Makeup by Theint

Makeup by Theint

Share

Photos from Makeup by Theint's post 31/03/2026

ချစ်သူဖြစ်ပြီး 4 လအကြာမှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ...အခုတော့ အိမ်ထောင်သက်တန်း 6 နှစ်တောင်ရှိသွားခဲ့ပြီ

4 လထဲနဲ့ လက်ထပ်ကြမလား ဆိုတော့ လက်ခံ ခဲ့သော တစ်ခုထဲသော အကြောင်းက ပေးထားတဲ့ ပြောထားတဲ့ စကားတွေဆို ဘယ်တော့ မဆို တည်အောင် ကြိုးစားပေးတဲ့ သူမလို့ပါ

ကိုကို ကလေ အမြဲ သူလုပ်ပေးနိုင်တာပဲ ကတိပေးတယ် ...ပေးတဲ့ကတိ ဘာအကြောင်းရှိရှိ တည်နိုင်အောင်ကြိုးစားတယ် ...ဒါတစ်ခုထဲနဲ့ သိမ့် သူကို လက်ထပ်ခဲ့တာ
ယောကျာ်းကောင်း ဆိုတာ သိခဲ့တာ ...ဒီနေ့ထိတော့ မမှားခဲ့ဘူး

4 လထဲ နဲ့ တည်နိုင်မှာပေါ့ ဆိုရအောင်လဲ တကယ် စိတ်ပါတဲ့ တစ်ကယ့်စိတ်ရင်းရှိတဲ့ သူ့စိတ်ကို မြင်ခဲ့လိုပါ ...ပြောလိုက်တဲ့ စကားရဲ့ အလေးအနက်ထားခြင်း မထားခြင် ကိုလဲ မြင်နေရတာပဲလေ

လူဆိုတာ ပြောင်းလဲ တတ်တာမလို အမြဲ 100% မပြောင်းလဲ နိုင်ဘူးလို့ လက်မခံထားပေမဲ့ ကိုကို နဲ့ တူတူရှိခဲ့တဲ့ 6 နှစ်ကျော် 7 နှစ်နီးပါးမှာ တော့ ကိုကို က သူ့ရဲ့ အကောင်းဆုံး တွေ ပဲ သိမ့် နဲ့ သားလေး အပေါ်ပေးခဲ့တာ

Right Time , Right Person ဖြစ်ခဲ့တာပေါ့ ...ကိုကို ကို အမြဲ ပြောဖြစ်တယ် ...ကိုကို နဲ့ စကားစပ်ရင်းပြောဖြစ်တာ ဟိုးရင် က သိမ့် နဲ့ ကိုကို နဲ့ နေတာ တစ်လမ်းပဲ ခြားပေမဲ့ မတွေ့ဖူးကြဘူး ...အဲ့အချိန်သာတွေ့ပြီး ချစ်ခဲ့ကြရင် ကွဲမှာလို့ ...တကယ့်စစ်မှန်တဲ့ သူကို စစ်မှန်တဲ့ အချိန်မှာ တွေ့ဖို့ကလဲ အရေးကြီးခဲ့တာ

တောင်းဆို စရာမလိုအောင် လိုက်ချင်တယ် ခေါ်ပါ ကလေးမပါပဲ မသွားရဘူးနော် လို့ ပြောစရာမလိုအောင် ဘယ်သွားသွား ခေါ်သွား ( အလုပ်ကိစ္စလဲ ရရင်ရသလိုခေါ်နေလို့ ) ကိုကိုရယ် ကိုယ့်ဘာသာပဲ သွားပါ , မလိုက်တော့ပါဘူး ပြောရတဲ့ အထိ

သိမ့်မပါတဲ့နေရာဆို မသွားတော့ဘူး လုပ်တတ်လို့ ရတယ် သွားပါ ဆိုပြီး အမြဲ တွန်းလွှတ်ရတယ် ( နောက်ပိုင်း သူ့မှာ သူငယ်ချင်း , အပေါင်းအသင်း တွေ နည်းလာလို့ ပေါင်းပါ , လိုက်သွား နဲ့ ) အမြဲ တွန်းနေရတာ

UAE ပြောင်းတော့လဲ 3 လထဲနဲ့ သူရအောင်ခေါ်ရှာတယ် ...ခွဲနေရတဲ့ 3 လလုံး 2 ယောက်လုံး ငိုလိုက်ရတာ ဆိုတာ

မိန်းမကြိုက်တာလုပ် , ဟင်းချက်ချင်ချက် မချက်ချင်ရင် သူအားရင် ချက်ပေးခဲ့တယ် , သူမအားရင် ဝယ်စားလိုက်နော် ပင်ပန်းရင် ချက်မနေနဲ့ အမြဲပြောတာ , UAE က work & life balance မမျှဘူးနော် ..အလုပ်ချိန် အရမ်းများတယ် ...အဲ့ကြားထဲက အဝတ်လျှော် ပန်ကန်ဆေးက ခုထိ သူပဲ လုပ်တာ သိမ့်က ဆပ်ပြာနဲ့ မတည့်လို့ ...ပိတ်ရက်ဆို လဲ ဟင်းအမြဲ ချက်ကျွေးသေးတာ

အိမ်ထောင်ကျတော့ အမြဲ ပျော်ရွှင်နေတာတော့ မဟုတ်ဘူး ...အိမ်ထောင်အပူ မိသားစု အပူ တွေရှိတော့ တစ်ခါတစ်ရံတော့လဲ စကားများတာတွေရှိတာပေါ့ ...ဒီလိုပဲ တူတူ ရင်ဆိုင်ကျော်ဖြတ်ရတာပေါ့

အိမ်ထောင်စကျထဲက ကိုဗစ်ရယ် ကိုစစ်ရယ် ရင်ဆိုင်ခဲ့ကြပြီး အခု UAE မှာတောင် missile တွေ ရင်ဆိုင် နေကြရတုန်း 🙂‍↔️
လမ်းတွေကတော့ မလွယ်ကူခဲ့ဘူး

ဒါပေမဲ့ ဘာတွေ ဖြစ်ဖြစ် အမြဲ အနားရှိပြီး ဂရုစိုက်ပေး တာတွေ နဲ့တင် အများကြီး ကျေးဇူးတင်ပါတယ် , ချစ်တယ် ကိုကို

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon