D A R K

D A R K

Share

27/08/2025

ကောင်းကင်က ငိုတော့ တိမ်တွေကပြိုရတယ်
ကြယ်တွေ ပိုလင်းတော့ " လ "ဟာ အမေ့ခံရတယ်
ဒါပေမယ့် "နေ "ကတော့ အဖော်မပါဘဲ
တစ်ကိုယ်တည်း တောက်ပ နေလေရဲ့
ဘဝမှာလည်း ဒီလိုပဲ အဖော်မမက်တဲ့
သူတွေဟာ ပိုပြီးအောင်မြင်လေ့ ရှိကြတယ်

27.8.2025 #တွေးရိပ်နေ
11:52 pm

18/04/2025

စိတ်ပါလို့ ...................
လွမ်းဆွေးချင်ရင်တောင်
ခင်ဗျားနဲ့ ကျွန်တော်က
အလှမ်းဝေးလို့ မှန်းပြီးတွေးဖို့
တောင် မဝံရဲပါဘူး အနေနီး တဲ့
ခင်ဗျား ဘေးက ကောင်တွေကို
ကျွန်တော် ယှဉ်ရဲပါတယ်
ပကာသနတွေနဲ့တော့ မဟုတ်ဘူး
မေတ္တာတရားနဲ့သာ ယှဉ်လိုပါတယ်

ကျွန်တော်သိပါတယ် ခင်ဗျားက
ကျွန်တော့်ပေးတဲ့ မေတ္တာတွေကျ
လောဘကြီးစွာလိုချင်ပြီး ပြန်ပေးတော့
ဥပေက္ခာခါတွေချည်းမလို့ မမျှတတဲ့ ယှဉ်ပြိုင်မှု
တိုင်းဟာ ပြိုင်ပွဲ မဟုတ်ပဲ လုပ်ပွဲသာဖြစ်တယ်
ဒါကြောင့် ခင်ဗျာရှိတဲ့ ရပ်ဝန်းကို
ခုံမင်သဘောကျပေမယ့် ခင်ဗျား ပေးမယ့်
ဒဏ်ရာတွေတော့ ကျွန်တော် ငြင်းပါရစေ...


#တွေးရိပ်နေ

17/04/2025

ဖြူစင်ပါတယ်ဆိုတဲ့ တိမ်တွေလည်း
မိုးအုံ လာတော့ တိမ်မဲတွေ ရဲ့
လွမ်းမိုးမှုကို အရှုံးပေးခဲ့ရတယ်

မိုးရွာတော့မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့်
တိမ်မဲကင်းစင် ပြီး တိမ်ဖြူတွေပြန် အုပ်စိုးတဲ့
မြင်ကွင်းလည်း တစ်ခါမက ကြုံခဲ့ဖူးတာဘဲ

တိမ်ဖြူ တွေကနေ မထင်ထားတဲ့
မိုးရွာသွန်းခြင်းတွေ ကိုလည်း မပြင်မဆင်
ထားဘဲ ရင်ဆိုင်ခဲ့ရဖူးတယ်

အထာမထားတဲ့ ကောင်းကင်ပါဗျာ
ဟန်တစ်မျိုး မူတစ်မျိုး နဲ့ လည်လွန်းလှတဲ့
လူသားတွေလည်း ဒီလိုမျိုး ကောင်းကင်ရဲ့
လှည့်စားမှုအောက်မှာ အရူးမီးဝိုင်း သလို
ပြာပြာသလဲ ကိုဖြစ်နေကြရတာမြင်တော့
လှည့်စားခြင်းဆိုတာ အထက်စီးက လူ/ပုဂ္ဂိုလ်
တွေ့က စခဲ့တာလားလို့တောင် ထင်နေမိတယ်။

"စာသည်စာဖြစ်၍
ဖတ်သူသိ၊သိသူမြင်၊မြင်သူရ "၏။


#တွေးရိပ်နေ

16/04/2025

နောက်ကျခဲ့ပေမယ့် ကျွန်တော်
ရခဲ့လိုက်ပါတယ် ဘာရလဲဆိုရင်
ဥပေက္ခာ နောင်တ နဲ့ သင်ခန်းစာ
ပါ ယူတက်ရင် အရှုံးမရှိပါဘူး
ဒီလိုမှ ဘဝ လို့ ခေါ်ထိုက်မှာပေါ့


#တွေးရိပ်နေ

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon