A Thae Lay
26/05/2024
ကန်းစွန်း planeကြော်လေးပါ။အရမ်းလဲစားကောင်းပါတယ်နော် friတို့လဲကြော်စားကြည့်ကြနော်။
ကြက်သွန်ဖြူလေးဆီသပ်မွှေးလာရင် ငရုတ်သီးစိမ်းတွေခြမ်းထားတာကိုထည့် မွှေးလာရင်ကန်စွန်းရွက်ထည့် အချိုမှုန့်၊ဆား၊ခရုဆီ အနည်းငယ်ထည့်ပီမွှေပေးပါ။2မိနစ်လောက်ကြော်ပေးပီရင်မွှေးပျံနေတဲ့ ကန်စွန်းplaneကြော်ပူပူလေးရပါပီနော်။
တစ်ခါတလေ လူတွေနဲ့ ဆက်ဆံရတာ ရွှေတူးရသလိုပါပဲ။ရွှေတစ်အောင်စရဖို့ မြေကြီးတွေကို တန်နဲ့ချီပီတူးရပါတယ်။ သို့သော်တူးသွားတဲ့မြေကြီးတွေကို မကြည့်ပါနဲ့ရွှေကိုသာတွေ့အောင်ရှာရပါမယ်။
အသဲလေး
သတိရတယ် ပြင်ဦးလွင်ရယ်။
30/03/2024
ငါးတစ်ကောင်ဝယ်လာပီ ဟင်းနှစ်မျိုးချက်စားကြမယ်နော်။ငါး ကိုယ်ပိုင်းကို ကိုယ့်လိုချင်တဲ့အရွယ်စားလေးတွေတုံးပီ ကြက်သားမှုန့်၊ အချိုမှုန့်၊ဆား၊နနွင်းမှုန့်၊ယိုးဒယားမယ်အကြော်မှုန့်တို့နဲ့ သမအောင်နယ်ပီ မိနစ်30ခန့်နှပ်ထားပေးပါ။ပီရင်တော့ ကြော်လိုက်ပါ။အဲလို့ဆိုရင်တော့ငါးကြော်ကြွပ်ကြွပ်မွမွလေး ဟင်းတစ်မျိုးရပါပီနော်။ဒုတိယဟင်းကတော့ငါးခေါင်းနဲ့အမြီးကိုချဥ်ပေါင်ရွက်နဲ့ Sipicyချက်စားကြမယ်နော်။ပထမဦးဆုံးကြက်သွန်နီ၊ဖြူ၊ဂျင်း၊ငရုပ်သီးအစိမ်းမှုန့်တို့ကိုထောင်းပီဆီသပ်ပေးပါ။ဆီသပ်တာ မွှေးလားရင်ငါးခေါင်းနဲ့အမြီးကိုထည့်ပီမွှေပေးပါ။ပီရင်ရေထည့်ပေးပါ။ဟင်းအိုးဆူပွတ်လာရင်တော့ ချဥ်ပေါင်ရွက်၊ငရုတ်သီးအစိမ်း၊တရုတ်နံနံထည့်ပေးပါ။အရသာအတွက်ကတော့ ကြက်သားမှုန့်၊ငံပြာရည်၊အချိုမှုန့်၊ဆားထည့်ပေးပါ။
ပါဝင်ပစ္စည်းများ
ငါးခေါင်းပွ 50ကျပ်သား
ငရုတ်သီးစိမ်း
တရုတ်နံနံ 1စည်း
ချဥ်ပေါင်ရွက် 1စည်း
ဆား
အချိုမှုန့်
ကြက်သားမှုန့်
ငံပြာရည်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon