Wint Wah Insurance
09/05/2026
ချစ်ခြင်းမေတ္တာအကြင်နာများနဲ့ အုပ်မိုးကာကွယ်ပေးနေတဲ့ အမေများအားလုံးကို ဒီနေ့ကျရောက်တဲ့ အမေများနေ့မှာ Wint Wah Insurance မှ ဂါရဝပြုလိုက်ပါတယ်။ ချစ်မြတ်နိုးလေးစားရတဲ့မေမေများ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ရရှိ၊ ပိုင်ဆိုင်နိုင်ကြပါစေ။
01/05/2026
ယနေ့ကျရောက်သော “အလုပ်သမားနေ့" တွင် လုပ်ငန်းခွင်တိုင်းမှ ကာယအား ၊ ဉာဏအားတို့ဖြင့် စွမ်းစွမ်းတမံကြိုးစားပေးနေကြသော အလုပ်သမားများအားလုံးကို Wint Wah Insurance က လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။
#အလုပ်သမားနေ့
17/04/2026
ပန်းပိတောက်တွေနဲ့အတူ အပြုံးပန်းတွေဝေဆာတဲ့
နှစ်သစ်မင်္ဂလာဖြစ်ကြပါစေ။
Wint Wah Insurance
09_ 400411019
13/04/2026
မြန်မာတို့၏နှစ်သစ်ကူး အတာသင်္ကြန်အချိန်အခါမှာ မိတ်ဆွေအပေါင်း ရေလိုအေး၍ပန်းလိုမွှေးကြပါစေ။
09_400 411 019
25/12/2025
ခရစ်စမတ်အချိန်အခါသမယမှာ....
ကျန်းမာ ချမ်းသာခြင်း၊စိတ်ကြည်နူးခြင်းနှင့် ကံကောင်းခြင်းပေါင်းများစွာကို သင်နှင့် သင့်မိသားစု၊ချစ်ခင်သူအားလုံးပေါ် ကျရောက်ပါစေလို့ Wint Wah Insurance မှဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်🙏
09/07/2025
ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) နေ့ထူး၊နေ့မြတ်တွင် လူသားအားလုံး ဘေးရန်ကြောင့်ကြကင်းပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြ ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။
31/05/2025
ဥပဒေသစ်တွေထုတ်လိုက်ပြီနော်....
အားလုံးဆင်ခြင်နိုင်ကြပါစေ...
#ယာဉ်နံပါတ်မထင်ရှား = ကျူးလွန်သည့်ပုဒ်မ(၈၄-က)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေသုံးသိန်း. ထောင် သုံးလ။
#အခြားနံပါတ်တပ် = ကျူးလွန်သည့်ပုဒ်မ(၈၄-ခ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ သုံးသိန်း.
ထောင်သုံးလ။
#ယာဉ်နံပါတ်ပြားမတပ်= ကျူးလွန်သည့်ပုဒ်မ(၈၄-ဂ)။ အရေးယူသည့်ပုဒ်မ-၉၄ = ဒဏ်ငွေ
သုံးသိန်း. ထောင် သုံးလ။
#ဝှီးတက်သက်တမ်းကုန် = ကျူးလွန်သည့်ပုဒ်မ(၈၀)။ အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေ
တစ်သိန်း. ထောင် တစ်လ။
#ယဉ်မောင်းလိုင်စင်မရှိ = ကျူးလွန်သည့်ပုဒ်မ(၈၁-က)။အရေးယူသည့်ပုဒ်မ-၉၁ = ဒဏ်ငွေတစ်သိန်း. ထောင် တစ်လ။
#တခြားသူ၏ယာဉ်မောင်းလိုင်စင်သုံး = ကျူးလွန်သည့်ပုဒ်မ(၈၁-ဂ)။ အရေးယူသည့်ပုဒ်မ-၉၁။ဒဏ်ငွေတစ်သိန်း. ထောင် တစ်လ။
#ယာဉ်မဆင်မခြင်မောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-င)။ အရေးယူသည့်ပုဒ်မ ၉၁ = ဒဏ်ငွေ တစ်သိန်း. ထောင် တစ်လ။
#မူးယစ်ဆေးဝါးသုံးအရက်အမူးလွန်းမောင်း ပုဒ်မ(၈၁-ဇ)။ အရေးယူသည့်ပုဒ်မ ၉၁ = ဒဏ်ငွေ တစ်သိန်း. ထောင် တစ်လ
#ယဉ်မောင်းလိုင်စင်မပါ ပုဒ်မ(၇၅-က)။ အရေးယူသည့်ပုဒ်မ-၈၆ = ဒဏ်ငွေ သုံးသောင်း။
#ယဉ်မောင်းလိုင်စင်သက်တမ်းလွန် = ကျုးလွန်
သည့်ပုဒ်မ(၇၅-ဂ)။ အရေးယူသည့်ပုဒ်မ- ၈၆ = ဒဏ်ငွေ သုံးသောင်း။
#မီးပိုတပ် = ကျုးလွန်သည့်ပုဒ်မ(၇၅-ဆ)။
အရေးယူသည့်ပုဒ်မ-၈၆ = ဒဏ်ငွေ သုံးသောင်း။
#ယာဉ်မောင်းစဉ်ဖုန်းအသုံးပြု = ကျုးလွန်သည့်ပုဒ်မ(၇၅-ဋ)။ အရေးယူသည့်ပုဒ်-၈၆ = ဒဏ်ငွေ
သုံးသောင်း။
#ဘက်မှန်မပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။ အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေ သုံးသောင်း။
#ရှေ့မီးအနိမ့်နေ့/ညဖွင့်မောင်းရန်ပျက်ကွက် = ကျူးလွန်သည့်ပုဒ်မ(၇၆-ခ)။
အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေသုံးသောင်း။
#ပါဝါအိတ်ဇောအသံထိန်းမပါ = ကျူးလွန်သည့်ပုဒ်မ(၇၆-က)။
အရေးယူသည့်ပုဒ်မ ၈၇ = ဒဏ်ငွေ သုံးသောင်း။
#ဦးထုပ်မဆောင်း =ကျူးလွန်သည့်ပုဒ်မ(၇၆-ဂ)။ အရေးယူသည့်ပုဒ်မ ၈၇= ဒဏ်ငွေသုံးသောင်း။
တို့ဖြစ်သည်။
#သိထားတော့ဆောင်ရန်ရှောင်ရန်နားလည်ထားတာပေါ့_စေတနာဖြင့်အသိပေးအပ်ပါသည်။
🌿🌿🌿
14/05/2025
#ယနေ့ထားဖြစ်တဲ့သိန်း600တန်ကားအာမခံလေး
သိန်း 600 တန် ကားတစီးအတွက် တစ်နှစ်လုံးစာအာမခံသွင်းငွေက 7သိန်းနီးပါးပဲ ကြသင့်ပါတယ်ရှင့်။တစ်ရက်ကို 1900 ဝန်းကျင် နှစ်ထောင်မပြည့်တဲ့ ပမာဏလောက်နဲ့ claim မဖြစ်ခဲ့ရင်တောင် အနည်းဆုံးစိတ်လုံခြုံမှုကို ရနေပါတယ်။
အာမခံသွင်းငွေ အသေးစိတ်ရှင်းပြပေးရမယ်ဆိုရင် အခြေခံအကာအကွယ် Basic Cover နဲ့ တခြားသော Additional Cover တွေ ပေါင်းလိုက်လို့ All Cover အတွက် တနှစ်စာ ပရီမီယံ 700,000/- နီးပါးကျရတာပါ။
တခြား အပို Cover တွေကတော့
- Nil Excess
- Theft cover
- Third party cover
- Acts of God
- Wind Screen (Front Glass)
- SRCC
- War Risk
- Betterment တို့ ပါဝင်ပါတယ်။
💸 Nil Excess Premium
Claim တစ်ခါပေါ်လို့ လျော်ကြေး ငွေတောင်းခံခဲ့ရင် သတ်မှတ်လျော်ကြေးပမာဏထဲက 100,000/- နှုတ်ဖြတ်ပါတယ်။
(အာမခံထားသူဘက်မှ 100,000/- ကျခံပေးရတယ်။)
💸 Nil Excess Premium. 25,000/- အပိုပေးသွင်းထားရင် 100000 ကျခံစရာမလိုပါ။
🥷 Theft Cover
သူခိုး ရန်က ကာကွယ်ဖို့အတွက် ... Theft Cover ကို ထည့်ဝယ်ဖို့ လိုပါတယ်။
ဒီအတွက် 61,665/- သွင်းရမယ်။
❤️🩹Third Party Cover
မိမိအမှားကြောင့် တဖက်ယာဥ် ပျက်စီးတာ
လူ သေဆုံး/ ထိခိုက်တာတွေ အတွက် (အများဆုံး သိန်း ၅၀၀ ထိ) လျော်ပေးမယ့် အကာအကွယ်အတွက် Third Party Cover 9500/- ထပ်သွင်းရမယ်။
🏞️သဘာဝဘေးအာမခံ Acts of God
သဘာဝဘေးအန္တရာယ်ကြောင်း ဖြစ်တဲ့
- ရေကြီးခြင်း
- လေမုန်တိုင်း
- မိုးမုန်တိုင်း
- ဟယ်ရီဟိန်း
- တိုင်ဖွန်း
- မီးတောင်ပေါက်ကွဲခြင်း
- မြေငလျှင်
- မြေပြိုခြင်း
- မြေကျွံခြင်းတို့ ပါဝင်ပါတယ်။
ဒီအတွက်က 3900/ ကျသင့်ပါတယ်။
🚘Wind Screen
ယာဉ်ပေါ်သို့ အရာ၀တ္ထုတခုခု ပြုတ်ကျ၍လေကာမှန် ပျက်စီးခြင်း။
ဒီအတွက်က 65000/ ကျသင့်ပါတယ်။
🤼SRCC
အဓိကရုဏ်းကြောင့် ယာဉ်ပျက်စီးခြင်း။
SRCC အတွက်က 39000/ ကျသင့်ပါတယ်။
💥War Risk
စစ်ဘေးကြောင့် ပျက်စီးခြင်းအတွက် 39000/ ကျသင့်ပါတယ်။
🌞Betterment
မီးခွက် သို့ ကားပစ္စည်းလဲရတဲ့အချိန် အဟောင်း (သို့) Used လဲရမယ်ဆိုရင်တော့ Betterment မဝယ်ထားလဲရပါတယ်။ဒါပေမဲ့ ပစ္စည်းအသစ်ကျပ်ချွပ်လဲရမယ်ဆိုရင် Betterment ပေါ်လစီကို ကျင့်သုံးမှာဖြစ်ပီး ကာစတန်မာမှ အချိုးကျ ငွေစိုက်ပေးရမှာ ဖြစ်ပါတယ်။
ကားModel နိမ့်ရင် များများစိုက်ရပြီးကားModel မြင့်ရင် နည်းနည်းဘဲစိုက်ရမယ်။
Betterment ဝယ်မထားဘူးဆိုရင် ကားရဲ့ မော်တော်ယာဉ်သက်တမ်းနှစ်အလိုက်
ကာစတန်မာမှ model အလိုက် ရာခိုင်နှုန်းတွက်ပြီး စိုက်ပေးရမှာဖြစ်ပါတယ်။
တစ်ချိုု့ အာမခံကုမ္ပဏီတွေက 2018 Model အောက်ကားတွေဆိုရင်လဲ Betterment ရောင်းမပေးပါဘူး။
Betterment ရောင်းမပေးဘူးဆိုတဲ့ အဓိပ္ပါယ်က ပစ္စည်းအသစ်တွေလဲလှယ်ရရင်ကာစတန်မာက အချိုးကျငွေစိုက်ပေးရမှာဖြစ်ပါတယ်။
Betterment ဝယ်ထားရင် အသစ်ကျပ်ချွပ်တဲ့အခါ ငွေစိုက်ရန်မလိုပါ။မဝယ်ထားပဲ ပစ္စည်းအသစ်ကျပ်ချွတ်လဲ client က ငွေစိုက်ရမယ်။Used သို့ အဟောင်းလဲရင်Betterment မဝယ်ထားလဲရ၊ ငွေစိုက်ရန်လဲမလိုပါ။
#သောကကင်းဝေးစေနိုင်FNI
11/05/2025
" ကဆုန်လပြည့် ဗုဒ္ဓနေ့ (ညောင်ရေသွန်းပွဲတော်)"
ယနေ့ကျရောက်သော ကဆုန်လပြည့် ဗုဒ္ဓနေ့ (ညောင်ရေသွန်းပွဲတော်) အခါသမယတွင် မြန်မာပြည်သူ/ ပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကာ ဘေးဘရာဝေးကွာပြီး ကပ်ဘေးအပေါင်းမှ ကင်းဝေးနိုင်ကြပါစေကြောင်း Wint Wah Insurance မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့ #ညောင်ရေသွန်းပွဲ
17/04/2025
မြန်မာ့နှစ်ဆန်းအချိန်အခါမှစ၍ မြန်မာပြည်သူ ပြည်သားအားလုံး သောကအပူကင်းဝေးပြီး ဘေးဆိုးရန်ဆိုးကပ်ဆိုးကြီးများမှ လွတ်မြောက်ကြပါစေ။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon