NEA - National Engineering Academy

NEA - National Engineering Academy

Share

22/05/2021

လူတွေဟာ လျှပ်စစ်ရဲ့ဖခင်ကြီးဆိုပြီး
Thomas Edison ကိုတော့သိကြတယ်
Nicola Telsa ကိုတော့ မေ့နေကြတယ်

အဲတော့ Nicola Telsa ဟာ ဘယ်သူလဲ
Telsa ဘာတွေစမ်းသပ်ပြီး သူ့ရဲ့စမ်းသပ်ချက်တွေသာ အောင်မြင်ခဲ့မယ်ဆိုရင်...................................
======================================
Nikola Tesla နဲ့ Thomas Edison တို့ကြားကရန်ငြိုး

Thomas Edison က Tesla ရဲ့ အလုပ်ကို ဖျက်စီးဖို့ဘာမဆို လုပ်ခဲ့ပါတယ် ။

"သူတို့ ငါ့ရဲ့ idea ကို ခိုးသွားတာ ဂရုစိုက်ဘူး။ သူတို့ ဘာသာသူတို့ idea မထုတ်နိုင်တာကိုတော့ စိုးရိမ်တယ်။"

ဆိုတော့ Nikola Tesla ဆိုတာ ဘယ်သူလဲ ။

သူ က ဘာ idea ‌အကြောင်းကို ပြောနေတာလဲ။

ပြီးတော့ ဘယ်သူက သူ့ idea ကိုခိုးတာလဲ။

Tesla ဆိုတာကတော့ သမိုင်းထဲက ဩဇာ ကြီးတဲ့ တီထွင်သူတွေထဲကတစ်ယောက်ဖြစ်ပါတယ် ။

Tesla သာမရှိဘူးဆို ရင် လျှပ်စစ်‌ဆိုတာရှိလာမှာမဟုတ်ပါဘူး။ သူ့အကြောင်းကိုတော့ လူတွေသိပ်မသိပါဘူး ။ အဲ့လို လူတွေ သူ့ကို မသိရတဲ့ အကြောင်းကတော့ လူတစ်ယောက်ကြောင့်ပါ ။ အဲ့လူကတော့ ကျွန်တော် တို့ ငယ်ငယ်တုန်းက ကျောင်းမှာ သင်ခဲ့ရတဲ့ Thomas Edison ပါပဲ။ အာ့ဆို Thomas က Tesla ကို ဘာများလုပ်ခဲ့လို့လဲ ။

Tesla ရဲ့ လုပ်ငန်းက 1884 မှာစတင်ခဲ့ပါတယ် ။ အဲ့အချိန်မှာ သူ U.S. ကိုစရောက်တာပေါ့ ။ အဲ့ကို ရောက်တော့ သူ့အိတ်ကပ်ထဲမှာလည်း ပိုက်ဆံက 4 cents နဲ့ သူ့အဝတ်စားထုပ် လေးရယ်ပဲရှိတယ် ။ အဲ့တော့ သူလည်း အလုပ်ရှာတာပေါ့ ။ အဲ့လိုနဲ့ သူ Thomas ကို တွေ့ဖို့သွားခဲ့တယ် ။ သူတို့တွေ့ ပြီး Thomas က Tesla ကို အလုပ်ပေးခဲ့တယ် ။ အဲ့အချိန်ကတော့ အမေရိကန်နိုင်ငံ‌ရဲ့ စီးပွားရေး ရွှေရောင်လွှမ်းတဲ့ ခေတ်ပါပဲ ။ ဒါပေမယ့် မကြာပါဘူး တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ လျှပ်စစ်မရှိ သေးလို့ပါ ။Thomas ကနေပြီးတော့ သူ့ရဲ့ ဂန္ထဝင်လက်ရာမြောက်မီးလုံးကို တီထွင်လိုက်ပါတယ် ။ ဒါပေမယ့် လျှပ်စစ် ကိုပို့ဆောင်ဖို့ စနစ်မရှိခဲ့သေးပါဘူး ။ Thomas က DC power ကိုသုံးချင်ခဲ့ပါတယ် ။ သူက DC power ကိုသုံးပြီး အမေရိက မှာ ရှိတဲ့ အိမ်တိုင်းကို ဖြန့်ဝေဖို့ အဆိုပြုခဲ့ပါတယ် ။ အဓိက idea ကတော့ လျှပ်စစ်ဓာတ်အားပေးစက်တွေကို block တိုင်းမှာ ဒါမှမဟုတ် blockနှစ်ခြားစီ လိုက်ဆောက်ဖို့ပါပဲ ။ ဒါပေမဲ့ ပြဿနာ တစ်ခုရှိခဲ့ပါတယ် ။ အဲ့တာ က Thomas ရဲ့ DC power Generator တွေက အရမ်း ကို ကျိုးပျက်လွယ် နေတာပါပဲ ။ Thomas က အဖြေရှာမရဖြစ်ခဲ့ပါတယ် ။ တစ်နေ့မှာ တော့ Thomas က သူ့ရဲ့ ပြဿနာ ကို Tesla ကိုပြောပြခဲ့ပါတယ် ။ Thomas က "မင်း ဒီပြ‌ဿနာ ကို အဖြေရှာနိုင်ရင် မင်းကို မုန့်ဖိုး$50000 ပေးမယ် " လို့ပြောခဲ့ပါတယ် ။ Tesla က လက်ခံလိုက်ပြီး လတွေချီအောင် အဖြေရှာခဲ့ပါတယ် ။ နောက်ဆုံးမှာတော့ သူ အဖြေရှာရသွားပြီး Thomas ကို ပြခဲ့ပါတယ် ။ ပြီးတော့ သူရဲ့ မုန့်ဖိုး ကို တောင်းတော့ Thomas က မပေးခဲ့ပါဘူး ။ Thomas က သူ အဲ့တုန်း ထေ့ငေါ့ပြီးပြောတာလို့ ပြောလိုက်ပါတယ် ။ Tesla က မုန့်ဖိုးလည်းမရ အသိအမှတ်လည်း အပြုမခံရဖြစ်ခဲ့ပါတယ် ။ဆိုတော့ သူ အလုပ်ထွက်ခဲ့ပါတယ် ။ သူ Thomas ဆီက အလုပ်ထွက်ပြီး သူ့ကိုယ်ပိုင်လုပ်ငန်းကို စတင်ခဲ့ပါတယ် ။ နောက်တော့ သူ လျှပ်စစ်ကို ဖြန့်ဝေဖို့ Thomas ထက်ပိုကောင်းတဲ့ idea တစ်ခု နဲ့ တက်လာပါတယ် ။ သူ့ရဲ့ idea ကတော့ AC power ပဲဖြစ်ပါတယ် ။ Thomas ရဲ့ DC power က direction တစ်ခုထဲကို သွားနိုင်ပြီး အကွာအဝေးနည်းနည်းလေးကိုပဲ သွားနိုင်ပါတယ် ။ Tesla ရဲ့ AC power က Direction တွေ ပြောင်းလဲနေပါတယ် ။ AC power ကို လျှပ်စစ်ဓာတ်အားပေးစက်တွေနဲ့ အကွားအဝေး အကန့်အသတ် မရှိပို့ဆောင်နိုင်ပါတယ် ။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူအများ က သူ့ရဲ့ idea ကို မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြပါတယ် ။

တစ်နေ့မှာတော့ ချမ်းသာတဲ့ရင်းနှီး မြှုပ်နှံသူတ‌စ်ယောက် , George Westinghouse က သူ့ရဲ့ idea ကို ရင်းနှီးမြှုပ်နှံဖို့ အသင့်ရှိနေခဲ့ပါတယ် ။ အဲ့လို နဲ့ Current တွေရဲ့ စစ်ပွဲ ဖြစ်ပေါ်လာပါတယ် ။ Thomas ရဲ့ DC power နဲ့ Tesla ရဲ့ AC power တို့ပဲဖြစ်ပါတယ် ။ ပွဲအပြီး မှာတော့ Tesla က နိုင်သွားခဲ့ပါတယ် ။ သူ့ရဲ့ AC power ကို 1893 , Chicago world fair မှာ ပွဲဦးထွက်ခဲ့ပါတယ် ။ အဲ့မာ မြို့ကြီး တစ်ခုလုံးက မီးအလင်းရောင် ‌တွေနဲ့ ‌ပြည့်နှက်နေပြီး ခေတ်သစ်တစ်ခု စတင်ခဲ့ပါတယ် ။ အဲ့တာကတော့ မဖြစ်ဖြစ်အောင်လုပ်ခဲ့တဲ့ Tesla ရဲ့ AC power ကြောင့်ပဲဖြစ်ပါတယ် ။ Thomas က Tesla နဲ့ပွဲမှာရှုံးသွားပေမဲ့ အရှုံးကို လက်မခံခဲ့ပါဘူး ။ Thomsa က Tesla ကိုနာမည်ကျအောင် ညစ်ပတ်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားခဲ့ပါတယ် ။ Thomas က AC power ရဲ့ အန္ထာရာယ် ရှိပုံကို USA မှာ ရှိတဲ့ သူတိုင်းကို လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါတယ် ။ ဒါပေမဲ့ သူ့ရဲ့ အကြံမအောင်မြင်ခဲ့ပါဘူး ။ Westinghouse နဲ့ Tesla က အမေရိက ကိုတောက်ပအောင်လုပ်ဖို့ လမ်းမပေါ်ရောက်နေပါပြီ ။ Tesla ရဲ့ plan က Niagra ရေတံခွန် ကိုသုံးပြီး လျှပ်စစ်ထုတ်မယ် ပြီးတော့ ရတဲ့ လျှပ်စစ်ကို New York မြို့ကို ပို့ဆောင်မယ် ။ 1895 မှာ Tesla တို့ နှစ်ယောက် သူတို့ရဲ့ စက်ရုံကို ဖွင့်လှစ်ခဲ့ပြီး လျှပ်စစ် ဖြန့်ဝေမှုကို စတင်ခဲ့ပါတယ် ။ ဒါတော့ currentစစ်ပွဲ မှာ Tesla ဘယ်လို ရပ်တည်ခဲ့လဲဆိုတာပါပဲ ။ ဒီနေ့ ကျောင်းသား အများစုကတော့ Tesla ထက် Edison ကိုပဲ သိကြပါတယ် ။ Edison ပိုကျော်ကြားလာတာက သူ့ရဲ့ ကုန်သွယ်မှု မျက်မှောက် ကြောင့်ပါပဲ ။

Ref >> wikipedia / livescience

18/01/2021

သင့်ပညာရေး လမ်းကြောင်းအတွက် လှပသေချာသော အနာဂတ်ကို NEAရဲ့ Education Loan နဲ့အတူ ဖော်ဆောင်လိုက်ပါ
======================================

မိမိရဲ့ပညာရေးအနာဂတ်ပိုမိုတိုးတက်ဖို့အတွက်နိုင်ငံတကာအဆင့်မှီဒီပလိုမာဘွဲ့နဲ့ပတ်သတ်တဲ့သင်တန်းတွေကိုတက်ဖို့လိုက်လံရှာဖွေနေပါသလား??🤔

ဒါမှမဟုတ်မိမိဘ၀အာမခံချက်ရဖို့အတွက်အသက်မွေး၀မ်းကြောင်းဆိုင်ရာသင်တန်းတွေတက်ဖို့လိုက်လံရှာနေပါသလား???🤔

နောက်ပြီးသင်တန်းတက်ချင်သော်လည်းသင်တန်းကြေးအတွက်အခက်ခဲဖြစ်နေပါသလား???🤔

အဲ့တာဆိုရင်တော့ဒီအခက်ခဲတွေကိုဖြေရှင်းဖို့အတွက်National Engieering Academy ကိုသာလှမ်းခဲ့လိုက်ပါတော့နော်😊အခုဆိုရင်NEAမှသင်တန်းများကိုလည်းEducation Loanနဲ့ချိတ်ဆက်ပြီးတော့တက်ရောက်နိုင်ပါပြီ🤗🤗🤗

National engineering academyဘယ်လိုသင်တန်းတွေကိုEducation Loan နဲ့ချိတ်ဆက်ပြီးတက်ရောက်နိုင်ပါသလဲ????

- Certificate in Air Conducation & Refrigeration
- Certificate in Electrical Installation
- Certificate in Electrical Design
- Dipaloma in M& Eအစရှိတဲ့သင်တန်းတွေကိုEducation Loneချိတ်ဆက်ပြီးတက်ရောက်နိုင်ပါပြီ😊

Education Loanတွင်ဘယ်လို၀န်ဆောင်မှုတွေပါ၀င်သလဲဘယ်လိုသူတွေလျှောက်ထားနိုင်ပါသလဲ???

- လစဥ်လစာပုံမှန်၀င်ငွေရှိသောကျောင်းသားကျောင်းသူများ
- လစဥ်လစာပုံမှန်၀င်ငွေရှိသော၀န်ထမ်းများ
- လစဥ်လစာပုံမှန်၀င်ငွေမရှိသောကျောင်းသားကျောင်းသူများလည်းလျောက်ထားနိုင်ပါတယ်🤗

Educational Loanနဲ့ပတ်သတ်ပြီးလစဥ်လစာ၀င်ငွေရှိသောသူများဆောင်ရွက်ရမည့်အချက်အလက်များ🤗

- ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သူဖြစ်ရပါမည်။
- လစဥ်လစာပုံမှန်၀င်ငွေရှိသူဖြစ်ပြီးဆက်သွယ်ရန်လွယ်ကူသောသူဖြစ်ရပါမည်။
-သင်တန်းတက်ရောက်သောသူများသည်သက်ဆိုင်ရာအတန်းချိန်များပြီးဆုံးသည့်ကာလအထိတက်ရောက်ပေးနိုင်သောသူများဖြစ်ရပါမည်☺️☺️☺️

လစဥ်လစာပုံမှန်၀င်ငွေမရှိသောသူများအတွက်ဆောင်ရွက်ရမည့်အချက်အလက်များ🤗

- လစဥ်၀င်ငွေ(လစာ)ပုံမှန်ရှိသောမိဘ(သို့မဟုတ်)မိသားစု၀င်မှကိုယ်စားလှယ်ပြုလျောက်ထားနိုင်ပါသည်။လျောက်ထားသူနှင့်သင်တန်းတက်ရောက်မည့်သင်တန်းသားတို့သည်အိမ်ထောင်စုစာရင်းတွင်အတူနေထိုင်သူဖြစ်ရပါမည်။သင်တန်းတက်ရောက်မည့်သင်တန်းသားသည်မိမိတက်ရောက်နေသောသက်ဆိုင်သင်တန်း၏အတန်းချိန်ပြီးဆုံးသည့်ကာလထိတက်ရောက်ပေးနိုင်သူဖြစ်ရပါမည်😊

Education Loanနဲ့ပတ်သတ်ပြီးသိရှိလိုသောအကြောင်းအရာများကိုအသေးစိတ်မေးမြန်လိုပါကဆက်သွယ်ရန်👇

Ph 09 - 775178727/ 09 760754099တို့ကိုဆက်သွယ်၍မေးမြန်းနိုင်ပါတယ်☺️

ဒါမဟုတ်NEA Pageတွင်လည်းသိရှိလိုသောအကြောင်းအရာများကိုအသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်😊

သင့်အနာဂတ်ထွန်းလင်းတောက်ပဖို့NEAတွင်ကျောင်းတက်စို့🤗🤗🤗

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


11/B, Kyaung Street, San Chaung Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00