Right Time News

Right Time News

Share

06/10/2020

မိန်းမဆိုတဲ့အမျိုးက စွန်းညဏ်ကောင်းတာ
လက်ခံသွားမှာပါ
:P

🐂နွားရောင်းမည်(၂,၀၀၀)ကျပ်
=====================
🐓ကြက်ရောင်မည်(၂၀၀,၀၀၀)ကျပ်
======================
😂မှတ်ချက်။ ။ခွဲမရောင်းပါ😂
===================

👥တစ်ခါကရွာလေးတစ်ရွာမှာ
အဘိုးကြီးနဲ့အဘွားကြီး
လင်မယားနှစ်ယောက် ရှိတယ်
သူတို့မှာ သားသမီးလည်းမ ရှိရှာဘူးတဲ့...

😪တစ်နေ့တော့ အဘိုးကြီးက
အသည်းအသန်ဖြစ် သေခါနီးတော့
အဘွားကြီးကို မှာတယ်...😪

😩 ငါ အရင်က ဘာကုသိုလ်
ဘာကောင်းမှုမှ လုပ်ခဲ့ဖူးတာ မရှိဘူး
ငါသေသွားရင် ဘဝကူးကောင်းအောင်
အိမ်ကနွားလေးကို ရောင်းပြီး
တစ်ဝက်ကို ငါ့အတွက် ရည်စူးပြီး
ကုသိုလ် ကောင်းမှု လုပ်ပေးပါ
တစ်ဝက်ကိုတော့ ငါမရှိချိန် နင်
လုပ်ကိုင်စားဖို့ယူပေါ့ …🐂

😔အဘွားကြီးလည်း စိတ်မကောင်းစွာ
မျက်ရည်စက်လက်နဲ့ ပြောတဲ့အတိုင်း
လုပ်ပါမယ်လို့ ကတိပေးလိုက်တယ်...😒

😒ဒီလိုနဲ့ အဘိုးကြီး သေသွားပြီး နှစ်ရက်
လောက်နေတော့အဘွားကြီးက
အဘိုးကြီး မှာခဲ့တာကို ပြန်တွေးပြီး
ကပ်စေးနည်းစိတ် ဝင်လာသတဲ့
(ဝင်မှာပေါ့) လူပဲကိုး...🥴

🤔ဒီနွားလေးတစ်ကောင်ရှိလို့
ငှားစားနေရတာကို ရောင်းပြီး
တစ်ဝက်ကိုလှူလိုက်ရမယ်ဆိုတော့
ငါ့မှာလည်း လုပ်စားစရာကမရှိတော့
… ဒုက်ခပဲ …🙄

🤨ဒါပေမယ့် အဘိုးကြီးကို ပေးခဲ့တဲ့
ကတိကိုလည်း မဖျက်ချင်ဘူး
ဒါနဲ့ ဘယ်လိုလုပ်ရမလဲ
အကြံထုတ်နေသတဲ့။
နောက်တော့ အကြံရသွားပြီး
အိမ်ရှေ့မှာဆိုင်းဘုတ်တစ်ခု
ကောက်ရေးပြီးထောင်ထားလိုက်တယ်...✍️

📝 နွားတစ်ကောင်ရောင်းမည်(၂,၀၀၀)ကျပ်
ကြက်တစ်ကောင်ရောင်းမည်(၂၀၀,၀၀၀)ကျပ်
မှတ်ချက် ။ အတွဲလိုက်သာ ရောင်းမည် ။
(လုံးဝ လုံးဝ) ခွဲမရောင်းပါ...🐂🐓

😂သူ သတ်မှတ်ထားတဲ့စျေးက
ပြောင်ပြန်ကြီးမို့ ဖတ်မိကြတဲ့လူတွေ
ရယ်ကြတယ် ဒါပေမယ့် အဲဒါကို
ဖတ်မိပြီးစျေးကို သဘောကျတဲ့
လူတစ်ယောက်က ဈေးမစစ်ပဲ
အတွဲလိုက်ပဲဝယ်သွားသတဲ့...🤣😅

🤔အဲဒီတော့မှ အဘွားကြီးက
အဘိုးကြီးရဲ့ ရက်လည်မှာ
နွားရောင်းရငွေ(၂,၀၀၀)ကျပ်ထဲက
တစ်ဝက်ကိုခွဲ ၁၀၀၀ဘိုးဆန်ပြုတ်
ပြုတ်ပြီး ဘုန်းကြီးကိုကပ်လိုက်တယ် ။
ကြက်ရောင်းရငွေ(၂၀၀,၀၀၀)ကိုတော့
နွားလေးတစ်ကောင်ပြန်ဝယ်ပြီး
အရင်အတိုင်းပဲ လုပ်ကိုင်စားနေသတဲ့
သူကတိ မပျက်ခဲ့ဘူးလေ...🤭

😂(မိန်းမဆိုတဲ့အမျိုးက ခေတ်အဆက်ဆက်
ကတည်းက ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့
အမျိုးဆိုတာ လက်ခံသွားပြီလား)...😂..
================
Author : Unknown
================

28/09/2020

ပထမဆုံးအကြိမ် လကမ္ဘာပေါ် ခြေချသူနှစ်ဦးရှိခဲ့တယ်။
အားလုံးသိကြတဲ့ Neil Armstrong‎ အပြင် နောက်တစ်ယောက်က Buzz Aldrin ဖြစ်တယ်။ အဲဒီတုန်းက Neil Armstrong‎ စကားတစ်ခွန်းပြောခဲ့တယ်။ အဲဒီစကားက ဒီနေ့ချိန်ထိ ဆိုရိုးစကားအဖြင့် သုံးခဲ့ကြတယ်။

"ကျွန်တော်ရဲ့ခြေလှမ်းငယ်တစ်လှမ်းက ကမ္ဘာပေါ်က လူတွေအတွက် ခြေလှမ်းကြီးတစ်လှမ်း ဖြစ်ခဲ့တယ်"

လကမ္ဘာရောက်သူတွေရဲ့ အောင်မြင်မှုဂုဏ်ပြုတဲ့ပွဲမှာ သတင်းထောက်တစ်ဦးက Buzz Aldrin ကို အဖြေရကျပ်တဲ့ မေးခွန်းတစ်ခု မေးလိုက်တယ်။

"Armstrong‎ လကမ္ဘာပေါ် အရင်ခြေချခဲ့လို့ လကမ္ဘာရောက် ပထမဆုံးလူသားအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ဒီအတွက် ခင်ဗျာဝမ်းမနည်းဘူးလား"

ပရိသတ်တွေရဲ့ သိလိုတဲ့အကြည့်အောက်မှာ Buzz Aldrin က တည်တည်ငြိမ်ငြိမ် ပြန်ဖြေခဲ့ပါတယ်။

"ကမ္ဘာမြေပေါ်ပြန်ရောက်တဲ့အချိန် အာကာသယာဉ်ကနေ ကျွန်တော်အရင်ဆုံး ထွက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်က တစ်ခြားကမ္ဘာကနေ ကမ္ဘာမြေပြင်ပေါ် ပထမဆုံး ခြေချခဲ့သူဖြစ်တယ် ဆိုတာကိုလည်း မမေ့နဲ့ပေါ့ဗျာ..."

ပရိသတ်ရဲ့ ရယ်မောသံနဲ့အတူ အားရကျေနပ်တဲ့ လက်ခုပ်သံတွေ ဟိန်းထွက်လာခဲ့တယ်။

လုပ်ဖော်ကိုင်ဖက်ရဲ့ အောင်မြင်မှုကို သင်လေးစား၊ တန်ဖိုးထားခဲ့ဖူးပါသလား?
သူ့အတွက် ကိုယ့်လက်ခုပ်သံကို ပေးခဲ့ဖူးပါသလား?

အောင်မြင်မှုမှာ သူ့ကြောင့်၊ ကိုယ့်ကြောင့်ဆိုတဲ့ အတ္တတွေနဲ့ ခွဲခြားသတ်မှတ်စရာ မလိုပါဘူး။

အဖွဲ့ရဲ့အောင်မြင်မှုက ကိုယ့်အောင်မြင်မှုပဲဖြစ်တယ်။......
===============
Author : unknown
================

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Address


No, 261. 1st Floor, Bar Lane Street(Upper)
Yangon