Malikha Power Engineering

Malikha Power Engineering

Share

29/05/2026

🙏 မင်္ဂလာပါဗျာ့ 🙏

❇️ ဒီနေ့မှာတော့
12kV Pin Insulator Spindle Size 365mm² (Dalian Brand)
လေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ့

❇️ ဈေးနှုန်းလေးကတော့
(1) 12kV Pin Insulator with Spindle Size 365mm²
🌿1 No - 42,000 ကျပ် လေးပဲဖြစ်ပါတယ်ဗျာ့။

✅ ပစ္စည်းလေး instock ရှိလို့ ချက်ချင်းဝယ်ယူလို့ ရသလို ရန်ကုန်မြို့တွင်းအိမ်အရောက်ဝန်ဆောင်မှုများလည်းရှိပါတယ်။
နယ်မြို့များကိုလည်း ကားဂိတ်အရောက် ပို့ဆောင်ပေးပါတယ်ဗျ။🤗

💯 ပစ္စည်းမှန်၊ဈေးနှုန်းလေးလဲတန်သောကြောင့် လူကြီးမင်း‌တို့အနေနဲ့ ခုပဲ Malikha Power Engineering Limited နဲ့ဆက်သွယ် ပြီး ဖုန်း၊ Page messenger၊ Viber တို့မှတဆင့် မှာယူလိုက်ဖို့ သတင်းကောင်းပါးပါရစေ....

Malikha Power Engineering မိသားစုမှ လူကြီးမင်းတို့ စိတ်ကျေနပ်အောင် အမြဲဝန်ဆောင်မှုပေးလျှက်ရှိပါတယ်ဗျာ့🤗

🏢 အမှတ် (40. A)၊ မြစပါယ်လမ်း ၊၉ ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
☎️ 09-420071769 (Viber), 09-785478777
📩 [email protected]

29/05/2026

MCB, MCCB, RCCB, ELCB, RCBO breakers အကြောင်း
*********************

MCB (Miniature Circuit Breaker)အလွယ်‌ခေါ်တာက‌တော့ MCB Breaker ပါ။ MCB တွေဘာကြောင့်သုံးရသလဲဆိုရင် လျှပ်စစ်ပစ္စည်း‌တွေသုံးတဲ့အခါ ဖြစ်ပေါ်လာနိင်တဲ့Short Circuit တွေ OverLoad တွေ စတင်ဖြစ်ပေါ်လာတာနဲ့ လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ပေးဖို့ဖြစ်ပါတယ် MCB ‌တွေကိုတော့ Amp နည်းတဲ့ Load တွေသုံးစွဲကြတဲ့အခါ အကာကွယ်ဖြစ်ဖို့သုံးခြင်းဖြစ်ပါတယ်။အိမ်သုံအတွက်လည်း MCB‌တွေသုံးကြပါတယ်။100A ထိMCB breaker အမျိုးစားတွေရှိပါတယ်။ MCB နေရာမှာ Fuse တွေသုံးလို့ရပေမယ့် Fuse တွေက Short Circuit ဖြစ်ပီးသွားရင် ပြန်သုံးလို့မရတော့တဲ့ အားနည်းချက်တွေကြောင့် နောက်ပိုင်းမှာ MCB တွေအသုံးများလာကြပါတယ်။Short-Circuit ဖြစ်လာတဲ့အခါခံနိုင်ရည်Currentအ‌ရေတွက်BreakingCapacity ပမာဏကို MCB ရဲ့ Body ပေါ်မှာ ရေးထားပါတယ်။ Breaking Capacity အရေတွက်များလေ ဈေးပိုပေးရလေပါ။ MCB တွေမှာ 1 Pole ကနေ 4Pole ထိ A အလိုက်အမျိုးမျိုးထုတ်လုပ်ထားပါတယ်။

MCCB(Molded Case Circuit Breaker)
သူက MCB လိုပါပဲ Short-circuit နဲ့ OverLoad တွက်သုံးရတာပါ။
MCB က ဖြတ်မချနိင်တဲ့ Overcurrent or Short-circuited အခြေအနေဖြစ်လာရင် MCCB ကနေ လျှပ်စစ်ကိုဖြတ်တောက်ပေးပါတယ် ။MCCBတွေကို High Current Rating နဲ့ Load ဆွဲအားများတဲ့ စက်ရုံသုံးတွေအတွက်သုံးကြပါတယ် ။ 1000A ပတ်ဝန်းကျင်ထိ Size အမျိုးမျိုးနဲ့ထုတ်ပါတယ်။ အိမ်သုံးအနေနဲ့ 63A အောက် MCCBတွေကိုလည်း သုံးကြပါတယ် ။

RCCB(Residual Current Circuit Breaker)
သူရဲ့လုပ်ဆောင်ချက်ကတော့ Phase Conductorsမှာ စီးဆင်းသွားတဲ့ Current ပမာဏ မညီတော့ဘူးဆိုတာနဲ့ လျှပ်စီးပတ်လမ်းကိုဖြတ်တောက်ပေးတာပါ။မြင်သာအောင် ပြောရရင် လျှပ်စစ်စီးနေတဲ့Wire ကပေါက်နေတယ် ဒါကိုလူကမသိပဲကိုင်မိတာနဲ့ စပီးလူကိုဓာတ်လိုက်ပါပီ။ အဲ့ချိန်မှာ RCCB ကနေ leakages ဖြစ်သွားတဲ့ Current ပမာဏကို sense လုပ်မိတာနဲ့လျှပ်စစ်ကို တန်းဖြတ်ချပလိုက်ပါတယ်။ အိမ်တွေတွက် အရမ်းအသုံးဝင်ပီးတော့ သုံးသင့်တဲ့ Breaker အမျိုးစားပါ မြန်မာပြည်မှာသုံးတဲ့ အိမ်နည်းပါသေးတယ်။ RCCB က Leakages Current ကိုပဲ detect လုပ်ပေးနိင်တာပါ ။ short နဲ့ OverCurrent ကို ဖြတ်တောက်မပေးနိင်တဲ့အတွက် RCCB ကို MCB နဲ့ Series ချိတ်ပေးရင် အလွန် effective protection ပုံစံဖြစ်နေပါပီ ။ RCCB တွေက Leakages ဖြစ်တဲ့Current ပမာဏကို 30mA 100mA 200mA ဆိုပီး တွေ့ရပါတယ် စက်ရုံသုံးတွေတွက် 100 နဲ့ 200mA သုံးသင့်ပီး အိမ်တွေအတွက်တော့ 30mA သုံးသင့်ပါတယ်။ 100mA မှားသုံးမိရင်တော့ လူသာဓာတ်လိုက်သေသွားမယ် breaker က ဖျက်ချပေးမှာ မဟုဘူး။

ELCB(Earth Leakage Circuit Breaker)
လုပ်ဆောင်ချက်က RCCB လိုပါပဲ။ ဒါပေမယ့် ELCB က Voltage Sense လုပ်တာပါ ။ အရင်တုန်းက နည်းပညာနဲ့လုပ်ထားတာပါ ။နောက်ပိုင်း Current sense လုပ်တဲ့ RCCB တွေပေါ်လာတော့ ELCB တွေကို တွင်တွင်ကျယ်ကျယ် မသုံးတော့ပါဘူး။ ELCB သုံးတာထက် RCCB သုံးတာက ပိုကောင်းပါတယ် ။

RCBO(Residual Current Circuit breaker with over load)
RCBO ကို MCB နှင့် RCCB breaker နှစ်မျိူး နှင့် အထူး ဖွဲ့ စည်းထားပါတယ်။ထိုကြောင့် RCBO breaker သည် Overload, Short Circuit, Leakages Current စသည့် Function များအတွက်အလုပ်လုပ်ပေးနိင်ပါသည်(နေအိမ်များအတွက်မဖြစ်မနေတပ်ဆင်သင့်ပါသည်)

# ENSAEEAမူရင်းရေးသားသူအား လေးစားစွာ credit ပေးအပ်ပါတယ်ခင်ဗျာ ။

Malikha Power Engineering Limited

Electrical Project များဆောင်ရွက်လိုပါက ဆက်သွယ်ရန် -
👇👇👇👇👇
☎️ 09-420071769 (Viber), 09-785478777

🏢 အမှတ် (40. A)၊ မြစပါယ်လမ်း ၊၉ ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ။

📩 malikha.ekarat@gmail.

26/05/2026

" Transformer တစ်လုံးမှာ Silica Gel​ တွေက ဘာကြောင့်အရေးပါတာလဲ "

Transformer အကြီးကြီးတွေရဲ့ ဘေးမှာ ချိတ်ထားတဲ့ ဗူးလေးထဲမှာ အရောင်မျိုးစုံနဲ့ Silica Gel လေးတွေကို မြင်ဖူးကြမှာပါ။

ဒါဟာ အလှသက်သက်ထည့်ထားတာမဟုတ်ဘဲ Transformer ရဲ့ သက်တမ်းနဲ့ စွမ်းဆောင်ရည်အတွက် ဖြစ်ပြီး Silica Gel ဟာ Transformer အတွက် အရေးပါတဲ့ "အဆုတ်" တစ်ခုလို အလုပ်လုပ်ပေးတာဖြစ်ပါတယ်။

Transformer တစ်လုံး အလုပ်လုပ်တဲ့အခါ အပူချိန်ကြောင့် ဆီတွေက ပွလာလိုက်၊ အေးသွားတဲ့အခါ ပြန်ကျုံ့သွားလိုက် ဖြစ်တတ်ပါတယ်။ အဲဒီလို ကျုံ့သွားတဲ့အချိန်မှာ အပြင်က လေ (Air) ကို အထဲကို ရှူသွင်းရပါတယ်။ အဲဒီ လေထဲမှာပါလာတဲ့ အစိုဓာတ် (Moisture) တွေ Transformer ထဲ မဝင်သွားအောင် Silica Gel က စုပ်ယူပေးတာဖြစ်ပါတယ်။

Transformer ဆီထဲကို အစိုဓာတ်ဝင်သွားရင် ဆီရဲ့ Dielectric Strength (လျှပ်စစ်စီးဆင်းမှုကို တားဆီးနိုင်စွမ်း) ကျဆင်းသွားပါတယ်။ အစိုဓာတ်များရင် ဆီကနေတစ်ဆင့် Short Circuit ဖြစ်ပြီး Transformer ပေါက်ကွဲတာမျိုးအထိ ဖြစ်နိုင်တာကြောင့် ဒီလိုမျိုး ဘေးအန္တရာယ်တွေမဖြစ်အောင် Silica Gel က ကာကွယ်ပေးပါတယ်။

အထဲက Insulation (လျှပ်ကာ) ပစ္စည်းတွေဖြစ်တဲ့ စက္ကူနဲ့ ဆီတွေဟာ အစိုဓာတ်နဲ့တွေ့ရင် မြန်မြန်ဆွေးမြည့်ပျက်စီးတတ်ပါတယ်။ Silica Gel သုံးပေးခြင်းဖြင့် အဲဒီပျက်စီးနှုန်းကို လျှော့ချပေးပြီး Transformer ကို နှစ်ပေါင်းများစွာ အသုံးခံစေပါတယ်။

22/05/2026

နွေရာသီမှာ EPC မီး ခဏခဏ ပျက်တတ်တာကြောင့် မီးစက် (Generator) ကို အားကိုးနေရတဲ့သူတွေအတွက် စက်လည်းမပျက်၊ လူလည်းဘေးကင်းစေမယ့် မောင်းနှင်နည်း အဆင့်ဆင့်ကို မျှဝေပေးလိုက်ပါတယ်။

​🛠 (၁) မနှိုးခင် ကြိုတင်ပြင်ဆင်ပါ (Preparation)

​မီးစက်ကို ဇွတ်နှိုးတာထက် အရင်ဆုံး ဒါတွေလုပ်ပါ။

​Main Breaker ချပါ: အိမ်ရဲ့ မိန်းခလုတ်ကို အရင်ချရပါမယ်။ ဒါမှ မီးစက်မောင်းနေတုန်း EPC မီးပြန်လာရင် လိုင်းနှစ်ခု ရိုက်မိပြီး မီးလောင်တာ၊ စက်ပျက်တာမျိုးမဖြစ်မှာပါ။

​Heavy Load များ ပိတ်ထားပါ: Air Con၊ ရေမော်တာနဲ့ အပူပေးစက်တွေကို ခေတ္တပိတ်ထားပါ။ မီးစက်နိုးပြီး ဝန် (Load) တစ်ခါတည်း အများကြီးတက်လာရင် အင်ဂျင်ကို ထိခိုက်စေပါတယ်။

​🔍 (၂) အင်ဂျင်အခြေအနေ စစ်ဆေးပါ (Pre-check)

​လောင်စာဆီ: ဆီလုံလောက်မှု ရှိ၊ မရှိ စစ်ပါ။ (စက်နှိုးနေတုန်း ဆီဖြည့်ခြင်း လုံးဝမပြုလုပ်ပါနဲ့)

​အင်ဂျင်ဝိုင်: အင်ဂျင်ဝိုင်ပမာဏ မှန်ကန်မှ အင်ဂျင်သက်တမ်း ရှည်မှာပါ။

​လေဝင်လေထွက်: မီးစက်ကထွက်တဲ့ ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide) အငွေ့ဟာ အသက်အန္တရာယ် ရှိနိုင်လို့ အိမ်တွင်း ဒါမှမဟုတ် အလုံပိတ်အခန်းထဲမှာ လုံးဝမမောင်းပါနဲ့။

​🚀 (၃) စနစ်တကျ စတင်နှိုးခြင်း (Starting)

​Fuel Valve (ဆီဘား) ကို အရင်ဖွင့်ပါ။

​အင်ဂျင်အေးနေရင် Choke တံကို ပိတ် (Close/Start) အနေအထား ထားပါ။

​ကြိုးဆွဲနှိုးပါ (သို့မဟုတ်) သော့လှည့်နှိုးပါ။

​စက်နိုးသွားပြီဆိုရင် Choke တံကို (Open/Run) အနေအထား ပြန်ပို့ပေးပါ။

​စက်သံငြိမ်အောင် (၁) မိနစ်ခန့် ထားပြီးမှ မီးစက်ပေါ်က Breaker ကို တင်ပြီး အိမ်ထဲကို မီးလွှတ်ပေးပါ။

​⚠️ (၄) ဘေးကင်းလုံခြုံရေး သတိပေးချက် (Safety Tips)

​စိုစွတ်မှု: မိုးရေထဲမှာ ဒါမှမဟုတ် ရေစိုနေတဲ့ လက်နဲ့ မီးစက်ကို မကိုင်ပါနဲ့။ ဓာတ်လိုက်နိုင်ခြေ အရမ်းများပါတယ်။

​ဆီဖြည့်ခြင်း: စက်ပိတ်ပြီး အင်ဂျင်အေးသွားမှသာ ဆီဖြည့်ပါ။ စက်ပူနေတုန်း ဆီဖိတ်စင်ရင် မီးလောင်ကျွမ်းတတ်ပါတယ်။

​နားအကာအကွယ်: မီးစက်သံ အရမ်းဆူရင် နားအကာအကွယ် သုံးပါ။


Malikha Power Engineering Limited
Electrical Project များဆောင်ရွက်လိုပါက ဆက်သွယ်ရန် -
☎️ 09-420071769 (Viber), 09-785478777
🏢 အမှတ် (40. A)၊ မြစံပယ်လမ်း ၊၉ ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ။
📩 [email protected]

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Address


No. 40. A , Mya Sabai Street, 9 Ward, Mayangone Township
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:00 - 13:00