A Life Insurance
19/07/2026
‘’ အာဇာနည်နေ့ ဒို့မမေ့ ’’
၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျ
ရောက်သည့် (၇၉)ကြိမ်မြောက် အာဇာနည်နေ့အား A Life Insurance မှ ရိုသေလေးစားစွာဖြင့် ဦးညွတ်ဂါရဝပြုအပ်ပါသည်။
On the occasion of the 79th Martyrs' Day, falling on July 19, 2026, A Life Insurance respectfully bows and pays solemn tribute.
#ရှင်သန်ရှေ့ဆက် #၁၉ဇူလိုင်
#မမေ့နိုင်
14/07/2026
၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ထူးချွန်စွာ စွမ်းဆောင်ပေးခဲ့ကြသော A Bank PCL မှ Bancassurance Partner များ၊ Corporate Partner များနှင့် A Life Insurance မှ ထူးချွန်သော စွမ်းဆောင်ရည်များဖြင့် အောင်မြင်မှုများ ရရှိခဲ့ကြသော ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှုများကို ဂုဏ်ပြုချီးမြှင့်ရန် ရည်ရွယ်၍ A More Value Gala ကို ဇူလိုင်လ (၁၀) ရက်နေ့တွင် A Life ရုံးချုပ်ရှိ Purple Plain ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားကို Toast Ceremony ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး A Life Insurance ၏ Vice Chairman ဦးအောင်ဆန်း၊ Chief Executive Officer ဦးဖြိုးမင်းသူနှင့် ဌာနအသီးသီးမှ ဌာနမှူးများက တစ်နှစ်တာအတွင်း ထူးချွန်စွာ စွမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ဂုဏ်ပြုချီးမြှင့်ခြင်းအပြင် ဧည့်ခံကျွေးမွေးမှုများ၊ Live Band ဖျော်ဖြေမှုများနှင့်အတူ ပျော်ရွှင်နွေးထွေးသော ညနေခင်းတစ်ခုကို အတူမျှဝေခဲ့ကြပြီး အောင်မြင်မှုများ၏ အဓိပ္ပာယ်ရှိသော အမှတ်တရများကိုလည်း ဖန်တီးနိုင်ခဲ့ကြပါသည်။
ထို့အပြင် ၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် သတ်မှတ်ထားသည့် Reward Trip အစီအစဉ်ကိုလည်း မိတ်ဆက်ခဲ့ပြီး ရည်မှန်းချက်အသစ်များဆီသို့ အတူတကွ လက်တွဲလျှောက်လှမ်းကာ ပိုမိုကြီးမားသော အောင်မြင်မှုများကို ဖန်တီးသွားရန် စိတ်အားထက်သန်မှုများကို မျှဝေခဲ့ကြပါသည်။
A More Value Gala သည် A Life Insurance နှင့် Business Partner များ၏ အောင်မြင်မှုများကို ဂုဏ်ပြုခြင်းသာမက ပိုမိုမြင့်မားသော ရည်မှန်းချက်များဆီသို့ အတူတကွ ရှေ့ဆက်လှမ်းရန် အားအင်သစ်များ ရရှိစေခဲ့သည့် အမှတ်တရညတစ်ည ဖြစ်ခဲ့ပါသည်။
အောင်မြင်မှုများကို အတူဂုဏ်ပြုခဲ့ကြတဲ့ A More Value Gala ရဲ့ အမှတ်တရပုံရိပ်များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
To honor the hard work and achievements of the Bancassurance Partners and Corporate Partners from A Bank PCL, as well as the outstanding employees of A Life Insurance who achieved remarkable success during the 2025–2026 financial year, the "A More Value Gala" was held on July 10th at the Purple Plain, A Life Head Office.
The ceremony commenced with a celebratory toast. U Aung San (Vice Chairman of A Life Insurance), U Phyo Min Thu (Chief Executive Officer), and department officials presented honorary awards to those who demonstrated exceptional performance throughout the year.
Beside the award presentations, the event featured delightful dining and live band performances, creating a warm, joyful evening filled with meaningful and memorable moments of shared success.
Furthermore, the Reward Trip program for the upcoming 2026–2027 financial year was officially introduced. Attendees shared their enthusiasm to walk hand-in-hand toward new milestones and co-create even greater achievements.
The A More Value Gala was not only a celebration of success but also a memorable night that inspired and energized everyone to move forward together toward higher goals.
Here are some highlights and memorable moments from the A More Value Gala as we celebrated our successes together!
#ရှင်သန်ရှေ့ဆက်
08/07/2026
A Life Insurance သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် Singapore နိုင်ငံ၊ Marina Bay Sands Expo & Convention Centre ၌ ကျင်းပပြုလုပ်ခဲ့သော Insurance Asia Awards 2026 တွင် Domestic Life Insurer of the Year – Myanmar နှင့် Marketing Initiative of the Year – Myanmar ဆုကြီး (၂) ဆုကို ဂုဏ်ယူဝမ်းမြောက်စွာ ရရှိခဲ့ပါတယ်။
လူငယ်များရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍများတွင် စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ပြီး၊ Digital Platform များမှတစ်ဆင့် Customer များနှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်၍ ဆန်းသစ်သော Marketing Campaign များ အားအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။
ထို့အပြင် Customer များအတွက် ယုံကြည်စိတ်ချရသော အကာအကွယ်နှင့် ဝန်ဆောင်မှုများကို အစဥ်မပြတ် ဦးစားပေးကာ Customer-centric approach များဖြင့် အသက်အာမခံကဏ္ဍအား တိုးတက်မှုများ ဖန်တီးပေးနိုင်ခဲ့ခြင်းတို့အတွက် ဤဆုများကို ရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ယုံကြည်မှု၊ ဆန်းသစ်တီထွင်မှုနှင့် Customer များအပေါ် အလေးထားမှုတို့ဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုဆီသို့ A Life က လူကြီးမင်းတို့နဲ့အတူဆက်လက်လျှောက်လှမ်းသွားမည် ဖြစ်ပါတယ်။
#ရှင်သန်ရှေ့ဆက်
03/07/2026
ဇူလိုင်လ (၃) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ပလတ်စတစ် ကင်းစင်ခြင်း အထိမ်းအမှတ် နေ့ဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာခြင်းအကြောင်းဟာ လူသားတွေရဲ့ ပလတ်စတစ်သုံးစွဲမှုနှုန်းနဲ့ တိုက်ရိုက် အချိုးကျနေပါတယ်။
ကမ္ဘာကြီးပူနွေးလာခြင်းနဲ့အတူ လူသားတွေရဲ့ ကျန်းမာရေးဟာ ယိုယွင်းလာပါတယ်။ တစ်ကမ္ဘာလုံး မှာ အခုလို ဇူလိုင်လက ပလတ်စတစ်ကင်းစင်တဲ့နေ့စဉ် လူနေမှု ပုံစံ ပြုပြင်ပြောင်းလဲဖို့ကို နှစ်စဉ် Awareness ပေးတဲ့ လ တစ်လပဲဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာကြီး ပူနွေးမှုကို လျှော့ချဖို့နဲ့ လူသားတွေရဲ့ကျန်းမာရေး ကို ကောင်းမွန်စေဖို့အတွက် ပလတ်စတစ် သုံးစွဲမှုကို လျှော့ချပြီး ပြန်လည် အသုံးပြုလို့ရတဲ့ Recycling Products များနှင့် အစားထိုးကာ မိမိကစပြီး ပြုပြင်ပြောင်းလဲကြပါစို့။
July 3rd is International Plastic-Free Day. The issue of global warming is directly proportional to the rate of human plastic consumption.
Along with global warming, human health is also deteriorating. This is why the global community utilizes this month of July every year to raise awareness and encourage a shift toward a plastic-free lifestyle.
Therefore, to reduce global warming and improve human health, let us start changing our habits today by cutting down on plastic consumption and replacing it with recyclable and reusable products.
#ရှင်သန်ရှေ့ဆက်
ယနေ့ ဇွန်လ (၂၁) ရက်နေ့ဟာ “အဖေများနေ့” ဖြစ်ပါတယ်။ မိမိတို့ ဖခင်တွေရဲ့ မေတ္တာများ၊ တွဲလက်များအတွက် ကျေးဇူးတရားဖော်ကျူးတဲ့နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်။ ဘဝမှာ “အမေ” ဟာမွေးကျေးဇူးရှင်ဆို
“အဖေ” ဟာ ကျွေးကျေးဇူးရှင်ပဲဖြစ်ပါတယ်။ ဒါကြောင့် အဖေများနေ့မှာ မိမိချစ်ရတဲ့ဖခင်တွေရဲ့ ကျေးဇူးတရားတွေကိုဂုဏ်ပြုရင်း သူတို့အတွက် ချစ်ခြင်းမေတ္တာတွေ၊ မပြောဖြစ်တဲ့ စကားတွေ အမှတ်တရတွေကို ဝေမျှလိုက်ကြရအောင်နော်။
Today, June 21st, marks Father's Day—a day to honor the boundless love and guiding hands of our fathers. If a mother is the one who gives us life, a father is the one who nurtures and sustains it. On this special day, let’s celebrate the incredible impact of our fathers by sharing our love, heartfelt untold words, and beautiful memories together.
#ရှင်သန်ရှေ့ဆက်
14/06/2026
ဇွန်လ (၁၄) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ သွေးအလှူရှင်များနေ့ဖြစ်ပါတယ်။ သွေးလှူခြင်းဟာ အင်မတန်ပင် မွန်မြတ်လှတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ မိမိရဲ့သွေးတစ်စက်ဟာ တစ်ပါးသူရဲ့ အသက်ကိုကယ်တင်နိုင်ပါတယ်။
ဒါကြောင့် နှစ်စဉ်သွေးလှူပြီး လူတွေရဲ့အသက်ကို ကယ်တင်ခြင်းဖြင့် မြတ်သောအကျင့်ကိုပြုသင့်သလို အခုလိုနေ့မှာလည်း ပုံမှန်သွေးအလှူရှင် များကို A Life မှ ဂုဏ်ပြုလိုက်ပါတယ်။
June 14th is World Blood Donor Day. Donating blood is an incredibly noble act, as a single drop of your blood can save someone else's life.
Therefore, we should practice this noble deed by donating blood annually to save lives. On this special day, A Life honors and appreciates all regular blood donors.
#ရှင်သန်ရှေ့ဆက်
10/06/2026
A Life ရဲ့ ဆယ်သိန်းတန် ပြင်းထန်ရောဂါအကာအကွယ်ကိုရရှိနိုင်တဲ့အပြင် ၅၁% အထိလျှော့စျေးဖြင့် ၀ယ်ယူနိုင်မည့် ပန်းလှိုင်ဆေးရုံကြီးရဲ့ (၂၁) နှစ်ပြည့် အထိမ်းအမှတ် Medical Check Up Package Promotion အစီအစဉ်အား ၂၀၂၆ ခုနှစ် ဇွန်လ (၂၃) ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်ပြီဖြစ်ပါတယ်။
ယခုလို A Life ရဲ့ ပြင်းထန်ရောဂါအကာအကွယ်ပါ၀င်သည့် ပန်းလှိုင်ဆေးရုံကြီးရဲ့ Medical Check-up Package များကို စုံစမ်းဝယ်ယူအားပေးခဲ့ကြသော လူကြီးမင်း တစ်ဦးတစ်ယောက်ချင်းစီအား အထူးကျေးဇူးတင်ရှိပါတယ်။
📅 ဇွန်လ (၁၆) ရက်နေ့အထိ
🌐 ပန်းလှိုင်ဆေးရုံ page
📞 Hotline
🏥Hospital Counters
📲 HEAL by Pun Hlaing App
🛒 Capital
🏪 G&G
🏥 Wellington
📅 ဇွန်လ (၁၇) ရက်နေ့မှ (၂၃) ရက်နေ့အထိ
📲 HEAL by Pun Hlaing App
🛒 Capital
🏪 G&G
🏥 Wellington
🏥Hospital Counters တို့မှတစ်ဆင့် ဝယ်ယူနိုင်ပါသည်။
HEAL App မှတစ်ဆင့် ပန်းလှိုင်ဆေးရုံသို့ လာရောက်တန်းစီရန်မလိုဘဲ MCU Package များကို အလွယ်တကူ ဝယ်ယူနိုင်သည့်အပြင် ကျန်းမာရေးစစ်ဆေးမှု ရက်ချိန်းများကိုလည်း ကြိုတင်ရယူနိုင်ပါတယ်။
Great news! The 21st Anniversary Medical Check-Up Package Promotion from Pun Hlaing Hospitals has been extended until June 23, 2026. This special offer allows you to enjoy discounts of up to 51% and receive 1 million MMK worth of Critical Illness Cover from A Life.
We would like to express our sincere gratitude to each and every one of our valued customers who have enquired about and purchased these Medical Check-Up Packages featuring A Life's Critical Illness Cover.
Available Purchase Channels
📅 From now until June 16
🌐 Pun Hlaing Hospital page
📞 Hotline
🏥 Hospital Counters
📲 HEAL by Pun Hlaing App
🛒 Capital Hypermarket
🏪 G&G Convenience Stores
🏥 Wellington Pharmacy
📅 From June 17 to June 23**
📲 HEAL by Pun Hlaing App
🛒 Capital Hypermarket
🏪 G&G Convenience Stores
🏥 Wellington Pharmacy
🏥 Hospital Counters
> 💡 Tip: By using the HEAL App, you can easily purchase MCU Packages and book your health check-up appointments in advance without having to wait in line at the hospital.
#ရှင်သန်ရှေ့ဆက်
07/06/2026
A Life Insurance ရဲ့ သတင်းအချက်အလက်များ၊ အာမခံဆိုင်ရာ အကြောင်းအရာများ၊ ကျန်းမာရေးဆိုင်ရာဗဟုသုတများ နဲ့ A Member Privilege ဆိုတဲ့ A Life Insurance Policy Holder ဖြစ်ပါက ခံစားနိုင်တဲ့ လျှော့စျေး အကြောင်းအရာများကိုသိရှိလိုပါ က A Life Insurance ရဲ့ Viber Channel ကိုအခုပဲ Join လိုက်ပါနော်။
Join A Life on Viber https://surl.li/curmkg
If you want to stay updated on A Life Insurance news, insurance information, health tips, and the A Member Privilege exclusive discounts available only to A Life Insurance Policy Holders join the A Life Insurance Viber Channel right now!
Join A Life on Viber: https://surl.li/curmkg
#ရှင်သန်ရှေ့ဆက်
05/06/2026
ဇွန်လ (၅) ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနေ့ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အခုလိုနေ့ရောက်တိုင်း ကမ္ဘာမြေကြီးရဲ့ ကျန်းမာရေးကို ကောင်းမွန်စေလိုသောအလို့ဌာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအထူးအစီအစဉ်များပြုလုပ်ကြတဲ့နေ့ပဲဖြစ်ပါတယ်။ လူသားတွေရဲ့ကျန်းမာရေးဟာ ကမ္ဘာကြီးရဲ့ကျန်းမာရေးနဲ့တိုက်ရိုက်အချိုးကျပါတယ်။ ဒါကြောင့် ချစ်သောကမ္ဘာကြီးကို ကျန်းမာစေလိုသောအလို့ဌာ
- အပင်တွေစိုက်ကြမယ်
- ပလတ်စတစ်တွေလျှော့သုံးကြမယ်
- Recycling လုပ်ကြမယ်
အစရှိတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေကို မိမိကအစပြုလုပ်မှသာ ကမ္ဘာမြေကို ချစ်ခြင်းမေတ္တာတွေနဲ့ဆေးချယ်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။
World Environment Day
June 5th is World Environment Day. Every year on this day, special environmental conservation initiatives are held across the globe to help improve the health of our planet.
Human health is directly proportional to the health of the Earth. Therefore, if we want to keep our beloved planet healthy, we must take action by:
- Planting trees
- Reducing plastic use
- Recycling
Only when we take the initiative ourselves can we protect and paint our Earth with love and care.
#ရှင်သန်ရှေ့ဆက်
04/06/2026
၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ထူးချွန်သော စွမ်းဆောင်ရည်များနှင့် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုများကြောင့် ထင်ရှားသော အောင်မြင်မှုများကို ဖန်တီးနိုင်ခဲ့သည့် မိတ်ဖက် A Bank PCL မှ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် A Life မှ ထိုင်းနိုင်ငံ Pattaya နှင့် Bangkok သို့ ၂၀၂၆ ခုနှစ် မေလ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ Reward Trip ကို စီစဉ်ပေးခဲ့ပါတယ်။
ဤခရီးစဉ်သည် ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု တာဝန်ယူမှုနဲ့ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု များနှင့် ထူးချွန်သော စွမ်းဆောင်ရည်များကို အသိအမှတ်ပြု ဂုဏ်ပြုခြင်းဖြစ်ပြီး အနာဂတ်တွင် ပိုမိုကြီးမားသော အောင်မြင်မှုများ ဆက်လက်ရရှိနိုင်စေရန် ရည်ရွယ်ပါတယ်။
ခရီးစဉ်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ပတ္တရားမြို့ရှိ အထင်ကရနေရာများရှိရာသို့ပို့ဆောင်ပေးခဲ့ခြင်း၊
Bangkok Baiyoke Sky Hotel တွင်လည်း ညစာတည်ခင်း ဧည့်ခံခဲ့ခြင်း၊ A Life ၏ Chief Executive Officer ဦးဖြိုးမင်းသူမှ A Bank PCL မှ Sale Target အောင်မြင်ခဲ့သည့်ဝန်ထမ်းများအား ဆုများချီးမြှင့်ခဲ့ခြင်းဖြင့် Business Partner တွေအပေါ်ထားရှိတဲ့ အသိအမှတ်ပြုမှု ချစ်ခြင်းမေတ္တာကိုပြသနိုင်ခဲ့ပါတယ်။
Sales Target များကို အောင်မြင်စွာ ပြည့်မီနိုင်ခဲ့တဲ့ A Bank PCL မှဝန်ထမ်းများကို အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း နဲ့ ဆက်လက်ပြီး အောင်မြင်မှုများစွာ ရရှိနိုင် ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
In recognition of the outstanding performance, continuous dedication, and remarkable achievements during the 2025–2026 fiscal year, A Life organized a Reward Trip to Pattaya and Bangkok, Thailand, from May 21 to 24, 2026, for our valued partners and employees from A Bank PCL.
This trip serves as an official recognition and celebration of the team's hard work, accountability, exceptional performance, and strong teamwork. It aims to inspire and pave the way for even greater successes in the future.
Key Highlights of the Trip
Iconic Sightseeing: Employees were taken to explore the most famous landmarks and attractions in Bangkok and Pattaya.
Special Dinner: A memorable dinner reception was hosted at the prestigious Baiyoke Sky Hotel in Bangkok.
Awards & Recognition: U Phyo Min Thu, Chief Executive Officer of A Life, personally presented awards to the high-achieving employees of A Bank PCL who successfully met their sales targets. This gesture beautifully demonstrated A Life's deep appreciation, strong partnership, and goodwill toward its business partners.
Congratulations!
> We extend our warmest congratulations to the dedicated employees of A Bank PCL for successfully achieving their sales targets. We wish you continued progress and many more milestones of success in the future!
#ရှင်သန်ရှေ့ဆက်
Click here to claim your Sponsored Listing.
Category
Website
Address
No. (108), Corner Of Kabaraye Pagoda Road And NatMauk Road, BoCho (1) Quarter, Bahan Township
Yangon