Ri Ri’s Writing Corner

Ri Ri’s Writing Corner

Share

02/05/2025

ကြားလိုက်တာနဲ့ ငိုင်သွားရလောက်တဲ့အထိ relateအဖြစ်ဆုံးသီချင်း ရှိကြလား?

ငါကတော့ရှိတယ်…
Bunny ရဲ့ “ဟိုအရင်လို”

“ဟိုအရင်အချိန်တွေကို ပြန်လွမ်းနေလို့လည်းမထူး
လက်ရှိလျှောက်ရမဲ့လမ်းကိုပဲ ရွေးချယ်အခု
မင်းအကျပ်ရိုက်ပြီး ဒုက္ခရောက်မဲ့အဖြစ်တွေကိုလည်း မပေးခဲ့ဘူး
တစ်နေ့နေ့ ဒီလောက်ထိဖြစ်ကြလိမ့်မယ်လို့လည်း မတွေးခဲ့ဘူး

အခုတော့ နှစ်ယောက်က တစ်ယောက်တစ်ဖက်မို့ မဆုံနိုင်လေတော့ဘူး
ကိုယ်ပိုင်ပျော်ရွှင်မှုဖန်တီးပြီး တခြားစီသာနေတော့အခု”

Lyrics တစ်ခုချင်းစီတိုင်းလိုပါပဲ…

ဘယ်လောက်ကောင်းအောင် နေခဲ့နေခဲ့…တစ်ဖက်ကမလိုချင်မှန်းသိပြီးတဲ့နောက်
အဖြစ်အပျက်တစ်ခုချင်းစီတိုင်းကို လက်ခံပြီး အနှောင့်အယှက်မဖြစ်အောင် ပြန်လှည့်ထွက်ခဲ့ရတာပါပဲ

ဘာမှ ထပ်ပေးစရာမကျန်တော့တဲ့နောက်…အဲ့လိုနေပေးတာကပဲ ငါ့ဘက်ကပေးနိုင်တဲ့ တစ်ခုတည်းသော နောက်ဆုံးလက်ဆောင်မို့လို့လေ။

RiRi
1:10AM

25/10/2024

“𝙅𝙪𝙨𝙩 𝙛𝙤𝙘𝙪𝙨 𝙤𝙣 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛 𝙖𝙣𝙙 𝙩𝙝𝙚 𝙩𝙝𝙞𝙣𝙜𝙨 𝙮𝙤𝙪 𝙘𝙖𝙣 𝙖𝙛𝙛𝙤𝙧𝙙” တဲ့

တခါတလေမှာ ကျွန်မတို့စိတ်ကိုပင်ပန်းအောင်လုပ်နေမိတာဟာ ကျွန်မတို့ကိုယ်တိုင်ပဲဆိုတာကို သဘောပေါက် လာတဲ့အချိန်ကစပြီး ဒီစကားလေးအတိုင်းပဲ နေထိုင်ဖြစ်လာခဲ့တယ်။

လိုချင်ပေမဲ့ ကိုယ် handleမလုပ်နိုင်သေးတဲ့အရာတွေနောက်ကို chaseလုပ်နေမဲ့အစား ကိုယ်တိုင်အပေါ်မှာပဲ အရင် focusထားပြီး တစ်ရက်ချင်းစီတိုင်းအတွက် အကောင်းဆုံးဖြစ်အောင်နေတတ်ဖို့ လေ့ကျင့်သွားနိုင်မယ်ဆိုရင်….

Trust me! What’s meant for you will find you baby < 3

သူများတွေကိုချစ်ပေးနိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို ဘယ်လိုချစ်ပေးရမယ်ဆိုတာ အရင်ဆုံးသင်ယူရမယ်မဟုတ်လားကွယ် 🤍

22/09/2024

စိတ်ရင်းနဲ့ပေးလာတဲ့ ချစ်ခြင်းမေတ္တာမျိုးကိုသာ ဝမ်းပန်းတသာ နဲ့ ကိုယ်လက်ခံချင်ပါတယ်။

သနားလို့ဖြစ်စေ၊ အားနာလို့ဖြစ်စေ၊ ကိုယ်ကသူ့အတွက် အဆင်ပြေနေလို့ဖြစ်စေ အမျိုးမျိုးသော အကြောင်းတွေကြောင့် ကိုယ့်အနားမှာရှိနေမှာကိုတော့ တကယ်ကြောက်မိတယ်။

တစ်ဖက်က စိတ်ရင်းမပါပဲ ဝတ္တရားအရ ကောင်းပေးနေတဲ့အချိန် တစ်ဖက်က မျှော်လင့်ချက်တွေ တစ်စထက်တစ်စပိုထားမိလာတဲ့အခါ ဘယ်လောက်ကြေကွဲဖို့ကောင်းစွာ အဆုံးသတ်သွားမဲ့အကြောင်း၊ စိတ်ထဲမှာနှစ်နှစ်ကာကာ မမြတ်နိုးပါပဲနဲ့ အဆင်ပြေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တည်ဆောက်ထားကြတဲ့ဆက်ဆံရေးတိုင်းမှာ သက်တမ်းကုန်ဆုံးရက်အမြဲရှိနေကြောင်း ကိုယ်ကောင်းကောင်းနားလည်ထားပြီးသားမို့

မေတ္တာဆိုတာ ပေးတိုင်းပြန်ရရိုးထုံးစံရှိခဲ့ရင် ကိုယ်လိုချင်တောင့်တမိတဲ့သူဆီကပဲ စစ်မှန်တဲ့မေတ္တာတွေပြန်ရနိုင်ဖို့ လွန်လွန်ကျူးကျူး ဆုတောင်းမိနေဆဲပါပဲ…

13/05/2024

𝙁𝙧𝙚𝙚 𝘿𝙞𝙜𝙞𝙩𝙖𝙡 𝙅𝙤𝙪𝙧𝙣𝙖𝙡𝙞𝙨𝙢 𝘾𝙤𝙪𝙧𝙨𝙚 𝙗𝙮 𝙍𝙚𝙪𝙩𝙚𝙧𝙨 𝙭 𝙈𝙚𝙩𝙖

Hello….Hello 🤍

Reuters သတင်းဌာန နဲ့ Meta တို့ ပူးပေါင်းဖွင့်လှစ်ပေးထားတဲ့ Digital Journalism Course လေးတစ်ခုကို Ri sharing လုပ်ပေးချင်ပါတယ်။

Module 5ခုပဲ ရှိတာမို့ ဒီရက်ထဲမှာ Ri ဒီ courseလေးကို joinနေတာ 3ရက်တည်းနဲ့တင် ပြီးခဲ့တယ်။
တစ်ထိုင်တည်းအချိန်သာပေးနိုင်မယ်ဆိုရင် တစ်ရက်တည်းနဲ့တင် ပြီးလောက်ပါတယ်။

ဒီ training course ကနေပြီးတော့ သတင်းအချက်အလက်တွေကို ဘယ်လိုစုဆောင်းရမယ်၊ Fact Checkတွေ ဘယ်လိုစစ်ရမယ်၊ Social Media အမျိုးမျိုးပေါ် မူတည်ပြီး ကိုယ့်သတင်းတွေ၊ contentတွေ၊ ပုံတွေ နဲ့ videoတွေကို effective ဖြစ်အောင် ဘယ်လိုအသုံးပြုပြီး sharing လုပ်ရမယ်၊ စောင့်ထိန်းရမဲ့ Ethics တွေ၊ Cybersecurity နဲ့ ပါတ်သတ်တဲ့ အခြေခံသဘောတရားတွေကိုပါ လေ့လာနိုင်တာမို့ Journalist တွေအပြင် Digital Marketer တွေ ၊ Professional Bloggerဖြစ်ဖို့ စိတ်ဝင်စားသူတွေအတွက် တကယ်ကို joinသင့်တဲ့ course လေးတစ်ခုပါ။

Module တစ်ခုချင်းစီတိုင်းမှာ Quizလေးတွေပါပြီး Certificate ကလည်း Reuters x Meta က ပေးတဲ့ certificate မို့ career အတွက်လည်း တစ်ဖက်တစ်လမ်းက အရမ်းအသုံးဝင်ပါတယ်။

Course joinရမဲ့ website linkလေးကို comment session မှာ Ri ချပေးထားပါမယ်နော်

အဆုံးထိဖတ်ပေးကြလို့ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်

တာ့တာ 🤍

28/02/2024

“မင်းကို ကိုယ်မို့လို့သာ အဲ့လောက်သည်းခံနေတာ”
“မင်းအတွက် ကိုယ့်လောက်ဖြည့်ဆည်းပေးနိုင်မဲ့သူ ရှာကြည့်စမ်းပါဦး”

အဲ့လို စကားမျိုးတွေကို ကိုယ့် partnerဆီက ကြားရပါများလာပြီဆိုရင် Good Guy Abuser တစ်ယောက်ကို အနားမှာခေါ်ထားမိပြီလားဆိုတာ ပြန်ဆန်းစစ်ဖို့ လိုလာပါပြီ

Good Guy Abuserဆိုတာ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးလေးတွေပေါ့
အစပိုင်းမှာတော့ သူ့အနေနဲ့ အရမ်းတွေ အသေးစိတ်ကအစ လိုက်ဂရုစိုက်ပေးမယ်
လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးပြီး Love bombing လုပ်နေလိမ့်မယ်
အချိန်တွေကြာလာလို့ ကိုယ့်ဘက်က အကျင့်ပါပြီး သူ့ကိုအပြည့်အဝ မှီခိုမိပြီဆိုတာနဲ့ ပြဿနာတစ်ခုခုဖြစ်တိုင်း အပေါ်ကလို စကားတွေ ထွက်လာတော့တာပဲ

အကျိုးဆက်အနေနဲ့ကတော့ ကိုယ့်ဘက်က လမ်းခွဲချင်နေပြီ၊ အဆုံးသတ်ချင်နေပြီဆိုရင်တောင် သူ manipulate လုပ်ထားတဲ့ စကားတွေကြောင့်
“သူပြောတာလည်း မမှားပါဘူးလေ…ငါ့ဘက်ကလည်း လွန်တာကိုး”
“ငါ့ကို သူမို့လို့သာ ချစ်ပေးပြီး တွဲနေတာ”
“သူကလွဲပြီး တခြားသူဆို ငါ့ကိုသည်းခံနိုင်မှာ မဟုတ်ပါဘူးလေ” ဆိုတဲ့ စိတ်တွေဝင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေလိမ့်မယ်

Good Guy Abuser တွေက တစ်နည်းအားဖြင့် သူတို့ကိုယ်သူတို့ စိတ်ထဲမှာလုံခြုံမှု မရှိတဲ့အတွက် တစ်ဖက်သားကို ထင်ယောင်ထင်မှားဖြစ်အောင် manipulateလုပ်ပြီး ချုပ်ကိုင်ထားခြင်းတစ်မျိုးပဲ
“ဖိအားပေးပြီး မှီခိုခိုင်းခြင်း” (𝙁𝙤𝙧𝙘𝙚 𝘿𝙚𝙥𝙚𝙣𝙙𝙚𝙣𝙘𝙮) လို့ ခေါ်တယ်

အဲ့လိုကြုံရပြီဆိုရင်တော့ “ဒီလူမရှိခင်ကလည်း ငါတစ်ယောက်တည်း ရပ်တည်နိုင်ခဲ့တာပဲ” ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပြန်တည်ဆောက်ပြီးရောက်ရာအရပ်ကနေ ပြန်လှည့်ထွက်ခဲ့လိုက်တော့
မဟုတ်ရင် တသက်လုံး မျက်ရည်နဲ့မျက်ခွက်ပဲ ဖြစ်နေရလိမ့်မယ်

လူတိုင်းက ပျော်ရွှင်နေရဖို့ ထိုက်တန်တယ် မဟုတ်လားကွယ် ♡

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


385, Waizayantar Road, Thingangyun Township
Yangon