Access Spectrum

Access Spectrum

Share

28/01/2026

VMware ကို Broadcom က acquisition လုပ်ပြီးတဲ့ နောက်ပိုင်းမှာ လူပြောအများဆုံးနဲ့ အကြီးမားဆုံး update တစ်ခုဖြစ်တဲ့ VMware Cloud Foundation (VCF) 9.0 က ထွက်ရှိလို့လာခဲ့ပါပြီ။ အရင်ကလို ရိုးရိုး Data Center ကနေ ခေတ်မီတဲ့ Modern Private Cloud ဆီကို ကူးပြောင်းဖို့ ဘာတွေထူးခြားလာသလဲ၊ လုပ်ငန်းတွေအတွက် ဘယ်လိုအခက်အခဲတွေကို ဖြေရှင်းပေးနိုင်မလဲဆိုတာ ဒီနေ့ post မှာ အသေးစိတ် ဆွေးနွေးပေးသွားပါမယ် ။

VCF 9.0 ဆိုတာ တကယ်တော့ ဘာလဲ?
ရိုးရိုးရှင်းရှင်း ပြောရရင် Compute, Storage, Networking နဲ့ Management အပိုင်းအားလုံးကို Platform တစ်ခုတည်းမှာ စုစည်းပေးထားတဲ့ Integrated Software Stack တစ်ခုပါပဲ ။ Public Cloud မှာ ရရှိတဲ့ လုပ်ဆောင်ချက်မျိုးကို ကိုယ့်ရဲ့ On-premise Data Center မှာတင် စိတ်ကြိုက်သုံးနိုင်အောင် ဖန်တီးပေးထားတဲ့ Private Cloud Platform တစ်ခုလို့ ဆိုနိုင်ပါတယ် ။
VCF 9.0 မှာ ဘာတွေ ထူးခြားသွားလဲ?
ပိုမိုမြန်ဆန်ပြီး Scalable ဖြစ်တဲ့ Private Cloud တစ်ခုအတွက် အောက်ပါ Key Features တွေက အဓိက အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။
• VMware Private AI: Data Privacy ကို အလေးထားတဲ့ လုပ်ငန်းတွေအတွက် ကိုယ့်ရဲ့ Data တွေကို အပြင်မရောက်စေဘဲ On-prem မှာတင် AI Model တွေကို စိတ်ချလက်ချ Train နိုင်၊ Run နိုင်မှာပါ ။
• VCF Fleets: အရင် VCF version တွေတုန်းကလိုမျိုး VCF instance တွေကို တစ်နေရာချင်းစီ လိုက်ကြည့်နေစရာ မလိုတော့ဘဲ နေရာအနှံ့မှာရှိတဲ့ instances တွေကို တစ်နေရာတည်းကနေ Centralized manage တွေလုပ်နိုင်ပါပြီ ။
• VCF Operations: အခြား Platform တွေလိုမျိုး Monitoring Tools တွေ အများကြီး သုံးပြီး Infrastructure monitoring လုပ်စရာမလိုတော့ဘဲနဲ့ Single Dashboard တစ်ခုတည်းကနေ Infrastructure တစ်ခုလုံးရဲ့ Health, Performance နဲ့ Capacity တွေကို ကြည့်နိုင်သလို အနာဂတ်အတွက် Workloads Utilization Trend တွေကို ကြည့်ပြီး Capacity Planning တွေကိုပါ တွက်ချက်နိုင်မှာပါ ။
• VCF Automation: Cloud Foundation Platform ဆိုတဲ့ အတိုင်း Manual လုပ်ရတဲ့ အလုပ်တွေကို လျှော့ချဖို့အတွက် ပိုကောင်းလာတဲ့ Automation စနစ်တွေပါလာတယ် ။ IT Admin တွေအနေနဲ့ လိုအပ်တဲ့ resources တွေအတွက် Ready to used Template တွေ ပြင်ပြီးတော့ End Users တွေအဆင်သင့် သုံးနိုင်တဲ့ Self-service catalog တွေကို အလွယ်တကူ ဖန်တီးပေးနိုင်ပါတယ်။
• VCF Cloud Director: Enterprise Company တွေနဲ့ Service Provider တွေအတွက် Department အလိုက် ဒါမှမဟုတ် Customer အလိုက် Compute Resources တွေကို ခွဲခြားစီမံနိုင်တဲ့ multi-tenancy စနစ်ကို ပိုမိုကောင်းမွန်အောင် ပေါင်းစပ်ပေးထားပါတယ် ။

အဟောင်းတွေကို ဖယ်ရှားပြီး အသစ်တွေနဲ့ အစားထိုးခြင်း (Removed vs Added)
VCF 9.0 မှာ နောက်တစ်ခု ထူးခြားတာက အရင် VCF version တွေမှာတုန်းက ရှိခဲ့တဲ့ အရမ်း complex ဖြစ်တဲ့ အရာတွေကို ဖယ်ရှားလိုက်ပြီးတော့ IT Admin တွေရဲ့ အလုပ်တွေကို ပိုမိုလွယ်ကူသွားစေအောင် လုပ်ထားတဲ့ အပြောင်းအလဲလေးတွေလဲ ရှိပါတယ်။
အဲဒီ အပြောင်းအလဲတွေကတော့ -
• Unified Operations: အရင်တုန်းက vSphere, vSAN နဲ့ NSX ဆိုပြီး သပ်သပ်စီခွဲပြီး Manage လုပ်နေရတဲ့ Siloed Tools တွေအစား "Single Pane of Glass" လို့ ခေါ်တဲ့ VCF Operations အောက်မှာ Manage လုပ်နိုင်ဖို့ တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ ။
• Simplified Licensing: Separate License Key တွေထည့်ပြီး သုံးရတာမျိုး မဟုတ်တော့ဘဲ Portal ကနေ License တစ်ခုတည်းနဲ့ သုံးနိုင်မယ့် Subscription model ကို ပြောင်းလဲအသုံးပြုရတဲ့အတွက် Licensing ကို ပိုမို ရိုးရှင်းစေပါတယ်။
• Automatic Deployment: အရင်လို VCF deployment အပိုင်းမှာ Server နဲ့ Storage တွေကို Manual လိုက်ပြင်နေပြီးတော့ Deploy လုပ်ရတာမျိုး မဟုတ်တော့ဘဲ VCF Installer ကနေ Automatic Deployment တွေလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
• Default Security: Security ကို Option တစ်ခုအနေနဲ့ လိုအပ်မှ ဖွင့်တာမျိုး မဟုတ်ဘဲ FIPS 140-2/3 standard ကို Default အမြဲ ပွင့်နေစေမယ့် "Hardened by default" စနစ်ကို ပြောင်းလဲထားပါတယ် ။

VCF 9 က ဘယ်သူတွေအတွက်လဲ?
🏢 Enterprise IT Organizations: Complex ဖြစ်နေတဲ့ IT infrastructure ကို ရှင်းလင်းလွယ်ကူအောင် ပြောင်းချင်သူများ။
🏦 Financial & Banking Sector: Data Security နဲ့ Compliance ပိုင်းကို အဓိက ထားတဲ့ ဘဏ်လုပ်ငန်းများ။
📡 Telecom & Service Providers: Customer တွေကို Cloud Service ပြန်ပေးနေတဲ့ အဖွဲ့အစည်းများ။
⚙️ Mission-critical Systems: System Down လို့မရတဲ့ အရေးကြီး System Owner များ။
🔒 On-prem Control: Public Cloud ကို မသွားချင်ဘဲ ကိုယ့် Data ကို ကိုယ်ပိုင် Data Center မှာပဲ Secure ဖြစ်အောင် Run ထားချင်သူများ။

အကျဉ်းချုပ်ပြောရမယ်ဆိုရင် VCF 9 ဟာ ကိုယ့်အဖွဲ့အစည်းရဲ့ Operational Cost ကို လျှော့ချပေးနိုင်သလို ဒီနေ့ AI ခေတ်လိုမျိုး ခေတ်မီနည်းပညာတွေကို လုံခြုံစွာ အသုံးချပြီး ကိုယ့်ရဲ့ လုပ်ငန်းကို အရှိန်အဟုန်နဲ့ တိုးတက်စေဖို့ များစွာ အသုံးဝင်မှာ ဖြစ်ပါတယ်။

VCF 9.0 အကြောင်း အသေးစိတ် သိလိုတာရှိရင် ဒါမှမဟုတ် မိမိတို့ရဲ့ Infrastructure နဲ့ ကိုက်ညီမှု ရှိ၊ မရှိ ဆွေးနွေးချင်တယ်ဆိုရင် Myanmar နိုင်ငံရဲ့ တစ်ခုတည်းသော VMware Premier Partner ဖြစ်တဲ့ Access Spectrum Co., Ltd. ကို အခုပဲ ဆက်သွယ်လိုက်ပါ ။
📞 95-1-386567, 380900, 95-9-96400 2468, 3156 8400. 9643 64366
📧 [email protected]
🌐 www.accessspectrum.net
VCF 9.0 နဲ့ ကိုယ်ရဲ့ Infrastructure ကို Upgrade လုပ်ဖို့ အဆင်သင့် ဖြစ်ပြီလား?
ဒါမှမဟုတ် လက်ရှိ Infrastructure ကို modernize လုပ်ဖို့ ဘယ်ကစရမလဲ သိချင်ပါသလား?
ကျွန်တော်တို့ဘက်က infrastructure assessment တစ်ခု အခမဲ့ လုပ်ပေးမယ်ဆိုရင် သင့်အနေနဲ့ စိတ်ဝင်စားပါသလား?
အောက်က Comments ထဲမှာ ဝင်ရောက်ဆွေးနွေးပေးကြပါဦး ......

Photos from Access Spectrum's post 11/09/2025

𝐋𝐞𝐭’𝐬 𝐌𝐢𝐭𝐢𝐠𝐚𝐭𝐞 𝐄𝐧𝐭𝐫𝐚𝐈𝐃 𝐏𝐚𝐬𝐬𝐰𝐨𝐫𝐝 𝐒𝐩𝐫𝐚𝐲 𝐀𝐭𝐭𝐚𝐜𝐤𝐬

EntraID အသုံးပြုသူတိုင်း ကြုံရလေ့ရှိသော Password Spray Attack များကို ကာကွယ်နိုင်ရန် မျှဝေပေးလိုက်ပါတယ်။
တစ်ပုံချင်းစီနှိပ်၍ ဖတ်ရှုနိုင်ပါသည်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 58, Gonyi Shophouse, Plot 6, Corner Of Upper Pansodan Road And Myanma Gonyi Road, Mingalar Taung Nyunt Township
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00