WATER JASMINE

WATER JASMINE

Share

19/04/2026

ရေကဲ့သို့ကျင့်ပါ
-------------------
“ရေစက်ရေပေါက်လေးများသည် ကျောက်တုံးကို ဖြိုခွဲနိုင်သည်ဆိုခြင်းမှာ အင်အားကြောင့်မဟုတ်။ အဆက်မပြတ် တိုးတိုက်နိုင်စွမ်းကြောင့်ဖြစ်သည်။ ရေကဲ့သို့ကျင့်ပါ။ အရှုံးမပေးပါနှင့်”

ထိုစကားပုံလေးကို အလွန်သဘောကျမိသည်။

လက်တင်စကားပုံတစ်ခုတွင်လည်း

“ရေစက်ကလေးသည် ကျောက်တုံးကို ပေါက်စေသည်” ဟူ၍ တွေ့ရသည်။ ထိုသဘောအတိုင်း ဖြစ်သည်။ အောင်မြင်ချင်သလား စဉ်ဆက်မပြတ် (Consistency) လုပ်ဆောင်နိုင်စွမ်းလိုသည်။ အဆက်မပြတ် တိုးတိုက် နိုင်စွမ်းသည်သာလျှင် စွမ်းအားဖြစ်သည်။

ကျောက်တုံးဆိုသည်မှာ ခိုင်မာတောင့်တင်းသည့် “ခွန်အား” ကို ကိုယ်စားပြုသည်။ ရေဆိုသည်မှာ နုညံ့ ပျော့ပြောင်းသော်လည်း “ဇွဲ” ကို ကိုယ်စားပြုသည်။ ကျောက်ဆောင်ကြီးတွေ ရေနှင့် ပွတ်တိုက်ဖန်များသော် ပြိုပျက်ရသည်။ မည်မျှ မာကြောသည်ဆိုစေ အချိန်နှင့်အမျှ တိုက်စားဖန်များလျှင် ပြိုပျက်သည်။ အစဉ်တစိုက် လုပ်ဆောင်နိုင်စွမ်းက အရေးကြီးသည်။

“ရေကဲ့သို့ကျင့်ပါ” ဆိုသည်ကို Bruce Lee လည်းပြောဖူးသည်။ ရေ၏ထူးခြားချက်မှာ သူ့ကိုထည့်ထားသည့် ခွက်အနေအထားအရ ပုံစံပြောင်းနိုင်သည်။ ထည့်သည့် အိုးခွက်အလိုက် ပုံစံအမျိုးမျိုးတည်နိုင်သည်။ သို့သော် အက်ကြောင်းလေးတစ်ခုတွေ့သည်နှင့် ထိုးဖောက်ထွက်တတ်သည်။

ဖောက်ထွက်နိုင်မှုကို ကံတရားကြောင့်ပါဟု အချို့ကထင်ကြသည်။ အမှန်တော့ စနစ်တကျလေ့ကျင့်မှုက အောင်မြင်မှုတစ်ခုဖြစ်သွားနိုင်သည်။ မည်သည့်နယ်ပယ်တွင်မဆို ကျွမ်းကျင်သူတစ်ဦး ဖြစ်ရန်အတွက် တစ်နေ့တည်း၊ တစ်ချိန်တည်းနှင့် မရနိုင်ပေ။ အချိန်ယူကာ နေ့စဉ်လေ့ကျင့်ပြီး လုပ်ဆောင်နိုင်စွမ်းကသာလျှင် အောင်မြင်မှုကို ဖြစ်စေနိုင်ပါသည်။

ဥပမာ စာရေးချင်သူတစ်ဦးအနေဖြင့် စိတ်ကူးပေါက်မှ ထရေးခြင်းထက်၊ နေ့စဉ်ပုံမှန် အချိန်ပေးပြီး ဖတ်ချိန်ဖတ်၊ ‌တွေးချိန်တွေး၊ ရေးချိန်တွင်ရေးနေခြင်းသည် စာရေးဆရာကောင်းတစ်ယောက် ဖြစ်စေနိုင်ပါသည်။

Scapegoating ဆိုသည့် စကားလုံးတစ်လုံးရှိသည်။ မိမိ၏အမှား၊ ကျရှုံးမှု သို့မဟုတ် လူ့အဖွဲ့အစည်းတွင် ဖြစ်ပေါ်နေသည့် ပြဿနာရပ်များအတွက် တရားခံအစစ်ကို ရှာဖွေရမည့်အစား အပြစ်မရှိသူ သို့မဟုတ် ခုခံနိုင်စွမ်းမရှိသူ သို့မဟုတ် အုပ်စုတစ်စုကို ဓားစာခံအဖြစ် အပြစ်ပုံချခြင်းဖြစ်သည်။

"Scapegoat" သည် ရှေးဟောင်းဘာသာရေး ဂျင်းတစ်မျိုးဖြစ်သည်။ ရှေးခေတ်လူတွေသည် အပြစ်တစ်ခုခု ပြုလုပ်မိလျှင် သူတို့လုပ်ထားသည့် အပြစ်ကို ကျေပျက်စေရန်အတွက် ဆိတ်တစ်ကောင်ကိုခေါ်လာပြီး သူတို့အပြစ်ကို ဆိတ်ခေါင်းပေါ်တင်ကာ ထိုဆိတ်ကို တောထဲမောင်းထုတ်လိုက်ခြင်းမျိုးဖြစ်သည်။ ငါတို့ အပြစ်တွေ ဆိတ်နဲ့အတူပါသွားပြီ၊ ငါတို့ သန့်ရှင်းသွားပြီဟူ၍ ထင်သည့်အလေ့အထကစတင်ခဲ့သည်။

လူတစ်ယောက်သည် ကိုယ့်အားနည်းချက် သို့မဟုတ် မကောင်းသည့်စိတ်များဖြစ်ပေါ်လာသည့် အခါတွင် မိမိကိုယ်မိမိအပြစ်တင်ရမည်ကို ကြောက်သည့်အခါတွင် အခြားသူအပေါ် ပုံချခြင်းများ လုပ်တတ်ကြသည့် သဘောပင်။

Scapegoating သည် အမှန်တရားကို ရင်မဆိုင်ရဲသူတို့၏ သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်သည်။

အမုန်းတရားကို နှလုံးသွင်းကာ အငြိုးအတေးကြီးနေသူတစ်ယောက်အတွက် မည်သည့်အခါမျှ ငြိမ်းချမ်းမှု မရနိုင်ပေ။ သူ့နှလုံးသားသည်လည်း အမုန်းရေစက်ဖြင့် တစ်စက်စက်၊ တစိမ့်စိမ့် ချေဖျက်ထားခြင်း ခံနေရသော ကြောင့် ကျေပျက်ကောင်း ကျေပျက်နေပေလိမ့်မည်။ သူ့နှလုံးသားထဲကို အမုန်းတရားရေစက် အဆက်မပြတ် ထိုးဖောက်ခြင်းကို ခွင့်ပြုထားသူ၏ ခံစားရမည့် ဆုလာဘ်ဖြစ်သည်။

မည်သူမဆို မိမိလုပ်ဆောင်ချက်အပေါ် ယုံကြည်မှုရှိပြီး၊ နေ့စဉ်စိတ်ကောင်းနှလုံးကောင်းဖြင့် အောင်မြင်သည် ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ လုပ်ဆောင်နိုင်လျှင် သူတစ်ပါးကို လက်ညှိုးထိုးစရာမလိုသည့် စိတ်အေးချမ်းမှုကို ရရှိစေနိုင်သည်။

သူတစ်ပါးကို အပြစ်တင်နေသူမှာ အမြဲပူလောင်နေရမည်မှာ သေချာသည်။

Crd to ဆရာဦးတင်ညွန့်

18/02/2026

လောကကြီးမှာ
ကိုယ့်အပေါ်မကောင်းပြောနေလည်း
ကိုယ်ကပြန်မပြောမိပါစေနဲ့။

ကိုယ့်အပေါ်
မဆီမဆိုင် မုန်းနေလည်း
ကိုယ်ကပြန်မမုန်းမိပါစေနဲ့။

ကိုယ့်အပေါ်
အမြင်စောင်းပြီးတစ်မျိုးမြင်နေလည်း
ကိုယ်ကအမြင်မစောင်းတစ်မျိုး မထင်မိပါစေနဲ့။

ကိုယ့်အပေါ်
တကယ်မချစ်တဲ့သူနဲ့တွေ့ခဲ့ရင်လည်း
ကိုယ်က သူ့အပေါ်မေတ္တာ မပျက်မိပါစေနဲ့။

သူက ဘာပေးပေး
ကိုယ့်ဆီက သူ့ကို မေတ္တာပဲပြန်ပေး လိုက်ပါ။

မေတ္တာဆိုတာ ဝဋ်ကြွေးတွေကို
ဆပ်ဖို့အတွက် အကောင်းဆုံး
ပေးဆပ်ခြင်းပဲ ဖြစ်ပါတယ်။

ဒီဘဝမှာ
အမုန်းတွေရှိရင်လည်း ကျေပါစေ။

အငြိုးတွေရှိရင်လည်း ကျေပါစေ။

ဒီဘဝမှာ အကြွေးဆပ်ဖို့
အကြောင်းပါလာရင်
ဒီဘဝမှာပဲ အကျေဆပ်ခဲ့လိုက်ပါ။

နောက်ဘဝတွေ အထိယူမသွားပါနဲ့။

မိတ်ဆွေ "သိထားရမည့်အရာက

ကိုယ့်မှာ အားနည်းချက်ရှိရင်
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။

ကိုယ့်မှာခံနိုင်ရည် မရှိရင် ...
သူတစ်ပါး နစ်နာစရာစကားကို
ဆင်ခြင်ပြောဆိုတတ်ရမယ်။

ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်...
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်။

ကိုယ့်မှာ အရှက်ရှိရင်...
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။

ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်...
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။

ကိုယ့်မှာ အပြစ်နဲ့မကင်းရင်
သူတစ်ပါးအမှားကို လက်ညှိုး
မထိုးမိအောင် နေတတ်ရမယ်။

ကိုယ့်မှာဝေဒနာရှိရင်
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။

ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင်
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်။

ကိုယ့်မှာ အမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်...

ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ကိုယ်ချင်းစာတတ်ပါစေ. . .

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

20/11/2025

ဆရာဝန်တယောက်ဟာ

သူ့ဆေးခန်းရှေ့မှာ လူနာရအောင်ဆိုပြီး
ကြော်ငြာကပ်ထားပါတယ်။

" ပျောက်အောင် ကုသည်။ ဒေါ်လာ - ၂၀ "
"မပျောက်ရင် ဒေါ်လာ - ၁၀၀ ပြန်လျှော်မည် "

ဒီကြော်ငြာကို ရှေ့နေတယောက်ကတွေ့တော့
ပိုက်ဆံရမယ့် နည်းတော့ တွေ့ပြီဆိုပြီး
ဆေးခန်းထဲ ဝင်သွားပါတယ်။

ကျွန်တော်လျှာက အရသာခံလို့ မရတော့ဘူး။
ကုပေးပါ။

သူနာပြုဆရာမ ၊ ဆေးသေတ္တာနံပါတ်(၅)က
ဆေး(၃)လုံး လူနာကို တိုက်လိုက်ပါ။

ရှေ့နေ့က နည်းနည်းမြည်းကြည့်ပြီး ပြောလိုက်တယ်။

ဟမ် … ဒါက ရေနံဆီတွေလေ၊ ဆေးမှ မဟုတ်တာ။

ဂုဏ်ယူပါတယ်ခင်ဗျား၊ အရသာခံလို့ ရသွားပြီ။
ပေး... ဒေါ်လာ ၂၀ 😂

မခံချိ မခံသာဖြစ်နေတဲ့ရှေ့နေဟာ
ရက်အနည်းငယ် ကြာတဲ့အခါမှာ
သူပေးလိုက်ရတဲ့ပိုက်ဆံ ပြန်ရအောင်
တမျိုးကြံပြီး ဆေးခန်းကို သွားပြန်တယ်။

ကျွန်တော် မှတ်ဉာဏ်တွေ ပျက်ကုန်ပြီ။
ဘာမှ မမှတ်မိတော့ဘူး၊

သူနာပြုဆရာမ ၊ ဆေးသေတ္တာနံပါတ်(၅)က
ဆေး(၃)လုံး လူနာကို တိုက်လိုက်ပါ။

ဟမ် … အဲဒါ ရေနံဆီတွေလေ။
အရင်တခါလည်း တိုက်ခဲ့ပြီးပြီ။

ဂုဏ်ယူပါတယ်ခင်ဗျား။
မှတ်ဉာဏ်တွေ ပြန်ကောင်းသွားပါပြီ
ပေး ဒေါ်လာ ၂၀ 😂

အူကြောင်ကြောင် ရှေ့နေဟာ
တပတ်အကြာမှာ ဆေးခန်းကိုပြန်လာပြန်တယ်။

ကျွန်တော် မျက်လုံးတွေ မကောင်းတော့ဘူး။
ဘာမှ မမြင်ရတော့ဘူး။

ကောင်းပြီ၊ ခင်ဗျားအတွက်
ကုစရာဆေး မရှိတော့ဘူး။
ဒီတော့
ရော့ … ဒေါ်လာ (၁၀၀)ယူသွား

ရှေ့နေ့က ပိုက်ဆံကြည့်ပြီး ပြောပါတယ်။

ဟမ် … ဒါက (၁၀၀)တန် မဟုတ်ဘူးလေ။
(၂၀)တန်ကြီး … 😂

ဂုဏ်ယူပါတယ်ခင်ဗျား …
ခင်ဗျား မျက်လုံးတွေ ပြန်မြင်ရပြီ …
ပေး ဒေါ်လာ (၂၀) 🤣

ကဲ … မှတ်ရော့လဟယ် … 😂😂🤣🤣
မူရင်းရေးသူးအား Credit ပေးပါသည်။

12/11/2025

#တိတ်တိတ်လေးနေပါ

ကိုယ်နာကျင်ဝမ်းနည်းတဲ့အခါ တိတ်တိတ်လေးငိုပါ…ငိုသံတွေ ကျယ်လောင်တဲ့အခါ.. စာနာသနားတဲ့စိတ်နဲ့ ကရုဏာသက်မယ့်သူထက်.. ဝမ်းသာအားရစောင့်ကြည့်တတ်သူက ပိုတတ်လို့ပါ…

ကိုယ်ပျော်ရွှင်တက်ကြွနေတဲ့အခါ တိတ်တိတ်
ကလေးပျော်ပါ..
ဆူဆူညံညံပျော်ရွှင်ပြတဲ့အခါ…လောကကြီးထဲ အဆင်မပြေမှုတွေ.. ဒဏ်ရာတွေနဲ့ ကြေကွဲဝမ်းနည်းသူတွေအပေါ် အလိုက်မသိရာရောက်လို့ပါ…

ကိုယ်အောင်မြင်အဆင်ပြေနေတဲ့အခါ.. ကြွားကြွားဝါဝါတွေ ထုတ်ဖော်ပြသမနေဘဲ တိတ်တိတ်ကလေး အောင်မြင်မှုကို ခံစားပေးပါ…
ကျယ်ကျယ်လောင်လောင် အောင်မြင်အဆင်ပြေပြတဲ့အခါ…ဘဝမှာ ရှုံးနိမ့်မှုတွေ.. ရုန်းကန်မှုတွေကြားထဲ ရှင်သန်နေရတဲ့သူတွေအပေါ် မစာနာရာရောက်လို့ပါ…

ကိုယ့်တစ်ကိုယ်စာလေးလုံခြုံနွေးထွေးနေပေမယ့်…မလုံခြုံတဲ့ဘဝတွေကိုစာနာပေးခြင်းဟာ လူသားဆန်တဲ့ နှလုံးသားရဲ့ဂီတသံတစ်ခုဖြစ်ပါတယ်…

တိတ်ဆိတ်ခြင်းဟာ ကျယ်လောင်ခြင်းထက် ပိုပြီးသိမ်မွေ့နက်ရှိုင်းပါတယ်…
လေးနက်ပါတယ်…
ကိုယ့်ဘဝရဲ့ အဆင်ပြေခြင်း အဆင်မပြေခြင်းတွေဟာ ကိုယ်နဲ့ပဲသက်ဆိုင်ပါတယ်…
ပျော်ရွှင်ခြင်းမပျော်ရွှင်ခြင်းဟာလည်း ကိုယ့်မှာသာ တာဝန်ရှိပါတယ်…
ဘဝကပေးလာတဲ့ လက်ဆောင်တိုင်းကို တိတ်တိတ်လေးသာ ဖွင့်ဖောက်ခံစားပါ။ လူတိုင်းသိဖို့ မလိုအပ်ပါဘူး…
နာကျင်နေတာဖြစ်ဖြစ်.. ပျော်ရွှင်နေတာပဲဖြစ်ဖြစ် တိတ်တိတ်လေးသာနေပါ…

Crd to လွန်းထားထား

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. , Kyaikkasan Road, Tamwe Township
Yangon
453

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00