BawLone

BawLone

Share

30/01/2021

မက်ဆီကိုမရောင်းလိုက်တာ ဘာစီလိုနာရဲ့အမှားပဲလို့ ဆိုလာခဲ့တဲ့ ရီဗယ်ဒို …

====================================

ဘာစီလိုနာအသင်းနဲ့ ဘရာဇီးအသင်းတို့ရဲ့ဂန္တဝ်ကစားသမားဟောင်း ရီဗယ်ဒိုကတော့ ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီကို မရောင်းလိုက်ဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်လိုက်ရမှာက အတော်လေး မှားယွင်းတဲ့ လုပ်ရပ်ပဲလို့ ဆိုလိုက်ပါတယ်။ သူက အသင်းအနေနဲ့ အခုလို ဘဏ္ဍာရေးကြပ်တည်းနေတဲ့အချိန်မှာ မက်ဆီကိုရောင်းချမှုကနေ ဝင်ငွေတစ်ခုခုရသင့်တယ်လို့ ဆိုလိုက်သလို အခြားတစ်ဖက်မှာလည်း အသင်းအနေနဲ့ ကော်တင်ဟိုကိုလည်း ရောင်းသင့်တယ်လို့ ဆိုလိုက်ပါတယ်။

ဒီနှစ်ရာသီမှာတော့ ဘာစီလိုနာအသင်းရဲ့အသင်းခေါင်းဆောင် မက်ဆီဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်သူဖြစ်ပြီး လက်ရှိမှာတော့ စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးဘဲ အသင်းကနေ ထွက်ခွါဖို့ များပြားနေတာဖြစ်ပါတယ်။ ဒါဟာ လက်ရှိမှာ ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းရှိနေတဲ့ ဘာကာအသင်းအနေနဲ့ မက်ဆီလိုကစားသမားကို အလွတ်နဲ့ လက်လွှတ်ရမှာက အတော်လေး နစ်နာသွားခဲ့တာပဲဖြစ်ပါတယ်။ အခုတော့ ဘာစီလိုနာကစားသမားဟောင်း ရီဗယ်ဒိုက ဒီအခြေအနေအပေါ် သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

ရီဗယ်ဒိုကတော့ “အရင်တုန်းက ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ အသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေအနေနဲ့ စာချုပ်သက်တမ်းရှိနေချိန်မှာ မက်ဆီကို မရောင်းချလိုက်တာက သူတို့ အမှားပါပဲ ။ ရီးရဲလ်အသင်းကတော့ ရော်နယ်ဒိုကို ရောင်းချခဲ့တုန်းက ယူရိုသန်း ၁၀၀ လောက်ကို ရရှိခဲ့တာပါ။ ဘာကာအသင်းကတော့ အမှားလုပ်ခဲ့ပါတယ်။ မက်ဆီလို တန်ဖိုးမြင့်ပြီး ပါရမီကြီးမားတဲ့ ကစားသမားတစ်ဦးကို အလွတ်နဲ့ လက်လွှတ်လိုက်ရတာကိုမြင်ရတာက ဝမ်းနည်းစရာကောင်းပါတယ်။ ပြီးတော့ အသင်းက ဘဏ္ဍာရေးပြဿနာရှိနေချိန်ဆိုတော့ ပိုဆိုးပါတယ်

ဒါပေမဲ့ အခြားအပြောင်းအရွှေ့တွေတော့ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်အထင် ကော်တင်ဟိုကတော့ ထွက်သွားရတော့မယ်ထင်ပါတယ်။ သူက အသင်းမှာ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ခြင်းမရှိပါဘူး။ သူ့အကောင်းဆုံးပုံစံက ပရီးမီးယားလိဂ်မှာ ကျန်ခဲ့ပါပြီ။ ကျွန်တော့်အထင် အသင်းက သူ့ကိုရောင်းချတော့မှာပါ။ သူ့ကိုရောင်းချမှုကနေ ငွေကြေးတစ်စုံတစ်ရာတော့ ရနိုင်ပါတယ်။ လီဗာပူးဆီကနေ ဝယ်ခဲ့သလောက်တော့ ပြန်မရနိုင်တော့ဘူးပေါ့လေ” လို့ သူက ဆိုသွားခဲ့တာပဲဖြစ်ပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon