Tiara

Tiara

Share

22/06/2024

Yoga ဆိုတာ လက်ခံခြင်း၊ လျစ်လျူရှု့ခြင်း၊ စိတ်နေသဘောထားကို တဖြည်းဖြည်းချင်း စိတ်ကို ငြိမ်အောင်လုပ်တဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ🤗

Yoga ပုံမှန်လုပ်ချင်းအားဖြင့်
📌ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခြင်း

ယောဂသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အသိအမှတ်ပြု အကျိုးကျေးဇူးများစွာပေးနိုင်ပါတယ်။ ယောဂပြုလုပ်ခြင်းဖြင့် ပျော့ပျောင်းမှု၊ ခွန်အား၊ ကိုယ်ဟန်အနေအထားနဲ့ ဟန်ချက်ညီမှုကို တိုးမြင့်စေပြီး စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် ဝမ်းနည်းမှုများကို လျှော့ချပေးပါတယ်။

📌 စိတ်ဖိစီးမှု လျှော့ကျစေပြီး စိတ်အေးချမ်းခြင်း

လူတိုင်းမှာရှိတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေမယ့် ပြဿနာတွေဆိုတာ အနည်းအများတော့ လူတိုင်းမှာ ရှိတတ်ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ ယောဂနေ့လေးမှာ စိတ်ဖိစီးမှုကို လျှော့ချရန်နှင့် အထွေထွေကျန်းမာရေးကို ကောင်းမွန်စေတဲ့ ယောဂလေ့ကျင့်ခြင်း အကျိုးကျေးဇူးတွေကို ပိုမိုသိရှိရန် ရည်ရွယ်ပြီး‌တော့ နေ့စဉ် ယောဂကျင့်ခြင်းဖြင့် စိတ်ဖိစီးမှုကိုလျှော့ချရန်နှင့် နှိုးဆော်တိုက်တွန်းလိုက်ပါ။

📌. ယဉ်ကျေးမှုမတူကွဲပြားမှုကို ဖလှယ်ခြင်းနှင့် တန်ဖိုးထားလေးစားခြင်း

ယောဂဆိုတာ ရှေးခေတ်အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဒဿနတွင် ပါဝင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ်ပွဲများတွင် ပါဝင်ခြင်းဖြင့် လူမျိုးပေါင်းစုံနှင့် ယဉ်ကျေးမှုပေါင်းစုံမှသူများမှ ယောဂ၏ ကြွယ်ဝသော သမိုင်းကြောင်းကို လေ့လာပြီး ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးမှု၊ နားလည်မှုနှင့် လေးစားမှုကို မျှဝေဖို့အတွက် ရည်ရွယ်ပြီးကျင်းပပြုလုပ်တာဖြစ်ပါတယ်။

🤗အသက်အရွယ်မရွေး လေ့လာပြုကျင့်လို့ရပြီးတော့ ခန္ဓာကိုယ်ဖြစ်စဉ်ကို ရှူ့မှတ်ပြီး စိတ်ဖိစီးမှုတွေ ပင်ပန်းမှုတွေကို လျစ်လျူရှုဖို့အတွက် နေ့စဉ်လေ့ကျင့်ကြဖို့ တိုက်တွန်းရင်းနဲ့ လှုပ်ရှားမှုတွေမှာ ကျန်းမာ၊ လန်းဆန်းအောင် Yoga ပြုကျင့်ကြစို့နော်။

16/06/2024

Dry Skin တွေဆိုတာ 👉အခြား Skin Type တွေထက် ပိုပြီး moisture လိုအပ်တာပေါ့။ အစိုဓာတ် လုံလောက်စွာမရှိဘူးဆိုရင် အသားအရေတွေ 💁တင်းပြီး အရေပြား အဖတ်လေးတွေ လန်တတ်တဲ့အပြင် 🤗အရေးအကြောင်းဖြစ်လွယ်ပြီး အိုမင်းရင့်ရော်တဲ့အသွင်ကို ရရှိစေပါတယ်။

မိတ်ကပ်လိမ်းခြယ်တဲ့အခါမှာလည်း မိတ်ကပ်သားက မျက်နှာအသားအရေနဲ့ 🥹တစ်သားထဲမကျတာမျိုး အပေါ်ယံအရေပြားအဖတ်လန်နေတဲ့အတွက် မိတ်ကပ်တွန့်တတ်တာမျိုးစတဲ့ အခက်အခဲတွေ ဆိုတာ နေ့စဉ်နဲ့အမျှပဲမလား⁉️

ဒီနေ့မှာတော့ အသားခြောက်တတ်တဲ့သူတွေအတွက် moisture ပြည့်ဝပြီး မျက်နှာပေါ်က အပြစ်အနာအဆာတွေဖုံးလို့ လှပစေမယ့် နည်းလမ်းကောင်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။ နည်းလမ်းလေးကတော့ 🥰Moist Gel နဲ့ BB Cream လေးပေါ့။

📌(Step-1) Make Up, BB Cream တွေ မလိမ်းခင်မှာ ကိုယ့်ရဲ့ အောက်ခံအသားအရေကို အစိုဓာတ်ပြည့်ဝပြီး ချောမွေ့နေဖို့က အရေးကြီးဆုံးအချက်ကို ဖြေရှင်းပေးဖို့အတွက် စိမ့်ဝင်မှုအားကောင်းစွာနဲ့ အသားအရေကို အစိုဓာတ်ဖြည့်ထိန်းသိမ်းပေးနိုင်မယ့် Moist Gel လေးကို အောက်ခံ Skin Care လေးအဖြစ် ရွေးချယ်လိုက်ပါ။ ညဘက်တွေမှာလည်း အစိုဓာတ်လုံလောက်စွာ ဖြည့်တင်းပေးနိုင်တာမို့ နေ့၊ ညမရွေးအသုံးပြုနိုင်ပါတယ်။

📌(Step-2) Healthy Skin Look လေးကို ပုံဖော်ပေးမယ့်အပြင် မြန်မာတို့ရဲ့ အသားအရေအရောင်နဲ့ ထပ်တူကျပြီး အဝါဖောက်လေးနဲ့ ပေါ့ပါးကြည်လင်လှပစေမယ့်အပြင် SPF +++ အထိပါဝင်ပြီး Skincare Effect ပါပါတဲ့ BB Cream လေးနဲ့ဆို အလှတွေတိုးပြီပေါ့။

အချိန်တိုင်းမှာ အစိုဓာတ်နဲ့ ရေဓာတ်ကို ဖြည့်တင်းပေးပြီး 🤗UV ရန်ကနေကာကွယ်ပေးမယ့် Tiara Moist Gel နဲ့ BB Cream ပေါင်းစပ်ပြီး စိုပြေလှပစွာ ဖြတ်သန်းလိုက်ပါ။

17/04/2024

မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူးအချိန်အခါလေး ဖြစ်ပါစေရှင်။ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ဦးအချိန်အခါသမယမှ စတင်ကာ ရောဂါဘယများကင်းဝေးပြီး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်
ပြည်စုံပါစေကြောင်း နှစ်သစ်ဆုတောင်းအဖြစ် Tiara မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🤗🤗

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No 14A, Room 2, Ground Floor, Ma Kyee Kyee Street, Sanchaung
Yangon
11111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00