Design By Aung Co

Design By Aung Co

Share

Photos from Design By Aung Co's post 19/05/2023

ငယ်ဘဝကို ပြန်သတိရစေမယ့် Logo တစ်ခုကို ပြပါဆိုရင် ကျွန်တော်ကတော့ Dream Works Logo ကို တန်းတန်းကြီး ညွှန်းချင်ပါတယ်။

ငယ်ငယ်တုန်းက အမေ့ရဲ့ တီဗီဖွင့်ပေးချိန်တွေမှာ သဲကြီးမဲကြီး ကြည့်ခဲ့ရလွန်းလို့ အရွယ်ရောက်လာတဲ့အချိန်ထိကိုတောင် အလွတ်ရနေဆဲ ဖြစ်တဲ့ ငယ်ဘဝရဲ့Animation Logo တစ်ခုဆိုလဲ မမှားပါဘူး။

Dream Works ဟာ ဟောလီးဝုဒ်ရွှေခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်ရေး Company တစ်ခုဖြစ်ပြီးတော့ အဲ့အချိန်က ကာတွန်းကားတွေနဲ့ စိတ်ကူးယဉ် ရုပ်ရှင်၊ ဇတ်လမ်းတို တွေကို အဓိက ထုတ်လုပ်ဖြန့်ချီတဲ့ Company တစ်ခုဖြစ်ပါတယ်။

ဒီအမှတ်တံဆိပ်ရဲ့ ဇတ်လမ်းလေးကို အားလုံးကလဲ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။

အမှတ်တံဆိပ်ရဲ့အစ လင်းထိန်နေတဲ့ လခြမ်းရဲ့ အစွန်းဘက်ကို ပူးပေါင်းလေးခိုကာ တက်လာတာကတော့ ကောင်လေးတစ်ယောက်ပဲ ဖြစ်ပြီးတော့ အကျအနထိုင်ကာ ငါးမျှားနေတဲ့ဟန်နဲ့ ထုတ်လုပ်ရေး အမှတ်တံဆိပ်က ကျွန်တော်တို့ကို ရုပ်ရှင်ပွဲဦးထွက်ကတည်းက စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားမှုမျိုးကို ပေးစွမ်းနေပါတယ်။

ဒီလိုထူးထူးခြားခြား အမှတ်တံဆိပ်မျိုးကို ဖန်တီးဖြစ်ခဲ့ပုံကလည်း ဆန်းပါတယ်။
Company ရဲ့ Co-Founder ဖြစ်တဲ့ Steven Spielberg ဟာ သူ့ရဲ့ ငယ်ဘဝမှာ လပေါ်မှာ လူတစ်ယောက်ထိုင်နေဟန်ကို စိတ်ကူးယဉ်ခဲ့ဖူးတာကြောင့် ဒီလိုအမှတ်တံဆိပ်ဒီဇိုင်းမျိူး ဖန်တီးဖို့အတွက် အကြံအညဏ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအကြံညဏ်ကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းဖြစ်တဲ့ Illustrator Robert Hunt မှ တာဝန်ယူကာ ရေးဆွဲပေးခဲ့ပြီးတော့ သူဟာ လခြမ်းရဲ့ အစွန်းဘက်က ငါးမျှားနေတဲ့ကောင်လေးရဲ့ ပုံကို ရေးဆွဲဖို့အတွက် သူ့ရဲ့ သားဖြစ် သူကို မော်ဒယ် ထိုင်စေခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာ Logo ကို Animation အဖြစ်ပြောင်းလဲကာ အသုံပြုခဲ့ပြီးတော့ ရုပ်ရှင်ပရိတ်သတ်များကလဲ ကောင်လေးရဲ့ စိတ်လှုပ်ရှားမှုကို ပေးစွမ်းနိုင်တဲ့ ဟန်ကို အကြိုက်တွေ့ခဲ့ကြပြီး ရုပ်ရှင်တွေထဲကနေမှ တဆင့် ကျွန်တော်တို့ရဲ့ နှလုံးသားတွေထိ နေရာယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်ဗျ။ နောက်ရက်တွေမှာလဲ ဒီလိုမျိုး Fun ဖြစ်တဲ့ အကြောင်းအရာမျိုးလေးတွေ တင်သွားပေးအုန်းမှာမို့ ကြိုက်နှစ်သက်ကြတယ်ဆိုရင်လဲ Like and Share လေးနဲ့ Support ပေးသွားကြဖို့ တောင်းဆိုရင်းနဲ့ နောက်နေ့တွေမှာလဲ ပြန်တွေ့ကြပါမယ်။

Photos from Design By Aung Co's post 14/05/2023

ဝင့်ကြွားတဲ့ ဟန်အပြည့်နဲ့ နာမည်ကျော် Mercedes-Benz ကားအမှတ်တံဆိပ်ရဲ့ နောက်ကွယ်က ဇတ်လမ်းက

ဘယ်လိုဖြစ်မလဲ…?

စက်ဝိုင်းပုံအကွင်းထဲမှာ သုံးမြှောင့် ကြယ်ပုံစံ ဒီဇိုင်းနဲ့ Luxury ဆန်ဆန် ခန့်ညားတဲ့ဟန်နဲ့ သူ့ရဲ့ အမှတ်တံဆိပ်က အခြားကားတံဆိပ်တွေရဲ့ ကြားမှာ ထူးထူးခြားခြားပါပဲ။

ဒါပေမယ့်လည်း ဒီသုံးမြှောင့်ကြယ်ပါတဲ့ အမှတ်တံဆိပ်က သူတို့ရဲ့ ပထမဆုံး အမှတ်တံဆိပ်တော့ မဟုတ်သေးပါဘူး Logo ကို အဆင့်ဆင့် ပြောင်းလဲ လာရာ ကနေမှ သုံးမြှောင့်ကြယ် ပါဝင်တဲ့ ပထမဆုံး ဒီဇိုင်းပုံစံကို 1916 မှသာ စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Logo က ဆန်းသလို ရည်ညွှန်းချက်တွေကလဲ လန်းပါတယ်။

သုံးထောင့်ကြယ်ဟာ အင်ဂျင်တွေရဲ့ စွမ်းအား နဲ့ ယုံကြည်စိတ်ချရမှုကို ကိုယ်စားပြုပြီးတော့

ထောင့်သုံးထောင့်ကိုတော့ ကုန်းမြေ၊ ရေ၊ လေ တို့ကို ပိုင်ဆိုးတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးကို ရည်ညွှန်းထားတယ်လို့ဆိုပါတယ်။ Mercedes ဆိုတဲ့အတိုင်း တကယ့်ကို ဝင့်ဝင့်ကြွားကြွားဟန်နဲ့ပါပဲ။

Company ရဲ့ ဆောင်ပုဒ်ကို ကြည့်မယ်ဆိုရင်လဲ “The Best or Nothing” ဆိုတဲ့ စာသားကို အသုံးပြုထားတာကို တွေ့ရမှာပါ။

နောက်ထပ် ထူးခြားတာတစ်ခုအနေနဲ့ကတော့ Logo Design ဖြစ်တဲ့ သုံးမြှောင့်ကြယ် ပုံစံကို ကုမဏ္ဏီရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Gottlieb Daimler ကိုယ်တိုင်ကနေ ရေးဆွဲခဲ့တာပဲ ဖြစ်ပြီးတော့ သူဟာ ဇနီးဖြစ်သူ ပေးပို့ခဲ့တဲ့ ကြယ်ပုံစံ ပါရှိတဲ့ ပို့စ်ကဒ်တစ်ခုကို ကြည့်ရင်းနဲ့မှ အိုင်ဒီယာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Daimler ဟာ ကြယ်ပုံစံပါဝင်တဲ့ အဆိုပါပို့စ်ကဒ်ကို

“One Day This Star Will Shine Over Triumphs.”

“တစ်နေ့ကျရင် ငါတို့ရဲ့ အောင်မြင်ခြင်းတွေအထက်မှာ ဒီကြယ်က တောက်ပနေလိမ့်မယ်”

ဆိုတဲ့စာသားနဲ့အတူ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီကို ပြန်လည်တင်ပြခဲ့ရာကနေ ဒီလိုမျိုး သမိုင်းတွင်လောက်မဲ့ Logo တစ်ခု ထွက်ပေါ်လာရတာပဲ ဖြစ်ပါတယ်။

အဆုံးထိဖတ်ရှူပေးလို့ ကျေးဇူးတင်ပါတယ်ဗျ။ ကျွန်တော့်လိုပဲ ဒီလိုမျိုး ပေါ့ပေါ့ပါးပါး ဇတ်လမ်းလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်ဖြင့် နောက်ရက်တွေမှာလဲ တင်ပေးနိုင်အောင် ဝါသနာတူခြင်း မိုတီဗေးရှင်းလေးပေးခဲ့ဖို့ကိုလဲ တောင်းဆိုချင်ပါတယ်။

Photos from Design By Aung Co's post 05/05/2023

အောက်ပါစစ်တမ်းကို အသက် ၂၀ နှင့် ၇၀ နှစ်ကြားရှိ အမေရိကန်လူမျိုး ၁၅၆ ဦးဖြင့် ကောက်ယူခဲ့တာဖြစ်ပြီး နာရီဝက်အတွင်းမှာ လိုဂို ၅ ခုကို မှတ်မိတဲ့အတိုင်းပုံဖော်ခိုင်းခဲ့တာ ဖြစ်ပါတယ်

Source: LOGO DESIGN LOVE

02/05/2023

ဒီတစ်လ ဆွဲဖြစ်ခဲ့တဲ့ထဲ ကျွန်တော်အားရတဲ့ Logo လေးတစ်ခု

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon