Logic Computer & Networking Services
19/02/2020
AMOLED DISPLAY နှင့် LCD DISPLAY တို့၏ အားသာချက်၊ အားနည်းချက်များ
ဒီနေ့ခေတ်မှာ ကျွန်တော်တို့ Computers တွေ၊ Tablet တွေ၊ အထူးသဖြင့် SmartPhones တွေမှာ အသုံးပြုနေကြတဲ့ Display တွေကို လေ့လာကြည့်လိုက်ရင် အဓိကအားဖြင့် ၂ မျိုးရှိတာကို တွေ့ရပါတယ်။ အဲ့ဒါတွေကတော့ AMOLED Display အရှည်အားဖြင့် Active Matrix Organic Light Emitting Diode လို့ ခေါ်ပြီး IPS LCD Display အရှည်အားဖြင့် In-Plane Switching Liquid Crystal Display လို့ ခေါ်တဲ့ Display နည်းပညာ နှစ်မျိုးပဲ ဖြစ်ပါတယ်။
Working Technology: ဒီ Display နှစ်မျိုးက ဘယ်လို အလုပ်လုပ်ကြသလဲ?
LCD Display
IPS LCD Display ဆိုတာတော့ In Plane Switching Liquid Crystal Display လို့ခေါ်ပြီး ဟိုးအရင်တုန်းက Computers တွေ Mobile Phones တွေမှာ အသုံးပြုခဲ့တဲ့ Old LCD နည်းပညာကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ LCD Display တစ်ခုရဲ့ အလုပ်လုပ်ပုံကတော့ Screen ပေါ်မှာ Pixels တွေရဲ့ အရောင်ကို ဖော်ပြပေးဖို့ အနောက်ဘက်ကနေ အလင်းရောင်ပေးနိုင်မဲ့ Backlight တစ်ခုလိုအပ်ပါတယ်။
Apple Retina LCD Display
Apple ရဲ့ Retina LCD Display ဆိုတာ iPhone 4 နဲ့အတူစတင်မိတ်ဆက်ခဲ့ပြီး အခုဆိုရင် iPhone 11 ထိတိုင်အောင် အသုံးပြုနေဆဲဖြစ်ပါတယ်။ သာမန် LCD နည်းပညာကိုပဲ အသုံးပြုထားတာဖြစ်ပြီး Apple ရဲ့ Retina နည်းပညာကို ထပ်ပေါင်းထားတဲ့ LCD Display တစ်ခုပဲ ဖြစ်ပါတယ်။ Retina နည်းပညာဆိုတာ Screen တစ်ခုပေါ်မှာ Pixels တွေ တစ်ခုနဲ့ တစ်ခုကြားမှာ နေရာလွတ်မရှိအောင် ဖြည့်ပေးထားတဲ့ နည်းပညာလို့ မှတ်ယူလို့ရပါတယ်။ သာမန်မျက်လုံးနဲ့ Pixels တွေကို ခွဲခြားရေတွက်လို့မရအောင် တည်ဆောက်ထားတာဖြစ်ပါတယ်။ တကယ်တမ်းတော့ LCD နည်းပညာကိုပဲ အခြေခံထားတာပါ။
AMOLED Display
AMOLED Display ဆိုတာတော့ Active Matrix Organic Light Emitting Diode လို့ ခေါ်ပြီး Screen ပေါ်မှာ Pixels တွေကို ဖော်ပြပေးဖို့အတွက် Backlight မလိုအပ်ပဲ organic materials တွေကိုသာ အသုံးပြုပါတယ်။ AMOLED Display တစ်ခုမှာ Pixles တွေကို ဖော်ပြပေးမဲ့ Display တစ်ခုရယ်၊ SmartPhones တွေအသုံးပြုလို့ရမဲ့ Touch Layer ရယ်ဆိုပြီး အလွှာနှစ်ခုပါဝင်ပါတယ်။
Super AMOLED, Dynamic AMOLED etc,
အခုနောက်ပိုင်း Samsung က အသုံးပြုလာတဲ့ Super AMOLED Display ဆိုတာတော့ AMOLED နဲ့ နည်းပညာဆင်တူပြီး ကွဲပြားသွားတာကတော့ Touch Layer ကို Display ထဲမှာ ထည့်ထားလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် Power စားသုံးမှူ သက်သာသွားသလို Display ကလဲ ပိုပါးပြီး ပေါ့သွားပါတယ်။ ရလဒ်ကတော့ Display အလွှာတစ်ခုထဲ ဖြစ်သွားတဲ့အတွက် battery အတွက်နေရာရလာသလို ဖုန်းတွေဟာလဲ ပိုပြီး ပေါ့ပါးသွားပါတယ်။
OLED
Apple ရဲ့ Falgship iPhones တွေ၊ LG, Samsung တို့ရဲ့ OLED TV တွေမှာ သုံးတဲ့ Display ဖြစ်ပါတယ်။ Organic light-emitting diode လို့ခေါ်ပြီး AMOLED Display နည်းပညာနဲ့ ဆင်တူပါတယ်။ သူ့မှာလဲ LCD လို Backlight မလိုအပ်ပဲ Organic Compounds တွေနဲ့ပဲ ဖွဲ့စည်းထားတာဖြစ်လို့ Battery Consumption သက်သာပြီး ပိုပါး၊ ပိုပေါ့ပါတယ်။
Power Efficiency: ပါဝါစားသုံးမှူ
IPS LCD Display တစ်ခုမှာ Pixels တွေကို ဖော်ပြပေးဖို့၊ Color တွေ မှန်ဖို့အတွက် Backlight ကောင်းကောင်း တစ်ခုလိုအပ်ပါတယ်။ LCD Display တွေရဲ့ အသက်ဟာ Backlight လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ Display မှာ Pixels တွေ ဖော်ပြဖို့အတွက် backlight က တစ်ချိန်လုံးလိုအပ်တာမလို့ ပါဝါစားသုံးမှူကတော့ AMOLED ထက်ပိုမိုများပြားပါတယ်။ ယေဘုယျအားဖြင့် LCD Display တစ်ခုဟာ AMOLED ထက် 15% လောက် ပါဝါ ပိုစားပါတယ်။
AMOLED Display မှာကျတော့ Backlight မလိုအပ်ပဲ Organic Compounds တွေကို Electricity နဲ့ထိတွေ့ပြီး အလင်းကို ထုတ်ပေးတာဖြစ်တဲ့အတွက် Screen ပေါ်မှာ လိုအပ်တဲ့နေရာအတွက်ပဲ ထုတ်ပေးဖို့ လိုအပ်ပါတယ်။ အနက်ရောင်ရှိရမဲ့နေရာမှာ electricity ကို မပေးပဲ Transistor ကို ပိတ်ချပေးလိုက်တဲ့အတွက် အနက်ရောင် အစစ်ကို ဖော်ပြပေးနိုင်သလို အပူစွန့်ထုတ်မှူ၊ power စားသုံးမှူလဲ LCD ထက် သက်သာပါတယ်။
အခုနောက်ပိုင်း SmartPhones တွေမှာ ခေတ်စားလာတဲ့ Always On Display (AOD) ဆိုတာ AMOLED Display တွေမှာပဲ အသုံးပြုရ ကြည့်ရတာ အဆင်ပြေပြီး LCD တွေမှာ အသုံးပြုမယ်ဆိုရင် အလင်းထွက်နေတဲ့ Backlight ကြောင့် တကယ်မှောင်ရမဲ့နေရာဟာ အမဲရောင် အစစ်မထွက်တဲ့အတွက် ကြည့်ရတာ AMOLED/OLED Display တွေလောက် အဆင်မပြေပါဘူး။ AMOLED တွေရဲ့ AOD မှာတော့ ပြစေချင်တဲ့ နာရီ၊ Date စတဲ့နေရာလေးတွေကိုပဲ အလင်းထုတ်ပေးထားပြီး ကျန်တဲ့နေရာတွေက Transistors တွေကို လုံးဝ ပိတ်ချပေးထားတာမလို့ Power စားသက်သာသလို ကြည့်ရတာလဲ အဆင်ပြေပါတယ်။
ဒါကြောင့်လဲ SmartPhones Manufacturers တွေဟာ LCD Display တွေမှာ Always on display feature ထည့်မပေးကြတာဖြစ်ပါတယ်။ (LCD တွေမှာ App (or) LCD iPhone တွေမှာဆိုရင် Jail ပြီး AOD ကို အသုံးပြုလို့တော့ရပါတယ်။ ဒါပေမဲ့ အပေါ်မှာပြောခဲ့သလို အမဲရောင် အစစ်ထုတ်မပေးနိုင်တဲ့အတွက် ညဘက်တွေမှာဆို သိသိသာသာ backlight ရဲ့ အလင်းတွေကို မြင်နေရပါတယ်။)
ပြီးတော့ Night Mode ဆိုရင်လဲ AMOLED တွေက အနက်ရောင်အစစ်ပေါ်ပြီး LCD တွေကတော့ အနက်ရောင်နေရာမှာ နောက်ဘက်က Backlight ရဲ့ အလင်းတွေကို မြင်နေရပါသေးတယ်။ ဒါကတော့ LCD ရဲ့ အဓိက အားနည်းချက်ဖြစ်ပါတယ်။
Color Reproduction: အရောင်တွေ ထုတ်လုပ်ပေးနိုင်မှူ
AMOLED Display တွေဟာ Backlight မလိုအပ်တဲ့အတွက် အနက်ရောင်အစစ်ကို ဖော်ပြပေးနိုင်သလို အခြားအရောင်တွေကိုလဲ စိုစိုပြည်ပြည် ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အနက်ရောင်အတွက် transistors တွေကို ပိတ်ချလိုက်တာဖြစ်တဲ့အတွက် အခြား Color တွေဟာ အရမ်းစိုတောက်နေပြီး Over Saturated ဖြစ်တယ်လို့ ခံစားရစေပါတယ်။
LCD တွေမှာတော့ Color Reproduction ဟာ AMOLED ထက် ပိုကောင်းတယ်လို့ ပြောရမှာပါ။ LCD ပေါ်မှာ အဖြူရောင်ဟာ အဖြူရောင်အတိုင်း ပေါ်ပြီးတော့ AMOLED ပေါ်မှာ အဝါလေး နည်းနည်းသန်းတယ်လို့ ခံစားရပါတယ်။ ပြေရရင် LCD ရဲ့ အရောင်တွေဟာ AMOLED လို စိုစိုတောက်တောက်ကြီးမဟုတ်ပဲ သဘာဝနဲ့ ပိုပြီး နီးစပ်ပါတယ်။ ဒါကြောင့်လဲ Professional ဓာတ်ပုံဆရာတွေဟာ LCD ကို AMOLED ထက်ပိုပြီး သဘောကျကြပါတယ်။ ဒါကြောင့် LCD တွေရဲ့ အဓိက အားသာချက်ကို ပြပါဆိုရင်တော့ AMOLED ထက် Color ပိုမှန်တာလို့ ပြောလို့ရပါတယ်။
Cost Efficiency: ထုတ်လုပ်ကုန်ကျစရိတ်
AMOLED Display တွေရဲ့ Organic Compounds တွေရဲ့ ကုန်ကျစရိတ်၊ အသုံးပြုရတဲ့ ကုန်ကြမ်းတွေရဲ့ စရိတ်ကတော့ LCD ထက်ပိုပြီး အကုန်အကျများပါတယ် ထုတ်လုပ်ရတာလဲ LCD ထက်ပိုပြီး အနုစိတ်သလို ခက်ခဲပါတယ်။ ဒါကြောင့် AMOLED Display တစ်ခုကွဲပြီဆိုရင် ဖုန်းစျေးရဲ့ တစ်ဝက်နီးပါးကို ကုန်ကျတာဖြစ်ပါတယ်။ LCD တွေကတော့ ဒီနေရာမှာ ဆရာပါပဲ ထုတ်လုပ်စရိတ်သက်သာသလို ကွဲလို့လဲရင်လဲ စျေးပေါတာတော့ အမှန်ပါ။
Life Span: သက်တမ်း
AMOLED တွေမှာ backlight အစား Organic Compounds တွေကို အသုံးပြုတာမလို့ ဒီ Compounds တွေဟာ Backlight နဲ့ ယှဉ်ရင် သက်တမ်းပိုတိုပါတယ်။ ပုံရိပ်တစ်ခုကို ထုတ်ပေးဖို့အတွက် Red, Blue, Green ဆိုတဲ့ အခြေခံအရောင် ၃ ရောင်ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ အဲ့ ၃ ရောင်ထဲမှာ Red နဲ့ Green ဟာ Blue ထက်ပိုပြီး သက်တမ်းကြာရှည်ခံပါတယ်။ ဒီ ၃ ရောင်ထဲက တစ်ခုခု အထူးသဖြင့် အပြာရောင် Organic Compound တွေသာ လစ်သွားခဲ့ရင် AMOLED display တွေရဲ့ မဟာပြဿနာ Screen Burn-in ဖြစ်သွားပါတော့တယ်။ ဒါကြောင့် AMOLED Display တွေမှာ Wallpaper တစ်မျိုးတည်းကို တစ်ချိန်လုံး ထားတာမျိုးတွေ ရှောင်ကျဉ်သင့်ပါတယ်။
LCD တွေမှာတော့ Screen Burn-in ဆိုတာ မရှိသလောက်ရှားပြီး ဖြစ်သွားခဲ့ရင်လဲ Backlight ကြောင့် မူလအတိုင်း ပြန်ဖြစ်ပါတယ်။ AMOLED တွေကတော့ မူလအတိုင်း ပြန်ဖြစ်ဖို့ ခဲယဉ်းပါတယ်။
စာလဲ အရမ်းရှည်ပြီမို့ နိဂုံးချုပ်ပါမယ်။ Display နည်းပညာနှစ်မျိုးမှာ အဓိက အားဖြင့် AMOLED က အရောင်တွေစိုမယ်၊ AOD ရမယ်၊ Battery ခံမယ် စတဲ့ ကောင်းကျိုးတွေ ရှိပြီး ဆိုးကျိုးတွေကတော့ စျေးကြီးတယ်၊ Color မမှန်တာမျိုးတွေ ရှိတယ်၊ Screen Burn-in ဖြစ်နိုင်တယ် စတာတွေပဲ ဖြစ်ပါတယ်။
IPS LCD Display တွေကတော့ Color မှန်တယ်၊ စျေးသက်သာတယ်၊ Burn-in မဖြစ်နိုင်ဘူး စတဲ့ ကောင်းကျိုးတွေ ရှိပြီး ဆိုးကျိုးတွေကတော့ battery စားတယ်၊ AOD မရဘူး (ကြည့်ရအဆင်မပြေဘူး ဖုန်းထုတ်လုပ်သူတွေက ထည့်မပေးကြတော့ဘူး)၊ အရောင်တွေက မွဲခြောက်ခြောက်နိုင်တယ် စတဲ့ ဆိုးကျိုးတွေ ရှိပါတယ်။
ဆိုတော့ Display နှစ်ခုရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိရှိသွားပြီဆိုရင် SmartPhones တစ်လုံး ရွေးချယ်တဲ့နေရာမှာ Display နဲ့ ပတ်သက်ပြီး ဝေခွဲရခက်နေတာတွေ ထိုက်သင့်သလောက် အဆင်ပြေသွားမယ်လို့ ယူဆမိပါတယ်။
Credit:
AMOLED Display နှင့် LCD Display တို့၏ အားသာချက်၊ အားနည်းချက်များ Display နှစ်ခုရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိရှိသွားပြီဆိုရင် SmartPhones တစ်လုံး ရွေးချယ်တဲ့နေရာမှာ Display နဲ့ ပတ်သက်....
Click here to claim your Sponsored Listing.
Category
Telephone
Address
South Okkalapa TownShip
Yangon