Zifam Lady

Zifam Lady

Share

08/05/2026

📌 အမျိုးသမီးတွေမှာ အဖြစ်များတဲ့ရောဂါများ

👉 ဒီတစ်ခါမှာတော့ ချစ်တို့အတွက် ကျန်းမာရေးဗဟုသုတအဖြစ် အမျိုးသားများနဲ့ နှိုင်းယှဉ်လိုက်ရင် အမျိုးသမီးများမှာ ပိုမိုဖြစ်တတ်တဲ့ ရောဂါများအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ် ...

✅ စိတ်ကျန်းမာရေးပြဿနာများ
အမျိုးသားများထက် အမျိုးသမီးများဟာ စိတ်တိုခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဖိစီးမှုများကို ပိုမိုခံစားရတတ်ပါတယ်။ (၂၀၁၉) ခုနှစ် 𝐆𝐥𝐨𝐛𝐚𝐥 𝐁𝐮𝐫𝐝𝐞𝐧 𝐨𝐟 𝐃𝐢𝐬𝐞𝐚𝐬𝐞 သုတေသနစာတမ်းအရ အမျိုးသမီးများဟာ အမျိုးသားများထက် နှစ်ဆခန့် စိတ်ကျန်းမာရေးပြဿနာများ ပိုမိုခံစားနေရကြောင်း ဖော်ပြထားပါတယ် ...

✅ ရင်သားကင်ဆာ
အမျိုးသမီးများမှာ ရင်သားကင်ဆာ ပိုမိုဖြစ်ပွားတတ်ကြောင်း အားလုံးသိထားပြီးဖြစ်ကြမှာပါ။ အမျိုးသားများတွင်တော့ အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက ရင်သားကင်ဆာဖြစ်ပွားနှုန်းမှာ (၀.၅ %) မှ (၁ %) ခန့်သာ ရှိပါတယ် ...

✅ 𝐀𝐮𝐭𝐨𝐢𝐦𝐦𝐮𝐧𝐞 ရောဂါများ
(၂၀၂၀) ခုနှစ်ထုတ် 𝐂𝐮𝐫𝐞𝐮𝐬 ဆေးပညာဂျာနယ်အရ 𝐀𝐮𝐭𝐨𝐢𝐦𝐦𝐮𝐧𝐞 ရောဂါများဖြစ်တဲ့ လေးဖက်နာရောဂါ၊ သိုင်းရွိုက်ရောဂါများ၊ အမျိုးအစား (၁) ဆီးချိုရောဂါ၊ 𝐏𝐬𝐨𝐫𝐢𝐚𝐬𝐢𝐬 နှင့် 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐞 𝐒𝐜𝐥𝐞𝐫𝐨𝐬𝐢𝐬 ရောဂါဖြစ်ပွားသူများ၏ (၈၀ %) ခန့်မှာ အမျိုးသမီးများဖြစ်ကြပါတယ် ...

✅ လေဖြတ်ခြင်း
(၂၀၂၂) ခုနှစ်ထုတ် 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐇𝐞𝐚𝐫𝐭 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 ဆေးပညာဂျာနယ်တစ်ခုအရ အမေရိကန်နိုင်ငံတွင် အမျိုးသမီးများ၏ လေဖြတ်နိုင်ခြေမှာ (၂၀ %) မှ (၂၁ %) အထိရှိပြီး အမျိုးသားများတွင်တော့ (၁၄ %) မှ (၁၇ %) ခန့်သာရှိကြောင်း ဖော်ပြထားပါတယ် ...

✅ အရိုးပွ၊ အရိုးပါးရောဂါ
အမျိုးသမီးများဟာ အမျိုးသားများထက် အရိုးသိပ်သည်းဆ ပိုနည်းတတ်ပါတယ်။ ဒါ့အပြင် သွေးဆုံးချိန် မတိုင်ခင်မှာ 𝐄𝐬𝐭𝐫𝐨𝐠𝐞𝐧 ဟော်မုန်းနည်းသွားတဲ့အတွက် အရိုးပွ၊ အရိုးပါးရောဂါ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ (၂၀၂၁) ခုနှစ်ထုတ် 𝐓𝐡𝐞 𝐖𝐨𝐫𝐥𝐝 𝐉𝐨𝐮𝐫𝐧𝐚𝐥 𝐨𝐟 𝐌𝐞𝐧'𝐬 𝐇𝐞𝐚𝐥𝐭𝐡 ဂျာနယ်အရ အသက် (၆၅) နှစ်ကျော် အမျိုးသားများတွင် အရိုးပွ၊ အရိုးပါးရောဂါဖြစ်နိုင်ခြေ (၅၀ %) ရှိပြီး အမျိုးသမီးများတွင်တော့ (၈၀ %) အထိရှိကြောင်း ဖော်ပြထားပါတယ် ...

💛 𝗘𝗽𝗼𝘀𝗼𝗳𝘁 𝗙𝗮𝗻 တို့လည်း ကျန်းမာလန်းဆန်းတဲ့နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ အမျိုးသမီးတိုင်းအတွက် 𝗘𝗽𝗼𝘀𝗼𝗳𝘁 မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် ...

𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞𝐬:

📌 Angum, F. et al., 2020. The Prevalence of Autoimmune Disorders in Women: A Narrative Review. 𝘊𝘶𝘳𝘦𝘶𝘴 , 12(5), p. e8094.

📌 Martinis, M. D. et al., 2021. Gender Differences in Osteoporosis: A SingleCenter Observational Study. 𝘛𝘩𝘦 𝘞𝘰𝘳𝘭𝘥 𝘑𝘰𝘶𝘳𝘯𝘢𝘭 𝘰𝘧 𝘔𝘌𝘕'𝘴 𝘏𝘌𝘈𝘓𝘛𝘏, 39(4), pp. 750-759.


#သင့်တစ်လတာကိုလန်းဆန်းစွာဖြတ်ကျော်ပါ

17/04/2026

🥰 မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါစေ...

🥰 ယနေ့တွင်ကျရောက်သော မြန်မာနှစ်ဆန်း (၁) ရက်နေ့ နှစ်သစ်အခါသမယမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေကြောင်း သင့်တစ်လတာကို လန်းဆန်းစွာဖြတ်ကျော်ပါ 𝗘𝗽𝗼𝘀𝗼𝗳𝘁 မှ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါသည်။



#သင့်တစ်လတာကိုလန်းဆန်းစွာဖြတ်ကျော်ပါ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address


95 Residence, Kyaik Waing Pagoda Road, 8th Mile, Mayangone Township
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00