Electrical Technician
16/09/2025
ဒီနေ့အလုပ်ထဲမှာ ကြွေပြားမကပ်ခင် ဆွဲထားတဲ့ under groundမှာရှိနေမယ့် cableကြိုးတွေကို Insulation Testလုပ်ပေးတာပါ. သုံးတဲ့ meterကတော့ UT501A ပါ၊Insulationတန်ဖိုးတွေကောင်းမကောင်းကို
🔹 >1000 MΩ → Excellent insulation
🔹 100 – 1000 MΩ → Good (new cables)
🔹 10 – 100 MΩ → Acceptable (aged cables)
🔹 1 – 10 MΩ → Borderline (စစ်ဆေးဖို့လို)
🔹 0 – 1 MΩ → Insulation failure တို့ဖြင့်သတ်မှတ်ကြပါ တယ်၊ဒီနေ့တိုင်းတဲ့ Insulationက 5.50 GΩ ရတဲ့အတွက် Cable installation က Passဖြစ်ပါတယ်..
09/09/2025
တချို့က Motor control Center (MCC) panelလို့လဲခေါ်ကြတယ်.motor တစ်လုံးပဲဖြစ်ဖြစ် တစ်လုံးထက်ပိုတဲ့ Motorတွေကို Panelတစ်ခုတည်းကနေ မောင်းတာ ရပ်တာ ပြောင်းပြန်လည်ချင်တဲ့အခါမှာ ဒီလို starterတွေသုံးပြီးမောင်းကြတယ်.Starterရွေးချယ်မှုက နိုင်ငံအလိုက်တော့နည်းနည်းကွာခြားမှုတွေရှိတယ် မြန်မာမှာတော့ 5Hpလောက်ထိပဲ DOL နဲ့မောင်းတာတွေ့ဖူးတယ်.Panelထဲမှာ breaker, fuse တွေ control devicesတွေပါမယ်. Overload, short circuit နဲ့faultsတွေကိုကာကွယ်ပေးတယ်.တချို့ panelတွေမှာဆို meteringနဲ့ alarmsတွေပါ ပါတယ်. အဓိကကတော့ motorအများကြီးကို တစ်နေရာတည်းကနေစနစ်တကျမောင်းချင်ရင် MCC panelတွေကိုသုံးကြတယ်.Starter တွေကတော့ နေရာအလိုက် HP နဲ့ designပေါ်မှုတည်ပြီးကွာခြားမှုတွေရှိပါတယ်
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon