Japan Ready Functions Training School
📢 📢 JRF သင်တန်းကျောင်းမှာ 24 hours ဂျပန်စာလေ့လာသင်ယူနိုင်မဲ့ သတင်းကောင်း ✨ ✨
JRF သင်တန်းကျောင်းမှာ တက်ရောက်မည့်ကျောင်းသား/သူများအတွက်
(JRF) Websiteနဲ့ Application မှ Video Class များကို FREE ကြည့်ရှုနိုင်အောင် စီစဉ်ဖွင့်ပေးထားပါတယ် 🇯🇵🎓
📚 မိမိတက်ရောက်နေတဲ့ Level အလိုက်
Video Lessons များကို အချိန်မရွေး ပြန်လည်လေ့လာနိုင်ပါပြီ။
✅ Listening လေ့ကျင့်နိုင်
✅ Grammar နားလည်မှုပိုကောင်းလာနိုင်
✅ Self-study အတွက် အထောက်အကူဖြစ်စေပါတယ်
သင်ယူမှုကို ပိုမိုလွယ်ကူပြီး ထိရောက်စေဖို့
အမြဲ support ပေးနေပါတယ် 💪✨
6လပိုင်းတွင်ဖွင့်လှစ်မည့်အတန်းများ
Tokutei Kaigo / N5 အတန်းများအတွက် ကြိုတင်စာရင်းပေးအပ်နှံနိုင်ပါပြီရှင်။
🤗*လူဦးရေကန့်သတ်ထားတာကြောင့် အမြန်ဆုံးစာရင်းပေးလိုက်တော့နော်*🤗
09/05/2026
皆さんမင်္ဂလာပါ။ဒီနေ့မှာတော့ဂျပန်နိုင်ငံရဲ့ လက်မှုပညာနဲ့လုပ်ထားတဲ့အရုပ်လေးတွေကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
၁။ ဒါရုမာ (Daruma) အရုပ် {達磨人形}
ဒီအရုပ်ရဲ့ သမိုင်းကြောင်းဟာ ဇင်ဗုဒ္ဓဘာသာကို တည်ထောင်သူလို့ ယူဆရတဲ့ ဘုန်းတော်ကြီးဆီက စပါတယ်။ ဂျပန်မှာ အဲဒိုခေတ် (Edo Period) ကတည်းက ပေါ်ပေါက်ခဲ့ပြီး၊ အစပိုင်းမှာ ကျေးလက်ပွဲတော်တွေကနေ နာမည်ကြီးလာခဲ့တာပါ။ ဒါရုမာအရုပ်ဟာ ဂျပန်လူမျိုးတွေရဲ့ ဇွဲ၊ လုံ့လ၊ ခံနိုင်ရည်ရှိခြင်း နဲ့ ရည်မှန်းချက် အောင်မြင်မှု ကို အဓိက ကိုယ်စားပြုပါတယ်။ သူ့ရဲ့ ထူးခြားချက်ကတော့ လုံးဝိုင်းပြီး အောက်ခြေမှာ အလေးထည့်ထားတဲ့အတွက် လှဲချလိုက်တိုင်း ပြန်ထလာနိုင်တာပါပဲ။ ဒါဟာ "ခုနစ်ကြိမ် လဲကျသော်လည်း ရှစ်ကြိမ်မြောက် ပြန်ထသည်" {七転び八起き} (Fukunana-korobi Yaoki) ဆိုတဲ့ ဂျပန်စိတ်ဓာတ်ကို ကိုယ်စားပြုပါတယ်။ ဝယ်ယူတဲ့အခါ အရုပ်မှာ မျက်လုံးမပါသေးပါဘူး။ အသုံးပြုသူက အရေးကြီးတဲ့ ဆန္ဒတစ်ခုပြုပြီး မျက်လုံးတစ်လုံးကို ဆေးဆိုးရပါတယ်။ အဲဒီဆန္ဒ အောင်မြင်မှ ကျန်တစ်လုံးကို ဆေးဆိုးပြီး ရည်မှန်းချက် ပြည့်မြောက်ခြင်းအထိမ်းအမှတ်အဖြစ် သတ်မှတ်ပါတယ်။ ဒါရုမာအရုပ်ရဲ့ အနီရောင်ဟာလည်း ကံကောင်းခြင်းကို ဆောင်တဲ့အပြင် ဘေးဆိုးတွေကို ဖယ်ရှားပေးတယ်လို့ ယုံကြည်ကြပါတယ်။
________________________________________
၂။ ဟီနာ အရုပ်များ (Hina Dolls) {雛人形}
ဒီအရုပ်တွေဟာ သမိုင်းအရ ရှေးဟောင်း ဟေအိအန်ခေတ် {平安時代} က စတင်ခဲ့ပြီး၊ နန်းတွင်းသူလေးတွေရဲ့ အရုပ်ကစားတဲ့ ဓလေ့နဲ့ ဘေးအန္တရာယ်တွေကို အရုပ်ဆီရောက်သွားပြီး လွှင့်ပစ်လိုက်သည့်အခါ မိမိတို့၏ ဘေးအန္တရာယ်များ အရုပ်နှင့်အတူပါသွားသည်ဟုယူဆ၍ ရေထဲမျှောတဲ့ ဓလေ့တွေ ပေါင်းစပ်ရာကနေ ပေါ်ပေါက်လာတာပါ။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မိန်းကလေးငယ်တစ်ဦးအတွက် ဘေးဥပဒ်များ ကင်းဝေးစေဖို့ နဲ့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းဖို့ ဆုတောင်းပေးခြင်း ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ နှစ်စဉ် မတ်လ ၃ ရက်နေ့ {桃の節句} (Hina Matsuri) မှာ မိသားစုက အဆင့်ဆင့် စင်မြင့်ကြီးပေါ်မှာ ခင်းကျင်းပြသရတာပါ။ ဒီအရုပ်တွေဟာ ဧကရာဇ်မင်း၊ မိဖုရား၊ အပျိုတော်များ {三人官女} နဲ့ ဂီတသမားများ {五人囃子}အပါအဝင် နန်းတွင်းအဖွဲ့ဝင်တွေကို ကိုယ်စားပြုပါတယ်။ အရုပ်တွေရဲ့ ဝတ်စုံတွေဟာ အနုပညာ အဆင့်အတန်း အလွန်မြင့်မားပြီး၊ ဂျပန်ရဲ့ နန်းတွင်းဝတ်စုံ ဂျူနီဟီတိုအဲ {十二単} ပုံစံအတိုင်း အထပ်ပေါင်းများစွာပါတဲ့ ကီမိုနိုတွေကို ပိုးထည်တွေနဲ့ သေသေချာချာ ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ ပွဲတော်ပြီးတာနဲ့ အရုပ်တွေကို မြန်မြန်သိမ်းဆည်းရတဲ့ ဓလေ့ရှိပြီး၊ ဒါမှသာ သမီးလေး အိမ်ထောင်ပြုရာမှာ နောက်မကျဘူးလို့ ယုံကြည်ကြပါတယ်။
________________________________________
၃။ မာနဲခိ နဲကို (Maneki Neko) အရုပ် {招き猫}
ဒီအရုပ်ရဲ့ သမိုင်းကြောင်းဟာ အဲဒိုခေတ် (Edo Period) က စတင်ခဲ့ပြီး၊ ဂျပန်မှာ ဒီအရုပ်နှင့် ပတ်သတ်သည့် ဒဏ္ဍာရီပုံပြင်တွေ အများအပြား ရှိပါတယ်။ အကျော်ကြားဆုံး ပုံပြင်အရဆိုရင် မိုးသည်းထန်စွာ ရွာနေချိန်မှာ ဘုန်းကြီးတစ်ပါးရဲ့ ကြောင်လေးက လက်ယပ်ခေါ်တဲ့အတွက် ခရီးသွားတစ်ဦးဟာ မိုးကြိုးပစ်မည့်ဘေးမှ လွတ်မြောက်သွားခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာ ကံကောင်းခြင်းသင်္ကေတ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကံကောင်းခြင်း၊ ငွေကြေးဝင်ခြင်း {金運} နဲ့ ဖောက်သည်များကို ဆွဲဆောင်ခြင်း ဖြစ်ပြီး စီးပွားရေး လုပ်ငန်းများအတွက် အသုံးပြုတဲ့ ဖိတ်ခေါ်သော ကြောင် ရုပ်ပဲ ဖြစ်ပါတယ်။ မာနဲခိ နဲကိုရဲ့ ထူးခြားချက်ကတော့ မြှောက်ထားတဲ့ လက်အပေါ်မှာ မူတည်ပြီး အဓိပ္ပာယ် ကွဲပြားခြင်းပဲ ဖြစ်ပါတယ်။ လက်ယာဘက် ကို မြှောက်ထားရင် ငွေကြေးဥစ္စာ ကို ခေါ်ပြီး၊ လက်ဝဲဘက် ကို မြှောက်ထားရင်တော့ ဧည့်သည်များ (ဖောက်သည်များ) ကို ခေါ်တယ်လို့ ယုံကြည်ကြပါတယ်။ အဖြူရောင်က အများဆုံးဖြစ်ပြီး၊ ရွှေရောင်က ဥစ္စာဓန၊ အနက်ရောင်က ဘေးဆိုး ကာကွယ်ခြင်းကို ကိုယ်စားပြုပါတယ်။
________________________________________
၄။ Kokeshi အရုပ် {こけし}
Kokeshi အရုပ်တွေဟာ အဲဒိုခေတ်နှောင်းပိုင်းက ဂျပန်မြောက်ပိုင်း တိုဟိုကု (Tōhoku) ဒေသက ရေပူစမ်းဒေသတွေမှာ စတင်ပေါ်ပေါက်ခဲ့တာပါ။ ရေပူစမ်းကို လာရောက်တဲ့ ခရီးသွားတွေကို အမှတ်တရ လက်ဆောင်ပစ္စည်းအဖြစ် သစ်သားလက်မှုပညာရှင်များ {木地師} (Kiji-shi) က စတင်ထွင်းထုရောင်းချခဲ့ကြတာ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အလှဆင်ဖို့၊ ကလေးကစားစရာနဲ့ နောက်ပိုင်းမှာတော့ ကောင်းချီးမင်္ဂလာ ကို ယူဆောင်လာဖို့ ဖြစ်ပါတယ်။ သူ့ရဲ့ အသွင်အပြင်က ရိုးရှင်းပြီး ဦးခေါင်းနဲ့ ဆလင်ဒါပုံ ခန္ဓာကိုယ်သာပါခြင်း၊ လက်နဲ့ ခြေထောက် မပါရှိခြင်း က ထူးခြားချက်ပါ။ ကိုကဲရှိအရုပ်တွေရဲ့ မျက်နှာသွင်ပြင်ကိုလည်း ရိုးရှင်းတဲ့ လိုင်းအနည်းငယ်နဲ့သာ ဆေးခြယ်ထားပါတယ်။ Kokeshi အရုပ်တွေရဲ့ ဒီဇိုင်းနဲ့ ပုံစံဟာ သူတို့ ထွက်ရှိတဲ့ ဒေသအလိုက် ၁၁ မျိုး ခန့်အထိ ကွဲပြားပြီး၊ ဒါဟာ ဂျပန်ဒေသတွင်း လက်မှုပညာရဲ့ အနုပညာတန်ဖိုးကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
No. 678 (Kha), Thitsar Road, 6 Ward, South Okkalapa Township
Yangon