Travel 47
22/06/2024
🪔 လမြတ်ဝါဆိုမှာ .... 🪔
🙏 ဝါဆိုသင်္ကန်းဆပ်ကပ်လျှူဒါန်းရင်း
ရှေးဟောင်းပုဂံဘုရားများ ဖူးမျော်ဖို့
🪔 ဖိတ်မန္ဒကပြုပါရစေ...ခင်ဗျာ 🙏
🍂 ပုဂံ ညောင်ဦး ပုပ္ပါး (၂ညအိပ် ၃ရက်)
💁 တစ်ဦးနူန်း - ၁၉၉,၀၀ဝိ/ကျပ်
( ရေကူးကန်ပါ ဟိုတယ် ၂ ညအိပ် )
စထွက်မည့်နေ့ - ၁၈.၇.၂၀၂၄ (ညနေ ၅နာရီ)
ပြန်ရောက်မည့်နေ့ - ၂၁.၇.၂၀၂၄
_________________________________________
လည်ပါတ်ရမယ့်နေရာလေးတွေ
အသေးစိတ်အနေဖြင့်
🍂 နတ်တို့ပျော်စံရာ #ပုပ္ပါးတောင်ကလပ်
နှင့်အတူ ...
#ပုဂံရှေးဟောင်းယဥ်ကျေးမူ့
နယ်မြေမှာလည်း
🙏 ရွှေစည်းခုံစေတီ
🍂 လောကနန္ဒာစေတီ
🙏 တုရင်းတောင်စေတီ နှင့်
🍂 ပြည့်ငါးပြည့်
🙏 အာနန္ဒာ
🍂 သဗဗြညု
🙏 အလိုတော်ပြည့်
🍂 မနူဟာဘုရား
🙏 မြစေတီ
🍂 ထီးလိုမင်းလို
🙏 ငှက်ပစ်တောင်
🍂 ဗူးဘုရား
🙏 ဂူပြောက်ကြီး
🍂 ကန်တော့ပလ္လင်
🙏 ဓမ္မံရံကြီး
🍂 ဓမ္မာ့ရာဇက
🙏 စူဠာမဏိ
🍂 တာမဏီသိမ်
🙏 ရှင်အဇ္ဇျဂေါနဘုရား
အစရှိသည့် စေတီပုထိုးကျောင်းကန်များလည်း
စုံလင်အောင်ပို့ဆောင်ပေးပါမည်။
________________________________________
ထို့အပြင်... 🍂 ဧရာဝတီမြစ်ကမ်းဘေး
ပုဂံမြို့သူဇာတ်ဝင်ခန်း ရိုက်ကူးခဲ့တဲ့
ရွှေကွန်ခြာဘုရားမှာ
(ငါးအမြှီးပုံ ကျစ်ဆံမြှီးသွားကျစ်မယ်)
🍂 မှန်တံတားပေါ်လမ်းလျှောက်ရင်းဖူးရမည့်
လျို့ဝှတ် ပုဂံဘုရားတစ်ဆူ
( Reflector Photo ရိုက်တဲ့နေရာလေး)
🍂 အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာ စေတီတော် ပုံစံတူ
(အေဒီ ၁၃ရာစုခေတ်) ပုဂံဗုဒ္ဓဂါယာ နဲ့
🍂 မြင်းလှည်းလေးစီးပြီး ဘုရားဖူးရမယ့် အစီအစဉ်လေးလည်းပါဝင်ပါသေးတယ်နော် ...
ထန်းရေချို ထန်းရေခါး မြည်းစမ်းရင်း ...
အညာဒေသထွက်ကုန်
လက်ဆောင်ပစ္စည်းဝယ်ဖို့ ပိုင်ထန်းတော
လည်းဝင်ရောက်ပို့ဆောင်ပေးပါမည်။ _________________________________________
ခရီးစဥ်တိုင်းတွင်ပါဝင်သော ဝန်ဆောင်မူ့များမှာ
🚍 Yutone / Higer (33/45 seater)
🏩 Accommodation in Hotels
🍱 Breakfast, Lunch & Dinner
🚖 VIA & Entrance fee Complete
📃 Travel insurance
👫 Tour Leader and Guide
🚰 Fully Drinking water
🪔 လမြတ်ဝါဆိုခရီးစဉ်ဖြစ်သောကြောင့်
ဝါဆိုသင်္ကန်းဆပ်ကပ်လျှူဒါန်းရန်
တစ်ဦးလျှင် သင်္ကန်းတစ်စုံဆီ (အခမဲ့)
ပေးဝေသွားပါမည်။ 🙏
________________________________________
Travel 47 အနေဖြင့် ခရီးစဉ်လမ်းကြောင်းတစ်ခုလုံးအပေါ်တာဝန်ယူနိုင်ပြီး ဖော်ရွေပျူငှာပြူငှာသော Tour Leader တွေနဲ့သာပို့ဆောင်ပေးနေခြင်း ဖြစ်ပါတယ်။
နှစ်စဥ် ကားစင်းလုံးငှားအော်ဒါများကိုလည်း
အဆင်ပြေစွာ မြန်မာပြည်အနှံ့ ၀န်ဆောင်မှုပေးနေတဲ့ ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
Travel 47 နဲ့ ခရီးသွားဖူးသူတိုင်း
ကျနော်တို့ရဲ့စေတနာ နဲ့ ၀န်ဆောင်မှုကို သိနေပြီဖြစ်သောကြောင့် ခရီးသွားတော့မယ်ဆိုရင် ....
#အသက်သာဆုံးသောနူန်းထား
#အကောင်းဆုံးသောဝန်ဆောင်မူ့
#ယုံကြည်စိတ်ချရဆုံးသော
ကျနော်တို့ Travel 47 travel & tour နှင့်လိုက်ခဲ့ဖို့
ဖိတ်ခေါ်ပါရစေခင်ဗျာ
_________________________________________
အခြားသောခရီးစဥ်များလည်းစုံစမ်းနိုင်ပါသည်။
________________________________________
🏢 Travel 47 , ၂/၅၀၆၊ ပန်းလိူင်အိမ်ယာ၊
အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊
ရန်ကုန်မြို့။ Post code - 11101
☎️ - 09 96 447 4141 ( Viber & Whatsapp )
- 09 79 552 3001
- 09 42 567 5957
ယခုမှစတင်လုပ်ကိုင်သော ခရီးသွားလုပ်ငန်း
မဟုက်ပဲ ကမ္ဘာ့ကပ်ရောဂါ ( corona-19)
ဖြစ်ပွားနေစဉ် ခေတ္တရပ်နားထားသော
ခရီးသွားလုပ်ငန်းဖြစ်ပါသည်။
#ပုဂံ #ပုပ္ပါး
17/05/2024
မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်ခ
နှုန်းထားများ
___________________________________
လေအိတ်ရထား အထက်တန်း
မော်လမြိုင် - ရန်ကုန်
- ၁၁,၀၀၀ကျပ်
မော်လမြိုင် - ပဲခူး
- ၈,၀၀၀ကျပ်
မော်လမြိုင် - ဝေါ
- ၇,၀၀၀ကျပ်
မော်လမြိုင် - သိမ်ဇရပ်
- ၆,၀၀၀ကျပ်
မော်လမြိုင် - မုပ္ပလင်
- ၆,၀၀၀ကျပ်
မော်လမြိုင် - ကျိုက္ကသာ
- ၆,၀၀၀ကျပ်
မော်လမြိုင် - ကျိုက်ထို
- ၅,၀၀၀ကျပ်
မော်လမြိုင် - မရမ်းကုန်း
- ၅,၀၀၀ကျပ်
မော်လမြိုင် - တောင်စွန်း
- ၅,၀၀၀ကျပ်
မော်လမြိုင် - နှင်းပုလဲ
- ၄,၀၀၀ကျပ်
မော်လမြိုင် - သိမ်ဆိပ်
- ၃,၀၀၀ကျပ်
မော်လမြိုင် - သထုံ
- ၃,၀၀၀ကျပ်
မော်လမြိုင် - ရင်းငြိမ်
- ၂,၀၀၀ကျပ်
မော်လမြိုင် - ဇင်းကျိုက်
- ၂,၀၀၀ကျပ်
မော်လမြိုင် - ပေါင်
- ၂,၀၀၀ကျပ်
မော်လမြိုင် - မုတ္တမ
- ၁,၀၀၀ကျပ်
___________________________________
လေအိတ်ရထား ရိုးရိုးတန်း
မော်လမြိုင်မှ - ရန်ကုန်
- ၆,၀၀၀ကျပ် ( AAR - ၅,၀၀၀ကျပ်)
- ပဲခူး = ၄,၀၀၀ကျပ်
- ဝေါ = ၄,၀၀၀ကျပ်
- သိမ်ဇရပ် = ၃,၀၀၀ကျပ်
- မုပ္ပလင် = ၃,၀၀၀ကျပ်
- ကျိုက္ကသာ = ၃,၀၀၀ကျပ်
- ကျိုက်ထို = ၃,၀၀၀ကျပ်
- မရမ်းကုန်း = ၃,၀၀၀ကျပ်
- တောင်စွန်း = ၃,၀၀၀ကျပ်
- နှင်းပုလဲ = ၂,၀၀၀ကျပ်
- သိမ်ဆိပ် = ၂,၀၀၀ကျပ်
- သထုံ = ၂,၀၀၀ကျပ်
- ရင်းငြိမ် = ၁,၀၀၀ကျပ်
- ဇင်းကျိုက် = ၁,၀၀၀ကျပ်
- ပေါင် = ၁,၀၀၀ကျပ်
- မုတ္တမ = ၁,၀၀၀ကျပ်
_____________________________________
AAR ရထား နှင့် ခရီးဝေးဈေးနူန်းအနည်းငယ်သာပြောင်းလဲမူ့ရှိသည်။
မီရထားလက်မှတ်များကို
လူကိုယ်တိုင် မှတ်ပုံတင်ကိုင်ဆောင်၍
လာရောက်ဝယ်ယူရမှာဖြစ်ပြီး
(အွန်လိုင်း)မှရောင်ချချင်းမရှိကြောင်း
မြန်မာ့မီရထားထံမှသိရသည်။
13/03/2024
😊 1.3.24 ရက်နေ့ ညထွက်ခွာရျ် ...4.3.24 ညပြန်လည်ရောက်ရှိသော ...
မော်တင်စွန်းဘုရားပွဲ ၊ ငွေတောင်ကမ်းခြေ ၊
ဟိုင်းကြီးကျွန်း ၊ ချောင်းသာကမ်းေခြ
ခရီးစဉ် အမှတ်တရလေးပါခင်ဗျ။
စီးနင်းလိုက်ပါ အားပေးကြပါသော
ဧည့်သည်တော်များအား
အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့်
ထပ်မံပို့ဆောင်ခွင့် ရရှိပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျ။..☺️
#မော်တင်စွန်း
#ပုသိမ်မော်တင်စွန်း
#ဟိုင်းကြီးကျွန်း
#ငွေတောင်ကမ်းခြေ
#ချောင်းသာကမ်းခြေ
#ခရီးသွားလုပ်ငန်း
25/02/2024
မော်တင်စွန်းစေတီသည် ကမ္ဘာ့မြေပြင်ပေါ်တွင်ပထမဦးဆုံးတည်ထားသည့်စေတီဖြစ်ပါသည်။
ဇေယျသေနနဂါးမင်း မြတ်မော်တင်ဆံတော်ရှင်စေတီပေါ်ပေါက်ရေးအတွက် ဘီလူးတွေနဲ့စစ်ခင်းခဲ့ရသည်
ရှေးအခါက နဂါးရစ်တောင်၊ သရဏတောင်၊ နီရဘန်တောင်၊(ယခု)မော်တင်စွန်းနေရာဒေသသည် ဘီလူးများကြီးစိုးရာကျွန်းတစ်ကျွန်းဖြစ်ပါသည်။
အနောက်မဇ္ဈိမဒေသတွင် ဗုဒ္ဓဘုရားပွင့်တော်မူသည့်သတင်းသည်
ဘောဂဝတီနဂါးပြည်ထိ ပြန့်နှံ့စေပြီး
ဘုရားကိုဖူးမြှော်ခွင့် တရားနာခွင့်ရရန် နတ်နဂါးတွေနည်းမျိုးစုံနဲ့ကြိုးပမ်းကြပါသည်
တချို့နတ်နဂါးတွေဆိုရင် လူယောင်ဖန်ဆင်းပြီး ဘုရားသာသနာဘောင်ထဲဝင်ကြသည်
ဘုရားဟောတဲ့တရားတွေကို ဘောဂဝတီပြည်သို့ တဆင့်ပြန်ပို့ပေးကြသည်
အဲ့ဒီထဲမှာ ဇေယျသေနနဂါးမင်းအပါအဝင်ဖြစ်ပါသည်။
ဗုဒ္ဓဘုရားဆံတော်(၈)ဆူကို တဖုဿနှင့်ဘလ္လိကကုန်သည်ညီနောင်ကို ချီးမြှင့်လိုက်ကြောင်း ထိုကုန်သည်ညီနောင်သည် ပင်လယ်ခရီးဖြင့်လာနေကြောင့်ကို ဇေယျသေနနဂါးမင်းကြားသိသောအခါ
နတ်နဂါးတွေပူဇော်ရန် ဆံတော်တောင်းယူရန်ဆန္ဒပြင်းပြနေသည်
ဘုရားဆံတော်ရရင် စေတီတည်ထားကိုးကွယ်ပါမည်ဟု အဓိဌာန်ပြုထားပြီး
ဆံတော်ရှင်စေတီတည်ရန် ပင်လယ်ကမ်းစပ်ကိုလိုက်ရှာကြည့်တဲ့အခါ ဘီလူးများကြီးစိုးရာ နဂါးရစ်တောင်(ယခု)မော်တင်စွန်းနဲ့အသင့်တော်ဆုံးမို့ ဤနေရာမှာ စေတီတစ်ဆူတည်ထားကိုးကွယ်ရန်အတွက် ဘုရားမြေအဖြစ်သတ်မှတ်ပေးဖို့ ဘီလူးတွေကို ဇေယျသေနနဂါးမင်း ခွင့်ပန်သော်လည်း ဘီလူးများကလုံးဝလက်မခံကြဘူး ဒါကြောင့် ဘီလူးနဲ့နဂါးစစ်ခင်းကြပါသည်။
ရေထဲကနဂါးကို ကုန်းပေါ်ကဘီလူးတွေက ကျောက်တောင် ကျောက်သား ကျောက်တုံးတွေနဲ့လှမ်းထုကြတယ်
နဂါးတွေကလဲ မီးလျှံမီးတောက်နဂါးငွေ့ဖြင့် ပစ်မူတ်ကြတယ် တချို့နဂါးတွေက ဒီရေလှိုင်းလုံးကြီးတွေနဲ့ ရိုက်ခတ်ကြတယ်
ဧရာပထနဂါးမင်းတို့ နမ္မဒါနဂါးမင်းတို့ပါ စစ်ကူပေးတယ်လို့ဆိုပါတယ်
ဘီလူးတွေအင်အားကြီးတဲ့အတွက် ဇေယျသေနနဂါးမင်းက စစ်ဗျူဟာခင်းဉာဏ်သုံးပြီး တောင်ကို နဂါးအမြီးတွေနဲ့ရစ်ပတ်ထားပြီး ပင်လယ်ထဲသို့ဆွဲချရန် ပြင်ဆင်ကြပါသည်။
တောင်ကုန်းပေါ်ကဘီလူးတွေ မင်းတို့ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ရေထဲရောက်ရင် နဂါးအစာပဲဟု ဇေယျသေနအော်ပြောတဲ့စကားသံကြောင့် ဘီလူးတွေကြောက်လန့်ပြီးထွက်ပြေးသွားကြသည်
ဒါကြောင့် နဂါးရစ်တောင်ဟုအမည်တွင်လေသည်
ဇေယျသေနနဂါးမင်းတို့သည် နဂါးရစ်တောင်ကို စေတီတည်ရန် ကြိုတင်သန့်ရှင်းရေးလုပ်ထားကြပြီး
တဖုဿနှင့်ဘလ္လိကညီနောင်တို့ ကုန်သည်လှေဆိုက်ရောက်လာသွားအခါ နတ်နဂါးတွေကိုးကွယ်ပူဇော်ရန်အတွက် ဘုရားဆံတော်နှစ်ဆူတောင်းခံသော်လည်း မရသဖြင့် ဘုရားဆံတော်နှစ်ဆူကို ခိုးယူလိုက်ပါသည်။
#စကားရပ်ရှင်းလင်းချက်။
ဗုဒ္ဓရဲ့ဓာတ်တော်စစ် ဆံတော်စစ်များကို မည်သူမှ ခိုးယူခြင်း ဖျက်ဆီးခြင်း မရကြောင်း ဓမ္မစာပေများမှာတွေ့ရပါတယ်
ဒါကြောင်း ဘုရားပရိနိဗ္ဗာန်ပြုပြီး ဓာတ်တော်မွေတော်များလုယူရန် အတိုင်းတိုင်းအပြည်ပြည်မှ စစ်ခင်းယူရန်ကြိုးပမ်းလာကြသဖြင့် အညီအမျှဓာတ်တော်ဝေခန်းကိုလည်း ဗုဒ္ဓဝင်ကျမ်းမှာတွေ့ရပါသည်။
ရန်ကုန်ဗိုလ်တထောင်ဘုရားသမိုင်းမှာ ဇေယျသေနနဂါးမင်းခိုးသွားသည့် ဆံတော်၂ဆူသည် ရွှေကြုပ်ထဲသို့ပြန်ရောက်လာကြောင့် ဖော်ပြထားပါတယ်။
တဖုဿနှင့်ဘလ္လိကညီနောင်ထံမှ ဘုရားဆံတော်ကို ဇေယျသေနနဂါးမင်း ယူမှာကို ဗုဒ္ဓဘုရားကြိုသိနေကြောင်း၊
ဤဆံတော်သည် နောင်တချိန်တွင် မော်တင်စွန်းစေတီအဖြစ် လူနတ်ဗြဟ္မာ နဂါးဘီလူးတို့ ကိုးကွယ်ရာစေတီတစ်ဆူဖြစ်လာမှာဖြစ်ကြောင်း၊ ငါဘုရားကိုယ်တော်တိုင်ကြွရောက်ဖူးမြှော်ရမည့် ဘုရားတစ်ဆူဖြစ်ကြောင်းကို ဘုရားကြိုသိကြိုမြင်သဖြင့် ဘုရားကိုယ်တိုင်ကျေနပ်စွာခွင့်ပြုခဲ့လို့သာ ဇေယျသေနနဂါးမင်း ဆံတော်ကိုပင့်ယူလို့ရသွားတာဖြစ်ပါတယ်။
တဖုဿနှင့်ဘလ္လိကတို့ ဘုရားဆံတော်ပင့်ဆောင်လာသောလှေမှာ သိကြားမင်းနှင့် နတ်စစ်သည်ပေါင်းများစွာ ခြံရံလိုက်ပါလာသဖြင့် ရန်သူမျိုးငါးပါးကို လုံခြုံစိတ်ချရသည်ဟု
သိကြားသာသနာ မှတ်တမ်းမှာပြဆိုထားပါတယ်။
ဇေယျသေနနဂါးမင်း ဘုရားဆံတော်ကို ဘာကြောင်းရယူသွားသလဲဆိုရင် ဘုရားလောင်း ဘူရိဒတ်ဇာတ်နဂါးမင်းနှင့် ဇေယျသေနနဂါးမင်းတို့ သွေးဆက်သားဆက်တော်စပ်မူကြောင့် ဇေယျသေနနဂါးမင်း ဘုရားဆံတော်ရသွားသည်ဟုဆိုပါတယ်။
(ဖြစ်နိုင်၏ မဖြစ်နိုင်၏ကို စဉ်းစားတွေးခေါ် ဆက်စပ်ကြည့်ရင်သိနိုင်ပါတယ်)
ဇေယျသေနနဂါးမင်း မော်တင်စွန်း ဆံတော်ရှင်စေတီ စတင်တည်သည့်နေ့သည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့်နေဖြစ်ပါသည်။
၎င်းနေ့မှာ မြတ်စွာဘုရား မိဂဒါဝုန် အင်ကြင်းတော၌ ပဉ္စဝဂ္ဂီ ငါးဦးကို ဓမ္မစကြာ တရားဦးဟောသောနေ့နှင့်တိုက်ဆိုင်နေတာတွေ့ရပါသည်
ဗုဒ္ဓဘုရားသက်တော်ထင်ရှားရှိစဉ်၊ တရားဦးဓမ္မစကြာတရားဟောကြားချိန်မှာ ဇေယျသေနနဂါးမင်း မော်တင်စွန်းဘုရားကို စတင်တည်ဆောက်နေပါပြီ။
ဒါကြောင့် မော်တင်စွန်း ဆံတော်ရှင်စေတီတော်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာရောက်ရှိသည့် အထိမ်းအမှတ်အဖြစ် ပထမဆုံးတည်သည့် စေတီတော်ဖြစ်ပြီး ကမ္ဘာမြေပြင်ပေါ်တွင် ပထမဆုံးတည်ထားသည့် စေတီတော်အဖြစ်မှတ်တမ်းတင်ခဲ့ပါသည်။
မြတ်စွာဘုရားပွင့်တော်မူရာ မဇ္ဈိ မဒေသတွင်ပင် စေတီမတည်နိုင်သေးဘူး မော်တင်စွန်းစေတီကိုတည်ထားနိုင်သဖြင့် သာသနာတော် အစ မော်အစွန်းကဟုပင် ဆိုကြပါသည်။
ဇယျသေန နဂါးမင်းသည် ဘုရားဆံတော်နှစ်ဆူအား မော်တင်နဂါးရစ်တောင်ထိပ်၌ ဌာပနာသွင်း၍ စိုင်တမော.အရွယ်ရှိ စေတီတစ်ဆူကို ပူဇော်ထားခဲ့ပါသည်။
စိုင်တမော့အရွယ်ဆိုသည်မှာ လူတရပ်ခန့်အမြင့်ကိုဆိုလိုပါသည်။
မြတ်စွာဘုရားသည် ၈ ဝါမြောက်တွင် သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွလာခဲ့သောအခါ မော်တင်တောင်ထိပ်သို့ကြွရောက်လာပြီး နဂါးမင်းတည်ခဲ့သည့် မော်တင်စွန်းစေတီတော်သည် ရောင်ခြည်တော်ကွန့်မြူးသဖြင့် မြတ်စွာဘုရားသည် စေတီတော်ကို လက်ယာရစ်ပတ်ပူဇော်ခဲ့ပါသည် ဒုတိယအကြိမ် ကြွတော်မူလာသည့်အခါတွင်လည်း လက်ယာရစ်ကြွတော်မူပြီး မေတ္တာတော်ဓာတ်လွှမ်းခြုံပေးခဲ့ပါသည်။
သာသနာတော် သက္ကရာဇ် ၂၃၆ တွင် အရှင်မဟာမောဂလ္လိ တိသဿ မထေရ် နှင်. အရှင်ဥတ္တရ မထေရ်မြတ်တို.၏ တန်ခိုးတော် နှင်. မင်းကြီးနှင်.တကွ မိဖုရား..မောင်းမမိဿံ အခြွေအရံတို.ကြွရောက်ပြီး မွမ်းမံခဲ့ကြပါသည်။
ထို့နောက်သက္ကရာဇ် (၄၅၇) ခုနှစ်တွင် ပုဂံပြည့်ရှင် အလောင်းစည်သူ မင်းကြီးသည် တိုင်းခန်းလှည့်လည်ရာ စေတီတော်ရှိရာ နဂါးရစ်အငူ မော်တင်စွန်းသို့ ရောက်သောအခါ မော်တင် တောင်ထိပ်၌ ရှိသော ဆံတော်ရှင်စေတီမှ ရောင်တော် ကွန့်မြူးသည်ကို အံ့သြဖွယ် မြင်တွေ့ရပြီးဖောင်တော်ရပ်တန့်ဖူးမြှော်ခဲ့ကြသည်။
ထို့နောက် စေတီတော်ကို တက်ရောက် ပူဇော်၏။ ထိုစေတီတော်၏ အနီးတွင် မင်းမြှောက်တန်ဆာ ငါးငါး၊ သင်္ကန်းနှင့် ဓာတ်တော်များကို ဌာပနာ၍ဖောင်တော်ဆိုက်ကပ်သည့် အနေဖြင့် ဖောင်တော်ဦးစေတီတော်ကို တည်ထားခဲ့သည်။
မော်တင်စေတီတော်ကိုမူ ဉာဏ်တော် အတောင်၄၀ အထိ မြှင့်တင်ကာ ရတနာအုတ်ကျောက်တို့ဖြင့် မွမ်းမံခဲ့သည်။ ထို့ပြင် ဖောင်တော်ဆိပ်စေတီတော်ကိုလည်း ကျောက်ဆောင်ပေါ်တွင် တည်ခဲ့လေသည်။
#ဇေယျသေနနဂါးမင်းနှင့်အလောင်းစည်သူမင်း တို့ ဇာတ်လမ်းကိုစာတန်းရှည်၍ မရေးတော့ပါ။
မော်တင်စွန်းဘုရားသက်တမ်းကိုတွက်ကြည့်တဲ့အခါ
မဟာသက္ကရာဇ်(၁၀၃)ကဆုန်လပြည့်နေ့ ဘုရားပွင့်ပြီး ၃-လမြောက်မှာ ဆံရှင်တော်မြတ်မော်တင်စေတီကိုတည်ထားကိုးကွယ်ခဲ့ပါသည်
ယခုဆိုရင် သာသနာသက္ကရာဇ်၂၅၆၆နှစ်ဖြစ်သည့်အတွက်
မော်တင်စွန်းဘုရားသက်တမ်းသည် နှစ်ပေါင်း၂၆၀၀ကျော်ရှိသည်ကိုတွေ့ရပါသည်။
Crd ...
25/01/2024
#မော်တင်စွန်းဘုရားပွဲ လိုက်ခဲ့ပါခေါ်မယ်
🗓️ တစ်နှစ်မှာ တစ်လသာ ကျင်းပတဲ့
🙏 မြတ်မော်တင်စွန်းဘုရားပွဲတော်နှင့်အတူ
🏊 ချောင်းသာကမ်းခြေ ခရီးစဉ် ...
🌸တစ်ဦး ( 160,000 ) ကျပ်
🏘️( Motelတည်း အပြီးအစီး စာရိတ်ငြိမ်း )
___________________________________________
💁 လည်ပါတ်ဖူးမျှော်ရမည့်နေရာများမှာ
မဟာကုဋရံသီ မော်တင်စွန်းစေတီတော်မြတ်
#ရွှေမုဌောစေတီ (ပုသိမ်)
#ဖောင်ေတာ်ဦးစေတီ
#ကျိုက်တိစေတီ
#ဟိုင်းကြီးကျွန်း
#ခမောက်မှော်
#ေငွတောင်ကမ်းခြေ
#ချောင်းသာကမ်းခြေ ___________________________________________
🧳 ခရီးသွားမည့်ရက်
👉 1.3.2024( သောကြာ ညနေထွက်)
4.3.2024 ( တနင်္လာ ညရောက်)
👉 8.3.2024 ( သောကြာ ညနေထွက်)
11.3.2024 ( တနင်္လာ ညရောက်)
👉 15.3.2024 ( သောကြာ ညနေထွက်)
18.3.2024( တနင်္လာ ညရောက်)
👉 22.3.2024 ( သောကြာ ညနေထွက်)
25.3.2024 ( တနင်္လာ ညရောက်)
___________________________________________
ခရီးစဥ်Packageတွင်ပါဝင်သောဝန်ဆောင်မှုများ
♦️ Higer , Yutong ( 40 / 33 seater နောက်ဆုံးပေါ်ကားကြီးများဖြင့်ပို့ေဆာင်ပါမည်။)
♦️ Motel 2 Night
♦️ တဆင့်သွားကားခ /ဝင်ကြေးများ
♦️ စက်လှေခ
♦️ နေ့လည်စာ ၊ညစာ များကို နာမည်ကြီး ထမင်းဆိုင်များတွင် ကျွေးပါမည်။
♦️ အဆာပြေ snackမုန့် နှင့် အချိုရည်
♦️ ရေသန့် / mask / tissue / စနိုးတာဝါ
♦️ သွားတိုက်ဆေး ၊သွားပွတ်တံ
♦️ ခရီးသွားအာမခံ
♦️ အခြေခံအိမ်သုံးဆေးဝါးများ
♦️ ယဥ်ကျေးပြူဌာသော ကျွမ်းကျင်သောtour guideများမှ ခရီးစဥ်အစအဆုံးလိုက်ပါဝန်ဆောင်မှုပေးပါမည်။
_______________________________________________
🚍Tour နဲ့သွားတဲ့ခရီးဆိုပေမယ့် တစ်နေရာနဲ့တစ်နေရာ အလုအယက်သွားစရာမလိုပဲ
အေးအေးဆေးဆေး လိုက်ပို့ပေးမယ့် ခရီးလေးပါ
💁 ခရီးစဥ်လေးမှာ ဘယ်လိုလည်ပါတ်ရမယ်ဆိုတာ စိတ်ပါဝင်စား၍ မေးမြန်းသိရှိလိုပါက
Page massenger သို့ အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ့
__________________________________________
Travel 47 အနေဖြင့် ခရီးစဉ်လမ်းကြောင်းတစ်ခုလုံးအပေါ်တာဝန်ယူနိုင်ပြီး ဖော်ရွေပျူငှာပြူငှာသော Tour Leader တွေနဲ့သာပို့ဆောင်ပေးနေခြင်း ဖြစ်ပါတယ်။
နှစ်စဥ် #ကားစင်းလုံးငှား အော်ဒါများကိုလည်း
အဆင်ပြေစွာ မြန်မာပြည်အနှံ့ ၀န်ဆောင်မှုပေးနေတဲ့ #ခရီးသွားလုပ်ငန်း တစ်ခု ဖြစ်ပါတယ်။
Travel 47 နဲ့ ခရီးသွားဖူးသူတိုင်း
ကျနော်တို့ရဲ့စေတနာ နဲ့ ၀န်ဆောင်မှုကို သိနေပြီမို့
ခရီးသွားတော့မယ်ဆိုရင် ....
#အသက်သာဆုံးသောနူန်းထား
#အကောင်းဆုံးသောဝန်ဆောင်မူ့
#ယုံကြည်စိတ်ချရဆုံးသော
ကျနော်တို့ Travel 47 နှင့်လိုက်ခဲ့ဖို့
ဖိတ်ခေါ်ပါရစေခင်ဗျာ
___________________________________________
ရွှေစက်တော်ခရီးစဥ်လည်းရှိပါတယ် ခင်ဗျာ ။___________________________________________
🏢 Travel 47 , ၂/၅၀၆၊ ပန်းလိူင်အိမ်ယာ၊
အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊
ရန်ကုန်မြို့။ Post code - 11101
☎️ 09 96 447 4141 ( Viber & Whatsapp )
☎️ 09 42 567 5957
ယခုမှစတင်လုပ်ကိုင်သော ခရီးသွားလုပ်ငန်း
မဟုက်ပဲ ကမ္ဘာ့ကပ်ရောဂါ ( corona-19)
ဖြစ်ပွားနေစဉ် ခေတ္တရပ်နားထားသော
ခရီးသွားလုပ်ငန်းဖြစ်ပါသည်။
လိုက်ပါအားပေးသူများနှင့်
Like 👍 & Share 🤝 လုက်ပေးသူများလည်း
ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ့ 😍
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
2/506 PanHlaing Housing, , Lower Kyimyindine Road, Kyimyindine
Yangon
11101