Ko Myo

Ko Myo

Share

27/02/2024

ညီမလေး ညီမလေး
ရှင် အကိုပဲပြုတ်ယူ မလား

ဟုတ်တယ် ညီမလေးကလေ ခေါ်တာ မကြားဘာလုပ်နေတာလဲ.တောင်းပန်ပါတယ် အကို ညီမလေး စာဖတ်နေလို့ပါ

စာဖတ်တာအိမ်မှာဖတ်လေဘာလို့
စျေးရောင်းရင်းစာဖတ်နေလဲ ဟုတ်.အကို
ဒီနေ့ အမေ နေမကောင်းလို့ပါ ညီမ ထွက်ရောင်းကူတာ
စျေးမရောင်းရင် စားစရာမရှိဘူးလေ အကိုရယ်

အော်ဒါဆို အိမ်ရောက်မှဖတ်ပေါ့အိမ်မှာကမီးမရှိဘူး အကိုရယ်

ဒါဆိုစျေးမရောင်းရင်ဘယ်မှာဖတ်လဲဖယောင်းတိုင်နဲ့လေ ဒီညတော့ဖယောင်းတိုင်ဖိုးသက်သာတာပေါ့ အကိုရယ်
အေးပါ ဒါနဲ့ပဲပြုတ်တဗူးဘယ်လောက်လဲ ညီမလေး
တစ်ဗူး ၅၀၀ပါ အကို

စျေးကြီးတာ ၃ဗူး၁၀၀၀ထားလိုက်
မလုပ်ပါနဲ့ အကိုရယ် တစ်ပြည်ရောင်းကုန်မှ ၁၅၀၀ပဲမြတ်တာပါ

အေးပါဒါဆို ၁၀၀၀အပိုထည့်ပေးနော်
စိတ်ချပါ အကို

ဒါနဲ့ညီမလေး ပညာတတ်ရင် ဘာလုပ်မလဲ
ညီမလေး ပညာတတ်ရင် ပထမတော့ လွတ်တော်ကိုယ်စားလှယ်ရအောင်လုပ်မယ်

ဟားချမ်းသာ ချင်လို့လား
မဟုတ်ပါဘူးအကိုရယ်ညီမလေးတို့လိုဆင်းရဲ ပြည်သူတွေတိုင်းမီးလင်းရအောင်လုပ်မယ်

ဟုတ်ပါပြီညီမလေး ခုဘာစာတွေဖတ်လဲ စာစီစာကုံး လေ့လာနေတာပါခေါင်းစဉ်ကရော..
အသိစိတ်နဲ့သနားစိတ်..

ရေးနည်းမသိဘူးဖြစ်နေတာ
ဘာလို့လဲ

လူတွေကဆင်းရဲတဲ့လူတွေကို သနားစိတ်မရှိကြဘူး
နှိမ်ကြတယ် ပံ့ပိုးစိတ်မရှိကြဘူး

ဟာ..ဖုန်းကအရေးထဲခနနော်
ဟလို သူငယ်ချင်း ဘာလဲ ဆိုင်ထိုင်ရအောင်ဟုတ်လား
အေးပါ ငါကျွေးမယ်အသန့်မှာ
ထိုင်ရအောင်အိုကေဒါဘဲ

ညီမလေး အပိုထည့်ပီလား
ထည့်ပီပီဒါနဲ့အကို အရက်မသောက်နဲ့နော်

ဘာလို့လဲညီမလေးငွေအပိုကုန်တယ်လေ
ညီမရယ် ငွေကရှာရင်ရတယ် ဟုတ်ကဲ့ အကို
အကိုတို့ တစ်ညဘယ်လောက်ကုန်လဲ

တစ်ည1သိန်းလောက်ပေါ့
ဘာလို့မေးလဲ ညီမလေး..ဘာမှမဟုတ်ပါဘူး

ညီမသာ.တစ်သိန်းရရင် ညီမတို့သူငယ်ချင်းတွေကို ဖယောင်းတိုင်းဝယ်လှုမယ်

အော် ညီမလေးရယ် 😌😌
အော်..အကို ၃ဗူးထည့်ပီပီးနော်
လက်ဆောင်တစ်ဗူးထည့်ပေးလိုက်တယ်

ဟုတ်.ကျေးဇူးပါ ညီမလေး
ရပါတယ် အကိုရယ် အကိုလိုချမ်းသာတဲ့သူတွေနဲ့စကားပြောရတာ ကံကောင်းတယ်

ညီမကိုအချိန်ပေးစကားပြောပေးတာကျေးဇူးတင်ပါတယ်
တစ်ချိန်ကျရင်ညီမလည်း အကိုလို ပြည့်စုံရင်
မရှိဆင်းရဲသားတွေကိုအချိန်များများပေးမယ်

ညီမလည်းပြန်တော့မယ် ချမ်းလာပီ အမေ့ဆေးလည်းဝယ်ရမယ်
ဆိုင်ပိတ်ရင် မလွယ်ဘူး

မကုန်သေးဘူးလေ ညီမလေး!!
ဘယ်လောက်ဖိုးရောင်းရပြီလဲ....??
၁၂၀၀၀ပါ အကို
အမြတ်ရော အမြတ်ဒီည ၂၀၀၀ပေါ့

အကိုသွားတော့လေ သူငယ်ချင်းတွေ စောင့်နေမယ်
ညီမအိမ်ဝေးလား မဝေးဘူး ၁နာရီလမ်းလျှောက်ရင်ရောက်ပီ😊😊

ဖုန်းကလာပြန်ပီ ဟလို..ငါမလာတော့ဘူး
အရေးကြီးလူနဲ့တွေ့နေလို့ ဆော်ရီးပါကွာ

ဟာ...အကို လိမ်တတ်တယ်နော် မလိမ်ဘူး ညီမ
အကိုဘဝအတွက်ညီမကအသိတရားသင်ပေးသူပါ

အကို KTVတို့ အရက်ဆိုင်တို့မှာ ငွေဖြုန်းနေချိန်
ညီမတို့လို နိုင်ငံအတွက် ရတနာလေးဖြစ်မည့် လူတွေ သနားစရာဖြစ်နေတာ မသိဘူး မလေ့လာဘူး

အကြင်နာတရားမေ့နေကြတာ
ခု...အကို အသိတရားရလာပြီ
ဒီည အကိုသုံးမဲ့ငွေ ၁သိန်းနဲ့
အမေအတွက်ဆေးတွေ အကိုအစုံဝယ်ပေးမယ်
လာကားပေါ်တက်

ကျေးဇူးတင်ပါတယ် ..အကို
အကိုလို လူငယ်တိုင်းသိတတ်ရင်
ကလေးငယ်တွေ
လမ်းမှာအကြာကြီး သနားစရာစျေးရောင်းနေရမယ်
မထင်ဘူးနော်

အားလုံးအသိတရားရှိကြပါစေ🙏

07/02/2024

သင့် ကျန်းမာရေးအတွက် သိသင့်သော အချက် (20)

#ကားလက်မှတ် #ပညာ

02/02/2024

#ကားလက်မှတ် #ဗဟုသုတ #ပညာဒါန #ပညာ

01/02/2024

အညာမြေ အလွမ်းပြေ မေမေ့ဆီကို ပြန်ကြစို့

မင်မင်နှင့် အတူတူ😉😉😉

31/01/2024

ကဲ.....ဘာလို့သေးလဲ😊😊😊


မြန်မာပြည် အနှံ့ နေရာ ဒေသ မရွေး Sacnia

Marcopolo စီးပြီး မိသာစုနှင့်အတူ ခရီးထွက်ချင်

ကြသူများ အားလုံး 🤔🤔🤔

Express ကားလက်မှတ်များကို ဝယ်ယူနိင်ပြီးနော်

😉😉😉
ဝယ်ယူလိုပါက Page Messenger နှင့်

09442630671😍😍😍 ကို ဆက်သွယ် မှာယူနိင်ပါတယ်။😘😘😘

Want your business to be the top-listed Grocery Store in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Tamwe
Yangon
09420265377