PEACE ECCD Training Center
10/02/2025
စိတ်ပူပန်စရာများထဲကာလကြီးထဲ ဘယ်လို နေထိုင်ကြမလည်း။🌎
စိတ်ပူပန်စရာတွေများနေလား....
ဒီလိုဆို စိတ်ပူပန်နေတဲ့တစ်ခုချင်းစီအတွက်
အဆင့်(၁) ဘာကိုစိတ်ပူနေတာလည်း သေချာသိအောင်လုပ်ပါ။ 🤔
အဆင့်(၂) စိတ်ပူနေတဲ့အရာအတွက် အဖြေ solution ကိုရှာပါ။🧐
အဆင့်(၃)ကိုယ်စိတ်ပူနေတဲ့အရာမှာ ကိုယ်ဖြေရှင်းလို့ရတဲ့အပိုင်းနဲ့ ကိုယ်ကိုင်တွယ်လို့မရတဲ့အပိုင်းကိုခွဲထုတ်လိုက်ပါ။🌛🌜
အဆင့်(၄) ပြီးရင် ကိုယ်ဖြေရှင်းလို့ရတဲ့၊ကိုယ်လုပ်လို့ရတဲ့အပိုင်းကိုစလုပ်ပါ။ 💪🏿🧑🔧
အဆင့်(၅) ကိုယ်controလုပ်လို့မရတဲ့ အပိုင်းအတွက် စိတ်ပူနေတာတွေကနေ လွှတ်ပေးလိုက်ပါ။💨💨💨
ဥပမာ အလုပ်အင်တာဗျူးအတွက် စိတ်ပူနေတယ်ဆိုပါစို့
ပထမ အဆင့် (၁)အနေနဲ့ ဘာကိုစိတ်ပူနေတာလည်းသိအောင်လုပ်ပါ။ အဆင့်မကောင်းမှာကိုလား။ မအောင်မှာကိုလား။ အောင်သွားလို့ အခြားနေရာပြောင်းရမှာကိုလား သေချာသိအောင်လုပ်ပါ။ အခြားနေရာပြောင်းဖို့ခက်ခဲနေတယ်ဆိုပါတော့။
အဆင့် (၂) စိတ်ပူနေတဲ့အရာရဲ့ solutionက အဆင့်ကောင်းအောင်ဖြေနိုင်ရမယ်။ အခြားနေရာမပြောင်းချင်ရတဲ့ အခက်အခဲကိုအင်တာဗျူးတဲ့သူတွေသေချာသိစေဖို့ပါ။
အဆင့် (၃) ကိုယ်လုပ်နိုင်တာက ဖြေဖို့ေသချာလေ့လာပြီး နယ်မသွားနိုင်တဲ့အခက်အခဲကို အင်တာဗျူးတဲ့သူတွေသိအောင်ေသချာပြောထားနိုင်ဖို့ပါပဲ။ ကိုယ်မလုပ်နိုင်တာက အင်တာဗျူးတဲ့သူတွေရဲ့အတွေးပဲပေါ့။
အဆင့် (၄) မေးတတ်တဲ့မေးခွန်းတွေလေ့လာ၊မေးမဲ့သူတွေအကြိုက်လေ့လာ၊ ဘယ်နေရာလောက်ဆိုကိုယ်သွားနိုင်မလည်း၊ ဘယ်နေရာတွေအတွက် ခေါ်တာလည်းသိအောင်လုပ်ထားပြီး ကိုယ်အတွက်အခွင့်အလမ်းရှာပါ။
အဆင့် (၅) ကိုယ်အကောင်းဆုံးကြိုးစားခဲ့ပြီးပြီ၊ အဝေးသွားဖို့အခက်အခဲကိုပြောပြခဲ့ပြီးဖြစ်လို့ အကယ်၍ မလိုအပ်တဲ့ result ရလာခဲ့ရင်လည်း နောက်တစ်ခါထပ်ပေါ်လာမဲ့အခွင့်အရေးကြိုစောင့်ရုံပါပဲလေ။
စိတ်ပူပန်မှုကို ကိုယ်တိုင်ကျော်ဖြတ်နိုင်ကြပါစေ။
ချစ်တဲ့ တီချယ်ကြူ
26/09/2023
သင်တန်းတွေမပေးဖြစ်ပေမဲ့
ကလေးလေးတွေ တွေ့တိုင်း စကားပြောဖြစ်တိုင်း
ကြီးလာရင်ဘာဖြစ်ချင်လည်း။
ဘာလို့အဲဒါဖြစ်ချင်တာလည်း။
အဲဒါရဖို့ ဘယ်လိုလုပ်မလည်းလို့ ။
မေးကြည့်ဖြစ်ပါတယ်။
ကလေးတစ်ယောက်အတွက်
မရှိမဖြစ်လိုအပ်တာ
၅ခုဆို ဘာတွေများလည်း။🧐🧐🧐
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |