Wisdom Management Centre
Wisdom ရဲ့ ပဲ့ကိုင်ရှင် ဆရာ Dr. Myo Min Oo
ဒီနေ့ည ၈နာရီ ၃၇မိနစ်မှာ ခရစ်တော်၌ အိပ်ပျော်သွားပါပြီ...
စိတ္တဇဆန်သောကိုယ်ရည်ကိုယ်သွေး (Neuroticism)
Neuroticism ဆိုတာအပျက်သဘောဆောင်တဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေမှာပဲစွဲမြဲနေတတ်တဲ့ စိတ်သဘောထားတစ်မျိုးဖြစ်ပါတယ်။ Neuroticism သမားတွေဟာစိတ်ကျဝေဒနာခံစားရလေ့ရှိပါတယ်။ သူတို့ဟာအခြားသူတွေထက်အပြစ်ရှိတယ်လို့ခံစားရတာ၊ မနာလိုတာ၊ အမျက်ဒေါသထွက်တာနဲ့စိုးရိမ်တာတို့ကိုခံစားရလေ့ရှိပါတယ်။ Neuroticism ကနေတဆင့်ကြာလာရင်စိတ်ရောဂါတွေဖြစ်လာလေ့ရှိပါတယ်။
Neuroticism မြင့်တဲ့သူတွေဟာသူတို့ပတ်၀န်းကျင်ကလာတဲ့စိတ်ဖိစီးမှုတွေကိုတခြားသူတွေထက် ပိုခံစားရပြီးအဲဒီဖိဆီးမှုတွေကိုလည်းဆိုးရွားစွာတုံ့ပြန်တတ်ပါတယ်။ သူတို့ရဲ့နေ့တိုင်းရှင်သန်ပြေးလွှားလုပ်ကိုင်နေရတဲ့ဘဝအခြေအနေေတွမှာကြုံရတဲ့အသေးအဖွဲမကျေနပ်မှုပြဿနာတွေကတဆင့်အန္တရာယ်များတဲ့စိတ်ပျက်အားငယ်စိတ်ဓါတ်ကျမှုတွေဖြစ်လာပါတယ်။
Neuroticism သမားတွေဟာ သူတို့ကိုသူတို့အရာရာမှာသတိထားလွန်နေတတ်ပြီးရှက်လည်းရှက်တတ်ကြတယ်။ အဲဒီအမူအကျင့်တွေကနေတဆင့် အကြောက်လွန်ရောဂါတွေနဲ့အာရုံကြောဆိုင်ရာရောဂါတွေဖြစ်လာတတ်ပါတယ်။ စိတ်အာရုံချောက်ခြားခြင်းနဲ့စိတ်ရှုပ်ထွေးခြင်းများလည်းဖြစ်ပေါ်လေ့ရှိပါတယ်။ သူတို့ဟာလူမှုရေးအရလက်ခံနိုင်တဲ့စံသတ်မှတ်ချက်များဘောင် အပြင်မှာေတာ့မရှိကြပါဘူး။ သူတို့ဟာအဖြစ်မှန်အရှိတရားေတွကိုသိနိုင်တဲ့အခြေအနေမှာပဲရှိပါတယ်။
Neuroticismism အဆင့်တိုင်းတဲ့အခါမှာ အမြင့်၊ အလတ်စားနဲ့အနိမ့်ရမှတ်တွေနဲ့ေဖာ်ပြပါတယ်။ ရမှတ်နိမ့်ကျတဲ့သူတွေက စိတ်ခံစားမှုပိုမိုတည်ငြိမ်ပြီးစိတ်ဖိစီးမှုများသောသူများထက်စိတ်ဖိစီးမှုတွေကိုပိုမိုအောင်မြင်စွာကိုင်တွယ်နိုင်ကြပါတယ်။ အနိမ့်ရမှတ်ရှိသူတွေဟာများသောအားဖြင့်စိတ်ထားတည်ငြိမ်မှုရှိပြီး၊ အေးဆေးတည်ငြိမ်မှုရှိပြီး၊ ရမှတ်များတဲ့သူတွေနဲ့နှိုင်းယှဉ်လျှင်စိတ်ဓာတ်ကျခြင်းနှင့်စိတ်တင်းမာမှုနည်းခြင်းတို့ဖြစ်နိုင်ပါတယ်။ ရမှတ်မြင့်လေစိတ်ခံစားမှုအခြေအနေဆိုးလေပါပဲ။
ရမှတ်နိမ့်ဖို့အတွက်လုပ်ရမှာတွေက အာရုံငါးပါးကို Filter ခံဖို့ပါပဲ။ ပြောချင်တာကအာရုံငါးပါးကနေ မကောင်းတာတွေမဝင်အောင်စစ်ထုတ်ကြဖို့ပါပဲ။ အာရုံငါးပါးကနေမကောင်းတာတွေဝင်လေလေ Neuroticism အမှတ်ကမြင့်တတ်လေပါပဲ။ အမှတ်မြင့်လာလေလေစိတ်မတည်ငြိမ်မှုတွေဖြစ်လာလေလေပါပဲ။ အဲဒီကနေတဆင့်စိတ်ရောဂါတွေဖြစ်လာဖို့လမ်းပွင့်သွားတာပါပဲ။
စိတ်ကျန်းမာဖို့၊ စိတ်ရောဂါကင်းဖို့ဆိုရင် အခြေခံအကျဆုံးကအာရုံငါးပါးကိုထိန်းသိမ်းတတ်ခြင်းပါပဲ။ ကောင်းတဲ့အရာ၊ ကျေးဇူးတင်စရာ၊ မင်္ဂလာရှိတာတွေကိုရှာကြံပြီး အဲဒီအရာတွေပေါ်မှာပဲ အာရုံတွေကိုကျက်စားတတ်အောင်သတိနဲ့နေထိုင်ကြဖို့လိုပါတယ်။ အားလုံးကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေဗျာ။
ဒေါက်တာမျိုးမင်းဦး
ခေါင်းဆောင်မှုပညာနဲ့
အတိုင်ပင်ခံစိတ်ပညာပါရဂူ
စိတ်ကျရောဂါလက္ခဏာများ
၁။ အာရုံစူးစိုက်နိုင်စွမ်းမရှိတော့
၂။ သာယာမှုမှန်သမျှပျောက်ဆုံး
၃။ လူကနုံးချိနေ၊ စားသော်လည်းအားမရှိသလိုဖြစ်
၄။ မိသားစုနဲ့မိတ်ဆွေတွေကိုမတွေ့ချင်ရှောင်ရှားနေ
၅။ ရုတ်တရက်ထစိတ်ဆိုးတတ်
၆။ ဘာမှလုပ်ချင်စိတ်မရှိတော့
၇။ အလကားနေရင်းကိုခေါင်းကိုက်၊ ကြွက်သားတွေနာ၊ ဗိုက်မအီမသာဖြစ်
၈။ အိပ်မပျော်၊ အိပ်ရခက်
၉။ သေချင်စိတ်အတွေးဝင်
ရောဂါနုပါက
မအားအောင်နေခြင်း၊ တရားမှတ်ခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ခြင်း၊ တစုံတယောက်အားရင်ဖွင့်ခြင်း။
ရောဂါရင့်ပါက
ဆေးသောက်ခြင်း၊ တိုင်ပင်ဆွေးနွေးလမ်းညွှန်မှု Counseling ခံယူခြင်း။
ဒေါက်တာမျိုးမင်းဦး
ခေါင်းဆောင်မှုပညာနဲ့
အတိုင်ပင်ခံစိတ်ပညာပါရဂူ
မနာလိုခြင်းစိတ်ပညာ
လူ့လောကမှာမနာလိုခြင်းပေါင်းများစွာရှိပါတယ်။ မနာလိုခြင်းအကြောင်းကို စိတ်ပညာမှာပြောထားတာတွေကိုဒီမှာရေးပေးသွားပါမယ်။ မနာလိုခြင်းမှာ Envy နဲ့ Jealousy ဆိုပြီးစကားလုံးနှစ်ခုရှိပါတယ်။
Envy ဆိုတာက တခြားသူတစ်ယောက်ရရှိထားတဲ့ အရည်အသွေး၊ အောင်မြင်မှု၊ ပိုင်ဆိုင်မှုတွေပေါ်ကို မနာလိုဖြစ်တာပါ။ သဘောကကိုယ်လိုချင်တဲ့ဟာတွေကို ကိုယ်ကမရဘဲ တခြားသူတွေရနေတဲ့အပေါ်မှာ မလိုမုန်းထားစိတ်ဖြစ်တာပါ။
Jealousy ကတော့ ကိုယ်ရရှိပိုင်ဆိုင်ထားပြီးသားအရာတစ်ခုကို တခြားသူတစ်ယောက်ကလာယူ၊ လာသိမ်းပိုက်နိုင်တယ်လို့ တွေးမိတဲ့အပေါ်မှာဖြစ်လာတဲ့ မလိုမုန်းထားစိတ်ပါ။ လက်လွတ်ဆုံးရှုံးရမှာကြောက်စိတ်ကြောင့်ဖြစ်လာတာမျိုးပါ။ ဥပမာ ကိုယ့်ချစ်သူကို ကိုယ့်ဆီကနေလုယူသွားနိုင်တယ်လို့ထင်နေသူအပေါ်မှာ မလိုမုန်းထားစိတ်ဖြစ်ပေါ်နေတာမျိုးပါ။ လုပ်ငန်းခွင်မှာလည်း အရည်အချင်းရှိသူကို ကိုယ့်နေရာလုမှာစိုးလို့ နှိမ်ထားတာမျိုးကလည်း Jealousy ပါပဲ။ ပထမကလေးက နောက်မွေးလာတဲ့ကလေးကို ကြည့်မရဖြစ်တာမျိုးကလည်း ရပြီးသားမိဘအချစ်ကို ဆုံးရှုံးရမှာ၊ တနည်းသူ့ကိုအရင်လိုမချစ်တော့မှာကိုကြောက်ပြီး အငယ်ကိုမုန်းတာမျိုးပါ။
လူတွေက Jealousy ကိုအပြောများပေမယ့် တကယ်က Envy ကလည်းအလွန်များပါတယ်။ ခုလိုအပြိုင်အဆိုင်ခေတ်ကြီးမှာ ကိုယ်လိုချင်တဲ့အရာကိုကိုယ်ကမရပဲ တစ်ဖက်သူကရသွားတဲ့အခါမှာ မကျေမချမ်းမကောင်းပြောတတ်တာ Envy ပါ။ ကိုယ့်ထက်သာလို့ ကိုယ့်နေရာပျောက်မှာစိုးလို့ဖြစ်လာတဲ့မနာလိုတာက Jealousy ပါ။ ခုဆိုဒီမနာလိုတဲ့နှစ်ခုကို ရှင်းပြီထင်ပါတယ်။
Envy က ငယ်ဘဝမပြည့်စုံမှု၊ အနှိမ်ခံရမှုတွေကြောင့်ဖြစ်လာတတ်ပြီး၊ Jealousy ကတော့ ငယ်ဘဝစိတ်မလုံခြုံမှု၊ သိမ်ငယ်မှု၊ အထီးကျန်မှု၊ အချစ်မခံရမှု တွေကြောင့်ဖြစ်လာတတ်ပါတယ်။
ဒီစိတ်တွေကိုကျော်လွှားဖို့အတွက်ကတော့
၁။ ကိုယ့်ဘဝမှာရှိထားတဲ့ကောင်းတဲ့အရာလေးတွေပေါ်မှာအာရုံပြုရပါမယ်။
၂။ လူတိုင်းမှာအရာရာပြည့်စံုမှုမရှိဘူးဆိုတာဆင်ခြင်ပြီးသူများနဲ့လိုက်နှိုင်းယှဉ်မိနေတာကိုရပ်ရပါမယ်။
၃။ အပေါ်ယံပကာသနသမားတွေကိုရှောင်ရပါမယ်။
၄။ ဘဝကိုကျေနပ်တတ်တဲ့သူတွေကိုပေါင်းရပါမယ်။
၅။ တခြားသူတွေရဲ့အောင်မြင်မှုတွေကို အသိအမှတ်ပြုချီးမွမ်းပေးရပါမယ်။
၆။ တတ်နိုင်သလောက်ရက်ရောပေးကမ်းတတ်ရပါမယ်။
၇။ ဘာသာရေးကိုလည်းထပ်ဖြည့်ထည့်နိုင်ရင်ထိရောက်ပါတယ်။
ဒါတွေကတော့မနာလိုစိတ်နှစ်မျိုးကိုကျော်လွှားနိုင်ဖို့ ဆောင်ရန်ရှောင်ရန်တွေပါပဲ။
မနာလိုစိတ်ဟာကိုယ်တွင်းအဆိပ်ဖြစ်လို့ရေရှည်မွေးမြူထားလို့မရပါဘူး။ မနာလိုစိတ်ဟာလူကိုစိတ်ပိုင်း၊ ရုပ်ပိုင်း၊ ပေါင်းသင်းဆက်ဆံရေးပိုင်းတွေမှာ အလွန်ထိခိုက်စေပါတယ်။ ရှောင်နိုင်စေရန်အကျဉ်းချုံးရေးပေးလိုက်ပါတယ်။
ဒေါက်တာမျိုးမင်းဦး
ခေါင်းဆောင်မှုပညာနဲ့
အတိုင်ပင်ခံစိတ်ပညာပါရဂူ
If we do not have a good attitude in the human world, we will always have problems with each other. The more people do not understand, the more problems. One needs to understand oneself and others.
What you think comes from what you know. What you do depends on what you think. Knowledge and Consciousness are the most important things in man.
Dr. Myo Min Oo
Leadership Professor and
Counseling Psychologist
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
76, 5th Floor (Left), Kyundaw Road, Corner Of Pathein Street, Sanchaung
Yangon
11111
Opening Hours
| Monday | 18:00 - 20:00 |
| Tuesday | 18:00 - 20:00 |
| Wednesday | 18:00 - 20:00 |
| Thursday | 18:00 - 20:00 |
| Friday | 18:00 - 20:00 |
| Saturday | 18:00 - 20:00 |
| Sunday | 18:00 - 20:00 |