ရဲရင့်တယ်။
"Geometryပညာကိုသင်ဖို့ ရှင်ဘုရင်အတွက် အထူးနည်းလမ်းမရှိပါဘူးတဲ့။
ဒါကြောင့် ကျနော်တို့ ဘယ်ပညာကိုပဲ သင်ယူသည်ဖြစ်ဖြစ် ဝီရိယထည့်ဖို့လိုတယ်။
ခြေထောက်ကနေ ခြေလှမ်းဖြစ်ပြောင်းသွားတာ ဝီရိယကြောင့်ပဲ။ဦးတည်ရာကို ရွေးချယ်တာက ဥာဏ်ရည်ပေါ့။လျှောက်လမ်းမှာ
ခလုတ်မထိ ဆူးမငြိဖို့က သတိတရားရဲ့
လုပ်ဆောင်ချက်။
ဒီလိုနဲ့ စီးပွားရေးတစ်ခုကို ဇောက်ချလုပ်ဖြစ်လာတယ်။အတော်အတန်
အောင်မြင်လာတယ်။ကျနော်နဲ့ ခင်မင်လာတဲ့ သူဌေးကြီးတစ်ယောက်က ကျနော့်ကို
မေးတယ်။စာဖတ်ဖြစ်လားတဲ့။
အချိန်လည်း သိပ်မအားတာနဲ့ မဖတ်ဖြစ်ဘူးလို့ ပြောတော့ သူဌေးကြီးက
"မင်းအလုပ်ချိန်တွေက ဘယ်လောက်တောင် တန်ကြေးရှိနေလို့ စာမဖတ်ရတာလဲ။
မင်းရဲ့ နှစ်နာရီလုပ်အားခက တစ်သိန်းလား
နှစ်သိန်းလား။စာတစ်ပုဒ်ကပေးမယ့် အသိတရားက မင်းရှာနိုင်တဲ့ ငွေထက် အမြဲတန်ဖိုးကြီးတယ်ဆိုတာ မှတ်ထားတဲ့
တပည့်လိုဖြစ်နေလို့ ခပ်ကြမ်းကြမ်းပြောတယ် ထင်ပါတယ်။နောက်မှ လေသံပျော့သွားပြီး
"ငါ့ညီ ကျော်စွာ ဘေဂိတ်ကြရဲ့ တစ်နာရီလုပ်အားခက တို့ထက် အပုံကြီးသာလိမ့်မယ်။
ဒါပေမယ့် ဘေဂိတ်ဇောက်ချလုပ်နေတာ
စာဖတ်ခြင်းပဲ။
လင်ကွန်းကပြောတယ်။ကျုပ်ကို သစ်ပင်ခုတ်ဖို့ အချိန် ခြောက်နာရီပေးရင် လေးနာရီက ပုဆိန်သွေးနေမှာတဲ့။ငါတို့ အလုပ်လုပ်နေတယ်ဆိုတာ ဥာဏ်ပုဆိန်နဲ့ သစ်ပင်ခုတ်နေတာ။
စာဖတ်တယ်ဆိုတာ အဲ့ဒိဥာဏ်ပုဆိန်ကို
သွေးနေရတာ။မင်းပုဆိန်သွေးဖို့ မပျက်ကွက်နဲ့။ပုဆိန်တုံးလာလိမ့်မယ်တဲ့။
ဒီတော့ ညီလေးတို့ ညီမလေးတို့ကို
ကျနော်ကပြောမယ်။ကျနော့်အဆင့်နဲ့ အချမ်းသာဆုံးသူဌေးဖြစ်နေရတာ
ကျနော်ဂုဏ်မယူဘူး။
ကျနော့်ထက် ပိုချမ်းသာတဲ့သူပေါ်
လာလို့လည်း
ကျနော်စည်းစိမ်လျော့မသွားဘူး။
နံပါတ် တစ်ဖြစ်နေခြင်းက နှိုင်းရတန်ဖိုးပါ။
ပကတိမှမဟုတ်တာ။ကျနော်ထက် ပိုချမ်းသာသူပေါ်လာရင် ကျနော်ထက်ပိုပြီး နိုင်ငံသားတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေးနိုင်လိမ့်မယ်။ကျနော့်နိုင်ငံကြီး
ဒီထက်ပိုတိုးတက်လာလိမ့်မယ်။
ကျနော်မျှော်လင့်တယ်။ညီတို့ ညီမတို့လည်း
ပျော်ကြပါ။ဒါပေမယ့် ဘေးကင်းပါစေ။
ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပါ။
ဒါပေမယ့် ရည်မှန်းချက်ရှိပါစေ။
ချစ်ကြပါ။ဒါပေမယ့် နားလည်မှုရှိပါစေ။
အလုပ်လုပ်ကြပါ။ဒါပေမယ့်
စာဖတ်ဖို့ အချိန်ရှိပါစေ။
အောင်မြင်ခြင်းမှာ ဂုဏ်ယူကြပါ။ဒါပေမယ့်
မာန်မာနတော့ ကင်းပါစေ။
နိုင်ငံအနာဂတ်အတွက် ညီတို့ညီမတို့ ကိုပဲ
ကျနော်က အားကိုးမျှော်လင့်နေမှာပါ။
ဟုတ်ကဲ့ ကျနော့် စကားကို စိတ်ဝင်တစား နားထောင်ပေးကြလို့ ကျနော် ကျော်စွာက အားလုံးကို ကျေးဇူးတင်ပါတယ်။
လူကြီးမင်းတို့ ဝယ်ယူလာတဲ့ လက်မှတ်တွေကို အရောင်းကောင်တာမှာ ဝယ်စျေးအတိုင်း
ပိုက်ဆံပြန်ထုတ်သွားလို့ရပါတယ်။
ဒီနေ့ စကားပွဲလေးဟာ ငွေကြေးအကျိုးအမြတ် လိုချင်လို့ လုပ်တဲ့စကားပွဲမဟုတ်ဘူး။
ဒါပေမယ့် လေးနက်မှုတစ်ခုရချင်လို့ စည်းစနစ်ကျချင်လို့ ငွေနဲ့ ရောင်းတဲ့သဘောပါ။
လူကြီးမင်းတို့ ငွေပြန်မထုတ်လိုဘူးဆိုရင်လည်း ဒီငွေတွေဟာ မိဘမဲ့ကလေးကျောင်းကို
အလှုငွေအဖြစ် ရောက်ရှိသွားမှာပါ။
ငွေတစ်သောင်းဟာ တချို့လူတွေအတွက် သိပ်များနေသေးတဲ့ ပမာဏမို့လို့ ထုတ်ယူမယ်ဆိုရင်လည်း နားလည်ကြည်ဖြူမှာပါ။
လက်ခုပ်သံများ မစဲအောင် ထွက်ပေါ်လာသည်။ကျနော်နဲ့ ကျနော့်သူငယ်ချင်းတစ်သိုက်လည်း လက်ခုပ်ကို အားရပါးရတီးဖြစ်ခဲ့သည်။
တကယ့် ဂါရဝလက်ခုပ်သံပါ။
မုဒိတာလက်ခုပ်သံပါ။
ကျေးဇူးတင်တဲ့ လက်ခုပ်သံပါ။
အိမ်အပြန်လမ်းမှာ ခြေလှမ်းတွေ
တက်ကြွနေသည်။ဘယ်နှစ်ကြိမ်မှန်းမသိ ကျေနပ်ပြုံးတွေ ပြုံးမိနေသည်။
လက်မှတ်ငါးစောင်အတွက် ငွေငါးသောင်းကို ကျနော်တို့ ပြန်မထုတ်ယူဖြစ်ခဲ့ပါ။
အဖေပေးမယ့် ငွေတစ်သိန်းလည်း ကျနော်
မလိုချင်တော့။ကျေးဇူးပါ ဖေဖေရယ်လို့
လိပ်ပြာသန့်သန့်ပြောနိုင်ဖို့
ငွေတစ်သိန်းကြောင့် အပျက်စီးမခံနိုင်ပါ။
နိုင်ငံအတွက်၊မိဘအတွက်၊မိမိအတွက် အသုံးကျတဲ့ နိုင်ငံသားအဖြစ်၊သားသမီးကောင်းအဖြစ်၊လူသားကောင်းအဖြစ် ကျနော်စတင်ရတော့မယ်။
cd.Error (sithu)
ပြန်လည်မျှဝေပါသည်.
18/01/2024
မိမိအကောင့်ထဲ ရှဲထားပါ တချိန်အသုံးဝင်လာပါလိမ့်မည်📩
- ဂရံ
- - ပုံစံ ၁၀၅
- ပုံစံ ၁၀၆
- - စလစ်မြေ
- ပုံစံ ၇ ( လယ်ယာမြေ)နမူနာပုံတွေပါ
Credit photo
"မြေဧက ဖွဲ့နည်း - တွက်နည်းများ".................................................
* တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
* လေးနားညီ စတုရန်း=
* အလျား ၂၀၈.၇၁ ပေ x အနံ ၂၀၈.၇၁ ပေ။
* နှစ်နားညီ စတုဂံ = လျားxနံ 43560
* နှစ်နားပြိုင် တြာဗီဇီယံ =
* ပြိုင်နား နှစ်ခုပေါင်း ၂ x နံ 43560
* တြိဂံ = ၀.၅xအခြေxအမြင့် 43560
* ထောင့်မှန် တြိဂံ -
* အခြေxအမြင့် = ရလာဒ် ၂ 43560
* စက်ဝိုင်း -
* အချင်းဝက်x အချင်းဝက်x 3.1416 43560
* (သို့)
* စက်ဝိုင်း -
* အချင်းxအချင်းx .၇၈၅၄ 43560
* ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
* ၀.၇၈၅၄ သည် ပိုင်ကိန်း၃.၁၄၁၆ကို(အနားလေးဖက်) ၄နှင့်စားပြီးစတုရန်းကွက်ဖေါ်သည်။
အနားငါးမျက်နှာ၆မျက်နှာနှင့်အနားများစွာ=စတုဂံစတုရန်းတြိဂံစသည်အကွက်စိပ်ပြီးတွက်ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
"ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း"
============================
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ. )
* (၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကိုမြှောက်။
* (၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း
* ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်
* (၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင်
၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်
(ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ...)
10/01/2024
#တစ်ခါတုန်းက_ကွမ်ကျိုးမြို့က ဘဏ်တစ်ခု နေ့ခင်းကြောင်တောင်ကြီး ဓါးမြအတိုက်ခံရတယ်။
ဘဏ်ထဲဝင်ဝင်ချင်း ဓါးမြဗိုလ်က အားလုံးကြားအောင်လှမ်းအော်လိုက်တယ်။ "တစ်ယောက်မှ မလှုပ်နဲ့! ငွေဆိုတာ အစိုးရ ပိုင်တာ! အသက်ကတော့ ခင်ဗျားတို့ပိုင်တယ်! နားလည်တယ်နော်!"
အားလုံး ငြိမ်ကျသွားသည်။
သင်ခန်းစာ (၁) - လူတစ်ယောက်ကို ကိုယ်ကြည့်စေလိုတဲ့ ရှုထောင့်ထိ ဆွဲခေါ်တယ်ဆိုတာ အဲ့ဒါ!
အမျိုးသမီးငယ်ငယ် ချောချော တစ်ဦးက ကယောင်ကတန်းဖြင့် စားပွဲအစွန်းပေါ်မှာ ကိုးယိုးကားယား ဖြစ်လို့နေသည်။ ဓားမြဗိုလ် လှမ်းအော်လိုက်သည်။ "ဟိုကလေးမ.. ဘာတွေလျှောက် လုပ်ပြနေမှန်း မသိဘူး။ ဆင်းစမ်း စားပွဲပေါ်က! ဓားမြဟ! မုဒိန်းကောင်မဟုတ်ဘူး..!"
သင်ခန်းစာ (၂) - ပညာရှင်ဆန်တယ်ဆိုတာအဲ့ဒါ!
ဓားမြတိုက်ပြီးလို့ စခန်းပြန်ရောက်တော့ အဖွဲ့ဝင်သစ် (စီးပွားရေးဘွဲ့ရ ဆိုပဲဗျို့) လူငယ်က ဓားမြဗိုလ် (သုံးတန်းကျောင်းထွက်) ကို ပြောသည်။ "အစ်ကိုကြီး.. ငွေတွေ ရေကြရအောင်။"
ဓားမြဗိုလ်က ထိုလူငယ်ကို နားဘန်ပိတ်ကျင်း လိုက်ပြီး "ငတုံး..! ငတုံး..! အဲ့မှာ ရီမုဒ်..ရော့.. တီဗီဖွင့်.. သတင်းစောင့် နားထောင်! ငါတို့ရေစရာမလိုဘူး။ သတင်းက ကြေငြာလိမ့်မယ်!"
သင်ခန်းစာ (၃) - လုပ်သက်အတွေ့အကြုံ ဆိုတာအဲ့ဒါ!
ဘဏ်တွင် ဓားမြများ ထွက်သွားတော့ လက်ထောက် မန်နေဂျာ ဆိုသူက မန်နေဂျာကို ရဲစခန်းဖုန်းဆက် ခိုင်းသည်။ မန်နေဂျာက "ဟေ့ဟေ့.. နေဦး! မင်းနဲ့ငါ တစ်ယောက်ကို ဆယ်သိန်းစီ လောက် ဘုံးကြရအောင်.. အတိုက်ခံလိုက်ရတဲ့ စာရင်းနဲ့ ရောပြ လိုက်ရုံပဲလေ... ငိငိ"
သင်ခန်းစာ (၄) - ပွဲလန့်တုန်းဖျာခင်းတယ်ဆိုတာပေါ့!
လက်ထောက်မန်နေဂျာဆိုသူလဲ "ဟာကောင်းလိုက်တဲ့ အကြံ ဗျာ! ဒါဆို ရဲစခန်းကို အတိုက်ခံရတဲ့စာရင်း နဲ့ ပေါင်းပြီး သိန်း ၁၀၀ လို့ပြောလိုက် မယ်။ အဟေး... လတိုင်း ခုလို အတိုက်ခံရရင် ကောင်းမယ်နော် ဟိဟိ"
သင်ခန်းစာ (၅) - ဆင်ကြံကြံတယ်ဆိုတာ အဲ့ဒါ!
တီဗီမှကြေငြာပြီ။ သတင်းထဲတွင် သိန်း ၁၀၀ တိတိ ဘဏ်ဓားပြ တိုက်ခံရကြောင်း ကြားရလျှင် ဓားပြဗိုလ် မျက်လုံးပြူးသွားသည်။ တစ်ဖွဲ့လုံး ညလုံးပေါက် ငွေတွေကို အထပ်ထပ်ရေသည်။ သိန်း ၈၀ ပျောက်နေသည်။ မတွေ့။ ပညာတတ် အဖွဲ့ဝင်သစ်က မဝံ့မရဲ ဝင် ပြောသည်။ "ဟို...ဟို အစ်ကိုကြီး။ ဒီလိုဖြစ်မလား မသိဘူး။ ဘဏ်က ကောင်တွေ စာရင်းပိုပြပြီး ယူထားပြီ ထင်တယ်.."
ဓားပြဗိုလ်လဲ ဒီတော့မှ နှဖူးနှင့် လက်ဝါးရိုက်လို့ - "ဟိုက်.. ဟုတ်သဟ။ အကွက်သစ်တွေ ကြည့်စမ်း! ဪ လူတွေ လူတွေ.. မရှိလို့ ဓားပြတိုက်စားပါတယ်။ နာမည်ပျက်တော့ ငါတို့။ ကြီးပွားသွားတာ ဟိုမရောက် ဒီမရောက်တွေ။ ပညာတတ်နဲ့ ပညာမဲ့ကွာတာ ဒါပဲပေါ့ကွာ" စိတ်ပျက်လက်ပျက် ညည်းငြူလေသည်။
သင်ခန်းစာ (၆) - ပညာတန်ဖိုး ဆိုတာ အဲ့ဒါ!
ဘဏ်မန်နေဂျာ ယခုတော့ပြုံးနိုင်ပြီ။ မိန်းမမသိအောင် ဘောပွဲ လောင်းထားတာ အကြွေးလည်ပင်း နစ်နေပြီ။ ခုလို ဓားပြ အတိုက်ခံ လိုက်ရတော့ ချက်ချင်းပြေလည်သွားတာကိုး။
သင်ခန်းစာ (၇) - အခွင့်အရေးကို အမြဲရှာဖွေနေတယ် ဆိုတာ အဲ့ဒါ!
လက်ထောက်မန်နေဂျာ ကတော့ ဘာမှမသိသလိုပုံနဲ့ မျက်နှာသေ။ သူ ဘာလုပ်လိုက်တယ်ဆိုတာ စာဖတ်သူတို့ သိတယ် မဟုတ်လား။
သင်ခန်းစာ (၈) - ဘာရရ မျက်နှာသေလေးနဲ့ နေပါ။
Credit
(မှတ်စုကြမ်း)
မျှဝေသူ
မာဏ်ဘွိုင်း(တမူး)
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon