Yangon Real Estate Service
ဘဏ်ချေးငွေ စနစ်များယခုထက်ပိုကောင်းလာပါကအိမ် ခြံ မြေလောက မြန်ဆန်စွာ ဦးမော့လာမည်
ဘဏ်ချေးငွေစနစ်များကြောင့် အိမ် ခြံ မြေ ဈေးကွက်အတွင်း HomeLone ဖြင့် ချိတ်ဆက်ဝယ်ယူလိုသူများပြားလာကြောင်းနှင့်အကယ်၍ ဘဏ်ချေးငွေစနစ်များ ယခုထက်ပိုမိုအားကောင်းလာပါက အိမ် ခြံ မြေ လောက ပြန်လည်ဦးမော့လာရေးအတွက် အထောက်အပံ့ကောင်းတစ်ရပ်ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံအိမ် ခြံ မြေ ၀န်ဆောင်မှုအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသုံးသပ်သည်။
“ လတ်တလော အရောင်းအ၀ယ်လေးတွေလိုက်လာတယ်။ လိုက်လာတယ်ဆိုတဲ့ နေရာမှာ ၀ယ်သူစိတ်ကြိုက်သဘောနဲ့ သွားတဲ့အနေအထားကတစ်မျိုးပေါ့။နောက်တစ်ခုက ခုတလောဘာနဲ့ လာကြည့်ကြသလဲဆိုရင် ဘဏ်ချေးငွေစနစ်နဲ့လာကြည့်ကြတယ်။ခုလို အိမ် ခြံ မြေ ဈေးကွက်အေးတဲ့ အချိန်မှာ HomeLone လေးက အားကိုးစရာဖြစ်လာနိုင်တာပေါ့။ဒီထက်ပိုတွင်ကျယ်လာရင်တော့ ပိုပြီးကောင်းသွားမှာပေါ့’’’’ဟု အဆိုပါပုဂ္ဂိုလ်မှ သုံးသပ်ပြောဆိုသည်။
SEA VIEW CONDO (Myeik)
Sakura Apartments
အိမ်ရာချေးငွေစနစ်များကို လက်ရှိတွင် ဧရာဝတီဘဏ် ၊ CHIDB ဘဏ် ၊ ရိုးမဘဏ် ၊ကမ္ဘောဇဘဏ် ၊ CB ဘဏ် အစရှိသည့် ဘဏ်များမှဝန်ဆောင်မှုပေးလျက်ရှိသည်။ထိုကဲ့သို့ ၀န်ဆောင်မှုပေးရာတွင် အချို့ကန့်သတ်ချက်များ ဖြေလျှော့ပေးသင့်ကြောင်းနှင့် အပြင်လောကတွင် လက်ခံနိုင်သည့်အချက်များကိုပါ လက်ခံခွင့်ပြုမည်ဆိုပါက ပိုမ်ုအဆင်ပြေနိုင်ကြောင်းလည်း အကျိုးဆောင်များကထောက်ပြပြောဆိုသည်။
”” Homelone ကဘဏ်ဘက်ကလျှော့ပေးရင်တော့ ပိုဖြစ်နိုင်တယ်။နောက် ဘဏ်ဘက်က လိုအပ်ချက်တောင်းတာလေးတွေကနည်းနည်းများတယ်။
ဥပမာ ။ ။ အပြင်မှာ လုပ်လို့ရတဲ့ဟာမျိုးလေးတွေဆိုရင်လည်း ဘဏ်ဘက်ကမဟုတ်ဘူး ၊ အိမ်ဆို ဘယ်နှနှစ် သက်တမ်းရှိနေပြီလဲဆိုတာမျိုးလေးတွေလျှော့ပေးရင်ပိုကောင်းမယ်။ အဲဒါမျိုးလေးတွေ လျှော့ပေးရင် အဆင်ပြေတာပေါ့။အဲဒါဆိုရင်တော့ ၀ယ်သူရော ၊ ရောင်းသူရော ပိုအဆင်ပြေမယ်လေ။ တစ်ချို့ကြတော့လည်း ကိုယ်တတ်နိုင်တဲ့ဟာနဲ့ အိမ်က သိပ်မကောင်းရင်တောင် ၀ယ်ချင်တာတွေရှိပေမယ့် ကန့်သတ်ချက်တွေကြောင့် အဆင်မပြေဘူး။တကယ်လို့ ဘဏ်ချေးငွေ စနစ်သာဒီထက်ပိုကောင်းလာရင် အိမ် ခြံ မြေလောကမှာ ပြန်ဦးမော့ဖို့ အခြေအနေတစ်ခူဖြစ်လာနိုင်ပါတယ်။
ပြန်လည်မျှဝေခြင်း
Re- sharing
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
105, Aung Mingalar Street, Phaw Kan, Insein
Yangon
456789