BEHS - 2 Pabedan

BEHS - 2 Pabedan

Share

21/05/2021

You know ? Today is the 21st day and 21st week of 21st year of the 21st century ✨

Photos from BEHS - 2 Pabedan's post 08/08/2020

Congratulation ပါ ထ-2 ပန်းပဲတန်းက ကလေးများ ။

16/05/2020

History Of B.E.H.S (2) Pabedan

ကျွန်တော်တို့ နေခဲ့သော ကျောင်းကြီးသည် ရန်ကုန်မြို့၏ သမိုင်းဝင် ကျောင်းကြီးဖြစ်ပါသည်။ကျောင်း၏အမည်က
MM Randeria High School ဖြစ်ပါသည်၊MMဆိုသည်မှာ
Madrasa Mohammadea ဖြစ်ပါသည်။Randeria ဟူသည်
ကား အိန္ဒိယ နိုင်ငံ ဂူဂျရာသ် ပြည်နယ် ရန်ဒေရ်ဒေသမှာလာ
ရောက်အခြေချသူများ၏ အဆက်အနွယ် တို့မှာဖြစ်သည်။
ဂူဂျရာသ် ပြည်နယ်မှ ပထမလာရောက်သူများမှာ မင်းတုန်းမင်း ၏ အမတ်ကြီး မွလ်လာအိစ်မာအိလ် တို့ဖြစ်သည်။ ပထမ
လာရောက်သူများဖြစ်၍ မွလ်လာကို နာမည်၏ ရှေ့တွင်ရေး
ကြပြီး နောက်မှာလာသော ရန်ကုန်နှင့် မော်လမြိုင် မွလ်လာ
ကနောက်တွင် မွတ်လာ ကိုတပ်ကြသည်။
ရန်ဒေရ်ဒေသမှာလာသူများနှင့် ဝရီရောင် ဒေသမှလာရောက်သူများလည်းရှိသည်။ဝရီရောင်ဒေသမှာလာရောက်သူများ
သည် သံထည်လုပ်ငန်းကို အထူးလုပ်ကြ၍ အလွန် ချမ်းသာသူများဖြစ်သည်။သူတို့လုပ်ငန်းသည် ဒုတိယ ကမ္ဘာ စစ်နောက်ပိုင် တည်ဆောက်ရေး လုပ်ငန်းကြောင့် ပိုမို၍ ချမ်းသာလာခဲ့သည်။
ရန်ဒေရီယာ ကျောင်းကြီးကို ၁၈၆၇နှစ်တွင် စတင်ခဲ့ကြောင်း
နှင့် one of the oldest School in Burma.ဟု THE MUSLIM OF BURMA(A study of Minority Group )
ကျမ်းပြု ပုဂ္ဂိုလ် Moshe Yagar ကဆိုထားသည်။သူသည်ဂျူး
လူမျိုးကျမ်းပြုသူဖြစ်သည်။.
၁၉၀၆ခုနှစ်တွင်မူ ယခုပုံတွင် မြင်ရသလို အဆောက်အဦး
ကို မရီယမ်ဘီဘီ ပတေလ်ဆိုသူ အမျိုးသမီးက တည်ဆောက် ခဲ့သည်။ကျောင်ကြီးသည် လေးထပ် ထပ်၍ တထပ်
ပေါင်း ၅ထပ် ဖြစ်သည်။ အဆောက်အဦး ကို သံလုံးကြီးများ
ဖြင့် အခိုင်အမာ ရဲတိုက်ပမာ တည်ဆောက်ထားခြင်းဖြစ်သ
သည်။မျိုးဆက်သစ်များပညာသင်ယူရန်ဟု၍ လေးထပ်ရှိ
ကျောင်း ကဗျည်းကျောက်စာတွင် ဖော်ပြထားသည်။၁၉၅၆ခု
နှစ်တွင် ကျောင်း၏ Golden Jubilee ကို ကျင်းပခဲ့သည်။
ဗြီတီသျှတို့ ခေတ်တွင် ကျင်းပသော Silver Jubileeကိုမူ
ဘုရင်ခံ ကိုယ်တိုင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ကျောင်း၏ Annual Magazine ကို အဂ်လိပ် နှင့် အူရဒူ
ဘာသာစကားဖြင့် ထုတ်လေ့ရှိသည်။မြန်မာစာကို အစိုးရက
နောက်ကျမှာ ပြဋ္ဌာန်းခဲ့၍ ကျောင်းတွင် မြန်မာစာ အထူးပြု
ဆရာများ ခန့်အပ်ခဲ့သည်။ကျောင်းသားများသည် အလွတ်ကျက်၍ အစိုးရ စာမေးပွဲတွင် အမှတ်ကောင်းရခဲ့ကြသည်။မြန်မာစကားပြောရာတွင် စာစကားပြောကြသည်၊ကျောင်း
နောက်ကျသည်ကို ပြောလျှင် "ကျွန်ုပ်၏ မိခင်သည် နေထိုင်
မကောင်းပါသဖြင့် နံပြား ဝယ်ရသည် အတွက် နောက်ကျခြင်းဖြစ်သည်"
နောက်ပိုင်းတွင်မူ ပြသနာမရှိတော့ပါ။မြန်မာစာကို ဘုန်းကြီး
ကျောင်းသားကဲ့သို့. ပြောနိုင်ရေးနိုင်လာခဲ့သည်။ဆရာများ
လည်း အထူး ကြပ်မတ်သည်။ဤကျောင်းသည် အင်ဗွိုင်ခန်းမတွင် ကျင်းပသော ပညာရေး ပြပွဲတွင် မြန်မာစာ ပြခန်းကို
ဖွင့်လှစ်နိုင်ခဲ့သည်၊တင်ပြချက်ကို အံသြစွာ အများက ကြည့်ရှု လေ့လာကြသည်။ ကြိယာထောက် ကဗျာ ၊ဝေသန္တရာ
ဇာတ်တော်မှာ မြေငလျင်းလှုပ် ၇ချက် ကဗျာ ကို ယနေ့အထိ
ကျွန်တော့ အလွတ်ရနေပါသည်။ လောကဿ ရပျို့ ကို
ကျွန်တော့ ၏ညီဖြစ်သူ မောင်တင်ဝင်း ကBE(mech)ဘွဲ့ရ
တယောက်ဖြစ်သော်လည်း ဆိုင်တွင် စျေးဝယ်သူများကို
ရွတ်ပြလေ့ရှိသည်။.
ကျောင်းကြီးကနှစ်ပိုင်းရှိသည်၊နှစ်ထပ်တွင် ဘာသာရေးပုံစံ
မဒ်ရဆာ ဖြစ်သည်။မိန်းကလေးများလည်း တက်ခွင့်ရှိသည်။
လေးတန်း အထိဖြစ်သည်။ သုံးထပ်မှစ၍ ငါးထပ်အထိ အထက်တန်း ကျောင်းဖြစ်သည်။ကျောင်းဝတ်စုံ ရှိသည်။နက်တိုင် ကို မဝတ်လျှင် အရိုက်ခံရသည်၊အောက်ကျောင်းကအပေါ်
ကျောင်း လာလိုလျှင် ပထမနှစ် special classကိုတက်ရသည်။ပြီးမှာ အခြားအတန်းသို့ပို့သည်။
ကျောင်းတွင် ဓာတုဗေဒ ဓာတ်ခွဲခန်းရှိသည်။စာကြည့်တိုက်
လည်းရှိသည်။အထက်တန်းကျောင်းတွင် အူရဒူ နှင့် သာလီ
မူလ် အစ္စလာမ် ကို လေးတန်းအထိသင်သည်။သာလီမုလ်
အစ္စလာမ် ကို အလွတ်ဆိုကြရသည်။ မရလျှင် မော်လဝီဆပ်
ကကြိမ်းဖြင့်ရိုက်သည်။ ငါးတန်းမှစ၍ အူရဒူ မရှိတော့ပါ။
ဘဟိစ်သီဆမရ်၊ ဒီနိဇရုရီယာသ်၊အိစ္စလာမ် ကယာ ဟဲ စ
သည် ကျမ်းကို ဆွေးနွေးသည့်ပုံစံ ဖြင့်သင်သည်။ မေးချင်
တာမေးလိုရသည်။ တခါတရံ အဲဟ်လေဟဒီစ် ကျောင်းသားများနှင့် ဆရာကြီးသည် စကားစစ် ထိုးရသည်လည်းရှိသည်။ဆရာကြီးက အပြုံးမပျက်ပါ။ ဆရာကြီး၏ အမည်က
အဗ်ဒုလ် ဝလီ မဇာဟီရီ ဖြစ်သည်။ ဆရာကြီး၏ ကျေးဇူးကို
ဆပ်၍ မကုန်နိုင်ပါ။ ဆရာကြီး ကွယ်လွန် ခါနိ ကျွန်တော့
လူမိုက်ကို ခေါ်ခဲ့ရာ ကျွန်တော့ ကနောက်မှာသွားမယ်ဟုဆို
ပြီး မတွေ့ဖြစ်တော့ပါ။
ကျွန်တော်တို့ ကျောင်းက အစဉ်အလာ ကြီးမားလှသည်
ကျွန်တော်တို့ မွတ်စလင်မ် အမျိုးသား ခေါင်းဆောင်ကြီး
ဦးရာရှစ် သည် Matricစာမေးပွဲတွင် မြန်မာ တပြည်လုံးတွင်
ပထမထွက်သည်။ဆရာဝန် အင်ဂျီနီယာ ဘွဲ့လွန် အများ
အပြား ကို မွေးပေးခဲ့သည်။မြန်မာ အားကစား ဂုဏ်ထူးဆောင် ကိုဝင်းမောင် သည်လည်း ကျွန်တော်နှင့် ကျောင်းနေဘက်ဖြစ်သည်။
ဒုတိယ ကမ္ဘာ စစ်ကာလတွင် ကျွန်တော်တို့ကျောင်းသည်
ခေတ္တ အတွက် ရန်ကုန်ကောလိပ်ဖြစ်လာ သည်။ဤအ
ကြောင်း ဆရာကြီး ဒေါက်တာ အောင်ဇော် ရေးလျှင် ပြည့်
စုံပါမည်။
စစ်အစိုးရ လက်ထက်တွင် ကျောင်း အဆောက်အဦး ၏
သံဘင်မ် ကို လိုချင်ကြသူများ က ရောင်းစားဖို့ ကြိုးစားခဲ့
သည်။ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင်း လာရောက်စစ်ဆေးပြီး
ရန်ကုန်မြို့၏ ရှေးဟောင်း အဆောက်အဦး အဖြစ်သတ်မှတ်
ပေးခဲ့သည်။
ဤဆောင်းပါးမှတ်တမ်းကို ပါမောက္ခ ဆရာကြီး ဒေါက်တာ
အောင်ဇော်၏ တိုက်တွန်းချက် အရ ရေးရပါသည်။

Zawgyi # #

နောက်ကျသည်ကို ပြောလျှင် "ကြှနျုပျ၏ မိခင်သည် နေထိုင်
မကောင်းပါသဖြင့် နံပြား ဝယ်ရသည် အတွက် နောက်ကျခြင်းဖြစ်သည်"
နောက်ပိုင်းတွင်မူ ပြသနာမရှိတော့ပါ။မြန်မာစာကို ဘုန်းကြီး
ကျောင်းသားကဲ့သို့. ပြောနိုင်ရေးနိုင်လာခဲ့သည်။ဆရာများ
လည်း အထူး ကြပ်မတ်သည်။ဤကျောင်းသည် အင်ဗွိုင်ခန်းမတွင် ကျင်းပသော ပညာရေး ပြပွဲတွင် မြန်မာစာ ပြခန်းကို
ဖွင့်လှစ်နိုင်ခဲ့သည်၊တင်ပြချက်ကို အံသြစွာ အများက ကြည့်ရှု လေ့လာကြသည်။ ကြိယာထောက် ကဗျာ ၊ဝေသန္တရာ
ဇာတ်တော်မှာ မြေငလျင်းလှုပ် ၇ခကျြ ကဗျာ ကို ယနေ့အထိ
ကျွန်တော့ အလွတ်ရနေပါသည်။ လောကဿ ရပျို့ ကို
ကျွန်တော့ ၏ညီဖြစ်သူ မောင်တင်ဝင်း ကBE(mech)ဘွဲ့ရ
တယောက်ဖြစ်သော်လည်း ဆိုင်တွင် စျေးဝယ်သူများကို
ရွတ်ပြလေ့ရှိသည်။.
ကျောင်းကြီးကနှစ်ပိုင်းရှိသည်၊နှစ်ထပ်တွင် ဘာသာရေးပုံစံ
မဒ်ရဆာ ဖြစ်သည်။မိန်းကလေးများလည်း တက်ခွင့်ရှိသည်။
လေးတန်း အထိဖြစ်သည်။ သုံးထပ်မှစ၍ ငါးထပ်အထိ အထက်တန်း ကျောင်းဖြစ်သည်။ကျောင်းဝတ်စုံ ရှိသည်။နက်တိုင် ကို မဝတ်လျှင် အရိုက်ခံရသည်၊အောက်ကျောင်းကအပေါ်
ကျောင်း လာလိုလျှင် ပထမနှစ် special classကိုတက်ရသည်။ပြီးမှာ အခြားအတန်းသို့ပို့သည်။
ကျောင်းတွင် ဓာတုဗေဒ ဓာတ်ခွဲခန်းရှိသည်။စာကြည့်တိုက်
လည်းရှိသည်။အထက်တန်းကျောင်းတွင် အူရဒူ နှင့် သာလီ
မူလ် အစ္စလာမ် ကို လေးတန်းအထိသင်သည်။သာလီမုလ်
အစ္စလာမ် ကို အလွတ်ဆိုကြရသည်။ မရလျှင် မော်လဝီဆပ်
ကကြိမ်းဖြင့်ရိုက်သည်။ ငါးတန်းမှစ၍ အူရဒူ မရှိတော့ပါ။
ဘဟိစ်သီဆမရ်၊ ဒီနိဇရုရီယာသ်၊အိစ္စလာမ် ကယာ ဟဲ စ
သည် ကျမ်းကို ဆွေးနွေးသည့်ပုံစံ ဖြင့်သင်သည်။ မေးချင်
တာမေးလိုရသည်။ တခါတရံ အဲဟ်လေဟဒီစ် ကျောင်းသားများနှင့် ဆရာကြီးသည် စကားစစ် ထိုးရသည်လည်းရှိသည်။ဆရာကြီးက အပြုံးမပျက်ပါ။ ဆရာကြီး၏ အမည်က
အဗ်ဒုလ် ဝလီ မဇာဟီရီ ဖြစ်သည်။ ဆရာကြီး၏ ကျေးဇူးကို
ဆပ်၍ မကုန်နိုင်ပါ။ ဆရာကြီး ကွယ်လွန် ခါနိ ကျွန်တော့
လူမိုက်ကို ခေါ်ခဲ့ရာ ကျွန်တော့ ကနောက်မှာသွားမယ်ဟုဆို
ပြီး မတွေ့ဖြစ်တော့ပါ။
ကျွန်တော်တို့ ကျောင်းက အစဉ်အလာ ကြီးမားလှသည်
ကျွန်တော်တို့ မွတ်စလင်မ် အမျိုးသား ခေါင်းဆောင်ကြီး
ဦးရာရှစ် သည် Matricစာမေးပွဲတွင် မြန်မာ တပြည်လုံးတွင်
ပထမထွက်သည်။ဆရာဝန် အင်ဂျီနီယာ ဘွဲ့လွန် အများ
အပြား ကို မွေးပေးခဲ့သည်။မြန်မာ အားကစား ဂုဏ်ထူးဆောင် ကိုဝင်းမောင် သည်လည်း ကျွန်တော်နှင့် ကျောင်းနေဘက်ဖြစ်သည်။
ဒုတိယ ကမ္ဘာ စစ်ကာလတွင် ကျွန်တော်တို့ကျောင်းသည်
ခေတ္တ အတွက် ရန်ကုန်ကောလိပ်ဖြစ်လာ သည်။ဤအ
ကြောင်း ဆရာကြီး ဒေါက်တာ အောင်ဇော် ရေးလျှင် ပြည့်
စုံပါမည်။
စစ်အစိုးရ လက်ထက်တွင် ကျောင်း အဆောက်အဦး ၏
သံဘင်မ် ကို လိုချင်ကြသူများ က ရောင်းစားဖို့ ကြိုးစားခဲ့
သည်။ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင်း လာရောက်စစ်ဆေးပြီး
ရန်ကုန်မြို့၏ ရှေးဟောင်း အဆောက်အဦး အဖြစ်သတ်မှတ်
ပေးခဲ့သည်။
ဤဆောင်းပါးမှတ်တမ်းကို ပါမောက္ခ ဆရာကြီး ဒေါက်တာ
အောင်ဇော်၏ တိုက်တွန်းချက် အရ ရေးရပါသည်။

09/01/2020

ကျောင်းကျန်းမာရေးအဖွဲ့လာမည်ဖြစ်၍ ဆုပေးပွဲအခန်းအနားကို ရက်ရွေလိုက်ပါကြောင်း။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No. (134, 142) Shwe Bone Thar Street , Lower Block , Pabedan Town Ship
Yangon
11143

Opening Hours

Monday 08:00 - 14:30
Tuesday 08:00 - 14:30
Wednesday 08:00 - 14:30
Thursday 08:00 - 14:30
Friday 08:00 - 14:30