Mayday Burma
06/01/2024
တော်လှန်ရေးတပ်တွေရဲ့ တာဝန်တွေထဲမှာ ပြည်သူကို လက်နက်တပ်ပေးဆိုတာလဲ တာဝန်တခုပဲ။
ခုဆို ရန်သူ့လက်နက်တွေ ရာချီထောင်ချီ သိမ်းရတယ်။ ရန်သူ့လက်နက်တွေနဲ့ ရန်သူကို ပြန်တိုက်နိုင်တဲ့ အခြေအနေပဲ၊
လူထုကို လက်နက်တပ်ဆင်ပေးရင် ပူးတွဲတိုက်နေတဲ့ မဟာမိတ်တပ်တွေကို လက်နက်တပ်ဆင်ပေးရင် ရတာပဲ။ အဲဒီအဖွဲ့တွေမှာ လူရှိပြီး လက်နက်မရှိလို့ တပ်အင်အား မတိုးချဲ့နိုင်တာတွေ ရှိတယ်။ လက်နက်သာပေးရင် အဲဒီတပ်တွေ ကြီးလာမှာပဲ။ ဒါတွေဟာ ရန်သူတိုက်မယ့်အားတွေပဲ။
ရန်သူကို တိုက်မယ့်တပ်တွေ ကြီးလာပါစေ။
တော်လှန်ရေးတပ်ဖွဲ့တွေ ကြီးလာပါစေ။
လက်နက်ရရင် အလုပ်သမား လယ်သမား အဖိနှိပ်ခံလူတန်းစားတွေ တော်လှန်တဲ့ လက်နက်ကိုင်စစ်သားဖြစ်လာကြလိမ့်မယ်။
တိုက်မောင်
ပြည်တွင်း တော်လှန်ရေးမုန်တိုင်း
ပြည်ပ ငလျင်လှုပ်ခတ်မှု လှိုင်းအားများ
သံဒိုင်
ဒီနေ့ အိမ်နီချင်းနိုင်ငံတချို့န့ အမေရိကန်၊ ဥရောပ နိုင်ငံတချို့၊ အေဆီယမ်၊ ကုလ အားလုံး တိုင်းပြည်တည်ငြိမ်ရေး တွန်းနေတာဟာ ပြည်ပ အကြောင်းအချက် ဖြစ်တယ်။ ပြည်ပအကြောင်းအချက်ပေမယ့် ပြည်တွင်း အခြေအနေတချို့ကို ပြောင်းလဲစေနိုင်တဲ့အထိ လှုတ်ခတ်မှု ငလျင်လှိုင်းအား ပြင်းတာမျိုး ဖြစ်လိမ့်မယ်။ ဒီလို ပြည်ပအကြောင်းအချက် ပြည်ပတွန်းအားတွေကို လေ့လာကြည့် ရင် သူတို့အားလုံး တူညီတဲ့ အချက်တခုကို တွေ့ရမယ်။ သူတို့က စစ်ကောင်စီကို အသိအမှတ်မပြုပါဘူးလို့ ပြောသည်ဖြစ်စေ၊ လူသားချင်း စာနာမှုနဲ့ အကြမ်းဖက်မှုကို လက်မခံပါဘူးလို့ ပြောသည်ဖြစ်စေ ပြောဆိုချက် အမျိုးမျိုး ကွဲချင်ကွဲမယ်။ ဒါပေမဲ့ တူတာကတော့ စစ်အစိုးရ ဆက်ဆိုးရှည်စေမယ့် အထိုင်ပေါ်က ပြောနေကြတာ ပဲ။ စကစ နဲ့ ဆွေးနွေးပါဆိုတာလဲ စစ်အုပ်စုကို သက်ဆိုးရှည်စေတဲ့ အထိုင်ပဲ။ ပါဝင်သင့်တဲ့ နိုင်ငံရေးအင်အားစုအားလုံးပါဝင်ပြီး စကစနဲ့ ဆွေးနွေးရေးဆိုတာလဲ စစ်အုပ်စု သက်ဆိုးရှည်မယ့်၊ ဆက်လက်ရှင်သန်စေမယ့် အထိုင်ပဲ။ တိုင်းပြည် တည်ငြိမ်အောင် တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတာလဲ စစ်အုပ်စု အသက်ဆက်ရေး အထိုင်ပဲ။ ဒီလို ပြည်ပအကြောင်းအချက် တွန်းအား လှိုင်းအားတွေနဲ့ ပြည်တွင်းအကြောင်းအချက် ပြည်တွင်းမုန်တိုင်းတို့က ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ ပြည်တွင်းမှာ ဆင်နေတာက တော်လှန်ရေးမုန်တိုင်းဖြုစ်တယ်။ ပြည်သူလူထုကြီးက စစ်အာဏာရှင်စနစ်နဲ့ အတူ မနေနိုင်တော့တာ ဖြစ်တယ်။ တော်လှန်ရေးမုန်တိုင်းရဲ့ ပန်းတိုင်က စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဖြစ်တယ်။ ကိုယ့်သန္နဋ္ဌာန်အပေါ်မှာ ပြည်တွင်း ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ကြပါစို့။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
35th Street
Yangon