Alvinz Car Rental Service

Alvinz Car Rental Service

Share

02/04/2025

2.4.2025 (Update အခြေအနေ)
ရန်ကုန်မန္တ​လေး အမြန်လမ်း သုံးစွဲသူများလမ်းညွှန်
====================
၁ - ရန်ကုန် 《》 ​နေပြည်​တော်
====================

ကား​လေး (ယာဥ်+ကုန်) ၅တန် အထိ

အမြန်လမ်း (၀) မိုင် မှ ၁၄၇မိုင် ​တောင်ငူလမ်းခွဲအထိ သွားလို့ရပါမယ်

ထို့နောက် ရန်ကုန်မန္တ​လေးလမ်း​ဟောင်း ​ပေါ်သို့တက်ပါ။

လမ်းဟောင်းအတိုင်းသွာ၍
သာဂရ ​ရောက်ပါက ကိုးပင်-သာဂရ လမ်း အတိုင်း အမြန်လမ်း မိုင် ၁၇၃ မိုင်သို့ ပြန်တက်ပါ

ထို့နောက် နေပြည်​တော်​ ရောက်ရှိပါမည်။

အဓိကမှာ (165) မိုင်ဆွာချောင်းတံတားပြုပြင်မပီးသေး၍ အပေါ်ကလိုကွေ့ပါတ်သွားနေရခြင်းဖြစ်ပါတယ်

တစ်ခုမှတ်ထားပေးရန်မှာ (5-4-2025) ရက်နေ့ခန့်တွင် ဆွာချောင်းတံတားပြုပြင်ပီးပါက လမ်းဟောင်းသို့ ဆင်းရန်မလိုတော့ဘဲ ရန်ကုန်နေပြည်တော်တိုက်ရိုက်သွားလို့ရမှာဖြစ်ပါတယ်

နေပြည်တော်မှ ရန်ကုန်လာလျှင်လဲ ကျွန်တော်အထက်မှ ရေးထားသည့်အတိုင်းဖြစ်ပါသည်
=====================
၂- မှန်လုံယာဉ် / ကုန်ကား / ကားကြီးသမားများ
ရန်ကုန် 《》 ​နေပြည်​တော်
=====================
ကား​ကြီး (ကုန်ကား+ မှန်လုံယာဥ်များ) 》

အမြန်လမ်း

၀မိုင် မှ ၁၃၇မိုင် ​အုတ်တွင်း လမ်းခွဲအထိ သွားပါ။

၎င်းမှ ရန်ကုန်မန္တ​လေးလမ်း​ဟောင်း ​ပေါ်သို့တက်ပါ။

သာဂရ ​ရောက်ပါက ကိုးပင်-သာဂရ လမ်း အတိုင်း အမြန်လမ်း မိုင် ၁၇၃ သို့ ပြန်တက်၍ ​နေပြည်​တော်​ ရောက်ရှိပါမည်။

မှန်လုံကားကြီးများ နေပြည်တော်မှ ရန်ကုန်လာမည်ဆိုပါလျှင်လဲ အသွား+အပြန်မှာ အထက်ပါအတိုင်းအတူတူဖြစ်ပါသည်။
====================

၃။ ​နေပြည်​တော်《》 မန္တ​လေး

အမြန်လမ်း မိုင်တိုင် ၂၀၀မိုင် မှ ၃၄၄/၆မိုင် ​​ကျောက်ဆည် လမ်းခွဲအထိမည်သည့်ယာဥ်မဆိုသွား၍ရပါတယ်

၃၄၄/၆မိုင် ရောက်လျင် ရန်ကုန်မန္တ​လေးလမ်း​ဟောင်း ​ပေါ်သို့တက်ပါ။

ကျောက်ဆည်ရောက်ပါက ရန်မန်းလမ်း​ဟောင်းလမ်း အတိုင်း မန္တ​လေးမြို့သို့ရောက်ရှိပါမည်။

မန်းလေး မှ နေပြည်တော်လာမည်ဆိုလျှင်လဲ အသွား+အပြန် အထက်ပါအတိုင်းအတူတူဖြစ်ပါတယ်

အထူးမှတ်ချက် - (၁) 5-4-2025) ရက်နေ့ခန့်တွင် ဆွာချောင်းတံတားပြုပြင်ပီးပါက လမ်းဟောင်းသို့ ဆင်းရန်မလိုတော့ဘဲ ရန်ကုန်နေပြည်တော်
တိုက်ရိုက်မောင်းလို့ရပါမည်

(၂) အမြန်လမ်း ၃၄၄/၆ မိုင်မှ မန်းလေးအထိ အသွားအပြန်လမ်းမှာ အသုံးပြု၍ မရသေးပါ

(၃)မကြာခင်မှာ ၃၄၄/၆ မှာဆင်းစရာမလိုပဲ ၃၅၂/၆ စကားအင်းအဝိုင်းထိသွားလို့ရမယ်။

(၄) ၃၅၈/၂ ဒုဌဝတီ(မြစ်ငယ်) တံတားပါသွားတဲ့အတွက် စကားအင်း
တံခွန်တိုင်(မန္တ​လေးမြို့အဝင် အဝိုင်း)အပိုင်းသွားလို့ရဖို့ တော်တော်ကြာဦးမယ်။


#အရည်ကြို

Photos from Alvinz Car Rental Service's post 22/11/2024

ဒီရက်ပိုင်းထဲ county order တွေ ဓာတ်ကျနေတယ်။

လပြည့်နေ့ ၁၅ ရက်နေ့ တုန်းကလည်း ကပ်မှ ငှါးနေကျ customer က တောင်းဆိုလို့ ကထိန်အလှူအတွက် ၅ စီး အသည်းအသန် စီစဉ်ပေးခဲ့တယ်။

ဒီဇင်ဘာ ၂ ရက်နေ့ ဂျပန်စာသင်တန်းကျောင်း တစ်ခုရဲ့ field day အတွက်လည်း ဇလပ်တော ကို ၄ စီး။ သူတို့လည်း အစ်ကို့ဆီကပဲ ငှါးချင်တာ ရအောင်လုပ်ပေးဆိုပြန်တော့ ရုံးဖွင့်ရက်ကြီးလည်း ရအောင် လုပ်ပေးရပြန်တာပဲ။

လာမယ့် စနေနေ့ ၂၃ ရက်နေ့အတွက်လည်း လှည်းကူးကို ၅ စီးတွဲ လုပ်ပေးပါဦးဆိုတော့လည်း ဖြစ်အောင် လုပ်ပေးရသေးတာပေါ့ဗျာ။

ပိတ်ရက်တွေမှာ နေ့ချင်းပြန် အတိုအထွာလေးတွေလည်း ရတယ်နော်။

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Address


No. 145, 15th Street, Lanmadaw Township
Yangon
11211

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00