Rocker Beverages

Rocker Beverages

Share

Photos from Myanmar Sepaktakraw Federation's post 26/05/2026

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ အောင်ပွဲရပိုက်ကျော်ခြင်းအားကစားအဖွဲ့အား ဂုဏ်ပြုညစာစားပွဲအခမ်းအနားနှင့်ဆုငွေပေးအပ်ပွဲ ကျင်းပပြုလုပ်

မလေးရှားနိုင်ငံတွင်ပြုလုပ်ခဲ့သည့်ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အောင်မြင်မှုများရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင်
ပိုက်ကျော်ခြင်းအဖွဲ့အား ဂုဏ်ပြုသည့် ညစာစားပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ Western Park Royalတွင် (၂၄.၅၂၀၂၆)ရက်နေ့၊ ညနေ(၆)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဌဦးရဲဝင့်ထွဋ်တင်၊ ဒုတိယဥက္ကဌ ဦးအောင်မြင့်မြတ်၊ ဒုတိယဥက္ကဌ ဦးဖြိုးဇော်ဦးနှင့် ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားသမားများ၊ ပိုက်ကျော်ခြင်းအားကစားဖွံ့ဖြိုးတိုးတက်ရေး အားပေးကူညီပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် ပိုက်ကျော်ခြင်းချစ်မြတ်နိုးသူ လူပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဌ ဦးရဲဝင့်ထွဋ်တင်က အောင်ပွဲရမြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့အား ဂုဏ်ပြုအားပေးစကားများပြောကြားခဲ့ပါသည်။

ဆက်လက်၍ အောင်ပွဲရပိုက်ကျော်ခြင်းအားကစားအဖွဲ့အား ဆုငွေပေးအပ်ခြင်းအခမ်းအနားဆက်လက်ကျင်းပခဲ့ရာ ဆုငွေပေါင်း ကျပ်ငွေ သိန်း(၅၃၀)၊ အမေရိကန်ဒေါ်လာ (၁၀၀၀)နှင့် မလေးရှားရင်းဂစ် (၄၈၅၀)ကို အသီးသီးချီးမြှင့်ပေးခဲ့ပြီး အောင်ပွဲရပိုက်ကျော်ခြင်းအဖွဲ့မှ ဆုငွေများကို လက်ခံရယူခဲ့ပါသည်။
************************************
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း၏ အားကစားဝတ်စုံနှင့်အားကစားအသုံးအဆောင်ပစ္စည်းများကို Glory Sportမှပံ့ပိုးကူညီပေးထားပြီး၊Rocker Beveragesမှလည်း Sepaktakraw World Cup 2026 ပြိုင်ပွဲအတွက် အထူးအားပေးကူညီပံ့ပိုးပေးထားပါသည်။

𝐅𝐞𝐞𝐥 𝐭𝐡𝐞 𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐜𝐞, 𝐰𝐞𝐚𝐫 𝐭𝐡𝐞 𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞.

#ကုန်ခမ်းသွားသောအားအင်တွေအတွက်

Photos from Myanmar Sepaktakraw Federation's post 22/05/2026

မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့အား မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌနှင့် မလေးရှားရောက်ပရိတ်သတ်တို့မှ ဆုငွေများပေးအပ်ချီးမြှင့်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ကျင်းပပြုလုပ်လျက်ရှိသည့် ISTAF Sepaktakraw World Cup Kuala Lumpur 2026ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့အား မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်မှ ဆုငွေအဖြစ် မလေးရှားရင်းဂစ် ၄၅၀၀၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်စွာစိုးမှ အမေရိကန်ဒေါ်လာ ၁၀၀၀တို့ကို ကစားသမားများ စိတ်ချမ်းသာပျော်ရွှင်စေရန် အားပေးထောက်ပံ့ပေးခဲ့ပြီး မလေးရှားရောက်မြန်မာပရိတ်သတ်တစ်ဦးမှလည်း မလေးရှားရင်းဂစ် ၃၅၀ ချီးမြင့်ခဲ့ပြီး ဆုငွေများကိုမြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့ကိုယ်စား အဖွဲ့ခေါင်းဆောင် ဦးမြင့်လွင်ဌေးမှ လက်ခံရယူခဲ့ပါသည်။

****************************************
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း၏ အားကစားဝတ်စုံနှင့်အားကစားအသုံးအဆောင်ပစ္စည်းများကို Glory Sportမှပံ့ပိုးကူညီပေးထားပြီး၊Rocker Beveragesမှလည်း Sepaktakraw World Cup 2026 ပြိုင်ပွဲအတွက် အထူးအားပေးကူညီပံ့ပိုးပေးထားပါသည်။

𝐅𝐞𝐞𝐥 𝐭𝐡𝐞 𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐜𝐞, 𝐰𝐞𝐚𝐫 𝐭𝐡𝐞 𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞.

#ကုန်ခမ်းသွားသောအားအင်တွေအတွက်

22/05/2026

Match Day
Team Regu Event
🇰🇷 Korea Vs Myanmar 🇲🇲
⏰13:30 MMT

Staduim Titiwangsa,Kuala Lumpur,Malaysia.
****************************************
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း၏ အားကစားဝတ်စုံနှင့်အားကစားအသုံးအဆောင်ပစ္စည်းများကို Glory Sport မှပံ့ပိုးကူညီပေးထားပြီး၊Rocker Beverages မှလည်း Sepaktakraw World Cup 2026 ပြိုင်ပွဲအတွက် အထူးအားပေးကူညီပံ့ပိုးပေးထားပါသည်။

𝐅𝐞𝐞𝐥 𝐭𝐡𝐞 𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐜𝐞, 𝐰𝐞𝐚𝐫 𝐭𝐡𝐞 𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞.

#ကုန်ခမ်းသွားသောအားအင်တွေအတွက်

21/05/2026

ပွဲပြီးရလဒ်

သုံးယောက်တွဲအသင်းလိုက်
(Team Regu Event)
🇲🇲မြန်မာ ၀-၃ မလေးရှား🇲🇾
(၇-၁၅) (၉-၁၅)
(၁၁-၁၅) (၆-၁၅)
(၁၃-၁၅) (၅-၁၅)

ယနေ့ညနေမြန်မာစံတော်ချိန် (၁၈:၃၀)နာရီတွင် မြန်မာအသင်းနှင့်မလေးရှားအသင်းတို့၏ သုံးယောက်တွဲအသင်းလိုက်ပွဲစဉ် (Team Regu Event)ယှဉ်ပြိုင်ကစားခဲ့ကြရာ မလေးရှားအသင်းက မြန်မာအသင်းကို စုစုပေါင်းရလဒ် (၀-၃) ဖြင့် အနိုင်ရရှိခဲ့ပါသည်။

မြန်မာအသင်းသည် ကွာတားဖိုင်နယ်အဖြစ် မနက်ဖြန် (၂၂.၅.၂၀၂၆)ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီတွင် ကိုရီးယားအသင်းနှင့်ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပါသည်။

****************************************
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း၏ အားကစားဝတ်စုံနှင့်အားကစားအသုံးအဆောင်ပစ္စည်းများကို Glory Sportမှပံ့ပိုးကူညီပေးထားပြီး၊Rocker Beverages မှလည်း Sepaktakraw World Cup 2026 ပြိုင်ပွဲအတွက် အထူးအားပေးကူညီပံ့ပိုးပေးထားပါသည်။

𝐅𝐞𝐞𝐥 𝐭𝐡𝐞 𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐜𝐞, 𝐰𝐞𝐚𝐫 𝐭𝐡𝐞 𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞.

#ကုန်ခမ်းသွားသောအားအင်တွေအတွက်

21/05/2026

ပွဲပြီးရလဒ်

သုံးယောက်တွဲအသင်းလိုက်
(Team Regu Event)
🇮🇳 အိန္ဒိယ ၁-၂ မြန်မာ 🇲🇲
(၆-၁၅) (၁၃-၁၅)
(၁၁-၁၅) (၉-၁၅)
(၁၅-၁၁) (၈-၁၅) (၁၅-၁၂)

ISTAF Sepaktakraw World Cup Kuala Lumpur 2026ပြိုင်ပွဲကြီး၏ ဆဋ္ဌမနေ့အဖြစ် ယနေ့မနက် မြန်မာစံတော်ချိန် (၀၇:၃၀)နာရီတွင် အိန္ဒိယအသင်းနှင့်မြန်မာအသင်းတို့၏ သုံးယောက်တွဲအသင်းလိုက်(Team Regu Event)ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက အိန္ဒိယအသင်းကို စုစုပေါင်းရလဒ် (၂-၁)ဖြင့် အနိုင်ရရှိခဲ့ပါသည်။

မြန်မာအသင်းသည် သုံးယောက်တွဲအသင်းလိုက်(Team Regu Event) အုပ်စုပွဲစဉ်အဖြစ် ယနေ့ညနေ မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန်တွင် မလေးရှားအသင်းနှင့်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။

****************************************
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း၏ အားကစားဝတ်စုံနှင့်အားကစားအသုံးအဆောင်ပစ္စည်းများကို Glory Sport မှပံ့ပိုးကူညီပေးထားပြီး၊Rocker Beverages မှလည်း Sepaktakraw World Cup 2026 ပြိုင်ပွဲအတွက် အထူးအားပေးကူညီပံ့ပိုးပေးထားပါသည်။

𝐅𝐞𝐞𝐥 𝐭𝐡𝐞 𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐜𝐞, 𝐰𝐞𝐚𝐫 𝐭𝐡𝐞 𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞.

#ကုန်ခမ်းသွားသောအားအင်တွေအတွက်

20/05/2026

Match Schedule
21.5.2026

Team Regu Event
🇮🇳 India Vs Myanmar 🇲🇲
⏰ 07:30 MMT

🇲🇲 Myanmar Vs Malaysia 🇲🇾
⏰ 18:30 MMT

🧭Staduim Titiwangsa,Kuala Lumpur,Malaysia.

🛑Live on Myanmar Sepaktakraw Federation page and YouTube Channel

**************************************
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း၏ အားကစားဝတ်စုံနှင့်အားကစားအသုံးအဆောင်ပစ္စည်းများကို Glory Sport မှပံ့ပိုးကူညီပေးထားပြီး၊Rocker Beveragesမှလည်း Sepaktakraw World Cup 2026 ပြိုင်ပွဲအတွက် အထူးအားပေးကူညီပံ့ပိုးပေးထားပါသည်။

𝐅𝐞𝐞𝐥 𝐭𝐡𝐞 𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐜𝐞, 𝐰𝐞𝐚𝐫 𝐭𝐡𝐞 𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞.

#ကုန်ခမ်းသွားသောအားအင်တွေအတွက်

Photos from Myanmar Sepaktakraw Federation's post 20/05/2026

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွင် ဒုတိယ ငွေတံဆိပ်ဆုကို အောင်မြင်စွာ ဆွတ်ခူးပေးခဲ့တဲ့ မြန်မာ့ပိုက်ကျော်ခြင်းအဖွဲ့ကို ဂုဏ်ပြုခြင်း

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ ISTAF Sepaktakraw World Cup 2026 ပြိုင်ပွဲကြီးရဲ့ သုံးယောက်တွဲ (Regu Event) ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းဟာ ထိပ်သီးအသင်းတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ဒုတိယ ငွေတံဆိပ်ဆုကို မြန်မာ့မြေအရောက် သယ်ဆောင်ပေးနိုင်ခဲ့ပါပြီ။
အခက်အခဲပေါင်းများစွာ၊ စိန်ခေါ်မှုပေါင်းများစွာကြားကနေ “နိုင်ငံအတွက် အောင်ပွဲတစ်ခု ယူဆောင်ပေးမယ်"ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ သူတို့တွေ ကြိုးစားခဲ့ကြပါတယ်။

ဒီ🥈🥈ဆုတံဆိပ်သေးသေးလေးက အလွယ်တကူရခဲ့တာတော့ မဟုတ်ပါဘူး။ ကိုယ်ချစ်ရတဲ့ မိသားစုနဲ့ခွဲခွာပြီး လေ့ကျင့်ရေးကွင်းထဲမှာ ပေးဆပ်ခဲ့ရတဲ့ အချိန်တွေ၊ ကွင်းပြင်ပက စတေးခဲ့ရတဲ့ လူငယ်ဘဝတွေ၊ လေ့ကျင့်ရေးကွင်းရဲ့ကြမ်းပြင်ပေါ်မှာ မရေမတွက်နိုင်လောက်အောင် ကျခဲ့ရတဲ့ ချွေးတွေ၊ ရရှိခဲ့တဲ့ ကိုယ်ဒဏ်ရာနဲ့ စိတ်ဒါဏ်ရာတွေ....ဒါတွေအားလုံးကို အရင်းအနှီးပြုပြီးမှ နိုင်ငံတော်အတွက် ခြွေယူပေးနိုင်ခဲ့တဲ့ ကမ္ဘာ့အဆင့် အောင်ပွဲတစ်ခု ဖြစ်ပါတယ်။ အပြင်းထန်ဆုံး ဖိအားတွေကြားထဲ ကစားခဲ့ရတာမို့ ပွဲစဉ်တစ်လျှောက် လိုအပ်ချက်နဲ့ အမှားအယွင်းလေးတွေ ရှိခဲ့ရင်တောင် ဒါဟာ သူတို့ရဲ့ စိတ်နဲ့ခန္ဓာ နာကျင်မှုတွေကြားက ယှဉ်ပြိုင်ခဲ့ရတာမို့ မြန်မာ့ခြင်းပရိသတ်ကြီးအနေနဲ့ နားလည်စာနာပြီး ချစ်ခြင်းအားဖြင့် ခွင့်လွှတ်ပေးနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီအောင်ပွဲရရှိခဲ့တဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ကွာလာလမ်ပူမြေပေါ်က ပြိုင်ပွဲကွင်းကြီးတစ်ခုလုံး မြန်မာ့အလံတွေ လွှမ်းခြုံသွားအောင် မိမိတို့ရဲ့ ဝမ်းရေးအလုပ်တွေကို ခေတ္တဘေးဖယ်ထားခဲ့ပြီး ကွင်းထဲအထိ တစ်ခဲနက် လာရောက်အားပေးခဲ့ကြတဲ့ မလေးရှားရောက် ရွှေမြန်မာ ပရိသတ်ကြီးရဲ့ ခွန်အားတွေရော၊ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ အရပ်ဒေသအသီးသီးကနေ ဖုန်းမျက်နှာပြင်လေးကို ကြည့်ပြီး မကြည့်ရဲကြည့်ရဲ ရင်တမမနဲ့ ဆုတောင်းအားပေးခဲ့ကြတဲ့ ပြည်တွင်း/ပြည်ပမှ မြန်မာပြည်သူများရဲ့ ချစ်ခြင်းမေတ္တာတွေရော တစ်ထပ်တည်း ကျခဲ့လို့ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ပေးဆပ်မှုနဲ့ အားလုံးရဲ့ အားပေးသံတွေ ပေါင်းစပ်သွားတဲ့ ဒီနာရီပိုင်းလေးမှာပဲ ကမ္ဘာ့အလယ်မှာ မြန်မာ့အလံတော် ဝင့်ဝင့်ထည်ထည် လွင့်ပျံသွားခဲ့ပြီဖြစ်လို့ ရင်ထဲမှာ ဘာနဲ့မှလဲလို့မရတဲ့ ဂုဏ်ယူဝမ်းမြောက်ခြင်း မျက်ရည်တွေကို စီးကျစေခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်ဖို့အတွက် နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့်အထိအားသွန်ခွန်စိုက် ကြိုးစားပေးခဲ့ကြတဲ့ မြန်မာ့ပိုက်ကျော်ခြင်းအဖွဲ့မှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ကစားသမားတစ်ဦးချင်းစီအားလုံးကို လည်းကောင်း၊ အလုပ်ပျက်ခံ၊ အချိန်ပေးပြီး ကွင်းထဲအထိ လာရောက်ဝန်းရံပေးခဲ့ကြသော မလေးရှားရောက် မြန်မာပရိသတ်များနှင့်တကွ ဖုန်းထဲကနေ နှလုံးသားချင်း ထပ်တူကျစွာ အားပေးခဲ့ကြသော
ကမ္ဘာ့နေရာအရပ်ရပ်မှ မိဘပြည်သူများအားလုံးကိုလည်းကောင်း၊ ပိုက်ကျော်ခြင်းအဖွဲ့ကို လိုအပ်သည့်အားကစားပစ္စည်းများ ပံ့ပိုးကူညီပေးခဲ့ကြ‌သော ကုမ္ပဏီများအားလည်းကောင်း ..........လှိုက်လှိုက်လှဲလှဲ၊ လေးလေးနက်နက် ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်ခင်ဗျာ..

**************************************
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း၏ အားကစားဝတ်စုံနှင့်အားကစားအသုံးအဆောင်ပစ္စည်းများကို Glory Sport မှပံ့ပိုးကူညီပေးထားပြီး၊Rocker Beverages မှလည်း Sepaktakraw World Cup 2026 ပြိုင်ပွဲအတွက် အထူးအားပေးကူညီပံ့ပိုးပေးထားပါသည်။

𝐅𝐞𝐞𝐥 𝐭𝐡𝐞 𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐜𝐞, 𝐰𝐞𝐚𝐫 𝐭𝐡𝐞 𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞.

#ကုန်ခမ်းသွားသောအားအင်တွေအတွက်

Photos from Myanmar Sepaktakraw Federation's post 20/05/2026

လေးယောက်တွဲကစားနည်းတွင် မြန်မာအသင်း ပူးတွဲတတိယဆုရရှိ

🏆ISTAF Sepaktakraw World Cup Kuala Lumpur 2026ပြိုင်ပွဲကြီး၏ လေးယောက်တွဲ(Quadrant Event)တွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း 🥉ပူးတွဲတတိယဆု ရရှိခဲ့ပါသည်။

လေးယောက်တွဲ (Quadrant Event)တွင် မြန်မာအသင်းသည် 🇧🇳ဘရူနိုင်းအသင်း၊ 🇨🇳တရုတ်အသင်းတို့နှင့်အတူ အုပ်စု (A)တွင် ကျရောက်ခဲ့ပြီး ဘရူနိုင်းအသင်းကို (၁၅-၁၁) (၁၅-၁၂)ဖြင့် ✅၂ပွဲပြတ်အနိုင်ရရှိခဲ့ကာ တရုတ်အသင်းကို (၁၅-၇) (၁၅-၇)ဖြင့်✅၂ပွဲပြတ် ထပ်မံအနိုင်ရရှိခဲ့သဖြင့် အုပ်စုပထမဖြင့် ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခဲ့သည်။

ကွာတားဖိုင်နယ်တွင် 🇹🇭 ထိုင်းအသင်းနှင့်ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး မြန်မာအသင်းကထိုင်းအသင်းကို (၁၇-၁၆) (၆-၁၅) (၁၅-၁၂)၊ စုစုပေါင်းရလဒ် (၂-၁)ဖြင့် အနိုင်ရရှိခဲ့ကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါသည်။ ဆီမီးဖိုင်နယ်တွင် 🇮🇳အိန္ဒိယအသင်းကို(၈-၁၅) (၁၇-၁၄) (၉-၁၅)၊ စုစုပေါင်း (၁-၂)ရလဒ်ဖြင့်အရေးနိမ့်ခဲ့သဖြင့် ပူးတွဲတတိယ(ကြေးတံဆိပ်)ဆုကို ရရှိခဲ့ပါသည်။

🏆ISTAF Sepaktakraw World Cup Kuala Lumpur 2026ပြိုင်ပွဲကြီး၏ လေးယောက်တွဲကစားနည်းတွင် ပူးတွဲတတိယဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သော ကစားသမားများဖြစ်သည့် ဇင်မင်းဦး၊ ရှိန်းဝဏ္ဏဇော်၊ အောင်မျိုးကျော်၊ ရန်ပိုင်ဦး၊ သက်ပိုင်စိုးနှင့် ချစ်လွန်းပို၊ အုပ်ချုပ်သူ ဦးမြင့်လွင်ဌေး၊ အသင်းနည်းပြများဖြစ်သည့် ဦးအောင်မျိုးဆွေနှင့်ဦးကျော်မင်းစိုးတို့နှင့်အတူ အထူးသဖြင့်ပွဲစဉ်တိုင်းတွင် မြန်မာအသင်းကို တခဲနက်အားပေးဝန်းရံပေးခဲ့ကြသော ပြည်တွင်းပြည်ပမှ ပိုက်ကျော်ခြင်းပရိတ်သတ်များအားလုံးကို မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ လေးစားစွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

မြန်မာအသင်းယှဉ်ပြိုင်ခဲ့သည့် ၄ယောက်တွဲပွဲစဉ် မှတ်တမ်းဓာတ်ပုံများကို ပြန်လည်စုစည်းတင်ပြအပ်ပါသည်။
ဓာတ်ပုံ- World Of Sepaktakraw| BOLAROTAN
**************************************
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း၏ အားကစားဝတ်စုံနှင့်အားကစားအသုံးအဆောင်ပစ္စည်းများကို Glory Sportမှပံ့ပိုးကူညီပေးထားပြီး၊Rocker Beveragesမှလည်း Sepaktakraw World Cup 2026 ပြိုင်ပွဲအတွက် အထူးအားပေးကူညီပံ့ပိုးပေးထားပါသည်။
𝐅𝐞𝐞𝐥 𝐭𝐡𝐞 𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐜𝐞, 𝐰𝐞𝐚𝐫 𝐭𝐡𝐞 𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞.
#ကုန်ခမ်းသွားသောအားအင်တွေအတွက်

Photos from Myanmar Sepaktakraw Federation's post 19/05/2026

သုံးယောက်တွဲ(Regu Event)တွင် မြန်မာအသင်း ငွေတံဆိပ်ဆု ရရှိ

ပွဲပြီးရလဒ်
မြန်မာ ၁-၂ ထိုင်း

ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအသင်းနှင့်ထိုင်းအသင်းတို့၏ သုံးယောက်တွဲ (Regu Event) ဗိုလ်လုပွဲတွင် ထိုင်းအသင်းက မြန်မာအသင်းကို (၁၅-၈)၊ (၁၃-၁၅)၊ (၁၅-၇) ရလဒ်ဖြင့်အနိုင်ရရှိခဲ့သဖြင့် မြန်မာအသင်းသည် ပထမ ရွှေတံဆိပ်ဆုကိုလက်လွှတ်ခဲ့ရပြီး ဒုတိယငွေတံဆိပ်ဆုကိုသာ ရရှိခဲ့ပါသည်။

ဓာတ်ပုံ- World Of Sepaktakraw
**************************************
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း၏ အားကစားဝတ်စုံနှင့်အားကစားအသုံးအဆောင်ပစ္စည်းများကို Glory Sport မှပံ့ပိုးကူညီပေးထားပြီး၊Rocker Beverages မှလည်း Sepaktakraw World Cup 2026 ပြိုင်ပွဲအတွက် အထူးအားပေးကူညီပံ့ပိုးပေးထားပါသည်။

𝐅𝐞𝐞𝐥 𝐭𝐡𝐞 𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐜𝐞, 𝐰𝐞𝐚𝐫 𝐭𝐡𝐞 𝐜𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞.

#ကုန်ခမ်းသွားသောအားအင်တွေအတွက်

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 116 (A-2), Kanaung Min Gyi Road, Shwe Pyi Tar Industrail Zone (1)
Yangon
11411