IME Group

IME Group

Share

Photos from IME Group's post 03/02/2026

🏆 𝐈𝐌𝐄 𝐅𝐮𝐭𝐬𝐚𝐥 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 𝐋𝐞𝐚𝐠𝐮𝐞 𝟐𝟎𝟐𝟔🏆
၂၀၂၆ ခုနှစ်၏ ပထမဆုံး Social Recreation Activity အဖြစ် IME Group မှ ဝန်ထမ်းများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကျင်းပသည့် "IME Futsal Champion League 2026" ကို ဇန်နဝါရီ (၃၁)ရက်နေ့တွင် စတင်ကျင်းပခဲ့ပါသည်။
ယခုပြိုင်ပွဲကို IME Group အောက်ရှိ Business Units (BUs) အသီးသီးမှ ဘောလုံးအသင်းပေါင်း (၁၂) သင်းဖြင့် ဖွဲ့စည်းထားပြီး၊ အောက်ပါ ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပရခြင်းဖြစ်ပါသည် -
• မတူညီသော ဌာနများနှင့် BU များအကြား လုပ်ငန်းခွင်ပြင်ပတွင် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရန်။
• အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ခြင်း (Teamwork) နှင့် အောင်မြင်မှုကို အတူတူပုံဖော် တတ်သည့် အလေ့အထကောင်းများ တိုးတက်လာစေရန်။
• ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် စိတ်ခွန်အားကို မြှင့်တင်ပေးခြင်းဖြင့် ပျော်ရွှင်စရာကောင်းသော လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန်။
• အားကစားစိတ်ဓာတ်နှင့်အညီ တရားမျှတစွာ ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်။
ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အသင်းများအားလုံး မိမိတို့၏ အကောင်းဆုံး စွမ်းဆောင်ရည် များကို ထုတ်ဖော်ပြသရင်း IME Group ၏ Corporate Culture ကို အတူတကွ ပုံဖော်သွားကြမည် ဖြစ်ပါသည်။
အားကစားစိတ်ဓာတ်အပြည့်ဖြင့် အစွမ်းကုန်ယှဉ်ပြိုင်သွားမည့် ကျွန်ုပ်တို့၏ အသင်း (၁၂) သင်းစလုံးကို ဂုဏ်ပြုလိုက်ပါရစေ။

Photos from IME Group's post 23/01/2026

ကျန်းမာရေးသည် လာဘ်တစ်ပါးဆိုသည့်အတိုင်း ကျန်းမာပြီး ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင် ဖြစ်ဖို့အတွက် လုပ်ငန်းတိုင်းက အလေးထားစဉ်းစားသင့်ပါသည်။ ကျန်းမာသော ကိုယ်ခန္ဓာရရှိမှသာ စိတ်ချမ်းသာပြီး လုပ်ငန်းစွမ်းဆောင်မှုတွေ ပိုမိုမြင့်တက်လာမှာပဲ ဖြစ်ပါသည်။ လှပတဲ့ ဘဝနေထိုင်မှုကို ဝန်ထမ်းများအားလုံး ရရှိစေလိုသောကြောင့် IME Group မှ ဝန်ထမ်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါသည်။

၁။ ဘက်စုံကျန်းမာရေးစစ်ဆေးမှု (𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐯𝐞 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤-𝐮𝐩)
ကုမ္ပဏီ၏ အောင်မြင်မှုခရီးစဉ်တစ်လျှောက် မိမိတို့၏ လုပ်သက်နှင့် အတွေ့အကြုံများကို နှစ်ရှည်လများ မြှုပ်နှံပေးခဲ့ကြသည့် လုပ်သက်ရှည်ဝန်ထမ်းများ နှင့် အရေးကြီးသော ခေါင်ဆောင်ပိုင်းနေရာများတွင် ဉီးဆောင်ကြိုးစားပေးနေသော တာဝန်ရှိသူများအတွက် နိုင်ငံတကာအဆင့်မီ ပြည်တွင်းဆေးရုံကြီးတွင် ဘက်စုံကျန်းမာရေး စစ်ဆေးမှု (𝐂𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐯𝐞 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤-𝐮𝐩) အစီအစဉ်ကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
"ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုအပေါ် အသိအမှတ်ပြုခြင်းနှင့် ကျန်းမာကြံ့ခိုင်စွာဖြင့် ရှေ့ဆက်နိုင်ရန် ဂရုစိုက်ပေးခြင်းသည် ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်ဟု ခံယူထားပါသည်။ "

၂။ ဝန်ထမ်းအားလုံးအတွက် ကျန်းမာရေးအာမခံ (𝐁𝐚𝐬𝐢𝐜 𝐇𝐞𝐚𝐥𝐭𝐡 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞)
မမျှော်လင့်ထားသော ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို စိုးရိမ်ပူပန်မှုကင်းဝေးစွာဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ဝန်ထမ်းအားလုံးကို နှစ်စဉ် 𝐁𝐚𝐬𝐢𝐜 𝐇𝐞𝐚𝐥𝐭𝐡 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 ကို ဝယ်ယူကာ အခြေခံကျန်းမာရေးအကာအကွယ်များကို ပံ့ပိုးပေးထားပါသည်။
"ဝန်ထမ်းတစ်ဦးချင်းစီ၏ နောက်ကွယ်တွင် ဘေးကင်းလုံခြုံမှုနှင့် အားကိုးရာတစ်ခု ရှိနေစေရန် ဖန်တီးပေးခြင်းပင် ဖြစ်ပါသည်။"

၃။ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု (𝐌𝐨𝐛𝐢𝐥𝐞 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤-𝐮𝐩)
ဝန်ထမ်းများ၏ လူမှုဖူလုံရေးခံစားခွင့်များကို လုပ်ငန်းခွင်အတွင်းမှာပင် ရရှိနိုင်စေရန် လူမှုဖူလုံရေးအဖွဲ့ (SSB) မှ 𝐌𝐨𝐛𝐢𝐥𝐞 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤-𝐮𝐩 ကို ရုံးသို့ ဖိတ်ခေါ်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးဝါးကုသမှုများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပါသည်။
"လူမှုဖူလုံရေးအဖွဲ့ ၏ ကျန်မာရေးစောင့်ရှောက်မှုကို လုပ်ငန်းခွင်အတွင်းမှာပင် လွယ်ကူချောမွေ့စွာ ရရှိနိုင်စေရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်ပါသည်"

IME Group သည် တန်ဖိုးထားရသော ဝန်ထမ်းများအားလုံးအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသော လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု (𝐀 𝐒𝐚𝐟𝐞 𝐚𝐧𝐝 𝐆𝐫𝐞𝐚𝐭 𝐏𝐥𝐚𝐜𝐞 𝐭𝐨 𝐖𝐨𝐫𝐤) ဖြစ်လာစေရန် အစဉ်တစိုက် အလေးထားဆောင်ရွက်သွားပြီး ပိုမိုလှပတဲ့ ဘဝနေထိုင်မှုဖြစ်စေဖို့ အတူတကွ ဖော်ဆောင်ပေးသွားမှာ ဖြစ်ပါသည်။

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Address


The Leaf Tower, 10th Floor
Yangon
11201

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30