Port-48

Port-48

Share

Photos from Port-48's post 16/05/2024

အခုလို ပူပြင်းတဲ့ကာလမှာ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ မီးဘေးအန္တရာယ်မှာလဲ လူမှုစီးပွားအသိုင်အဝန်းအတွက် စိုးရိမ်စရာတစ်ခု ဖြစ်ပါတယ်...
မီးဘေးအန္တရာယ်ဟာ ဆိုရင် ကြိုတင်ကာကွယ်ပြင်ဆင်နိုင်တဲ့ သဘာဝဘေးအန္တရာယ် ဖြစ်တဲ့အတွက် စိုးရိမ်နေစရာ မလိုအပ်တော့ပါ...

Fire Alarm System ဆိုတာ မီးလောင်ကျွမ်းခါစတွင် ကြိုတင် အသိပေးနိုင်သည့် စနစ်တစ်ခုဖြစ်ပါတယ်...
အဆောက်အအုံ၊ ဥစ္စာပစ္စည်းနှင့် လူများ ၏ အသက်ကို မီးဘေးမှ ကာကွယ်ရန်အတွက်တပ်ဆင်လေ့ရှိတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်....
Hotel, Bank, Shopping Mall, Airport, Hospital စသည့်နေရာများတွင် Fire Alarm System ကို မဖြစ်မနေ တပ်ဆင်လေ့ ရှိပါတယ်...

Fire Alarm Systemတွေမှာ

Conventional နဲ့ Addressable Fire Alarm System ဆိုပြီး ၂ မျိုးရှိပါတယ်...

၁ # Conventional Fire Alarm System ကတော့ မီးလောင်မှု့ ဖြစ်တဲ့နေရာကို Zone အနေနဲ့ Fire Alarm Panel မှာ မြင်တွေ့ရမှာ ဖြစ်တယ် Zone ၁ခုမှာ detector ၂၀ / ၂၅ လုံးလောက် တပ်ဆင်လို့ရကြပါတယ်
2 zone, 4 zone, 8 zone, 16 zone panel စသည့်အားဖြင့် အမျိုးမျိုး ရှိကြပါတယ်...
Zone အနေနဲ့ ဖော်ပြတာ ဖြစ်တဲ့ အတွက် ဘယ်အခန်း ဘယ်နေရာမှာ ဖြစ်တာဆိုပြီး location တိတိကျကျတော့ သိရမှာ မဟုတ်ပါဘူး...

၂ # Addressable Fire Alarm System ကတော့ device ၁ခုကို address ၁ခုနဲ့ သွားတာဖြစ်တဲ့ အတွက် မီလောင်မှု့ဖြစ်တဲ့နေရာ ဘယ်အခန်း ဘယ်နေရာဖြစ်တယ် ဆိုတာကို location တိတိကျကျ Fire Alarm Panel မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်...

Fire Alarm System တွင် အသုံးပြုရမည့် device များမှာ

1. Smoke / Heat detector
2. Beam detector
3. Gas detector
4 Manual Call Point
5. Alarm Bell / Sounder
6 Fire Alarm Control Panel
7 Backup Battery
8. Fire Alarm Cable စသည်တို့ ပါဝင်ကြပါတယ်

Fire Alarm System ကို Fire Fighting system, PA System, Access Control System တွေနဲ့လဲ ချိတ်ဆက်​၍ အသုံးပြုလို့ ရပါတယ်...

ဥပမာ - မီးလောင်မှု ဖြစ်တာနဲ့ Fire Fighting က မီးငြိမ်းသတ်ပေး၊ PA System က အရေးပေါ် ထွက်ပေါက်တွေကို Announcement လုပ်ပေးပြီး Access Control System က Door lock တွေ Auto ပွင့်ပေးခြင်းဖြင့် ချိတ်ဆက် အသုံးပြုလို့ရပါတယ် ...

လူကြီးမင်းတို့ အနေနဲ့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့ အတွက် Fire Alarm System များ တပ်ဆင်လိုပါက
Ph, 09 403870503
Email : [email protected]
ကို အခုပဲ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင်

17/04/2024

မြန်မာ့နှစ်သစ်ကူးမှာ အားလုံးပဲ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါတယ်...

04/10/2022

မင်္ဂလာပါခင်ဗျာ
ကျွန်တော်တို့ Port-48 မှ လူကြီးမင်းများ၏ ရုံးသုံး (SOHO) Network များနှင့်
ကွန်ပျူတာများကို သုံးစွဲသူများ အဆင်ပြေချောမွေ့အောင် လစဉ်စာချုပ်ချုပ်ဆိုသောစနစ်ဖြင့်ဆောင်ရွက်ပေးနေပါသည်။

အကျိုးကျေးဇူးအားဖြင့် လူကြီးမင်းများ၏ အင်တာနက်ကွန်ယက်ပေါ်တွင် လုပ်ဆောင်နေသော စီးပွားရေးလုပ်ငန်းများအပြင်၊ ရုံးတွင်းကွန်ပျူတာပေါ်တွင် အခြေခံလုပ်ဆောင်နေသော စီးပွားရေးလုပ်ငန်းများအထိ တိုးတက်ကြီးပွားအောင် ကျွန်တော်တို့ Port-48 မှ ကျွမ်းကျင်နည်းပညာများအသုံးပြု၍ စျေးနှုန်းချိုသာစွာ ဝန်ဆောင်မှု ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Address


No. 37/41, 50 Street, 5th Quater, Botahtaung Township
Yangon
11161

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 13:00