Practical Dreams

Practical Dreams

Share

Photos from Practical Dreams's post 28/12/2025

မည်သူမဆို ပြုလုပ်နိုင်သည့် ရင်ဘက်ကြွက်သား အကြောလျှော့နည်းများ.......

Stretching Exercises Encyclopedia မှ ကူးယူဖော်ပြပါသည်။

12/06/2025

မတူညီတဲ့ အနေအထား၊ ဘဝ တွေမှာ အခြားသူများနဲ့ ယှဉ်ပြိုင်နေမည့်အစား မနေ့ကထက် ပိုကောင်း ပိုတော် ပိုထက်မြက်လာအောင် ဘာလုပ်ရမလဲဆိုတာကပဲ ကိုယ့်ဘဝကောင်းခြင်းကို ဖြစ်လာစေမှာ မဟုတ်ဘူးလား.....

12/06/2024

ငါတို့ အားလုံး အတူတူပဲလား......

မြန်မာနိုင်ငံမှာ နေရတဲ့သူတွေအဖို့ လွန်ခဲ့တဲ့ ၄ နှစ်ခွဲ၊ ၅ နှစ်ကတည်းက လူတန်းစားပေါင်းစုံကို အင််မတန် ကြီးမားတဲ့ အခက်အခဲတွေ စတင်ရိုက်ခတ်ခဲ့တယ်။

အသက်ဘေး စကြုံခဲ့ရတယ်။ covid ကြောင့် ချစ်ရတဲ့သူတွေ စတင်ခွဲခွါကြရတယ်၊ အင်မတန် ရုန်းကန်ကြရတယ်။ ရပ်နားခဲ့ရတဲ့လုပ်ငန်းတွေ အလွန်များပြားခဲ့တယ်။ ဒါပေမယ့်လည်း မပြီးဆုံးသွားဘူး။

နိုင်ငံရေးရာအညွန့်လေး တက်ခါစ အချိန်ပဲရှိသေး၊ ၂၀၂၁ ခုနှစ်မှာ အပူလောင်ဆုံးနေ့တွေ စတင်ရိုက်ခတ်လာပါတော့တယ်။ covid က wave ပေါင်းစုံများစွာ စောင့်နေတဲ့အပြင်၊ နိုင်ငံတကာရဲ့ ပိတ်ဆို့မှူတွေနဲ့အတူ အရာရာ ကျပ်တည်း လာခဲ့တယ်။ ငါတို့ မိသားစုဆုံကြရအောင်ဆိုတဲ့ ဆန္ဒတွေ လုံးဝ မပြည့်နိုင်တော့ဘူး။ တဖြည်းဖြည်း ယနေ့အထိ အခြေခံရေးရာတွေအတွက် ဝယ်ခြမ်းဖို့တောင် ငွေကြေး ပမာဏတွေ မတတ်နိုင်ဘူး။ အလွန်အကျွံရုန်းကန်ရတဲ့ အခြေအနေ နောက်ကွယ်မှာ လူတွေရဲ့ အနေအထိုင်၊ အပြုအမူ၊ အတွေးအခေါ်တွေဟာ အင်မတန် ပြောင်းလဲလာတာကို စာရေးသူ ကိုယ်တိုင်မှာရော၊ အခြားသူတွေမှာ တွေ့လာရတယ်....

✴️လူတွေဟာ ဒေါသ၊ မောဟ၊ လောဘတွေ ကြီးလာကြတယ်.....

ဆုံးရှုံးမှုကြီးတွေ ကြုံလာရတယ်၊ အဖက်ဖက်က ကျပ်တည်းမှုတွေကြောင့် အသက်ရှုရခက်လာကြတယ်၊ ဒါတွေကြောင့် သည်းခံမှုတွေ၊ နားလည်မှုတွေ၊ ရက်ရောမှုတွေဟာ တဖြည်းဖြည်း သိသိသာသာ လျော့နည်းလာကြတယ်။ ချစ်စဖွယ့် မြန်မာ့ယဉ်ကျေးမှုနဲ့ လိမ္မာရိုးသားတဲ့ အပြုအမူတွေဟာ လူတန်းစားအချို့မှာပဲ တွေ့လာရတော့တယ်။

✴️လူမှုဝန်းကျင်မှာ သတ်မှတ်ထားတဲ့ norms တွေအပေါ် အလေးအနက်ထားမှုတွေ ပျောက်ကုန်ကြတယ်။

ငါ ဒါလုပ်လိုက်ရင် ဘယ်သူထိခိုက်သွားမလဲဆိုတာမျိုး ထည့်တွေးမိဖို့ မဆိုသာနဲ့။ မနက်ဖြန်တောင် ငါဘယ်လို ရပ်တည်ရမလဲ မသိတော့တဲ့လူတွေ ဒုနဲ့ဒေး။ ဘယ်သူသေသေ ငတေမာရင် ပြီးရော၊ တစ်ခုခုကို ထပ်ဆုံးရှုံးရမှာကို ကြောက်လာကြတဲ့ လူတွေအဖို့ အားနာတတ်မှုတွေ နည်းကုန်တယ်၊ ရာဇဝတ်မှုတွေ များလာတယ်။ ပိုက်ဆံက ရှာရခက်လာလို့ ပိုက်ဆံကသာ ဥပဒေအပေါ်၊ social norms တွေအပေါ် ရောက်လာတယ်။ ဥပမာပေးရရင် အလုပ်အကိုင်ရှားပါးလာလို့ online ကနေ သူများကို လိမ်လည်ရတဲ့အလုပ်တွေ၊ လောင်းကစားအလုပ်တွေ အစသဖြင့် ပိုများလာကြတယ်။

✴️ငါတို့ အနာဂတ်၊ အိမ်မက်တွေ ဘယ်လို အကောင်အထည် ဖော်ကြမလဲ။

ဒီမေးခွန်းက မြန်မာနိုင်ငံမှာ နေရသူတွေအဖို့ တကယ့်ကို ရယ်စရာပါ။ ကမ္ဘာအနှံ့ကလူငယ်တွေက ကိုယ့်အိပ်မက် ကိုယ်ရေးဆွဲအချိန်၊ မနက်ဖြန်ဆိုတာ မသေချာတဲ့ တို့တွေရဲ့ဘဝမှာ အနာဂတ်ဆိုတာ ဘယ်မှာလဲ မသိတော့ပါဘူး....

ဘဝဟာ တိုတောင်းလွန်းတယ်။ စာရေးသူ ပတ်ဝန်းကျင်ကလူတွေအဖို့တော့ ရုန်းကန်ရတဲ့ ဘဝဟာ ပိုရှည်လျားနေကြတယ်။

ငါတို့အားလုံး တကယ်ပဲ ဒီလိုမျိုး အတူတူ တွေးမိခဲ့ကြမလား....

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon