May memories
27/07/2024
လောကမှာ ရှက်တတ်ဖို့၊ လူ့ကျင့်ဝတ် သိတတ်ဖို့
ဆိုတာတွေက
အသိဥာဏ်ရှိဖို့ လိုသေးတယ်။
ဥာဏ်ရည်မြင့်မှသာ ဘယ်အရာက ရှက်စရာ
ဘယ်အရာက ရှက်စရာမဟုတ်ဘူးဆိုတာကို သိနိုင်တာ။
လူတစ်ယောက်ဖြစ်နေရင်
ဘယ်အရာကို ထိန်းသိမ်းရမလဲ
ဘယ်အရာက မလုပ်သင့်ဘူးလဲ
ဘယ်လိုအပြုအမူက သိက္ခာရှိတာလဲ
ဘယ်လိုအပြုအမူတွေက သိက္ခာမရှိတာလဲ
ဆိုတာကို ခွဲခြားပြီးသိမှာ၊ ဆင်ခြင်တတ်မှာ။
ဥာဏ်ရည်နိမ့်တဲ့ လူတွေက မရှက်တတ်ဘူး
အရှက်တရားဆိုတာ ဘာမှန်းမသိကြဘူး
လူမှု့ပတ်ဝန်းကျင်ဆိုတာ နားမလည်ကြဘူး
သူတို့တစ်ယောက်တည်း အဆင်ပြေဖို့နဲ့
စိတ်ချမ်းသာဖို့ဘဲသိကြတာ။
ဒါကို "မရှက်တတ်ဘူးလား,မရှက်ဘူးလား
သိက္ခာမရှိတဲ့လူ "လို့ သွားမေးနေလို့၊ သွားပြောနေလို့ အလကားဘဲ။
"အဲဒါ ရှက်စရာမို့လို့လား၊ ဘာကြောင့်ရှက်ရမှာလဲ" လို့ပဲ
သူတို့က ပြန်ပြောကြမှာ။
ဉာဏ်ရည်နိမ့်လို့ မရှက်တတ်တဲ့အပြင်
သူတို့လုပ်တာ မှန်ပြီး ပြောတဲ့လူက အပြစ်ကြီးအောင်ပါ လုပ်ကြ၊ ပြောကြဦးမှာ။
အဲ့လို brain level နိမ့်တဲ့သူတွေအတွက် update လုပ်မယ့် application ကို ဘယ်သူမှ မတီထွင်နိုင်ဘူး။"
-original writer
#ပြန်လည်မျှဝေပါသည် #စာအုပ်စာပေလူ့မိတ်ဆွေ
နိုင်ငံခြားမှာလား❓
နုပျိုခြင်းတွေ ရောင်းပါတယ်
လွတ်လပ်မှုတွေ ရောင်းပါတယ်
မိသားစုနဲ့ပျော်ရွှင်ချိန်တွေ ရောင်းပါတယ်
အိပ်ချိန်တွေ ရောင်းပါတယ်
အရည်အချင်းတွေ ရောင်းပါတယ်
မာနတွေ ရောင်းပါတယ်
တချို့တွေက တခါတလေ စျေးဆစ်ပါတယ်
တချို့တွေက တခါတလေ စျေးနှိမ်ပါတယ်
ခိုင်းတာလုပ်ပေး ရပါတယ်
ဟန်ဆောင်ပြုံး ရပါတယ်
သူတို့ဖြူချင်ရင် ဖြူပေးရပါတယ်
သူတို့ဝါချင်ရင် ဝါပေးရပါတယ်
သူတို့နီချင်ရင် နီပေးရပါတယ်
ကိုယ်စိတ်တိုင်းကျ ဆေးခြယ်ပိုင်ခွင့်မရှိပါဘူးလေ
မိသားစုရဲ့ အားကိုးရာသူရဲကောင်း
စျေးခင်းထဲရောက်ရင် သူတို့ကိုယ်တိုင်ရောင်းကုန်ဖြစ်လို့ပါ
တဖြည်းဖြည်း ဆံပင်တွေဖြူလို့
တဖြည်းဖြည်း အမြင်တွေဝေဝါးလို့
တဖြည်းဖြည်း သွက်လက်မှုတွေနှေးလာလို့
တဖြည်းဖြည်း လုပ်အားတွေရောင်းရင်း အိုမင်းလာလို့
တဖြည်းဖြည်း ……
တဖြည်းဖြည်း ……
တဖြည်းဖြည်း ……
လူတချို့က လိုရာခရီးကိုရောက်ပါတယ်
လူတချို့က လျှောက်ရင်းနဲ့လမ်းပျောက်ပါတယ်
လူတချို့က ချမ်းမြေ့မှုကိုပိုင်ဆိုင်ရပါတယ်
လူတချို့က ပြန်မရနိုင်တော့တဲ့ဆုံးရှုံးမှုတွေလက်ခံရပါတယ်
မိသားစု အတွက်တော့ ❓
ရှေတန်းထွက် စစ်သူကြီး တစ်ဦး 💪
Crd : Original Writer
ငုံ့ခံတော့လည်း
သူတို့မှန်တယ် ထင်သွားကြတယ်
တုန့်ပြန်တော့လည်း
ကိုယ်ကဘဲ ရိုင်းတယ်ဖြစ်သွားရတယ်
တစ်ခါတစ်လေ လောကကြီးမှာ
တချို့လူတွေက
အမှန်တရားကို လိုချင်တာမဟုတ်ဘူး
သူတို့လုပ်ရပ်ကိုသာ
အမှန်တရားလို့ လိုချင်ကြတာ
ဆွေး ရွှေအိုင်
လူတွေဆီမှာ ရှိနေတဲ့ ကိုယ်ရောင်ကိုယ်ဝါ(သို့) Aura ဆိုတာ
========================================
လူတစ်ချို့မှာ Aura ဆိုတဲ့
ကိုယ်ရောင်ကိုယ်ဝါ ဆိုတာ
ရှိနေပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့်
ဒီလူဘာလဲ ဆိုတာ
ခံစားရတယ်။
အဲဒီ "Aura" ဆိုတာကို
ဘယ်လို သိနိုင်သလဲ ဆိုရင်
မျက်စိ ၊ နဖူးနဲ့ ပခုံးကနေ
ကြည့်လို့ရတယ်။
ရှိဖူးတဲ့ သူ၊ ရှိနေတဲ့
သူတွေက ပိုမြင်သလို
ပိုပြီး ခံစားရနိုင်တယ်။
ဒီ"Aura" ဆိုတာက ဘယ်လို
ဖြစ်တာလဲ ဆိုရင်
သူ့ရဲ့ အတိတ်က
ကုသလကြောင့်
ဖြစ်လာတဲ့ ဘုန်းကံနဲ့
လက်ရှိ ကိုယ်လုပ်နေတဲ့
ကံတွေကြောင့်
ဖြစ်လာတာ ဖြစ်တယ်။
ရုပ်ဆိုးတာ
ရုပ်ချောတာနဲ့ မဆိုင်ဘူး။
အရောင်ကို တောက်နေတာ။
#တစ်ချို့လူတွေမှာရှိတယ်။
ပျောက်လိုက် ပေါ်လိုက်နဲ့
ဖြစ်နေတတ်တယ်။
#တစ်ချို့မိန်းကလေးတွေဆို
ချောတယ် လှတယ်လို့
ပြောလို့ရတဲ့ သူတွေ ရှိတယ်။
ဒါပေမယ့် .....
ကိုယ်ရောင် မရှိဘူး။
တစ်ချို့ဆို မှိန်ကို နေတာ။
အရောင်တောက်တာရဲ့
ဆန့်ကျင်ဖက်ကို ဖြစ်နေတာ။
#ယောကျာ်းလေးတွေ
ဆိုရင်လည်း ထိုနည်းတူပဲ။
ရုပ်မလှဘူး
ကိုယ်လုံးမတောင့်ဘူး။
ဒါပေမယ့်
သူနဲ့ dealing လုပ်နေချိန်မှာ
ကိုယ့်ရဲ့ confidence နဲ့
Inspiration level က သိသာ
စေတယ်။
#ဒီAura က
ဘာကို အကျိုးပြုစေလဲ
ဆိုရင်
ကိုယ့်လုပ်ငန်းခွင်ကိစ္စတွေမှာ
အထူးသဖြင့် အကျိုးပြုတယ်။
သမာသမတ်ရှိမှုနဲ့ သီလရှိမှုမှာ
ပိုတောင့်ရင် ဖြစ်တယ်။
#တော်တော်များများ
တွေ့ဖူးတယ်။
ရုပ်ခံက ချောကြ လှကြတယ်။
Aura မရှိကြတော့
အဆင်မပြေဘူး။
ပိုဆိုးတာက
Aura မရှိခြင်းထက်
မရှိအောင်
ဖြစ်နေခြင်းက ပိုဆိုးတယ်။
#စိတ်ပုတ်ကြရင်ပိုဖြစ်တယ်။
"စန်းပြုတ်တယ်" ခေါ်ကြတယ်
တစ်ချို့က စန်းပြုတ်တော့
ပြဿနာက လုပ်ငန်းကိုင်ငန်း
အဆင်မပြေဘူးပေါ့ ...
ဘယ်လောက် လုပ်လုပ်
အဆင်မပြေတတ်တာမျိုးတွေ
ပြေလည်း ခဏပဲ။
#ပိုဆိုးစေတာက
စိတ်တင်မကဘူးအကျင့်ပါ။
နေ့စဉ် လယ်ပုဇွန်လုံးတွေလို
အမြုပ်တစီစီထွက်အောင်
ပရိတ်ကြီး (၁၁) သုတ်ကို
ရွတ်ရွတ်။
အစီအရင်တွေ လုပ်လုပ်။
ပိဋကတ် (၃) သုံးပုံကို
နေ့စဉ် သက်စေ့ရွတ်နေနေ ...
အကျင့် မကောင်းရင်
အဲ့ Aura က
ထွက်ကို မလာစေဘူး။
ဒါကြောင့်မို့ ယတြာ
ဘယ်လောက်လုပ်လုပ်
အဆင်ပြေ မလာဘူး
ဆိုတာ အဲ့ဒါ။
#ထွက်တယ်လို့ ထင်ချင်
ထင်မယ်။
ဒါပေမယ့်
အဲ့ဒါ "Negative Aura”ပဲ....
#စောစောက ပြောလို
ဘာရွတ်ရွတ် ဘာလုပ်လုပ်
အကျင့်ပုတ်နေသမျှ
ဘာဖြစ်မလဲဆို ပိုဆိုး
လိမ့်မယ်။
မရွတ်ဘဲနဲ့
အကျင့်ပုတ်တာက
ပြဿနာပိုနည်းမယ်။
ဘာလို့ဆို ဘုရားစင်ရှေ့
အရက်သွားသောက်သလို
ဖြစ်နေလို့။
ထွက်ချင်ရင်
အရင်ဆုံးက
#မေတ္တာယှဉ်သော စိတ်ကို
ဖြစ်အောင် လုပ်။
#မေတ္တာယှဉ်သော
စိတ်ဆိုတာမှာ
ကောင်းစေချင်တဲ့
စိတ်လို့ ဆိုတာထက်
ကိုယ်ကျိုးမပါဘဲ
သူတထူးကိုကောင်းစေ
လိုသော
အေးချမ်းစေလိုသော
စိတ်လို့ ဆိုတယ်။
ကိုယ်ရောင်ကိုယ်ဝါ
ထွန်းတောက်တဲ့
Aura စိတ်
နှလုံးသားပိုင်ရှင်များ
ဖြစ်ထွန်းကြပါစေ။
ပရမ်းပတာ လုပ်တတ်တဲ့
အကျင့်ဆိုတာ လူတိုင်းမှာ
ရှိတတ်ပါတယ်။
ပရမ်းပတာလုပ်တတ်တယ်ဆိုတာ
ဘာမှကြိုတင်ပြင်ဆင်မထားပဲ
ဖြစ်လာတဲ့အခြေအနေအပေါ်
အဆင်ပြေရင်ပြေသလို
အဆင်မပြေရင်မပြေသလို
ရလဒ်ကို အာရုံမထားဘဲ
ထင်ရာမြင်ရာ မှန်းဆပြီး
လုပ်ချင်သလိုလုပ်တာကို ဆိုလိုတာပါ။
အမြင့်တက်ချင်ရင်
အကျင့်ပျက်တာကိုပြင်ပါ။
“မိမိဆန္ဒက မိမိအနာဂတ်ဘဝဖြစ် ဖြစ်ပါစေ”
“ဒီနေ့ ကိုယ့် နေ့ဖြစ်ပါစေ”
အရမ်းခံစားနေရပြီလား😔
အချစ်က ရသမျိုးစုံပေးနိုင်တယ်။😇
ဒါပေမယ့်
ကိုယ့်ဘဝတစ်ခုလုံးတော့
ပြန်ပေးသင့်တဲ့အရာမဟုတ်ဘူး။😉
#မေမေ့ဆုံးမစကား
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon