MOSAIC MYANMAR

MOSAIC MYANMAR

Share

03/12/2025

“တန်းတူညီမျှမှုအတွက် လူ့အခွင့်အရေးဥပဒေအဖြစ်
အသက်ဝင်ရန် လိုအပ်နေသည့် LGBTQIA+ အခွင့်အရေးများ”
---------------------------------------------------------------
LGBTQIA+ လူသားများသည် မိသားစု၊ ပတ်ဝန်းကျင်နှင့် လူ့အသိုင်းအဝိုင်းမှ ချမှတ် ထားသော၊ ယဉ်ကျေးမှုများမှ ဖြစ်တည်လာသော စံနှုန်းများကို ဥပေက္ခာပြု၍ ၎င်းတို့၏ ဂျန်ဒါ ဝိသေသ ခံယူချက်အတိုင်း၊ တိမ်းညွှတ်မိသော လိင်စိတ် ခံယူချက်အတိုင်း နေထိုင်လိုကြသည်။ လူထဲမှ လူသားများဖြစ်သော LGBTQIA+ လူသားများသည် အကာကွယ်ရယူခွင့်ရှိသည်။ လူ့အခွင့်အရေး ကြေညာစာတမ်းတွင်မူ လူ့အခွင့်အရေးအား “လူသားတိုင်းသည် အခွင့်အရေး နှင့်အညီ ဂုဏ်သိက္ခာရှိစွာ နေထိုင်ခွင့်ရှိသည်။ လွတ်လပ်စွာ ရှင်သန်ပိုင်ခွင့်ရှိသည်” ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။

ဆောင်းပါး အပြည့်အစုံကို https://mosaicmm.org/gender/lgbtqia+/sexual/equality/mosaicvoices/2025/12/03/lgbtqia-rights-wapyo-khin.html တွင်ဖတ်ရှုနိုင်ပါပြီ။

ဆောင်းပါးရှင် - ဝါပျိုးခင်

26/11/2025

မြန်မာပြည်မှာ မိသားစုတွေ လူအစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်ရတာဟာ ထူးခြားတဲ့ဖြစ်စဥ်တခုမဟုတ်တော့ပါဘူး။ ကိုလိုနီခေတ်ကတည်းက စတင်လိုက်တဲ့ စစ်ပွဲတွေ စစ်အာဏာရှင်တွေနဲ့ လူမျိုးရေး ဘာသာရေးမှိုင်းတိုက်မှု ပဋိပက္ခတွေကြောင့် မျိုးဆက်တိုင်း ထွက်ပြေးပြောင်းရွှေ့နေကြရပါတယ်။ �
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာလည်း စစ်ဘေးရှောင်စခန်းအသစ်တွေ နယ်စပ်လိုင်းတစ်လျှောက် ရွှေ့ပြောင်းနေထိုင်မှု အခြေအနေတွေထပ်မံပေါ်ပေါက်လာခဲ့ပြီး များစွာသော မိသားစုအိုးအိမ်တွေကို အပြင်းအထန်ထိခိုက်နေဆဲဖြစ်ပါတယ်။ �နေ့စဥ်နဲ့အမျှ နိုင်ငံသား အထောက်အထား မရှိခြင်းကြောင့် အခြေခံလူ့အခွင့်အရေး ရပိုင်ခွင့်များ �ဆုံးရှုံးတာအပြင်၊ မျိုးဆက်အလိုက် ရှင်သန်ရပ်တည်နိုင်ရေးစိန်ခေါ်မှုများစွာကိုလည်း �ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

အပြည့်အစုံကို "Inclusive Future Myanmar" Podcast - Episode 1 ကို အခုပဲ နားဆင်နိုင်ပါပြီ။

#အားလုံးပါဝင်သောမြန်မာ့အနာဂတ် #နိုင်ငံမဲ့ဖြစ်ခြင်း #လူ့အခွင့်အရေး

25/11/2025

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေဟာ လူမျိုးစု ၁၃၅ မျိုးကိုသာ နိုင်ငံသားအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ၁၃၅မျိုးမှာ သတ်မှတ်ခြင်းမခံရတဲ့လူမျိုးစုများတွေက မွေးရာပါနိုင်ငံသားလို့ခေါ်တဲ့ (Natural Born Citizenship) ကိုမရကြပါဘူး။ ရိုဟင်ဂျာ၊ တရုတ်-ဗမာ၊ အိန္ဒိယ-ဗမာ စတဲ့မျိုးနွယ်စုတွေကတော့ ၁၃၅မျိုးစာရင်းမှာမပါဝင်တဲ့အတွက် တဖြည်းဖြည်းနိုင်ငံသားအခွင့်အရေးဆုံးရှုံးလာရပါတယ်....

အပြည့်အစုံကို "Inclusive Future Myanmar" Podcast - Episode 1 ကို အခုပဲ နားဆင်နိုင်ပါပြီ။

� #အားလုံးပါဝင်သောမြန်မာ့အနာဂတ် #နိုင်ငံမဲ့ဖြစ်ခြင်း #လူ့အခွင့်အရေး

22/09/2025

စစ်တပ်ဖိနှိပ်တာတွေနဲ့ ဖိနှိပ်ခံရသူတွေရဲ့တန်ပြန်လှုပ်ရှားမှုတွေက ဒီနိုင်ငံရဲ့နိုင်ငံရေးကံကြမ္မာကို ပြဋ္ဌာန်းခဲ့ ပါတယ်။ ၂၀၂၁ တကျော့ပြန် စစ်အာဏာသိမ်းမှု အလွန် အချိန်က ဖိနှိပ်မှုနဲ့တုံ့ပြန်မှုနှစ်ခုလုံး အားကောင်း တဲ့အချိန်ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဖိနှိပ်မှုအောက်မှာ အစဉ်ဆက် ရှိခဲ့ရတဲ့ နိုင်ငံအနောက်စွန်းက အရှေ့ဖျား၊ မြောက်‌‌ဘက်တောင်တန်းတွေကတောင်ဘက်ပင်လယ်တွေအထိ “စစ်တပ်ရဲ့အာဏာကို ဖီဆန်ခြင်းနဲ့ ကိုယ့်နိုင်ငံ‌ရေးကိုယ်ပိုင်ခြင်းဆိုတဲ့ အထိုင်နှစ်ခု”ကို အခြေခံတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကိုပြောလာပါတယ်။ အခုထိပြောနေတဲ့ ပြဋ္ဌာန်းခွင့်မှာ အကန့်အသတ်တွေနဲ့ပါ။ စစ်ပွဲမှာအသာရတဲ့ ဗမာမဟုတ်တဲ့ လူမျိုးစုတွေ၊ နယ်မြေထိန်းချုပ်နိုင်တဲ့ ဗမာဒေသတွေမှာဘဲ ဒီကိစ္စကိုပြောနိုင်နေတာပါ။ စစ်ရေးအား သာချက်အခြေခံအဖြေရှာရတဲ့နောက်မှာ လက်နက်အင်အား၊ ဘဏ္ဍာရေး၊ လူဦးရေ၊ ရင်းမြစ် တစုံတရာရှိတဲ့သူတွေပဲ ကိုယ့်လမ်းကိုယ်ဖောက်နိုင်ပါတယ်။ ရက္ခိုင့်တပ်တော်တို့၊ ကိုးကန့်၊ မိုင်းလားနဲ့ ဝ တို့လိုအင်အားစုတွေပြောတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်က အနည်းနဲ့အများ သီးခြားသဘောဆန် နေပေမယ့် ကရင်၊ ကရင်နီ၊ ချင်းတွေနဲ့ တနင်္သာရီ၊ စစ်ကိုင်း၊ မန္တလေးတို့လို ဒေသအခြေပြုယူနစ်တွေပါတဲ့ အင်အားစုတွေကတော့ ဖက်ဒရယ် ဒီမိုကရေစီခေါင်းစဉ်အောက် မှာရှိနေပါတယ်။ ဘယ်လိုပဲပြောပြော တရားဝင်ဖြစ်တဲ့ နိုင်ငံတခုအတွင်းမှာ အတူရှိမယ်ဆိုရင်တော့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေကြား ဆုံမှတ်တွေရှိရမှာပါ။

ဖက်ဒရယ်ဘောင်‌ထဲ နိုင်ငံရေးအရအလွှာလိုက်အစိုးရတွေလို့ပြောရင် ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် ကိုပဲ အခုထိဆွေးနွေးရဆဲပါ။ အဲ့တာကလည်း နိုင်ငံရေးလိုအပ်ချက်အရ “ပင်မလူများစု ဗမာ” နဲ့ “ဗမာလောက်မများပေမယ့် လူများစုဖြစ်တဲ့လူမျိုးစုတွေ” ကြားတင်ဆယ်စုနှစ် ၇ စု အာဏာခွဲဝေ ရေးကိစ္စညှိနှိုင်းခွင့်မရတဲ့အကျိုးသက်ရောက်မှုကြောင့်ပါ။ ဒါပေမယ့် နောက်ထပ်ပဋိပက္ခတွေ မဖြစ်ချင်ရင်တော့ ပြည်နယ်တွင်းလူနည်းစုတွေအတွက် ထိရောက်တဲ့ ပြည်သူ့ဝန်ဆောင်မှုနဲ့ နိုင်ငံရေးအရစုံလင်မှု တွေကို ကိုယ်စားပြု အာမခံချက်ပေးနိုင်တဲ့ ဒေသန္တရအစိုးရတို့၊ နယ်မြေ အခြေမခံပြဋ္ဌာန်းခွင့် (Non-Territorial Autonomy - NTA) လို အစီအမံတွေကိစ္စလည်း ကြိုတင်ညှိနှိုင်းထားသင့်ပါပြီ။

ဆောင်းပါးရှင် - သုတကျော်

ဆောင်းပါး အပြည့်အစုံကို https://mosaicmm.org/inclusive%20federalism/ethnic%20diversity/mosaicvoices/2025/09/22/federal-thuta-kyaw.html တွင်ဖတ်ရှုနိုင်ပါပြီ။

09/09/2025

"Mosaic Voices" ဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းများအကြား ငြိမ်းချမ်းရေးနဲ့ နားလည်မှုကို မြှင့်တင်ပေးမယ့် ပလက်ဖောင်း တစ်ခုပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို
ပုံဖော်မယ့် အရေးကြီးတဲ့ အကြောင်းအရာတွေအပေါ်မှာ သင့်ရဲ့ အတွေ့အကြုံ၊ သုံးသပ်ချက်နဲ့ အတွေးအမြင်တွေကို စာမူအဖြစ် ရေးသားပြီး ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

ဘယ်အကြောင်းအရာတွေကို ရေးသားနိုင်မလဲ
🔹 နိုင်ငံသားဖြစ်မှု၊ ပဋိပက္ခနှင့် နေရပ်စွန့်ခွာရမှု
🔹 လူ့အခွင့်အရေး၊ ဗဟုဝါဒနှင့် ဒီမိုကရေစီ
🔹 တရားမျှတမှုနှင့် ငြိမ်းချမ်းရေး
🔹 အားလုံးပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီ
🔹 ပဋိပက္ခနှင့် လူသားလုံခြုံရေး

ဘယ်သူတွေ ပါဝင်နိုင်မလဲ
အတွေ့အကြုံရင့် သုတေသီဖြစ်ဖို့ မလိုပါဘူး။ စိတ်အားထက်သန်တဲ့ လူငယ်ခေါင်းဆောင်များ၊ နိုင်ငံရေးနဲ့
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းဝင်များနဲ့ မြန်မာ့အရေး စိတ်ဝင်စားသူတိုင်းကို နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။
➡️ စာမူဘယ်လိုပို့ရမလဲ
သင်ကိုယ်တိုင်ရေးသားထားတဲ့ စာမူတွေကို [email protected] သို့ အခုပဲ ပေးပို့လိုက်ပါ။
(စာမူဆိုင်ရာ အသေးစိတ်သတ်မှတ်ချက်များကို https://mosaicmm.org/mosaicvoice/2025/09/08/calling-for-papers.html မှာ ဖတ်ရှုနိုင်ပါတယ်။)
Mosaic Voices မှာ ပါဝင်ပါ။
မြန်မာ့လူမှုအဝန်းအဝိုင်းများ ခိုင်မာအားကောင်းရေးအတွက် Mosaic Voices မှာစွမ်းနိုင်သရွေ့ အားဖြည့်ပါ။
#စာမူဖိတ်ခေါ်ခြင်း #မြန်မာ
#ငြိမ်းချမ်းရေး #ဖက်ဒရယ်

05/08/2025

မြန်မာနိုင်ငံတွင် နိုင်ငံမဲ့ဖြစ်ခြင်း၏ လူမှုဘဝအပေါ် သက်ရောက်မှုများ။

နိုင်ငံသားမှတ်ပုံတင်ကတ်ပြားတစ်ခု၊ အိမ်ထောင်စုစာရင်းတစ်စောင်ဆိုတာ လူအများစုအတွက် သာမန်အရာတစ်ခုလို ဖြစ်နေပေမဲ့ လူသိန်းပေါင်းများစွာအတွက်တော့ ဒါဟာ သူတို့ရဲ့ဘဝတစ်ခုလုံးကို ကန့်သတ်ထားတဲ့ မမြင်နိုင်တဲ့ တံတိုင်းတစ်ခု ဖြစ်နေပါတယ်။ နိုင်ငံမဲ့ဖြစ်ခြင်း (Statelessness) ဆိုတာ မည်သည့်နိုင်ငံရဲ့ နိုင်ငံသားအဖြစ် တရားဝင်အသိအမှတ်ပြုမခံရဘဲ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှု ကင်းမဲ့နေတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒါဟာ စာရွက်စာတမ်းတစ်ခု မရှိခြင်းထက် အများကြီး ပိုမိုနက်ရှိုင်းတဲ့ ပြဿနာတစ်ခုဖြစ်ပြီး လူတစ်ဦးရဲ့ ဘဝကဏ္ဍပေါင်းစုံကို တိုက်ရိုက် သက်ရောက်မှုရှိနေပါတယ်။ Mosaic Myanmar ရဲ့ သုတေသနတွေ့ရှိချက်များအရ နိုင်ငံမဲ့ဖြစ်ခြင်းကြောင့် လူတစ်ဦးချင်းနဲ့ မိသားစုများဟာ အောက်ပါ စိန်ခေါ်မှုတွေနဲ့ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရပါတယ်။

🔹 အထောက်အထားမဲ့ဖြစ်ခြင်း - တရားဝင် မှတ်ပုံတင်၊ မွေးစာရင်း မရှိတဲ့အတွက် မိမိဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေပြဖို့ ခက်ခဲပါတယ်။ ဒါဟာ တခြားသော အခွင့်အရေးအားလုံးကို ဆုံးရှုံးစေတဲ့ အဓိက အရင်းခံအကြောင်းတရား ဖြစ်ပါတယ်။

🔹 ပညာရေး အခွင့်အလမ်း ကန့်သတ်ခံရခြင်း - အခြေခံပညာအဆင့်ကို ကျော်လွန်ပြီး အဆင့်မြင့်ပညာရေး (တက္ကသိုလ်) တက်ရောက်ဖို့နဲ့ တရားဝင်ဘွဲ့လက်မှတ်များ ရရှိဖို့ အလွန်ခက်ခဲပါတယ်။ ဒါဟာ ဆင်းရဲမွဲတေမှုသံသရာကနေ ရုန်းမထွက်နိုင်အောင် ချည်နှောင်ထားသလို ဖြစ်နေစေပါတယ်။

🔹 ကျန်းမာရေးစောင့်ရှောက်မှု - အစိုးရဆေးရုံများမှာ ကျန်းမာရေးစောင့်ရှောက်မှု ရယူဖို့၊ အထူးသဖြင့် ကုန်ကျစရိတ်သက်သာတဲ့ ဝန်ဆောင်မှုတွေ ရရှိဖို့အတွက် အခက်အခဲများစွာ ရှိနေပါတယ်။

🔹 လွတ်လပ်စွာ သွားလာခွင့် ဆုံးရှုံးခြင်း - မိမိနေထိုင်ရာ မြို့နယ်၊ ဒေသရဲ့အပြင်ဘက်ကို တရားဝင် ခရီးသွားလာခွင့် မရှိတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ၊ မိသားစုဝင်များနဲ့ ပြန်လည်တွေ့ဆုံခွင့်များ ဆုံးရှုံးနေရပါတယ်။

🔹 တရားဥပဒေအရ ကာကွယ်မှု ကင်းမဲ့ခြင်း - မြေယာ၊ အိမ်ရာလို ပိုင်ဆိုင်မှုတွေကို တရားဝင် ပိုင်ဆိုင်နိုင်ခြင်း မရှိပါဘူး။ တရားဝင် အိမ်ထောင်ပြုစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသလို၊ ရာဇဝတ်မှုတစ်ခုခုရဲ့ သားကောင်ဖြစ်ခဲ့ရင်တောင် တရားမျှတမှုကို ရယူဖို့ အကာအကွယ်မဲ့နေတတ်ပါတယ်။

နိုင်ငံမဲ့ဖြစ်ခြင်းဆိုတာ မျိုးဆက်တစ်ခုမှ နောက်တစ်ခုသို့ လက်ဆင့်ကမ်းနေသည့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပါတယ်။ မိဘများဟာ နိုင်ငံသားမဟုတ်တဲ့အခါ သူတို့ရဲ့ ကလေးများဟာလည်း နိုင်ငံမဲ့ဖြစ်ခြင်းရဲ့ အမွေဆိုးကို ဆက်ခံရလေ့ရှိပါတယ်။ ဒီအခြေအနေတွေရဲ့ အတိမ်အနက်ကို ပိုမိုနားလည်နိုင်ဖို့နဲ့ အားလုံးအတွက် တန်းတူအခွင့်အရေးနဲ့ ဂုဏ်သိက္ခာရှိတဲ့ဘဝကို တည်ဆောက်နိုင်ဖို့အတွက် အဖြေရှာရာမှာ တစ်ထောင့်တစ်နေရာက ပါဝင်နိုင်ရန် Mosaic Myanmar ရဲ့ သုတေသနအစီရင်ခံစာဖြစ်တဲ့ "၂၀၂၁ မတိုင်မီ နှင့် ၂၀၂၁ အလွန် ပဋိပက္ခနှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရခြင်းတို့၏ မြန်မာနိုင်ငံသားဖြစ်မှု အပေါ် သက်ရောက်မှုများ" ကို မိတ်ဆက်လိုက်ပါတယ်။
အစီရင်ခံစာအပြည့်အစုံကို အောက်ပါ Link မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်- ➡️ [https://mosaicmm.org/research_publication] လူသားတိုင်းဟာ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတန်းတူ ရှိသင့်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဒီအသိပညာကို လူအများသိရှိနိုင်အောင် Share လုပ်ခြင်းဖြင့် ကူညီပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။

#နိုင်ငံမဲ့ဖြစ်ခြင်း #လူ့အခွင့်အရေး #မြန်မာ #တန်းတူညီမျှရေး #အသိပညာမျှဝေခြင်း

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00