Challenge Gym
04/06/2026
🙈🙈🙈
လစ်ရင်လစ်သလို တွယ်ရမှာဘဲ🤪🤪
13/05/2026
🔴 Gym ဆော့နေရင်း Mood out သွားလို့ ဆက်မသွားတော့ဘူးဆိုသူများအတွက်
Gymတော့သွားပါရဲ့။ ၃လ၊ ၆လလောက်လည်း ကျော်ရော မသွားချင်တော့ဘူးဆိုတဲ့ သူတွေ၊ Gymသွားပြီး ပြောင်းလဲမှုနှေးတယ် ထင်နေတဲ့သူတွေအတွက် နည်းနည်းဆွေးနွေးပေးမယ် 💪
(၁) Gymမှာ အချိန်အကြာကြီးဖြုန်းနေမိလား❓
Gymမှာ ၃နာရီလောက်ဆော့ရင် တစ်နေ့မှ ၃နာရီမပေးနိုင်ရင် ဆော့မရဘူးထင်သွားရော။ ဒီတော့ နည်းနည်းမအားတာနဲ့မသွားဘူး။ ဒါပါပဲ။
🟢 _(ဒီတော့Gymမှာ တစ်ကယ်ဆော့ရင် ၁နာရီဆိုလုံလောက်ပါတယ်မိတ်ဆွေ)✔️
(၂) Programတစ်ခုကို ရေရှည်ဆော့နေလား ❓
ဒါချည်းပဲ နှစ်နဲ့ချီရင် ပျင်းမှာပဲလေ နော်။ ဒီတော့ ပျင်းတယ် ပျင်းရင်မသွားဘူးဗျာ။ ဟုတ်လား။
🟢_ (အပြောင်းအလဲလေး လုပ်ကြည့်ပါမိတ်ဆွေ)✔️
(၃) ခဏခဏ ဝိတ်ချိန်နေလား ❓
မိန်းကလေးတွေ သတိထားပါ။ နေ့တိုင်းချိန်တယ်။ မပြောင်းဘူးဆိုပြီး ပန်းနုသွေးတယ်။ Dဝင်တယ်။ Gymကိုစိတ်ကောက်ပြီး မသွားဘူး။
🟢_( ၁လ ၁ခါ ချိန်ရင် လုံလောက်ပါတယ် အမိတို့)✔️
(၄) Crash Dietတွေ စားမိနေလား❓
မိတ်ဆွေက အလွန်အကျွံ ထမင်းဖြတ်၊ ညစာဖြတ် စတာတွေလုပ်နေရင်တော့ လူက weakလာပြီး စိတ်အဆင်မပြေရင် Mood Outပြီး အနားယူသွားရနိုင်ပါတယ်။
🟢_( အဓိက အချို၊အဆီအဆိမ့်တွေလျော့စားပေးနော်)
(၅) ဘူကောင်တွေ အနားမှာရှိနေလား❓
ဥပမာပေါ့ဗျာ _မလှသေးလို့ Gymမှာ လာကြိုးစားနေပါတယ်ဆိုကာမှ မြင်တာနဲ့ “ဟယ်…ဗိုက်မကျဘူး” တို့ “🍼ပြားသွားတယ်” “🍑ရှူးသွားတယ်” ဘာညာပြောနေရင် သင်ပါ ဘူပြီး Motiပျောက်သွားမှာပါ။
🟢_( လက်ခလယ်ထောင်ပြပြီး ရုန်းထွက်ခဲ့လိုက်ပါ)😎
(၆) ရက်ရှည်Gymပျက်မိသွားလား❓
မိတ်ဆွေက Gymကို အစပြုပြီးပြီဆို ဘယ်လိုမအားပါစေ။ နာရီဝက်လောက်တော့ ကိုယ်ကစားရမယ့်ရက်မှာ ဖြစ်အောင်ကစားပါ။ မိတ်ဆွေ ၁၀ရက်ကျော်အောင် နားလိုက်တာနဲ့ မိုတီပျောက် Gymအပြင်ရောက်ပြီသာမှတ်ဗျို့။ 😉
✅ ပုံမှန်စားနိုင်တဲ့ Dietကိုစားပါ။
✅ Blamersတွေကို ရှောင်ခဲ့ပါ
✅ ရက်ရှည် Gymမပျက်ပါနဲ့။
အပေါ်က အချက်တွေကို ခေါက်တုံ့ခေါက်ပြန်ဖတ်ကြည့်ပါ။ သင်လုပ်
မိနေတာ ဘယ်နှချက်ပါလဲ။ ပါနေရင် ပြင်ကြည့်ပါ။ အချိန်တိုတွင်းသိသာစေတဲ့ ရလာဒ်တွေရလာပါလိမ့်မယ် ။
29/04/2026
မနက်ဖန် 30.4.2026(ကြာသပတေး)နေ့တွင် ကျရောက်သော ဗုဒ္ဓနေ့ ကဆုန်လပြည့် တွင် Challenge Gym အား တစ်ရက် ပိတ်ပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ရှင်
1ရက်နေ့မှာ ပြန်တွေ့မယ်နော် 🥰🥰🥰
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 06:30 - 20:30 |
| Tuesday | 06:30 - 20:30 |
| Wednesday | 06:30 - 20:30 |
| Thursday | 06:30 - 20:30 |
| Friday | 06:30 - 20:30 |
| Saturday | 06:30 - 20:30 |