Chelsea Talk: Beyond Biased

Chelsea Talk: Beyond Biased

Share

27/12/2025

#ပထမပိုင်းပြီးရလဒ် ချဲလ်ဆီး ၁-၀ ဗီလာ
ဗီလာကိုအခွင့်အရေးမပေးရတဲ့အထိ တဖက်သတ်ဖိကစားနေပေမယ့် ဂိုးရဖို့ခက်နေရာကနေ ဂျိမ်းစ်ရဲ့လှပသေသပ်တဲ့ထောင့်ကန်ဘောကနေ ရှုပ်ယှက်ခက်နေတဲ့ကြားကနေ ပတ်ဒရိုသွင်းယူသွားပါတယ်။ ပြိုင်ဘက်ဧရိယာထဲအပိုင်ကန်ခွင့်များများစားစားမရပေမယ့် ဒီရာသီတည်ကန်ဘောကနေ လိဂ်ဂိုး၁၁ဂိုးရှိလာလို့ ပူးတွဲအများဆုံးတောင်ဖြစ်လာနိုင်ပါတယ်။

13/12/2025

ပွဲပြီးရလဒ် ချဲလ်ဆီး ၂-၀ အဲဗာတန်
——————
ပထမပိုင်းသွင်းဂိုးတွေနဲ့ပဲအနိုင်ရခဲ့တာပဲ ကျေးဇူးတင်ရပါမယ်။ ဂိုးပေးရတဲ့နောက်အဲဗာတန်ရဲ့တုံ့ပြန်ပုံကောင်းမွန်ပြီး ဂရီးလစ်ရှ်နဲ့ အန်ဒီယာရီတို့ကြိုးစားအားထုတ်မှုတွေ ပွဲပြီးခါနီးဂိုးရလုနီးပါးတွေဖြစ်ခဲ့သလို ပစ်ဖို့ဒ်ကလည်း ဂျိမ်းစ်ရဲ့ဖရီးကစ်ကန်ချက်အပြင် အပိုင်ကန်ချက်တွေ ကာကွယ်နိုင်ခဲ့ပါတယ်။ ပါးမားနဲ့ဂူစတိုရဲ့အတွဲအဖက် အလုပ်ဖြစ်ခဲ့ပြီး နှစ်ယောက်လုံးဂိုးရခဲ့ပါတယ်။ ခံစစ်ပိုင်းစွမ်းဆောင်ရည်ကောင်းခဲ့တဲ့ ဗဟိုခံစစ်အတွဲဖြစ်တဲ့ ဖိုဖာနာနဲ့ချာလိုဘာကို ချီးကျူးရမှာဖြစ်ပြီး ခံစစ်စွမ်းဆောင်ရည် နှစ်ယောက်ပေါင်း ၃၃ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ကိုင်စီဒိုမပါနိုင်တဲ့ကွင်းလယ်က ခံစစ်ကိုအကာကွယ်ပေးနိုင်မှု တစုံတရာတော့လျော့ခဲ့ပါတယ်။ ကူကူရယ်လာက စပါးနဲ့ပွဲကစပြီး ဒီပွဲအခိ ကလပ်နဲ့နိုင်ငံအတွက် ၁၁ပွဲဆက် မိနစ်၉၀လုံး လူစားလဲမခံရဘဲ ကစားပေးထားရပါတယ်။ PFAပရိသတ်တွေပေးတဲ့ တလတာအကောင်းဆုံးဆုရထားတဲ့ ဆန်းချက်ဇ်အတွက်တော့ တပွဲပိုကစားထားပြီး ရာယာနဲ့အတူ clean sheetအများဆုံး ၈ပွဲပူးတွဲရရှိလာပါပြီ။

02/12/2025

လူဆိုတာ တန်းမတူရင် ဘောင်ထဲအတင်းထည့်ပြီးတန်းညှိပေးလို့မရဘူးဆိုတာတကယ်မှန်တယ်
ကိုယ့်အကန့်နဲ့ကိုယ်ဘဲနေရတယ်
ရွှေကုန်သည် စိန်ကုန်သည်တွေဟာ သူတို့စားပွဲဝိုင်းမှာ ဘယ်သူတောင်းစားကိုမှ ခုံပေါ်ထိုင်ပြီးဆွေးနွေးခွင့်မပေးသလို
ဥရောပရဲ့ ချန်ပီယံတွေ ကမ္ဘာ့ချန်ပီယံတွေဆိုတာလဲ အသင်းသမိုင်းတစ်လျှောက်လုံးမှာ အဆငိ့အတန်းနိမ့်ပါးလှစွာဘဲ ဘာဥရောပဖလားမှမရဖူးတဲ့အသင်းတွေကို ဘောင်ထဲထညိ့ပြီး သွားငြင်းနေရင် energy ကုန်ယုံဘဲရှိတယ်။
ရွှေကုန်သည်တွေ စိတ်ကုန်သည်တွေကိူမကျေနပ်တဲ့သူတောင်းစားက သူ့အရိပ်အောက် သမံတလင်းပြင်ကနေ အော်ဆဲနေရုံဘဲတတ်နိုင်မှာဖြစ်သလို
မတူမတန်တဲ့အသင်းတွေကလဲ သူတို့ဖာသာသူတို့ရဲ့နေရာသေးသေးလေးကနေဘဲ တုံ့ပြန်နေမှာဘဲလေ
သွားမပြောနဲ့ တန်းကွာလွန်းတယ်

ကိုယ်တွေက king of the club
သူတို့က၅နှစ်ဆက်ခွက်ပျောက်

ကိုယ်တွေက ဥရောပမှာအကြိမ်ကြိမ်ဗိုလ်ဝင်ခံတဲ့ချန်ပီယံတွေ
သူတိူ့့အတွက်ကဥရောပဖလားဆိုတာ လှမ်းမမှီနိုင်တဲ့ပန်း

ကိုယ်တွေက UCl ၂လုံးနဲ့ လက်ရှိကမ္ဘာ့ချန်ပီယံ
သူတိူ့တွေဆိုတာ အသင်းသမိုင်းတစ်လျှောက်လုံး UClဆိူတဲ့ဖလားကိုယူနိုင်ဖို့ အဆင့်အတန်းမမှီနုံချာလွန်းလှသူတွေ

မတန်ဘူးဗျ မတန်ဘူး
လွှတ်ထားလိုက်
တန်းဆိုတာ တူမှညှိရတာ

Photos from Chelsea Talk: Beyond Biased's post 29/11/2025

ငယ်သူငယ်ချင်းနှစ်ဦးရဲ့ စိန့်အက်တီယန်ဆက်နွယ်မှုများ
———-
“အခုလောလောဆယ်မှာတော့ ကျနော်တို့ကရန်သူတွေပါ” ဖိုဖာနာက အင်တာဗျူးမှာ လန်ဒန်ဒါဘီမတိုင်ခင် ငယ်သူငယ်ချင်းဆာလီဘာအကြောင်း ပြန်ပြောင်းပြောရင်း ပွဲမကန်ခင်တပတ်လောက်အလိုမှာ သူတို့အချင်းချင်းကြားမှာ အဆက်သွယ်မလုပ်ကြကြောင်း ကျန်တဲ့အချိန်တွေမှာ အခေါ်အပြောမပျက်ကြကြောင်း ပြောပြပါတယ်။

ပြင်သစ်နာမည်ကျော်အကယ်ဒမီတခုဖြစ်တဲ့ စိန့်အက်တီယန်ကနေ ၂၀၁၈ခုနှစ်မှာ ဆာလီဘာဆိုတဲ့လူငယ်ခြေတက်နောက်ခံလူတဦးကို အသက်၁၇နှစ်အရွယ်မှာပဲ စင်တင်ပေးခဲ့ပြီး ရာသီကုန်ခါနီးမှာပဲ နောက်ထပ်၁၇နှစ်ကျော် လူငယ်တဦးဖြစ်တဲ့ ဝက်စ်လေဖိုဖာနာကို ထပ်မိတ်ဆက်ပေးခဲ့ပြီး နောက်ရာသီ ၂၀၁၉-၂၀မှာ ဥရောပအင်အားကြီးအသင်းတွေ မျက်စိကျလာတဲ့ လူငယ်ဗဟိုခံစစ်အတွဲဖြစ်လာပါတယ်။ အသက်အရဖိုဖာနာက လပိုင်းကြီးပေမယ့် စိန့်အက်တီယန်အသင်းအတွက် ဆာလီဘာကပွဲထွက်ခွင့်အရင်ရခဲ့ပါတယ်။ ကစားဟန်အရတော့နှစ်ယောက်ကြားကွဲပြားပြီး ဆာလီဘာကကြောင်လိုကစားပြီး ဖိုဖာနာကခွေးလိုကစားတယ်လို့ အလွယ်ပြောလို့ရပါတယ်။ ဖိုဖာနာက လျင်မြန်မှုမာကျောမှု၊ခွန်အားအပြည့်နဲ့ ဖိုက်တာလိုအလှုပ်ကစားပြီး ဆာလီဘာက တည်ငြိမ်မှု၊ ပါးရည်နပ်ရည်အပြည့် ဘောလုံးကိုင်ပြီးအငြိမ်ကစားတာမျိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ ဖိုဖာနာက ဘောလုံးကိုင်မကစားနိုင်တာမဟုတ်သလို ဆာလီဘာကလည်း မာကျောမှုနဲ့ခွန်အားမရှိတာမဟုတ်ပါ။ အသင်းတသင်းမှာရှိသင့်တဲ့ ဗဟိုခံစစ်အတွဲအဖက်နှစ်ယောက်ပုံစံမျိုးဖြစ်ပါတယ်။

အတိအကျပြောရရင် ဆာလီဘာက ၂၀၁၉-၂၀ရာသီအစမှာ အာဆင်နယ်ကိုပေါင်၂၇သန်းခန့်နဲ့ ပြောင်းရွှေ့ခဲ့ပြီး စိန့်အက်တီယန်မှာပဲအငှါးပြန်ချခဲ့သလို ဖိုဖာနာဦးစားပေးခံရလာပြီး ပွဲအများဆုံးကစားတဲ့ရာသီလည်းဖြစ်လာလို့ နှစ်ယောက်အတူ၁၆ပွဲလောက်တွဲဖက်ကစားခဲ့ကြပါတယ်။ နောက်ရာသီမှာတော့ ဖိုဖာနာက ပရီးမီးယားလိဂ်မှာ ခြေစွမ်းထက်နေတဲ့ ဘရန်ဒန်ရော်ဂျာစ်ရဲ့ လက်စတာနဲ့ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲဆင်နွှဲဖို့ လက်စတာကို ပေါင်၃၆သန်းကျော်နဲ့ ရောက်လာပြီး ရာသီကုန်မှာ အဆင့်၅နဲ့ တူချယ်ရဲ့ချဲလ်ဆီးကိုဖိုင်နယ်မှာအနိုင်ယူပြီး FAဖလားရရှိခဲ့ပါတယ်။ လူငယ်နောက်ခံလူနှစ်ယောက်အတွက် အချိန်တိုအတွင်း ပေါင်သန်း၆၀ကျော်ရှာနိုင်တဲ့ ပြင်သစ်ကလပ်ကိုချီးကျူးရမှာပါ။ ဆာလီဘာက အဲ့အချိန်မှာ အာဆင်နယ်ရောက်လာပေမယ့် အသင်းကြီးမှာနေရာမရဘဲ လူငယ်အသင်းမှာပဲအချိန်ကုန်နေရလို့ ရာသီဝက်၂၀၂၁အစမှာပဲ ပြင်သစ်ကလပ်နိစ်အသင်းကို အငှါးထပ်ရောက်လာပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ၂၀၂၁လောက်က ဖိုဖာနာရဲ့ခြေစွမ်းနဲ့ကျော်ကြားမှုက ပရီးမီးယားလိဂ်မှာခပ်မြန်မြန်ရှေ့ရောက်ခဲ့ပြီး ဆာလီဘာကပုံမှန်ပွဲခွင့်ရဖို့ အငှါးထွက်ရှာဖွေနေခဲ့ရပါတယ်။

နောက်ရာသီအစမှာ ဖိုဖာနာအတွက် ကြမ္မာဆိုးနေ့ရက်တွေရဲ့အစပြောရမယ့် ခြေထောက်ကျိုး ကာလရှည်ဒဏ်ရာစရခဲ့ပြီး ရာသီကုန်ခါနီးမှပြန်ကစားနိုင်ခဲ့ပါတယ်။ ဆာလီဘာအတွက်တော့ မာဆေးလ်မှာအငှါးထွက်ပြီး အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး သူ့မိခင်ကလပ်အာဆင်နယ် အဲ့ရာသီမှာလွဲချော်ခဲ့တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ အဆင့်၂နဲ့ရခဲ့ပါတယ်။ နောက်ရာသီအစမှာ ဆာလီဘာက အာဆင်နယ်နဲ့စာချုပ်သက်တမ်းမတိုးဘဲ မာဆေးနဲ့ပဲUCLပဲဆက်ကန်ချင်တယ်လို့ ကောလဟလတွေထွက်ခဲ့ပြီး အာဆင်နယ်ဖန်တွေအမြင်မကြည်ခဲ့ကြပါဘူး။ ဒါပေမယ့် သူအာဆင်နယ်အတွက် ဆက်ကစားပေးခဲ့ရပါတယ်။ သူငယ်ချင်းဖြစ်သူဖိုဖာနာက နောက်ခံလူတယောက်အတွက်ကလပ်စံချိန်တင်ပြောင်းရွေ့ကြေး ပေါင်သန်း၇၀နဲ့ လက်စတာကနေ ချဲလ်ဆီးကိုပြောင်းလာခဲ့ပြီး ငယ်သူငယ်ချင်းနှစ်ဦးအပြိုင်ခြေစွမ်းပြကြတော့မလား ထင်မှတ်မှားစရာဖြစ်ခဲ့ပါတယ်။ လက်တွေ့မှာတော့ ဖိုဖာနာက ၂၀၂၂-၂၃ရာသီစပြီး သိပ်မကြာခင်ဒူးဒဏ်ရာရပြီး အဲ့ရာသီက အဆိုးရွားဆုံးနဲ့ရာသီသိမ်းခဲ့ရတဲ့ ချဲလ်ဆီးအတွက် ပွဲ၂၀သာကစားပေးနိုင်ခဲ့ပါတယ်။ ဆာလီဘာက အာဆင်နယ်အတွက်အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ချန်ပီယံမန်စီးတီးကို အချိန်အတော်ကြာခြိမ်းခြောက်နိုင်ပြီး အဆင့်၂ရခဲ့ပါတယ်။

၂၀၂၃-၂၄ရာသီကြိုမှာပဲ ဖိုဖာနာက တံကောက်ကြောဒဏ်ရာACLကြောင့် တရာသီလုံးလွဲချော်ခဲ့ပြီး ဆာလီဘာက EPLရဲ့အကောင်းဆုံးနောက်ခံလူစာရင်းဝင်လာပြီး အာဆင်နယ်နဲ့အတူချန်ပီယံဆုကို ၂နှစ်ဆက်ခြိမ်းခြောက်ခဲ့သလိုပြင်သစ်လက်ရွေးစင်မှာပါ အပိုင်တနေရာရပြီး ယူရို၂၀၂၄ဆီမီးဖိုင်နယ်အထိရောက်ခဲ့ပါတယ်။ ဖိုဖာနာက ပြီးခဲ့တဲ့ရာသီမှာလည်း ဒဏ်ရာတွေကြောင့် ပွဲတချို့ပဲကစားနေရချိန်မှာ ဆာလီဘာက အာဆင်နယ်နဲ့အတူ ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့ပြီး ကမ္ဘာ့အဆင့်နောက်ခံလူတဦးဖြစ် ၂နှစ်ဆက်ရပ်တည်လာပါတယ်။ ၂၀၁၉ကနေ ၂၀၂၁အထိ နှစ်ရာသီဖိုဖာနာက ပိုကောင်းခဲ့ပြီး ၂၀၂၂ကနေ၂၅အထိ သုံးရာသီလောက် ဆာလီဘာကပိုကောင်းခဲ့လို့ နှစ်ယောက်ကြားမှာ ကွာဟချက်ကြီးမားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဆာလီဘာက ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတဦးဖြစ်နေပြီး ဖိုဖာနာကတော့ ကာလရှည်ဒဏ်ရာတွေကနေရုန်းထွက်ပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ကြိုးစားနေရတာလည်းဖြစ်ပါတယ်။ ဒဏ်ရာပြဿနာကင်းရှင်းနေရင် ဖိုဖာနာက ရိစ်ဂျိမ်းတို့လိုပဲ အရည်အသွေးမြင့်တဲ့နောက်ခံလူဆိုတာ မေးခွန်းထုတ်စရာမရှိပါဘူး။ တနင်္ဂနွေနေ့မှာတော့ ငယ်သူငယ်ချင်းနှစ်ယောက်ထိပ်တိုက်ရင်ဆိုင်ရဖို့ရှိပြီး ဖိုဖာနာက ပွဲထွက်ခွင့်ရမရ မသေချာသေးတဲ့အနေအထားမှာရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် အကယ်ဒမီထွက်ချင်း ဆာလီဘာရောက်နေတဲ့နေရာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲကတဦးဖြစ်နေတာ ဝမ်းသာကြောင်းပြောရင်း အင်တာဗျူးမှာဖြေခဲ့ပါတယ်။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon