Primacy Myanmar Property Management Co.,ltd

Primacy Myanmar Property Management Co.,ltd

Share

13/02/2026

#အိမ်ခြံမြေလမ်းဆုံ pageမှတဆင့်ကူးယူဖော်ပြပါသည်

"ဥပဒေနှင့် မလွတ်ကင်းသည့် ပြစ်မှုတစ်ခုခုနှင့် ငြိစွန်း
ပတ်သက်နေသည့် အိမ်နှင့်မြေကို မဝယ်မိစေဖို့"

ငယ်သူငယ်ချင်း ဦးအောင်မြင့်သည် သုန်သုန်မှုန်မှုန်ဖြင့်
စာရေးသူ ထံရောက်လာပါသည်။

သူ့ကို မြင်ရသည်မှာ စိတ် သောကရောက်နေသည့်
အမူအရာ ကို တွေ့နေရသည်။

''သူငယ်ချင်းနေကောင်းရဲ့ လား၊
အဆင်မပြေတာတစ်ခုရှိနေပြီ ထင်တယ်''

စာရေးသူကပင် နှုတ်ဆက် စကား စလိုက်ပါသည်။

''ပြဿနာရှိမှပဲ သူငယ်ချင်းဆီ ရောက်တာဖြစ်နေပြီ''

''သူငယ်ချင်းရဲ့ စိတ်ဖိစီးမှုတွေ ဖြေလျှော့ပေးနိုင်ရင်
ကျေနပ်ပါပြီ သူငယ်ချင်း''

''ဒီလို သူငယ်ချင်း၊
အိမ်ငှားရှိတဲ့ အိမ်ကို ဝယ်မိရင် အဲဒီ အိမ်ငှားရဲ့
ပြုမူဆောင်ရွက်ချက်အပေါ် အိမ်ဝယ် သူက တာဝန်
ရှိနိုင်သလားဆိုတာ သိ ချင်လို့''

''အိမ်ငှားရဲ့ ဆောင်ရွက်မှုဟာ အဲဒီ အိမ်ငှားအပေါ်မှာပဲ
တာဝန်ရှိမှာ ပေါ့၊
အိမ်ဝယ်သူအပေါ်မှာတော့ ဘယ်တာဝန်ရှိပါ့မလဲ။
အင်း-တစ်ခု တော့ရှိတယ်။
အိမ်ငှားသက်တမ်း မကုန်မီ အဲဒီအိမ်ကို လွှဲပြောင်း
ဝယ်ယူခဲ့ရင် တော့ ဝယ်ယူသူဟာ အိမ်ရှင်ဖြစ်လာမှာ
ဖြစ်တယ်''

''အိမ်ငှားက မကောင်းမှုလုပ်ရင် အိမ်ရှင်မှာ
တာဝန်ရှိပါသလား''

''အရက်သောက်၊ ဖဲရိုက်၊ လောင်းကစားလုပ်တဲ့ကိစ္စတွေကို
ဆို လိုတာမဟုတ်လား။ အဓိကအနေနဲ့ ပြုလုပ်သူမှာပဲ
တာဝန်ရှိမှာဖြစ်တယ်''

''ငှားထားတဲ့ အိမ်မှာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စတွေ
လုပ်ရင် အိမ်ရှင်မှာ တာဝန်ရှိနိုင်မလား''

''ဒါကတော့ ဥပဒေနဲ့အညီ စဉ်း စားရမယ့်
အပိုင်းဖြစ်သွားပြီး။
သူငယ်ချင်းပြောသလို အိမ် ငှားရမ်းစဉ်က မိသားစု သုံးဦး
နေမှာပါ လို့ပြောပြီး နောက်ပိုင်းမှာ အနှိပ် ခန်းဖွင့်တာမျိုး
လည်း ဖြစ်တတ်ကြ ပါတယ်''

''အိမ်ငှားစာချုပ်မှာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စရပ်မျိုး
မလုပ်ရလို့ ချုပ်ဆိုထားရမှာပေါ့နော်''

''မှန်ပါတယ်။
ကတိစာချုပ်နဲ့ ကတိပြုချက်ရယူထားရင်တော့
ပို ကောင်းတာပေါ့။
ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စ ရပ်တွေကို အိမ်ငှားနေသူက
ပြု လုပ်နေကြောင်း အိမ်ရှင်က သိလျက် နှင့် ဆက်လက်
နေထိုင်ခွင့်ပြုရင် တော့ အိမ်ရှင်မှာလည်း တာဝန်ရှိမှာ
ဖြစ်တယ်''

''သက်ဆိုင်တဲ့ ဥပဒေပြဋ္ဌာန်း ချက် ရှိမှာပေါ့နော်''

''ရှိတာပေါ့။
ပစ္စည်းလွှဲပြောင်း ခြင်းဥပဒေမှာ အငှားချထားသူနဲ့
ငှား ယူသူတို့ရဲ့ အခွင့်အရေး တာဝန်တွေ ကို
ပြဋ္ဌာန်းထားတယ်''

''သတ်မှတ်ထားတဲ့ တာဝန် ဖောက်ဖျက်ရင် ဥပဒေအရ
အရေး ယူခွင့်ရှိမှာပေါ့''

''သူငယ်ချင်းပြောသလို အိမ်ငှား ဖြစ်သူက ဥပဒေနှင့်
မလွတ်ကင်း သည့် ကိစ္စရပ်ကို ငှားရမ်းထားတဲ့ နေ အိမ်မှာပဲ
ပြုလုပ်ကြောင်း သံသယရှိ ရင် အိမ်ရှင်က အဆောက်အအုံ
အတွင်း ဝင်ရောက်ကြည့်ရှုခွင့်ရှိ တယ်။
အမှန်တကယ်ပင် အိမ်ငှား ဖြစ်သူက ငှားရမ်းနေထိုင်တဲ့
နေအိမ် မှာ ဥပဒေနဲ့ မလွတ်ကင်းသည့် ကိစ္စ ရပ်တစ်ခုခု
ပြုလုပ်ကြောင်း အိမ်ရှင်သိ ရင် အိမ်ရှင် အိမ်ငှားအဖြစ်
ရပ်စဲပြီး နေအိမ်မှနှင်ချသည့်အထိ လုပ်ပိုင် ခွင့်ရှိပါတယ်။
ဒါနဲ့ ဆွေးနွေးကြတာ အိမ်ရှင်အိမ်ငှားဘက်
ရောက်သွားတယ်။
သူငယ်ချင်းကိစ္စကို ပြောပြပါဦး''

''အိမ်လုံးချင်းတစ်ခုကို သွား ကြည့်တော့ သဘောကျတာနဲ့
စရန် ပေးဝယ်လိုက်တယ်''

''ဒါပေမယ့် အိမ်ငှားတွေရှိနေ တယ် မဟုတ်လား''

''ဟုတ်တယ် သူငယ်ချင်း၊
အိမ် ပိုင်ရှင်က ပဲခူးမှာနေတော့ သူရှိနေ တုန်း
စရန်ငွေပေးဖြစ်သွားတာ''

''အိမ်ငှားသက်တမ်းက စေ့ပြီ လား''

''စရန်ငွေပေးတုန်းက နှစ်လခန့် ပဲလိုတော့ ဝယ်ဖြစ်
သွားတာပေါ့နော်''

''အခု အိမ်ငှားဆင်းသွားပြီ မဟုတ်လား''

''ဖြစ်ပုံက ဒီလို၊
အိမ်ငှားတွေက တစ်လအလိုမှာပဲ ဆင်းသွားတယ်။
ဒါနဲ့ အိမ်ပိုင်ရှင်က ဖုန်းဆက်တော့ သွားကြည့်သေးတယ်။
အရောင်းအ ဝယ်ဆက်လုပ်ဖို့ အိမ်ရှင်ကို ဖုန်းနဲ့ပဲ
ချိန်းဆိုလိုက်တယ်''

''အိမ်သွားကြည့်တော့ အထဲ ရောက်သေးလား''

''သော့ပိတ်ထားတော့ ဝင်ကြည့် လို့မရခဲ့ဘူးပေါ့။
ဒါပေမယ့် အိမ်ငှား တွေ ဆင်းသွားတာတော့ သေချာ တယ်။
ဒါကြောင့် ငွေဆက်ချေဖို့ ရက်ချိန်းလိုက်တာ''

''ငွေဆက်မချေဖြစ်တဲ့ ကိစ္စက''

''ငွေချေဖို့ရက်ချိန်းမတိုင်မီ တစ်ပတ်ခန့်မှာပဲ အိမ်ရှင်က
ဖုန်းဆက်တယ်။
နှစ်ပတ်သုံးပတ်လောက် နောက်ဆုတ်ချင်တယ်လို့
ပြောတယ်။
ဒါနဲ့ စိတ်ထဲမှာ မတင်မကျဖြစ်လို့ အိမ်ကို သွားကြည့်တော့
ချိပ်ပိတ်ခံ ထားရတာကို တွေ့လိုက်ရတယ်''

''အိမ်ကို ချိပ်ပိတ်ထားတယ်ဆို တော့
ဥပဒေနဲ့ မလွတ်ကင်းတဲ့ကိစ္စ တစ်ခုခုလုပ်လို့ဖြစ်မယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်သိုလှောင်တာများဖြစ် နေမလား''

''သူငယ်ချင်းက အတွေ့အကြုံ ရှိတော့ ချက်ချင်းသိတာပဲ။
အိမ်ငှား တွေက မူးယစ်ဆေးအရောင်းအဝယ် လုပ်တယ်လို့
သတင်းရတာနဲ့ အဖမ်း ခံထားရတယ် ပြောတယ်။
ထွက်ပြေး နေတဲ့ သူလည်းရှိတယ် ပြောတာပဲ။
အဲဒါဘာဖြစ်နိုင်သလဲ''

''အိမ်ထဲမှာ မူးယစ်ဆေးဝါးတွေ သိုလှောင်ထားတာ
မမိရင်တော့ အ ဆောက်အအုံက ပြဿနာမဖြစ်နိုင် ပါဘူး''

''အချို့က ပြောတော့ အိမ်ကို အစိုးရက သိမ်းနိုင်တယ်လို့
ပြော တယ်၊ ဥပဒေက ဘယ်လိုရှိသလဲ''

''မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော
ဆေးဝါးများဆိုင် ရာ ဥပဒေပုဒ်မ ၂၄ မှာ
မူးယစ်ဆေး ဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ
ရောင်းချခြင်း၊ ဖြန့်ဖြူး ခြင်း သိုလှောင်ခြင်းတို့ကို
အဆိုပါ အဆောက်အအုံတွင် ဆောင်ရွက် လျှင်၊
မူးယစ်ဆေးဝါးရောင်းချခြင်းမှ ရရှိသည့် အကျိုးအမြတ်ဖြင့်
ဝယ်ယူ ထားသည့် အဆောက်အအုံဖြစ်လျှင်
တရားရုံးမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်တယ်လို့
ပြဋ္ဌာန်းထား ပါတယ်''

''ဒါဆိုရင်မသိဘဲ ဝယ်တဲ့ သူအ နေနဲ့ နစ်နာနိုင်တာပေါ့''

''မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော
ဆေးဝါးများဆိုင် ရာနည်း ဥပဒေပုဒ်မ ၂၆ အရ
မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများ
ရောင်းချဖြန့်ဖြူး သိုလှောင်စသဖြင့် ပြုလုပ်သည့်
အ ဆောက်အအုံကို သက်ဆိုင်ရာက လို အပ်လျင်
ချိပ်ပိတ်ထားနိုင်ပါတယ်။
နစ်နာသူက ချိပ်ပိတ်ထားတဲ့ အ ဆောက်အအုံနဲ့
ပတ်သက်ပြီး ခိုင်လုံ တဲ့ အထောက်အထားတင်ပြနိုင်ရင်
အမှုအတောအတွင်းမှာ ခံဝန်နဲ့ ချိပ် ပိတ်ထားတဲ့ ပစ္စည်းကို
ပြန်လည်ပေး အပ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါ တယ်။
ဒါကြောင့်
အိမ်ပိုင်ရှင်က မိမိ ပိုင်ဆိုင်ကြောင်း အထောက်အထား
ခိုင်ခိုင်လုံလုံနဲ့ပြသရမယ့်အပြင် ငှားရမ်းနေထိုင်သူ
(ပြစ်မှုကျူးလွန်သူ) တို့နဲ့ လုံးဝမပတ်သက်ကြောင်း
ခိုင် လုံတဲ့ အထောက်အထားပြဖို့တော့ လိုပါတယ်''

''ချိပ်ပိတ်တာ ပြန်ဖွင့်သွားရင် အရောင်းအဝယ်
ဆက်လုပ်လို့ရပြီ ပေါ့နော်''

''အမှုစစ်ဆေးနေတဲ့ ကာလအ တွင်းမှာတော့
အဆောက်အအုံကို ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊
ငှား ရမ်းခြင်း၊ တစ်ပါးသူအား နေထိုင် ခွင့်မပြုရလို့
နည်းဥပဒေပုဒ်မ ၂၆ မှာ ပဲ ပြဋ္ဌာန်းထားတဲ့အတွက်
တရားရုံး က ပိုင်ရှင်အားပြန်ပေးစေလို့ ရှင်း လင်းစွာ
အမိန့်မချမီစပ်ကြား လွှဲ ပြောင်းရောင်းချလို့ မရဘဲ
ရပ်ဆိုင်း ထားရမှာဖြစ်ပါတယ်။
ဒါကြောင့် အဆောက်အအုံကို ဝယ်မယ်ဆိုရင်
သေချာစုံစမ်းပြီးမှ ဝယ်သင့်တယ် သူ ငယ်ချင်း'' ဟု
ရှင်းပြဆွေးနွေးလိုက်ပါ သည်။

#ထီယုဥပဒေအတိုင်ပင်ခံ

#ဈေးကွက်ဂျာနယ်

13/02/2026

အိမ်ခြံ​မြေဗဟုသုတ
မှတ်စုတို

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00