Alinyaung Photo Studio
31/12/2023
#နှစ်ဟောင်းကိုသုံးသပ်ဖို မေးခွန်း ၁၀ ခု
ဘာလိုလိုနဲ့ တစ်နှစ်ဆိုတာကုန်သွားပြန်ပြီဗျ။
ဒီနေ့ဟာ ၂၀၂၃ ခုနှစ်မှာဘာတွေလုပ်ခဲ့တယ်ဆိုတာကိုပြန်လည်
သုံးသပ်ရမယ့်အချိန်ရောက်ရှိလိုလာပါပြီ.....
ကျနော်တိုရဲ့လုပ်လက်စ လုပ်နေဆဲတွေကို ခနလောက်လေးရပ်ပြီး ကိုယ့်ကိုယ်ကို ပြန်လည်ဆင်ခြင်ကြည့်ရအောင်ဗျ
၁. ငါဒီနှစ်အတွက် ဂုဏ်ယူစရာ ဘာလုပ်ခဲ့သလဲ?
ကိုယ်လုပ်ခဲ့တဲ့ အရာတွေထဲက ကြီးမားတာတွေဖြစ်စေ သေးငယ်တာတွေဖြစ်စေ.... ကိုယ့်ကိုယ်ကို ချီးမြှောက် အားပေးလိုက်ပါ။
၂. ငါအတွက် အကြီးမားဆုံး အခက်အခဲက ဘာလဲ အဲ့ဒါကို ဘယ်လိုငါကျော်ဖြတ်ခဲ့နိုင်တာလဲ?
အခက်အခဲနဲ့ အခွင့်အလမ်းဆိုတာ အမြဲတွဲရက်လာကြတာမဟုတ်လားဗျ။ ဒီတော့ ကိုယ့်အနေနဲ့ ဘယ်အခက်အခဲတွေကိုရင်ဆိုင်ရင်းနဲ့ ဘယ်လိုတိုးတက်လာခဲ့တယ်ဆိုတာကို သုံးသပ်ပြီး ချရေးကြည့်ပါ။
၃. ငါ့အကြောင်းငါဘာတွေပိုသိလာလဲ ?
လူတိုင်းမှာ ကြိုက်တာတွေ မကြိုက်တာတွေဆိုတာရှိတယ်။ ကိုယ့်မှာရော ဘာတွေရှိလဲ? ကိုယ်က ဘယ်လိုလူစားမျိုးလဲ ဘာတွေလုပ်ရတာကြိုက်လဲ ဘယ်အရာတွေက ပျော်စေလဲ အစရှိတာတွေကို သုံးသပ်ကြည့်ပါ။
၄. ငါနဲ့ ငါ့အသိုင်းအဝိုင်းကိုဘယ်လိုတိုးတက်အောင်လုပ်ရမလဲ?
ပရဟိတလုပ်တာပဲဖြစ်ဖြစ်။ သူငယ်ချင်းတွေကို အကြံကောင်းပေးတာပဲဖြစ်ဖြစ်။ ဒုက္ခရောက်နေတဲ့သူတွေကို ကိုယ်တတ်နိုင်သလောက်ကူညီတာဖြစ်ဖြစ် ဘာတွေလုပ်လိုရလဲ? ကိုယ့်အတွက်ရော ဘာတွေလုပ်လိုက်ရင် ပိုကောင်းလာနိုင်သလဲ?
၅. ငါလုပ်မယ်လိုသတ်မှတ်ထားတဲ့အရာတွေပြီးသလား? မပြီးဘူးဆိုရင်လာဖြစ်လိုလဲ?
တစ်ချိုအရာတွေ အပြီးမသတ်နိုင်တာရပါတယ်။ ထင်သလိုလဲ အကုန်ဖြစ်တာမှမဟုတ်ပဲ။ ဒါပေမယ့် မပြီးတာက ကိုယ်တစ်ခုခုလိုနေလိုဆိုရင်တော့ ဒီမပြီးခဲ့တာကနေ ဘာသင်ခန်းစာရမလဲ နောက်ဒီလို မဖြစ်အောင်ဘယ်လိုလုပ်ရမယ်ဆိုတာကိုလေ့လာကြည့်သင့်တယ်။
၆. ဒီနှစ်အတွက် အပျော်ရဆုံးကလာဖြစ်မလဲ?
ကိုယ့်မှာမရှိသေးတာတွေကိုတွေးပူနေမယ့်အစား ရှိတာတွေအတွက် ဝမ်းသာပြီးပျော်နေနိုင်ဖိုလဲလိုတယ်ဆိုတော့။ ဒီနှစ်အတွက် ကိုယ်လုပ်ခဲ့တာ ကိုယ့်မှာရှိတာတွေထဲက ဘယ်အရာတွေက ပျော်ရွှင်မှုတွေသင့်ကိုပေးနိုင်ခဲ့လဲ?
၇. စိတ်နဲ့ ခန္ဓာ ကျန်းမာဖိုဘာတွေလုပ်ခဲ့လဲ?
အရာအားလုံးထက် ကျန်းမာရေးက အရေးကြီးတယ်။ ကျန်းမာရေးမကောင်းရင်ဘာမှလုပ်မရဘူးဆိုတော့ ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာ ကျန်းမာဖိုဘာတွေလုပ်ခဲ့လဲ? ဘာတွေလုပ်လိုက်ရင် ပိုကောင်းမယ်လိုထင်လဲ?
၈. Comfort zone ထဲမှာနေနေခဲ့သလား? ထွက်ခဲ့လား?
တိုးတက်မှုတွေက comfort zone အပြင်ဘက်မှာပဲဖြစ်တယ်လိုလူတွေပြောကြတယ်။ သင်ရော တစ်နှစ်တာကာလလုံးဘာတွေလုပ်ခဲ့လဲ? comfort ဖြစ်အောင်နေနေခဲ့သလား? ကြိုးစားပြီး comfort zone ထဲကထွက်ခဲ့သလား?
၉. ဘယ်သူတွေနဲ့ လက်တွဲပြီး ဘယ်သူတွေနဲ့ လမ်းခွဲခဲ့လဲ?
ဘယ်သူတွေနဲ့ ဝန်းရံတယ်ဆိုတာကသိပ်ကိုအရေးကြီးတယ် ကိုယ့်နားမှာရှိတဲ့လူ ၅ ယောက်ကိုကြည့်ပြီးတော့ နောက် ၅နှစ်မှာ ဘာဖြစ်လာနိုင်တယ်ဆိုတာပြောလိုရတယ်လိုဆိုကြတယ်။ သင်ရော ဘယ်လိုလူတွေနဲ့ပေါင်းပြီး ဘယ်သူတွေနဲ့လမ်းခွဲခဲ့သလဲ?
၁၀. နောက်နှစ်မှာ ဘယ်အရာတွေပြောင်းလဲပြီး ပိုတိုးတက်အောင်လုပ်ချင်လဲ?
နှစ်သစ်ဆိုတာ အရာရာပြန်စလိုရတဲ့ စာရွက်အလွတ်တစ်ခုလိုပဲ။ ဒီတော့ ခုပြီးခဲ့နှစ်မှာ ဖြစ်ခဲ့တာတွေ မဖြစ်ခဲ့တာတွေကတော့ ပြင်လိုမရတော့ဘူးဆိုတော့ နောက်နှစ်မှာဘာတွေလုပ်ချင်လဲ ဘာတွေအကောင်အထည်ဖော်ချင်လဲ?
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Near Bawa Myint Bus Stop, Lay Daunk Kan Road, Thingangyun Township
Yangon
11071
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |