English Knowledge
17/05/2024
မှတ်သားဖွယ် အင်္ဂလိပ်စကားပုံများ
1. There is no accounting for tastes.
လူတစ်ကိုယ် အကြိုက်တစ်မျိုး။
2. It takes all sorts to make a world.
လူအမျိုးမျိုး စရိုက်အထွေထွေ။
3. All things come to those who wait.
လက်ဖက်ကောင်းစားချင်လျှင် ပလောင်တောင်တက်နှေးရမယ်။
4. Better are small fish than an empty dish.
မစားရတာထက်စာရင် ငါးအသေးလေးတွေစားရတာတော်သေး။
5. Better out than in.
ရင်ထဲမှာ ချုပ်တည်းထားမည့်အစား ထုတ်ပြောလိုက်တော့ ပေါ့သွားတာ။
6. It is better to give than to receive.
ရယူခြင်းထက် ပေးဆပ်ခြင်းကပိုကောင်း၏။
7. Hasty climbers have sudden falls.
အတက်မြန်လွန်းသူများ အကျလည်းမြန်တတ်၏။
8. Clothes make the man.
တောင်းမှာအကွပ်၊ လူမှာအဝတ်။
9. When you are in a hole, stop digging.
ကိုယ့်သေတွင်း ကိုယ်မတူးနဲ့။
10. If you want peace, you must prepare for war.
ငြိမ်းချမ်းရေးလိုချင်လျှင် စစ်ပွဲအတွက် ပြင်ဆင်ထားပါ။
11. Do not throw pearls to swine.
ကျွဲပါးစောင်းတီး မပြုနှင့်။
12. Time is a great healer.
အချိန်သည် အကောင်းဆုံးသမားတော်။
13. Unity is strength.
စည်းလုံးခြင်းသည် ခွန်အား။
14. If you want a thing done well, do it yourself.
ကောင်းစေချင်လျှင် သင်ကိုယ်တိုင်သာလုပ်ပါ။
15. We must learn to walk before we can run.
ပန်းထ်ိမ်မတတ်ခင် ရွှေခိုးမသင်နဲ့။
16. You win a few, you lose a few.
ဘဝဆိုသည်မှာ အနိုင်ရှိသလို အရှုံးလည်းရှိမယ်။
17. Never speak ill of the dead.
ကွယ်လွန်သွားသူများ မကောင်းကြောင်း ဘယ်တော့မှမပြောပါနဲ့။
18. The frog in the well knows nothing of the sea.
ရေတွင်းထဲက ဖါးသူငယ် ပင်လယ်ပြင်ကြီးအကြောင်းမသိသည့်နှယ်။
19. Freedom is not free.
လွတ်လပ်ရေးကို အလကားမရပါ။
20. When the cat's away, the mice will play.
ကြောင်မရှိတော့ ကြွက်ထ။
With love,
Dr.Soe Than
May 17, 2019
22/04/2024
ယခုလိုနွေရာသီမှာ ရင်ကိုအေးမြစေမယ့် အဖျော်ယမကာတွေကို English လိုဘယ်လိုခေါ်မလဲ🍹🧉🍺
Click here to claim your Sponsored Listing.
Category
Website
Address
Yangon