Matrix Smart Learning Solutions

Matrix Smart Learning Solutions

Share

Job Opportunities and News!!! 07/11/2023

Check out my blog post

Job Opportunities and News!!! Announcement for Staff Recruitment Matrix Institute of Professionals မှ ကျောင်းသားကျောင်းသူတို့အတွက် လက်ရှိမှာခေါ်ယူလျက်ရှိတဲ့ လစ်လပ်နေသော ရာထူးများ.....

02/10/2020

Finance Professionals များအတွက် အခမဲ့ တက်ရောက်လေ့လာနိုင်သော အတန်းများ 📢😃

ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်း နဲ့ ဘဝတက်လမ်းတွေ အတွက် မိမိကိုကိုယ် Upgrade လုပ်ရတာဟာ ထင်သလောက် လွယ်ကူလှတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အချိန်တွေ၊ ငွေတွေ နဲ့ ရင်းပြီး ဆောင်ရွှက်ရတာဖြစ်လို့ မိမိတို့ လိုအပ်တဲ့ Skill Sets တွေ၊ Credentials တွေကို အချိန်ယူ လေ့လာပြီး အစဉ်တစိုက် ဆောင်ရွှက်သင့်ပါတယ်။

ယနေ့ခေတ်မှာတော့ Digital Age ဖြစ်သည့်အတွက် မိမိတို့ရဲ့ ဘဝတိုးတက်အောင်မြင်ရေး လမ်းကြောင်းတွေဟာ အရင်ကထက် ပိုမိုများပြားလာတဲ့အပြင်၊ မိမိတို့ရဲ့ Career Development အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာလည်း ငွေရေးကြေးရေး နှင့် အချိန်အတိုင်းအတာအရ လွယ်ကူလျင်မြန် လာနေပြီး၊ နေရာဒေသမရွှေးပါ လေ့လာလို့ရနေတာဖြစ်လို့ Knowledge Gap တို့ Skills Gap တို့ဆိုတာ မိမိတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့သာ သက်ဆိုင်တော့တာ ဖြစ်ပါတာယ်။

ထိုနည်းတူ Financial Modeling ဆိုတဲ့ Skill ဟာဆိုရင် Finance Professionals တွေအတွက် မရှိမဖြစ် Skill တစ်ခု ဖြစ်သည့်တိုင် ရှာဖွေရခက်ခဲခြင်း၊ တန်ဖိုးကြီးမြင့်ခြင်း အစရှိတဲ့ ကန့်သတ်ချက်တွေ ရှိခဲ့ရာမှ ယခုဆိုရင် အလွယ်တကူ လေ့လာနိုင်နေပြီဖြစ်လို့၊ အလုပ် Interview အစရှိသည်တို့မှာ မိမိကိုကိုယ် ပိုမိုယုံကြည်မှုရှိစေပြီး၊ မိမိလေ့လာမှုအလိုက် လုပ်ငန်းခွင်မှာ သူများတွေထက် ပိုမိုထင်ပေါ်နေစေမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် Finance Careers နဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်လိုသူတွေအတွက် အခမဲ့ တက်ရောက်လေ့လာနိုင်တဲ့ အတန်းတချို့ကို ဖော်ပြပေးလိုက်ပါရစေ။

ဒီအတန်းတွေဟာဆိုရင် ကမ္ဘာ့အသိအမှတ်ပြု Financial Modeling Skill Sets တွေအတွက် အခြေခံကျပြီး အရေးပါတဲ့ Perquisites အတန်းတွေ ဖြစ်ယုံသာမက၊ Financial Modeling နှင့် Valuation & Analysis အစရှိတဲ့ နယ်ပယ်တွေကို စာတွေ့ရောလက်တွေ့ပါ နက်နက်နဲနဲ လေ့လာခွင့် ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအတန်းတွေကနေ လုပ်ငန်းခွင်မှာ Job-Ready ဖြစ်စေမယ့် Tools နှင့် Skills တွေကိုလဲ တစ်သက်တာ သုံးစွဲခွင့် ရရှိမှာဖြစ်ပါတယ်။

Financial Modeling and Valuation Analyst (FMVA) Program သို့ တက်ရောက်မလေ့လာခင် အခမဲ့ ဝင်ရောက်လေ့လာနိုင်တဲ့အတန်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

1. Accounting Fundamentals
[Constructing an income statement, balance sheet, and cash flow]

2. Excel Crash Course – Spreadsheet Formulas for Finance
[Excel shortcuts, functions, and formulas for financial modeling]

3. Reading Financial Statements
[Understand the financial strength of a company and help us to make informed decisions], and

4. Introduction to Corporate Finance
[Fundamental overview of capital raising, evaluation, mergers, acquisitions, and corporate finance careers].

Financial Institutions တွေမှာ လုပ်ကိုင်နေတဲ့ Professionals တွေအတွက် Credit Analysis Skills တွေဟာ မရှိမဖြစ် အရေးပါတဲ့ Skill တစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာဆိုရင်လည်း Banking Institutions နှင့် Corporates တွေများလာတာနဲ့အမျှ Credit Analyst Professionals တွေဟာ ဈေးကွက်မှာ ပိုမိုလိုအပ်လာမဲ့ Profession တစ်ခုပဲဖြစ်ပါတယ်။

အောက်ပါအတန်းတွေဟာဆိုရင် Certified Banking and Credit Analyst (CBCA) Program သို့ တက်ရောက်မလေ့လာခင် အခမဲ့ ဝင်ရောက်လေ့လာနိုင်မဲ့ အတန်းတွေပဲ ဖြစ်ပါတယ်။

1. Fundamentals of Credits
[An overview of the type of loans, types of credit analysts, and credit analyst careers]

2. Forms of Business Structures
[Understand the characteristics of different types of business structure]

3. Introduction to Banking
[Understand the different types of financial institutions, the banking services provided, and how they generate return]

4. Banking Products and Services
[Banking for consumers, banking for businesses, investment banking and corporate finance].

ဒါအပြင် Covid-19 ကပ်ရောဂါကြောင့် လုပ်ငန်းတော်တော်များများ ရပ်ထားရပြီး Work from Home နဲ့ အိမ်မှာအလုပ်လုပ်နေကြရတဲ့အတွက် ယခုအချိန်ဟာဆိုရင် Personal Developments နဲ့ Professional Developments အတွက် အချိန်ပေးဖို့ရာ အကောင်းဆုံး ဖြစ်တာကြောင့် လက်မလွတ်သင့်တဲ့ အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။

“Corporate Finance Institute (CFI) ဆိုတာဟာ 2016 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း 170 ကျော် မှ ကျောင်းသား/သူပေါင်း 600,000 ကျော်တက်ရောက်နေတဲ့ ကမ္ဘာ့အကောင်းဆုံး Financial Analyst Programs တွေကို သင်ကြားပေးနေတဲ့ Financial Institutions များထဲမှ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။”

Corporate Finance Institute (CFI) မှ အကောင်းဆုံး Finance Programs များထဲမှ အပါအဝင် ဖြစ်တဲ့ Financial Modeling and Valuation Analyst (FMVA) နှင့် Certified Banking and Credit Analyst (CBCA) Programs တွေဟာ ဈေးနှုန်းအားဖြင့် USD 497$ ကျသင့်မှာဖြစ်ပြီး၊ စာလေ့လာချိန်အားဖြင့် ၆ လ မှ ၁ နှစ် (သို့မဟုတ်) နာရီပေါင်း ၁၀၀ မှ ၂၀၀ လောက်ထိ လိုအပ်မှာ ဖြစ်ပါတယ်။

(FMVA) နဲ့ (CBCA) Programs တွေဟာ ကမ္ဘာ့ အသိအမှတ်ပြု Financial Credentials တွေဖြစ်တာကြေင့် Career Advancement အတွက် စာတွေ့ နှင့် လက်တွေ့ သာမက၊ ဒီ Credentials တွေကို ကိုင်ဆောင်ထားခြင်းအားဖြင့်လည်း လုပ်ငန်းခွင်မှာလည်း ပိုမိုယုံကြည်မှုတွေ ရရှိစေတဲ့အပြင်၊ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(FMVA) နဲ့ (CBCA) Programs တွေကို စိတ်ပါဝင်စားပါက Corporate Finance Institute (CFI) ရဲ့ Global Partner တစ်ဦးဖြစ်တဲ့ Matrix Institute of Professionals နဲ့ ဆက်သွယ်လိုက်ပါ။ 🤗🤗

Matrix Institute of Professionals ဟာဆိုရင် မြန်မာနိုင်ငံမှာ Corporate Finance Institute (CFI) ရဲ့ အတန်းတွေကိုတစ်ဦးတည်း ရောင်းချခွင့်ရရှိထားတာကြောင့် Country Discounts နဲ့ အထူးဈေးနှုန်းများလဲ ရရှိမှာဖြစ်လို့ အမြန်ဆက်သွယ်လိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ။ 📣👏🏻

FMVA နှင့် CBCA Programs များကို Matrix Institute မှာ ဝယ်ယူလိုပါက အောက်ပါလင့်ခ်မှာ Register လုပ်ပေးခြင်းအားဖြင့် Matrix မှ ပြန်လည်ဆက်သွယ်ပြီး အသေးစိတ်အချက်အလက်များ ပြန်လည်ဖြေကြားပေးမှာ ဖြစ်ပါတယ်။

https://forms.gle/iAJafRh1iP7DLgJv9

အဆိုပါ Corporate Finance Institute (CFI) မှ အတန်းများကို စိတ်ပါဝင်စားပါက အောက်ပါ လင့်ခ် ကိုနှိပ်ကာ Register လုပ်ခြင်းဖြင့်တက်ရောက်နိုင်ပါတယ်ခင်ဗျား။

Corporate Finance Institute (CFI) Link - https://courses.corporatefinanceinstitute.com/

Matrix Institute of Professionals
📞 : 01-8245660, 09-445533288~289
📌 : No.182-194(2nd floor), Botahtaung Pagoda Road (Between Anawrahtar & Mahar Bandoola Rd), Pazuntaung Tsp. Yangon.

Are you interested in Chief Finance Officer (CFO) career path? 21/09/2020

ရှေ့ video part-1 မှာတုန်းကတော့ CFO တစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကြမ်းဖျင်းအားဖြင့် ရှင်းပြခဲ့ပြီးပြီဆိုတော့ ယခုတစ်ခေါက် part-2 မှာတော့ CFO တစ်ယောက်ရဲ့ အဓိက task တွေ၊တာဝန်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ဒီ video လေးကနေ ကိုယ်ကိုတိုင် CFO တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိသူတွေအနေနဲ့ CFO ဖြစ်လာရင် ဘယ်လိုတာဝန်တွေယူရမလဲကို ကြိုတင်သိရှိနားလည်သွားမယ်လို့ မျှော်လင့်ပါတယ်။

Video လေးကြည့်ပြီးတော့ CFO career ကို စိတ်ဝင်စားပြီးလျှောက်လှမ်းချင်သူတွေအတွက်ကတော့ Matrix Institute of Professionals မှာ ဖွင့်လှစ်ထားတဲ့ သင်တန်းတွေရှိတယ်နော်။ အသေးစိတ်စုံစမ်းမေးမြန်းမှုများအတွက် Facebook Messenger မှတဆင့်ဖြစ်စေ၊ အောက်ပါလင့်ခ်တွင် register လုပ်ပြီးဖြစ်စေ ပြုလုပ်နိုင်ပါတယ်ရှင်။

https://forms.gle/z2g96NnLRHHSJRtR8

Matrix Institute of Professionals
☎️ : 01-8245660, 09-445533288~289
🏦 : No.182-194(2nd floor),Botahtaung Pagoda Road(Between Anawrahtar & Mahar Bandoola Rd), Pazuntaung Tsp.,Yangon.

ကဲဒါဆိုရင် နောက် video လေးတွေမှာပြန်ဆုံကြမယ်နော် 😉😉

Are you interested in Chief Finance Officer (CFO) career path? Chief Finance Officer (CFO) Chief Finance Officer ဆိုတာ organization တစ်ခုရဲ့ finance department တစ်ခုလုံးကို တာဝန်ယူပေးရတဲ့ အကြီးအကဲတစ်ဦးဖြစ်ပါတယ်။ Chief Executive Officer (CE...

What is three statements model? 07/09/2020

ယခုပို့စ်မှာ ရှင်းပြထားတဲ့ three statement model အကြောင်းကို Matrix ရဲ့ global learning partner တစ်ဦးဖြစ်တဲ့ Corporate Finance Institute (CFI) ကနေ reference ယူထားတာဖြစ်ပါတယ်။

CFI ရဲ့ official website ထဲမှာဆိုရင် ဒီလို knowledgeable content တွေအပြင် Accounting fundamentals, Reading financial statements, Excel crash course – spreadsheet formulas for finance, introduction to corporate finance အစရှိတဲ့ financial modeling နဲ့ပတ်သတ်တဲ့ video lecture များကို FREE ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒါတွေကို ဝင်လေ့လာပြီးလို့ မိမိအနေနဲ့ CFI ရဲ့ Financial Modeling & Valuation Analyst (FMVA) certification course ကိုဝယ်ယူလေ့လာချင်တယ်ဆိုရင် မြန်မာနိုင်ငံရှိ CFI ရဲ့ တစ်ဦးတည်း partner ဖြစ်တဲ့ Matrix Smart Learning Solutions မှာ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူလို့ရပါကြောင်း အသိပေးအပ်ပါတယ်။

အသေးစိတ်သိရှိလိုသည်များကို Facebook messenger သို့မဟုတ် အောက်ပါလင့်ခ်တွင် register လုပ်ခြင်းဖြင့် စုံစမ်းနိုင်ပါတယ်။
https://forms.gle/y28Km9V7CM83p4cU8

Matrix Institute of Professionals
☎️ : 01-8245660, 09-445533288~289
🏦 : No.182-194(2nd floor),Botahtaung Pagoda Road(Between Anawrahtar & Mahar Bandoola Rd), Pazuntaung Tsp.,Yangon.

What is three statements model? 𝗧𝗵𝗿𝗲𝗲 𝘀𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁 𝗺𝗼𝗱𝗲𝗹 ဆိုတာ 𝗶𝗻𝗰𝗼𝗺𝗲 𝘀𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁, 𝗯𝗮𝗹𝗮𝗻𝗰𝗲 𝘀𝗵𝗲𝗲𝘁 နဲ့ 𝗰𝗮𝘀𝗵𝗳𝗹𝗼𝘄 𝘀𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁 သုံး...

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Room 3E, No 182-194, Bothahtaung Pagoda Road, Pazundaung Township
Yangon