LIFT Myanmar
စိုက်ပျိုးရေးမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများသည် တန်ဖိုးရှိသော အရင်းအမြစ်တစ်ခုဖြစ်ပါသည်။ ဥပမာအားဖြင့် Bokashi ကဲ့သို့သော သဘာဝမြေဩဇာ များထုတ်လုပ်နိုင်ပါသည်။
Bokashi သည် ဆန်နုနယ်ဖတ်၊ ခြောက်သွေ့သော တိရစ္ဆာန်အညစ်အကြေး၊ စပါးခွံမီးသွေးမှုန့်၊ ထန်းလျက်ရည်နှင့် အကျိုးပြု အဏုဇီဝပိုးများကဲ့သို့ ဒေသတွင်းရရှိနိုင်သော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အချဉ်ဖောက်အခြေပြု သဘာဝမြေဩဇာတစ်မျိုးဖြစ်ပါသည်။
အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများကို မြေဩဇာအဖြစ် ပြောင်းလဲအသုံးပြုခြင်းသည် မြေဆီလွှာကျန်းမာရေးကို ကောင်းမွန်စေပြီး သီးနှံကြီးထွားမှုကို အထောက်အကူပြုကာ ဓာတုသွင်းအားစုများအပေါ် မူတည်မှုကို လျှော့ချနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း၊ ဒေသတွင်းအရင်းအမြစ်များကို အသုံးချနိုင်ခြင်းနှင့် ပြောင်းလဲနေသော အခြေအနေများအောက်တွင် ခံနိုင်ရည်ကို တည်ဆောက်နိုင်ခြင်းတို့ကို အထောက်အကူပြုပါသည်။
ဤဗီဒီယိုတွင် Bokashi ကို မည်သို့ပြုလုပ်သည်နှင့် ၎င်းက ပိုမိုရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များကို မည်သို့ ပံ့ပိုးနိုင်သည်ကို လေ့လာနိုင်ပါသည်။
သတိပြုရန် 🤖: ဤဗီဒီယိုတွင် ပညာပေးနှင့် ဇာတ်ကြောင်းဖော်ပြမှုအတွက် ဖန်တီးထားသော AI-generated visuals များ ပါဝင်ပါသည်။ ဖော်ပြထားသော လူပုဂ္ဂိုလ်များ၊ နေရာများနှင့် မြင်ကွင်းများသည် အမှန်တကယ်ရှိသူများ သို့မဟုတ် အမှန်တကယ် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကို ကိုယ်စားပြုဖော်ပြထားခြင်း မဟုတ်ပါ။
19/05/2026
မိုးရာသီသည် မြန်မာနိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ သို့သော် လယ်သမားများ စိုက်ပျိုးသော သီးနှံများသည် ၎င်းတို့ နေထိုင်ရာဒေသပေါ်မူတည်၍ ကွာခြားတတ်ပါသည်။
ဂေဟစနစ်မတူညီသော ဒေသများတွင် မိုးရေချိန်ပုံစံ၊ အပူချိန်၊ မြေမျက်နှာသွင်ပြင်နှင့် စိုက်ပျိုးရေးအခြေအနေများလည်း မတူညီကြပါ။ ထိုအချက်များက မိုးရာသီအတွင်း စိုက်ပျိုးသည့် သီးနှံအမျိုးအစားများနှင့် ၎င်းတို့အပေါ် မူတည်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို သတ်မှတ်ပေးပါသည်။
မြစ်ဝကျွန်းပေါ်ဒေသရှိ စပါးခင်းများမှစ၍ တောင်ကုန်းဒေသများရှိ ပြောင်းနှင့် ဟင်းသီးဟင်းရွက်များအထိ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးစနစ်များသည် ရာသီဥတုနှင့် ပထဝီအနေအထားတို့နှင့် နီးကပ်စွာ ချိတ်ဆက်နေပါသည်။
မြန်မာနိုင်ငံတစ်ဝန်း မိုးရာသီအတွင်း ဘယ်ဒေသတွင် ဘာသီးနှံများ စိုက်ပျိုးကြသည်ကို သိရှိနိုင်ရန် ဆက်လက်ကြည့်ရှုပါ။
12/05/2026
[Eng below]
အပင်တွေရဲ့ကျန်းမာရေးဟာ သီးနှံ၊ ပေါက်ပင်နဲ့ မျိုးစေ့များထက် ပိုပါတယ်။
၎င်းဟာ လယ်သမားတွေးအနေနဲ့ စိုက်ပျိုးရေးဆိုင်ရာ အန္တရာယ်တွေကို ဘယ်လိုစီမံခန့်ခွဲတယ်၊ ပြောင်းလဲနေတဲ့ ရာသီဥတုအခြေအနေများနဲ့ ဘယ်လို လိုက်လျောညီထွေဖြစ်စေသလဲအပြင် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ ဘယ်လို ဆက်လက်ထိန်းသိမ်းထားနိုင်သလဲ ဆိုတဲ့ အချက်တွေအပေါ် သက်ရောက်မှုရှိပါတယ်။
ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အပင်ကျန်းမာရေးနေ့မှာ LIFT ရဲ့ ကျွမ်းကျင်သူများက အပင်များကျန်းမာရေးကို ပံ့ပိုးတဲ့အခါ စနစ်တကျချဉ်းကပ်မှုတစ်ရပ် ဘာကြောင့် လိုအပ်ကြောင်းကို ဆွေးနွေးထားပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။ https://lift-fund.org/mm/why-plant-health-matters_mm
Plant health is about more than crops.
It affects how farmers manage risk, adapt to changing weather, and sustain their livelihoods.
On International Day of Plant Health, LIFT’s Specialists discuss why supporting plant health requires a systems approach.
Read the full article here: https://lift-fund.org/en/why-plant-health-matters
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
12(O) Pyi Thu Lane, 7 Mile, Mayangone
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |