Throne Education Service -TES

Throne Education Service -TES

Share

23/02/2025

Avril Lavigne ရဲ့ Wish you were here သီချင်းကိုနားဆင်ဖူးကြလားမသိ.....

မြန်မာလိုဘာသာပြန်ကြရင်တော့
'ကိုယ့်အနားရှိစေချင် 'ပေါ့ ( အာဇာနည်ရဲ့သီချင်းတော့မဟုတ်ပါဘူးနော်)

Wish you were here ဆိုတဲ့
သီချင်းခေါင်းစဥ်လေးမှာ were ဆိုတဲ့ Past tense ပုံစံသုံးထားတာတွေ့ရမှာပါ။ ဒါဟာ အတိတ်ကာလကိုညွှန်းတာမဟုတ်ပဲ ပစ္စပ္ပုန်ကိုညွှန်းတာဖြစ်ပါတယ်။

Wish ရဲ့သဘောက ဖြစ်ချင်ပေမဲ့မဖြစ်နိုင်မှန်းသိတဲ့အခါ သုံးတဲ့သဘောမျိုးမို့ ဒါဟာ Subjunctive ပုံစံဖြစ်ပါတယ်။ သေချာသိရဖို့ အောက်က ဗီဒီယိုလေးကိုကြည့်ကြပါစို့။

Sentence ရဲ့အဆုံးမှာ Full stop ကအစက်နှစ်စက်
ဖြစ်သွားတာကိုတော့ ပြင်ဆင်ကြည့်ရှုပေးပါရန်။

02/02/2025

ကြောင်ပျောက်တဲ့သင်ခန်းစာ....🐱🐱🐱

ဟုတ်ပါတယ် ကြောင်တကယ်ပျောက်တဲ့သင်ခန်းစာပါ။

အောက်ကပုံလေးထဲက အမွှေးထူထူ၊နှစ်နှစ်သားအရွယ် အညိုနဲ့အဖြူ ပါရှန်းကြောင်လေးပျောက်သွားလို့ပါ။

ကြောင်ပျောက်မရှာခင် အပေါ်က
အမွှေးထူထူ - Furry
Two-year-old နှစ်နှစ်သား
Brown and white - အညိုနဲ့အဖြူ
Persian - ပါရှန်း စတာတွေကို
တချက်စဥ်းစားကြည့်ရအောင်။ 🤔🤔🤔

ဒါတွေဟာ အင်္ဂလိပ်စာမှာဆိုရင် Adjective တွေမလား။

အောက်ကပုံထဲမှာ Adjective တွေ အလုံးပေါင်းများစွာသုံးထားတာတွေ့ရမှာပါ။

ဒီ Adjective တွေကိုဘယ်လိုများစီထားသလဲ။

နံကြားထောက်ပြီး ဖြီးဖြန်းစီလိုက်တာမျိုးလား။

မဟုတ်ပါ....ဒါဆို ဘယ်လိုစီထားသလဲဆိုတာ
လေ့လာဖို့လိုပါပြီ။🔍🔍🔍

ဟုတ်ကဲ့အခုမှ တကယ်ကြောင်ပျောက်တော့မှာပါ။
(ဗန်းစကား တိုင်ပတ်တော့မဲ့အဓိပ္ပါယ်မျိုး)

ဒီအပေါ်ကစာကြောင်းမသွားခင်
လွယ်တာလေးတွေနဲ့စလေ့လာကြပါစို့။

ချစ်စရာကောင်းတဲ့မြန်မာမလေး 🇲🇲🇲🇲🇲🇲
A cute Burmese girl
စိတ်ဝင်စားဖို့ကောင်းတဲ့ အင်္ဂလိပ်သဒ္ဒါ📚📚
Intersting English grammar

ဒါလေးတွေကိုကြည့်ရင် Cute (ချစ်စရာကောင်း)
intersting ( စိတ်ဝင်စားဖို့ကောင်း) စတာတွေဟာ အထင်အမြင်တွေ(Opinion) ပါ။

နောက်က Burmese တို့ English တို့ကတော့ အထင်အမြင်မဟုတ်ပဲ သေချာတဲ့အချက်အလက် ( fact) တွေပါ။
Opinion လာပြီးမှ Fact လာပါမယ်။

Opinion ------ facts ဒီလိုလေးမှတ်ပါ။

ပြီးတဲ့အခါ အချက်အလက်တွေဟာ
တခုမက ရှိနိုင်တာမို့ ဒီလိုလေးထပ်မှတ်ပါ။

Size --other qualities(physical observations) --- age ---- shape ----colour ----pattern ----Nationality ----Material ----purpose +Noun
အတိုကောက်မှတ်ချင်ရင်လည်းမှတ်နိုင်ပါတယ်။

Size = အရွယ်အစား

Other qualities = soft,slimy,warm etc

age = old,young etc

Shape = circular,round,square

colour = brown, white (အရောင်တခုထက်ပိုရင် and နဲ့ဆက်ပေးပါ) brown and black

pattern = striped(အစင်းကျား)

Nationality = Burmese, Chinese etc

Material = wooden, silk,cotton

Purpose = reading, (စာဖတ်ဖို့အတွက်ရည်ရွယ်ထုတ်ထားတဲ့ ရည်ရွယ်ချက် ) cooking
reading glasses = စာကြည့်မျက်မှန် အစရှိတာမျိုး
နောက်ဆုံးမှာတော့ Noun လိုက်ပါမယ်။

ဒါဆိုရင် ပုံထဲက A furry two-year- old brown and white Persian cat ဆိုတာဟာ အပေါ်က Adj order နဲ့ရေးထားတာပဲဖြစ်ပါတယ်။

ဒါဆို နည်းနည်းလောက်ထပ်လေ့လာကြည့်ပါစို့။

အသုံးဝင်တဲ့ သစ်သားခုံအဟောင်းလေး
A useful old wooden stool (O A M)
O= opinion
A = age
M= material
အပေါ်က Adj order ကိုတော့
ခဏခဏပြန်လေ့လာဖို့လိုပါမယ်။

အရသာရှိတဲ့ဗမာကြက်သားဟင်းတခွက်🍲🍲🍲
a delicious Burmese chicken curry (O N M)

အရပ်ရှည်ပြီး ငယ်ရွယ်လှပတဲ့ တရုတ်မလေး👰🏻👰🏻👰🏻
a beautiful tall young Chinese girl(O S A N)

ပျင်းစရာကောင်းတဲ့ အမေရိကန်ဇာတ်ကားဟောင်းတခု📀📀📀
A boring old American film ( O O N)

လှပပြီး စတုရန်းပုံရှိတဲ့ သစ်သားစားပွဲကြီးတလုံး
A beautiful big square wooden table (O S S M)
ဒါဆိုရင် Adj တွေတလုံးမကရှိလာတဲ့အခါ ဒီလိုလေးမှတ်ထားမယ်ဆိုရင် သေချာပေါက်မှန်မှန်ကန်ကန်ပြောနိုင်သွားမှာပဲ ဖြစ်ပါတယ်။

အသေးစိတ်လေ့လာချင်ရင်တော့
Comment ထဲမှာ English Grammar in use ကသင်ခန်းစာတွေကတဆင့်ဆက်လက်လေ့လာနိုင်ပါတယ်။
ဒီ Youtube link တွေကလည်း လေ့လာနိုင်ပါတယ်။

https://youtu.be/46_M9mS71R8?si=4OVJfC3m6ibDFQGp

https://youtu.be/qcOfYlMfDz0?si=2FwWmeQwj_GUtr7H

https://youtu.be/fgoefE1h5DI?si=FHDadmmdEXYxPnbI

https://youtu.be/VNRRj8rhYFg?si=X-CfVrf1KFSVItYr

သင်ခန်းစာရှင်းပြီးသွားပြီမို့ ကြောင်ပျောက်တာလေးဆက်ရှာလိုက်ပါအုန်းမယ်နော်။

25/01/2025

Not all birds can fly. 🐦🐦🐦
ငှက်တိုင်းကမပျံနိုင်ကြဘူးလို့များဘာသာပြန်မိရင်တော့
ငှက်တွေကိုမျက်နှာပူစရာဖြစ်ကုန်ပါလိမ့်မယ်။

English grammar in use ကို
လှန်လှောဖတ်ကြည့်နေတုန်းမှာ
No ၊ None ကိုရှင်းပြထားတဲ့သင်ခန်းစာအခန်းကို
ရောက်သွားတယ်။

အဲ့ဒီမှာ
Not all birds can fly.
For example, the penguin can't fly. 🐧🐧🐧
ဆိုတဲ့စာကြောင်းလေးကိုသတိထားမိသွားတယ်။

ဆိုလိုချင်တဲ့အဓိပ္ပါယ်က ငှက်တိုင်း မပျံတတ်ဘူးတော့မဟုတ်တန်ရာဘူး...
ဒီလိုဘာသာပြန်ရင် ငှက်တွေမပျံတတ်သလို
ဖြစ်ကုန်မှာစိုးတာနဲ့
ဆရာသက်ဇော်ရဲ့ အဆင့်မြင့်အင်္ဂလိပ်သဒ္ဒါ စာအုပ်ကောက်လှန်ဖတ်တော့
တွေ့ပါပြီ စာမျက်နှာ ၁၅၂ မှာ 💭💭💭

Not all birds can fly.
Not all ရဲ့အဓိပ္ပါယ်က
ငှက်အားလုံးတော့မပျံသန်းနိုင်ဘူး
( ပျံနိုင်တဲ့ငှက်ရှိသလို မပျံနိုင်တဲ့ငှက်လည်းရှိတဲ့
သဘောပါ။) လို့ဘာသာပြန်ပြထားတာတွေ့ရတယ်။

ရှိရှိသမျှ ငှက်အားလုံးမပျံနိုင်တာဆိုရင်တော့
All birds can't fly. (or)
No birds can fly. လို့ရေးရမှာသာဖြစ်ပါတယ်။

Not all ရဲ့အဓိပ္ပါယ်ကတော့ အကုန်လုံးအတွက်မဟုတ်ပဲ တချို့တလေကတော့ ခြွင်းချက်ရှိတဲ့သဘောကို
ပြောတာဖြစ်တယ်။

No men like beauty.
ယောကျ်ားလေးတိုင်းအလှအပမကြိုက်ဘူး။

Not all women like beauty.
မိန်းကလေးတိုင်းတော့ အလှအပကြိုက်တာ
မဟုတ်ဘူး။ ( မကြိုက်တဲ့မိန်းကလေးလည်းရှိနိုင်တယ်။)

None of the students in my class passed the exam.
ငါ့အခန်းထဲက တယောက်မှ စာမေးပွဲမအောင်ဘူး။

Not all of the students in my class failed the exam.
ငါ့အတန်းထဲကကျောင်းသားတိုင်းတော့ စာမေးပွဲကျတာမဟုတ်ဘူး။ ( အောင်တဲ့လူလည်းရှိတယ်)

English garmmar in use ထဲက နောက်ထပ်စာကြောင်းလေးတကြောင်းထပ်မျှဝေပေးပါမယ်။

Not all the tourists in the group were Spanish.
Some of them were French.
အုပ်စုထဲက ခရီးသွားတိုင်းကတော့ စပိန်တွေမဟုတ်ဘူး။
တချို့က ပြင်သစ်တွေ...

ဒါမျိုးအသေးစိတ်လေးတွေကအစ
သေချာလေ့လာထားမှ ကိုယ်ဆိုလိုချင်တဲ့သဘောကိုအတိအကျသက်ရောက်မှာဖြစ်ပါတယ်။

နို့မို့ဆို ငှက်တိုင်းမပျံတတ်ဘူးဖြစ်ကုန်ရင်
ငှက်တွေကိုမျက်နှာပူစရာဖြစ်ကုန်ပါလိမ့်မယ်။
ငှက်ဆိုတာပျံရင်းသေတယ်ဆိုကြသကိုး။😄😄

No/ None/ Neither / Not all အစရှိတာတွေက
မှားယွင်းတတ်တဲ့သဘောရှိတယ်
အသေအချာလေးလေ့လာဖို့လိုပါတယ်။

Ref:English grammar in use
ဆရာသက်ဇော် အဆင့်မြင့်အင်္ဂလိပ်သဒ္ဒါ

19/01/2025

နောင်တ ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေးကို
မှတ်မိကြအုန်းမယ်နဲ့တူတယ်...

ပြုသင့်သည်ကိုမ​ပြုမိ၊
မပြုသင့်သည်ကိုပြုမိသည့်အတွက်
ဝမ်းနည်းပူဆွေးခြင်းဆိုသလားပဲ။

အတိအကျတော့မမှတ်မိပေမဲ့
အဲ့လိုလေးခေါင်းထဲပေါ်လာပါတယ်။

လူသားတွေရဲ့ အတိတ်မှာ လုပ်သင့်တာတွေ
မလုပ်မိလို့ပဲဖြစ်ဖြစ်၊
မလုပ်သင့်တာတွေလုပ်မိကြရင်ပဲဖြစ်ဖြစ်
နောင်တရဖူးကြမှာပါ၊
ပြစ်တင်ဝေဖန်ဖူးကြမှာပါ။

အဲ့သလိုအခိုက်အတန့်လေးတွေမှာ အင်္ဂလိပ်လိုဘယ်လိုပြောကြမလဲဆိုတာ ကြည့်ကြရအောင်။

အရင်ဆုံး လုပ်သင့်ပေမဲ့မလုပ်မိခဲ့လို့
ပြစ်တင်ဝေဖန်ချင်ရင် Could have / should have + V 3 သုံးနိုင်ပါတယ်။

I heard that he committed su***de.
He could have opened his heart to me about
how he felt.
သူ -တ်​ေ - သွားပြီကြားတယ်။
သူဘယ်လိုခံစားနေရတယ်ဆိုတာ သူငါ့ကို
ရင်ဖွင့်ခဲ့သင့်တာ။( ရင်မဖွင့်ခဲ့ပါ)

I'm gaining weight.
I should have cut back on sugary food and
drunk plenty of water.
ငါဝိတ်တက်လာပြီ...ငါအချိုတွေလျှော့ပြီး
ရေများများသောက်ခဲ့သင့်တာ....( မလုပ်ခဲ့မိပါ)

I should have fished in my pocket for the keys.
ငါ သော့တွေကို အိတ်ထဲမှာ သေချာလေးရှာခဲ့သင့်တာ....(မရှာခဲ့ပါ)

You should have stayed up late studying instead of playing the guitar.
ဂစ်တာတီးနေမဲ့အစား ညဥ့်နက်ခံပြီးစာကျက်သင့်တာ
(မကျက်ခဲ့ပါ)

ဒါတွေဟာ အတိတ်မှာ လုပ်သင့်ရက်နဲ့မလုပ်မိခဲ့လို့
ကိုယ့်နဖူးကိုယ်ရိုက်ပြီး စဥ်းစားမိတဲ့အခိုက်အတန့်တွေအတွက်သုံးနိုင်တဲ့ ပုံစံပါ။

မလုပ်သင့်ပဲအဲ့လုပ်ရပ်ကိုလုပ်ခဲ့မိတဲ့အတွက် ပြစ်တင်ဝေဖန်ချင်တာ ၊နောင်တရမိတာမျိုးကျ
should have + V 3 သုံးနိုင်ပါတယ်။

I shouldn't have answered back to my parents.
ငါ့မိဘတွေကို ပြန်ခံမပက်ခဲ့သင့်ဘူး။ ( ပြန်ပြောမိသွားပြီ)

You shouldn't have splashed out on cosmetics.
မင်း အလှပြင်ပစ္စည်းတွေအတွက်နဲ့ ငွေကိုပက်ခနဲ
မသုံးခဲ့သင့်ပါဘူး။ ( သုံးပြီးပြီ)

ဒါဆိုရင် ဒီအသုံးလေးတွေကို ခဏခဏ
ပြန်လေ့လာအုန်းနော်။

TES

Photos from Throne Education Service -TES's post 18/01/2025

Until I found you သီချင်းနားထောင်ပြီးရင်
လေ့လာသင့်တဲ့ အသုံးအနှုန်းအသစ်တွေ

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon