PROMO STARS
25/01/2021
အကြွေးဝယ်ကတ် (Credit card)
လျှောက်ထားရန် လိုအပ်သော အချက်များ
အသက် ၂၁ နှစ်ပြည့်ပြီးတဲ့ မြန်မာနိုင်ငံသား သို့မဟုတ်မြန်မာနိုင်ငံသားခံယူထားတဲ့ သူမ်ားသာ အကြွေးဝယ်ကတ် လျှောက်ထားခွင့်ရှိပါတယ်။
လစာဝင်ငွေအနည်းဆုံးဘယ်လောက်ရှိရမယ်ဆိုပြီးတော့လည်း ကန့်သတ်ချက်ရှိတဲ့အတွက် ကိုယ်ရနေတဲ့ ဝင်ငွေနဲ့ လျှောက်လို့ ရမရ စစ်ဆေးကြည့်ရပါမယ်။
တစ်ချို့ဘဏ်တွေက အကြွေးဝယ်ကတ်လျှောက်ရင် သူတို့ဘဏ်မှာဘဏ်စာရင်းဖွင့်ထားဖို့လည်း လိုအပ်တာတွေလည်း ရှိတတ်ပါသေးတယ်။
ဆင့်ပွားကတ်များအတွက်ကတော့ အဓိကကတ်ပိုင်ရှင်ရွေးချယ်ထားတဲ့ အိမ်ထောင်စုစာရင်းထဲမှမိသားစုဝင်တစ်ဦးဦးဖြစ်ရင် ရပါတယ်။
တော်တော်များများက အသက် ၁၈ နှစ် ပြည့်ပြီးသူသာ ဆင့်ပွားကတ်အသုံးပြုနိုင်တယ်လို့ သတ်မှတ်ထားကြပေမယ့် အသက်ကန့်သတ်မထားတဲ့ ဘဏ်တွေလည်းရှိပါတယ်။
လိုအပ်သော စာရွက်စာတမ်းများ
လခစားဝန်ထမ်းဆိုရင် လစာအထောက်အထား (လစာစလစ်) ၃ လ စာ၊ ဘဏ်စာရင်းရှင်းတမ်း၊ ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာနဲ့ အခွန်စာအုပ်မိတ္တူများ လိုအပ်လေ့ရှိပါတယ်။
ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဆိုရင်တော့ လုပ်ငန်းလိုင်စင်၊ ၆ လအတွင်း ဘဏ်စာရင်းရှင်းတမ်းနဲ့ ပြီးခဲ့တဲ့နှစ်ရဲ့ အခွန်ဖြတ်ပိုင်းတွေ လိုအပ်ပါမယ်။
လခစားဝန်ထမ်းဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်စေ၊ အကြွေးဝယ်ကတ် (Credit card)လျှောက်ထားသူတိုင်းလိုအပ်တဲ့ လိုအပ်ချက်တွေကတော့ မကြာသေးမီက ရိုက်ထားတဲ့ လိုင်စင်ဓာတ်ပုံ၊ မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်၊ အိမ်ထောင်စုစာရင်း၊ ရပ်ကွက်ထောက်ခံစာနဲ့ အာမခံပေးမည့်သူများ ဖြစ်ပါတယ်။
အာမခံပေးမယ့်သူအတွက်တော့ မှတ်ပုံတင်မိတ္တူ နဲ့ အိမ်ထောင်စုစာရင်းမိတ္တူ၊ ရပ်ကွက်အတွင်းနေထောင်ကြောင်း ထောက်ခံစာမူရင်း နဲ့ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာမူရင်း စသဖြင့် လိုအပ်တတ်ပါတယ်။
လိုအပ်တဲ့ အချက်အလက်တွေက ဘဏ်တစ်ခုနဲ့ တစ္ခုက ကွဲပြားနိုင်ပါတယ်။ အသေးစိတ်ကိုတော့ ကိုယ်လျှောက်မယ့်ဘဏ်မှာ စုံစမ်းကြည့်ပါ။ အချက်အလက်တွေပြည့်စုံပြီဆိုရင်တော့ ပုံမှန်အားဖြင့် ကတ်လျှောက်ထားပြီး၁၄ ရက်မှ ၁ လအတွင်း ကတ်ထုတ်ပေးလေ့ရှိပါတယ်။
ပြန်လည်ပေးဆပ်ရမယ့်နေ့နဲ့ ပြန်လည်ပေးဆပ်ခြင်းတို့ကို မိုဘိုင်းဘဏ်ဝန်ဆောင်မှုများ၊ အင်တာနက်ဘဏ်ဝန်ဆောင်မှုများ သို့မဟုတ် မိုဘိုင်းပိုက်ဆံအိတ်များမှတစ်ဆင့် သိရှိနိုင်မလား၊ ပြုလုပ်နို်င်မလားဆိုတာလည်း ဘဏ္ကို တစ်ခါတည်း မေးမြန်းခဲ့ပါ။
ဒီအချက်တွေသိထားပြီဆိုရင်တော့ အကြွေးဝယ်ကတ်ကို ကိုယ်တိုင်လျှောက်ထားအသုံးပြုနိုင်ပါပြီ။
Shwedingar
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
6A, Pinlon Street, North Dagon Township
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |