Super Service

Super Service

Share

03/06/2020

မင်္ဂလာပါ ခင်ဗျာ
Super Service ရုံးအား ပြန်လည်ဖွင့်လှစ်၍ ဝန်ဆောင်မူပေးနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်
မိတ်ဟောင်း မိတ်သစ်များအားလုံး ယခင်ခေါ်ဆိုနေကြအတိုင်း ပြန်လည် ရယူနိင်ကြောင်း ဖုန်းဖြင့်လည်း Super Service မှ ဆက်သွယ်အကြောင်းကြား နေပါတယ်
အကြောင်းအမျိုးမျိုးကြောင့် Super Service မှ ဖုန်းဆက်ရန်ကျန်ခဲ့ပါက ခွင့်လွှတ်နားလည်ပေးပါ ခင်ဗျာ
မြန်မာပြည်သူ ပြည်သား အားလုံး ဘေးရန်ကင်းကွား၍ ကျမ်းမာ ချမ်းသာ ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် ခင်ဗျာ

13/06/2019

Super Service အိမ်အကူဝန်ဆောင်မှုအကြောင်း
Super Service စတင်သည့်အချိန်မှစ၍ ယနေ့ချိန်ထိ ရန်ကုန်တိုင်းအတွင်း အပါတ်စဉ် တစ်ပါတ်တစ်ကြိမ်နှင့်လစဉ်အခြား ခေါ်ယူသည့် တိုက်ခန်းများနှင့်နေအိမ်ပေါင်း ၁၄၀၀ ကျော် ရှိခဲ့ ပါပြီ
တစ်ကြိမ်ခေါ်ယူပြီးသည်နှင့် Super Serviceနှင့် အမြဲတမ်း customer များ ဖြစ်သွားကြပါသည်
Super Service မှ တိုက်ခန်းရှင်များ အိမ်ရှင်များအား အထူးကျေးဇူးတင် ဂါရဝပြုအပ်ပါသည်
ပို၍ ကောင်းမွန်လွယ်ကူသော ဝန်ဆောင်မှု ဖြစ်အောင် ဆက်လက်ကြိုးစားသွားပါမည်
Super Service မှ တစ်ကြိမ်ခေါ်ယူ၍ စိတ်တိုင်းမကျမှုအနည်းငယ် ရှိပါကလည်း ထပ်မံခေါ်ယူပါက အစားထိုးလဲလှယ်ပေးခြင်းများလည်း လုပ်ဆောင်ပေးပါသည်
စီစစ်၍ ရွေးချယ်ထားသော ဝန်ထမ်းများဖြစ်သဖြင့် လူကြီးမင်းအနေဖြင့် အားလုံးက အဆင်ပြေစေနိင်မှာပါ
Super Service က ဝန်ထမ်းက စိတ်ချရပါသလား?
ပထမဦးဆုံးအကြိမ် ခေါ်ယူသည့် အိမ်ရှင်များက မေးခြင်းများဖြစ်ပါသည်
Super Service ဝန်ထမ်းများကို လူကြီးမင်းတို့အနေဖြင့် အပြည့်အဝ စိတ်ချရစေနိင်ပါတယ်
တစ်ကြိမ်ခေါ်ယူကြည့်ရုံဖြင့် အမြဲတမ်းခေါ်ယူဖို့ သတိရနေမှာပါ
Super Service က ဝန်ထမ်းနဲ့ပါတ်သက်ပြီး တာဝန်ယူသလား?
ဟုတ်ကဲ့ တာဝန်ယူပါတယ် ခင်ဗျာ
နည်းနည်းတော့ ရှင်းပြပါရစေ ခင်ဗျာ
Super Service တာဝန်ယူသည့် အပိုင်းမှာ ဝန်ထမ်းမပြန်မှီ ဖြစ်ပျက်သော အကြောင်းအရာများသာ တာဝန်ယူခြင်း ဖြစ်ပါတယ်
ဝန်ထမ်းပြန်သွားပြီး ဖြစ်ပျက်သောမည်သည့်ကိစ္စမဆို တာဝန်ယူမည် မဟုတ်ပါ ခင်ဗျာ
ဝန်ထမ်းမပြန်မှီ လူကြီးမင်းတို့ အနေဖြင့် စစ်ဆေးပိုင်ခွင့်ရှိပါတယ် ခင်ဗျာ
လူကြီးမင်း မစစ်ဆေးသည့်တိုင် ဝန်ထမ်းများက ပါသော ထမင်းချိုင့်နှင့်အိတ်အား လူကြီးမင်းတို့အား ပြသပြီးမှ ပြန်ပါတယ် ခင်ဗျာ
Super Service က ဘာတွေလုပ်ပေးလဲ?
ဟုတ်ကဲ့ အိမ်သန့်ရှင်းရေး အဝတ်လျှော် မီးပှုတိုက် ဘီဒိုရှင်း အလှူ တွင် ကူညီခြင်း ဟင်းချက်ရာတွင် ကူညီခြင်းများ စသည်ဖြင့် အိမ်ရှင်များ မအားလပ်သည့်အခါ ပုံနေသောအလုပ်များ နှစ်ယောက်လုပ်မှပြီးမည့် မြန်မည့် အလုပ်များအား အိမ်ရှင်များနှင့်အတူ ကူညီသည့် ဝန်ဆောင်မှုဖြစ်ပါသည်
လူကြီးမင်းတို့လိုအပ်ချိန်တိုင်း Super Service ရှိနေပါပြီ
လိုအပ်သောနေ့ရက်အတွက် ဖုန်းလေးကြိုဆက်ထားရင် ပိုပြီးအဆင်ပြေစေပါတယ် ခင်ဗျာ
09 7674 91382

09/04/2019

နှစ်သစ်ဆုတောင်းမေတ္တာနှင့် ရုံးပိတ်ရက်ကြေငြာ အပ်ပါသည်
မကြာမှီကျရောက်တော့မည့် မြန်မာ့နှစ်သစ် မဟာသင်္ကြန် အခါသမယတွင် Super service ၏ မိတ်ဟောင်း မိတ်သစ်များနှင့်မြန်မာပြည်သူ ပြည်သား အားလုံး ကိုယ်၏ ကျမ်းမာခြင်း စိတ်၏ ချမ်းသာခြင်းများ ပြည့်စုံပါစေကြောင်း Super service မှ ဆုတောင်း မေတ္တာ ပို့သ အပ်ပါသည်
ရုံးလုပ်ငန်းများအားလည်း ဧပြီလ 12 ရက်နေ့မှစတင်ကာ ဧပြီလ 19ရက်နေ့ထိ ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း အသိပေးကြေငြာ အပ်ပါသည်
ကိုယ်ရောစိတ်ပါ ကျမ်းမာရွှင်လန်း ကြပါစေ ခင်ဗျာ
Super Service

Want your business to be the top-listed Cleaning Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 343, Zayarthiri 12th Street, Dawbon Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00