Swel Restaurant

Swel Restaurant

Share

02/05/2026

အပူရှိန်ကလည်းပြင်းတော့ အစားအသောက်လည်းပျက်တတ်တဲ့ဒီလိုနွေရာသီမှာ... စိတ်ကိုရော လူကိုပါ လန်းဆန်းသွားစေမယ့် ဟင်းပွဲကောင်းလေးတစ်ပွဲတော့ လိုအပ်တယ်နော်! 😍

နွေရာသီနဲ့အလိုက်ဖက်ဆုံးဟင်းပွဲတွေထဲက ဘယ်ဟင်းပွဲလေးက ကိုယ့်ခံတွင်းနဲ့လိုက်ဖက်မလဲဆိုတာကို Comment မှာရွေးခဲ့ပါဦး။

✨ ချဉ်၊ စပ်၊ မွှေး အရသာစုံစုံလေးနဲ့ ခံတွင်းကို ဝုန်းခနဲ ပွင့်သွားစေမယ့် သင်္ဘောသီးထောင်းလေးလား…
✨ အချဉ်ဓာတ်ကဲကဲ ဟင်းရည်ပူပူလေးကို သောက်လိုက်ရင် ကိုယ်တွင်းကအပူတွေ အကုန်ထွက်သွားသလို လန်းဆန်းသွားစေမယ့် ခံစားချက်ကိုရမယ့် ပုဇွန်တုံယမ်းဟင်းချိုလေးလား…
✨ ပေါ့ပေါ့ပါးပါး စားချင်သူတွေအတွက် ဆီချက်မွှေးမွှေးလေးကိုမှ အသားလုံးအိအိလေးတွေ၊ အသီးအရွက် လတ်လတ်ဆတ်ဆတ်လေးတွေနဲ့ ကြေးအိုးဆီချက်လေးလား…

ဒါမှမဟုတ် ဒီထဲမှာ မပါတဲ့ ဟင်းပွဲလေးကို ခံတွင်းတောင့်တနေလားဆိုတာကိုပြောပြခဲ့ပါဦး။ နွေရာသီနဲ့အလိုက်ဖက်ဆုံး ဟင်းပွဲတွေ၊ အသုပ်တွေအစုံရတဲ့ “စွဲ”ကိုလှမ်းလာခဲ့ဖို့လည်း မမေ့နဲ့နော်..🥰

#စွဲ #အထူးဟင်းလျာများ #စွဲကြေးအိုး #ကြေးအိုးအစုံ #မာလာကြေးအိုး #သင်္ဘောသီးထောင်း #ပုဇွန်တုံယမ်းဟင်းချို #ကြေးအိုးဆီချက် #နွေရာသီဟင်းလျာများ

30/04/2026

လျှာပေါ်မှာ စွဲကျန်နေမယ့် Singapore Chicken Rice ရဲ့ အရသာ 🤤

ကြက်ဆီထမင်းဆိုရင် ရိုးရှင်းတယ်လို့ထင်ကြပေမဲ့ အရသာကတော့ ထူးခြားပြီးဆွဲဆောင်မှုအပြည့်ရှိတာ စားဖူးသူတိုင်းအသိပဲနော် 😋

🍗 ပထမဆုံး တစ်လုပ်မှာတင် လျှာပေါ်မှာ အရည်ပျော်သွားမယ့် အိစက်နေတဲ့ ကြက်သား... အသားနဲ့ အရေခွံကြားက ဂျယ်လီလို Collagen အလွှာလေးက ကြက်သားရဲ့ အရသာကို ပိုပြီးထူးကဲသွားစေပါတယ်။
🍚 ဟော ကြက်ဆီနဲ့ ဂျင်း၊ ကြက်သွန်ဖြူနံ့ သင်းနေတဲ့ ထမင်းပူပူလေးကလည်း ဆန်စေ့တိုင်းမှာ ကြက်ပြုတ်ရည်ရဲ့ အချိုဓာတ်က စိမ့်ဝင်နေတာကြောင့် ဟင်းမလိုဘဲ ထမင်းချည်းပဲ စားရင်တောင် စွဲလမ်းစရာနော်။
🌶️ ဒါတွေအားလုံးကို ထပ်ပြီးအားဖြည့်ပေးတာကတော့ ချဉ်စပ်ငရုတ်သီးဆော့စ် ပါပဲ။ ငရုတ်သီးရဲ့ အစပ်၊ သံပရာရည်ရဲ့ အချဉ်နဲ့ ဂျင်းရဲ့ အနံ့က အအီကို လုံးဝပြေပျောက်သွားပါတယ်။

တစ်လုပ်စားလိုက်တိုင်း အရသာ မျှတနေမှတော့ စင်္ကာပူကြက်ဆီထမင်းဆို စွဲလမ်းကြတာ အထူးအဆန်းမဟုတ်တော့ဘူးနော်။

မစားဖူးလို့ မြည်းစမ်းချင်တာပဲဖြစ်ဖြစ်၊ စားဖူးလို့ ထပ်ပြီးစားချင်တာပဲဖြစ်ဖြစ် “စွဲ”ကိုသာ လှမ်းလာခဲ့ပါ။ 💁

⏰မနက် ၈နာရီခွဲ မှ ည ၉နာရီခွဲအထိ (ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်)
📍 ဆိုင်လိပ်စာ - အမှတ် ၇၊ ဗဟိုလမ်း (အာရှတော်ဝင်မျက်စောင်းထိုး) စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ 09 88150 7700, 09 88150 7711
☎️ 09 88150 7722, 09264 444 202

#စွဲ #အထူးဟင်းလျာများ #စွဲကြေးအိုး #ကြေးအိုးအစုံ #မာလာကြေးအိုး #စင်္ကာပူကြက်ဆီထမင်း #ကြက်ဆီထမင်း

19/04/2026

မွှေးပျံ့နူးအိ အရသာမှာ စွဲမက်စရာ ကြက်ဆီထမင်းကို
စွဲမှာ Lunch Box အနေနဲ့လည်း Order မှာ ယူလို့ရနေပြီနော် 🍚🍗

⏰ မနက် ၈နာရီခွဲ မှ ည ၉နာရီခွဲအထိ (ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်)
📌 ဆိုင်လိပ်စာ - အမှတ် ၇၊ ဗဟိုလမ်း (အာရှတော်ဝင်မျက်စောင်းထိုး) စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
☎️ 09 88150 7700, 09 88150 7711
☎️ 09 88150 7722, 09264 444 202

#စွဲ #အထူးဟင်းလျာများ #စွဲကြေးအိုး #ကြေးအိုးအစုံ #မာလာကြေးအိုး #စားသောက်ဆိုင် #ကြက်ဆီထမင်း

13/04/2026

နှစ်ကူးသင်္ကြန်အခါသမယမှာ စွဲရဲ့အဆွေတော်များအားလုံး ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုအပေါင်းနဲ့ ပြည့်ဝပါစေ 💦✨

မိသားစုနဲ့အတူ လက်ဆုံကျပြီး နွေးထွေးတဲ့ အချိန်လေးတွေလည်း ပိုမိုပိုင်ဆိုင်နိုင်ပါစေခင်ဗျာ

နှစ်သစ်ကစလို့ အဆွေတော်အပေါင်း အေးချမ်းသာယာပါစေကြောင်း စွဲစားတော်ဆက်မှ မေတ္တာပို့သလိုက်ရပါတယ်🌿

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No 7, Baho Road
Yangon
11111

Opening Hours

Monday 08:30 - 21:00
Tuesday 08:30 - 21:00
Wednesday 08:30 - 21:00
Thursday 08:30 - 21:00
Friday 08:30 - 21:00
Saturday 08:30 - 21:00
Sunday 08:30 - 21:00