Good Shepherd Myanmar

Good Shepherd Myanmar

Share

26/06/2026

International Day against Drug Abuse and Illicit Trafficking
ဇွန်လ (၂၆)ရက်၊ ၂၀၂၆။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မူးယစ်ဆေးဝါး၏ သက်ရောက်မှုကို ခံစားနေရသူများ၊ ၎င်းတို့၏ မိသားစုများနှင့် ပြန်လည်ထူထောင်ရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနေသူများအားလုံးအတွက် ဆုတောင်းကြပါစို့။
ခရစ်တော်၏ မေတ္တာတော်သည် ဒဏ်ရာရနေသော နှလုံးသားများကို ကုစားပေးပါစေ။ မျှော်လင့်ခြင်းကင်းမဲ့နေသူများသည် အလင်းရောင်နှင့် အသစ်သော ဘဝလမ်းကြောင်းများကို တွေ့ရှိနိုင်ကြပါစေ။
မည်သူမျှ မျှော်လင့်ခြင်းကင်းမဲ့သူ မဟုတ်ပါ။ ဘုရားရှင်၏ မေတ္တာတော်၌ အမြဲတမ်း ပြန်လည်စတင်နိုင်ပါသည်။

“သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်။” (ယောဟန် ၈:၃၂)

25/06/2026

"Conflicts are fed more readily than people are nourished." — Pope Leo

ပဋိပက္ခများနှင့် စစ်မက်များကြောင့် လူပေါင်းများစွာသည် အိုးအိမ်စွန့်ခွာရခြင်း၊ ဆာလောင်မွတ်သိပ်ရခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့ရခြင်းတိုကို ရင်ဆိုင်နေကြရပါသည်။ လူသားတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ထက် ပဋိပက္ခများကို ဆက်လက်ရှည်ကြာစေသည့် အခြေအနေများကိုသာ တွေ့မြင်နေရသည်။

ငြိမ်းချမ်းရေးသည် စစ်ပွဲမရှိခြင်းသာမက လူသားတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို လေးစားခြင်းလည်း ဖြစ်ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် မေတ္တာ၊ နားလည်ခွင့်လွတ်မှုနှင့် တွေ့ဆုံဆွေးနွေးမှုတိုကို မြှင့်တင်ကာ ငြိမ်းချမ်းသော လူ့အဖွဲအစည်းတစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းကြရမည် ဖြစ်ပါသည်။

လူသားတိုင်း ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိစွာ အသက်ရှင်နိုင်သော ကမ္ဘာကြီးတစ်ခု ဖြစ်ပေါ်လာစေရန် အတူတကွ ဆုတောင်းလုပ်ဆောင်ကြပါစို့။

23/06/2026

St. John the Baptist ၏ မွေးနေ့ပွဲတော်
ဇွန်လ (၂၄) ရက်၊ ၂၀၂၆။

ကက်သလစ်အသင်းတော်သည် သူတော်စင်များစွာတို့၏ ကောင်းကင်ဘုံဝင်ပွဲနေ့များကိုသာ ကျင်းပလေ့ရှိသော်လည်း St. John the Baptist ၏ မွေးနေ့ကိုမူ အထူးဂုဏ်ပြုကျင်းပပါသည်။ သူသည် သခင်ယေဇူးနှင့် မယ်တော်မာရီယားပြီးလျှင် အသင်းတော်၏ ဝတ်ပြုခြင်းပြက္ခဒိန်တွင် မွေးနေ့ပွဲ ကျင်းပခြင်းခံရသော ရှားပါးသူတော်စင်တစ်ပါး ဖြစ်ပါသည်။

ရှင်ယောဟန်၏ မွေးဖွားခြင်းသည် သာမန်မွေးဖွားခြင်း မဟုတ်ဘဲ ဘုရားသခင်၏ ကယ်တင်ခြင်းစီမံကိန်းအတွင်း အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ကောင်းကင်တမန် Gabriel က ဖခင် ဇက္ခရိအား ယောဟန်၏ မွေးဖွားခြင်းအကြောင်း ကြိုတင်ကြေညာခဲ့ပြီး၊ သူသည် ကြွလာမည့် ကယ်တင်ရှင် သခင်ယေးဇူး၏ လမ်းတော်ကို ပြင်ဆင်ပေးရမည့်သူ ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

နောင်တရခြင်းကို ဟောကြား၍ လူအများအား သခင်ဘုရားထံ ပြန်လည်လှည့်လာစေရန် ဖိတ်ခေါ်ခဲ့သော ရှင်ယောဟန်သည် ရိုးရှင်းသောဘဝကိုနေထိုင်ခြင်း၊ ဆုတောင်းခြင်းနှင့် သစ္စာရှိစွာ သက်သေခံခြင်းဖြင့် အသက်ရှင်ခဲ့သည်။ လူအများ၏ လေးစားခြင်းကို ခံရသော်လည်း မိမိကိုယ်ကို မကြီးမြတ်စေဘဲ ခရစ်တော်ကိုသာ ညွှန်ပြခဲ့သည်။
"ကိုယ်တော်သည် တိုးတက်ရမည်၊ ငါမူကား ဆုတ်ယုတ်ရမည်။" (ယောဟန် ၃:၃၀)

ယနေ့ခေတ်တွင် လူအများသည် အသိအမှတ်ပြုခံရခြင်း၊ ကျော်ကြားခြင်းနှင့် မိမိကိုယ်ကို ဂုဏ်ဖော်ပြသနိုင်ခြင်းများကို အလေးထားနေကြသော်လည်း ရှင်ယောဟန်သည်ကာ စစ်မှန်သော ကြီးမြတ်ခြင်းသည် မိမိကိုယ်ကို မြှင့်တင်ခြင်းတွင်မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်းတွင် ရှိကြောင်း သင်ကြားပေးနေပါသည်။

ရှင်ယောဟန်ကဲ့သို့ ကျွန်ုပ်တို့လည်း မိမိ၏ မိသားစု၊ လုပ်ငန်းခွင်၊ ကျောင်းနှင့် လူမှုအသိုင်းအဝိုင်းများတွင် ခရစ်တော်ကို ညွှန်ပြပေးနိုင်သော သက်သေခံများ ဖြစ်ကြပါစို့။ မိမိကိုယ်ကို ထင်ရှားစေရန်ထက် ခရစ်တော်ကို ထင်ရှားစေရန် အသက်ရှင်နိုင်ကြပါစေ။
အာမင်။

Photos from Good Shepherd Myanmar's post 23/06/2026

"နားထောင်ခြင်းအနုပညာ"
၂၀•၆•၂၀၂၆-၂၃•၆•၂၀၂၆။
🌿🌿🌿
💥ရန်ကုန်ဂိုဏ်းချုပ်သာသနာ ဓမ္မဆရာ၊ဆရာမများ၏ ဖိတ်ကြားချက်အရ St.Peter and Paul ၊အင်းစိန်၊ ဘုရားကျောင်းတွင် "နားထောင်ခြင်း အနုပညာ" ခေါင်းစဥ်ဖြင့် Sr.Agnes Paitu (RGS)မှ ဓမ္မဆရာ၊ဆရာမများအား (၃)ရက်တာ သင်တန်းပို့ချ ဝေငှခဲ့ပါသည်။နယ်အသီးသီးမှ ဆရာ၊ဆရာမများ (၄၄)ဦးတက်ရောက်ခဲ့ကြပါသည်။

💥သာသနာအတွင်း သိုးစုများအတွက် အစေခံနေကြသော သာသနာပြု ဆရာ၊ဆရာမများလည်း မိမိတို့အစေခံနေသူများအား စာနာစိတ်ဖြင့် နားထောင်တတ်သော အရည်အချင်းများတိုးပွားလာမည်ဟု ယုံကြည်လျက်၊ သိုးထိန်းတော်ဘုရားရှင် နှင့်ပိုမိုရင်းနှီးကာ ဘုရား၏အသံတော်ကို နားထောင်ပြီးအလိုတော်အတိုင်းခွန်အားရှိစွာ ဆောင်ရွက်နိုင်ကြပါစေ။
အာမင်။
🌿🌿🌿

Want your place of worship to be the top-listed Place Of Worship in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Bogyoke Aung San Street
Yangon