Learning & Sharing with CMH
31/03/2025
တူတူ လှူရအောင်💪
🙏မင်္ဂလာပါ ၊ ကျွန်တော်တို့ထက် သဘာ၀ဘေးအခက်ခဲများကို ရင်ဆိုင်နေကြရသောသူများကို တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်ဖို့ရာ ကိုယ်နိုင်သလောက်လေး တက်စွမ်းသလောက် ကူညီအားဖြည့်ပေးကြရအောင်လား❓
🚩ဒီတစ်ပတ်ထဲမှာ ယုံကြည်စိတ်ချရမယ့် သက်ဆိုင်ရာ မြေပြင်အဖွဲ့အစည်းများသို့ တိုက်ရိုက်လှူသွားဖို့ရှိပါသည်။
ကျွန်တော်အနေဖြင့် (၂) သိန်း မတည်ပေးသွားပါမည်။ ကျွန်တော်ရဲ့ သင်တန်းသူ၊ သင်တန်းသားဟောင်းများနှင့် မိတ်ဆွေ သူငယ်ချင်းများလည်း ကျွန်တော်နဲ့ အတူတူ လှူဒါန်းလိုလျှင် ကျွန်တော်ကို ဆက်သွယ်ပေးပါ။
ယခုလို ကျွန်တော်နဲ့အတူ လှူဒါန်းသူများကို ကျွန်တော်ရဲ့ သိန်းချီတန်သော “Pay-Structure ရေးဆွဲခြင်းအထူးသင်တန်း” ကို ပညာဒါနအနေဖြင့် မေတ္တာလက်ဆောင် ပေးသွားပါမည်။ (ဒီအတိုင်း အလှူမခံခြင်းတာကြောင့်ပါ)
📌Wave/Kpay – 09967023119 (U Chit Min Hein) , အလှူငွေ ကန့်သတ်ချက်မရှိပါ✅
📌ပုံ၏ QR ကို Scan ဖတ်ပြီး Together Donation Viber Group သို့ဝင်ပြီး လှူဒါန်းထားသော ငွေပမာဏအား Screen Short ပို့ပေးပြီး နာမည် လာပြောပေးပါ (အချိန်နဲ့တပြေးညီ အလှူငွေစာရင်းအား အတိကျထုတ်ပြန်ပေးသွားပါမည်) ၊ Messenger မှလည်း ဆက်သွယ်နိုင်ပါသည်။
📌မှတ်ချက် ။ ။ 7.Apr.25 | 1:00 pm နောက်ဆုံးထား လှူဒါန်းနိုင်ပါသည်။ လှူဒါန်းသူများအနေဖြင့် Note တွင် “တူတူလှူ” လို့ရေးပေးပါရန်။
✅ရရှိလာသော အလှူငွေများအားလုံးအား သက်ဆိုင်ရာ ယုံကြည်ရသည့်နေရာများသို့ လှူဒါန်းသွားပါမည်..
✅Pay-Structure Course (ပညာဒါန)
https://www.facebook.com/share/p/18Ft6xzaVH/?mibextid=wwXIfr
သင်တန်းလေ့လာနိုင်ဖို့အတွက် Viber Group တွင် လင့်ပို့ပေးထားပါမည်။ (သင်တန်းအတွက် E-Certificate လည်းပေးပါမည်)
တူတူလှူ ၊ တူတူကူကြပါ ..
13/11/2024
လူဆိုတာ ရည်မှန်းချက်ရှိရတယ်။ အိမ်မရှိရင် အိမ်ဝယ်
ရမယ်၊ ကားမရှိရင် ကားဝယ်ရမယ်၊ ရုံးခန်း (သို့) ဆိုင်ခန်း
မရှိရင် ရုံးခန်း (သို့) ဆိုင်ခန်းဝယ်ရမယ်...။
ဝယ်ယူတဲ့နေရာမှာ ကိုယ့်အတွက်လစဥ် ဝန်ထုပ်ဝန်ပိုးဖြစ်
စေမဲ့အရာတွေထဲက စျေးအကြီးဆုံး (သို့) ငွေပမာဏအ
များဆုံးထွက်တဲ့အရာတွေကို အရင်ဦးဆုံးဝယ်ပါ...။
ငယ်ရွယ်နုပျိုချိန် ရုန်းနိုင်ကန်နိုင် ပြေးလွှားနိုင်တဲ့အချိန်
ကျန်းမာရေးကောင်းနေတဲ့အချိန်မှာ အပျာ်အပါး၊ အ
သောက်အစား၊ လောင်းကစား နဲ့ မလိုအပ်တဲ့အရာတွေ
ဝယ်တာ၊ ဇိမ်ခံတာစတာတွေကို အတတ်နိုင်ဆုံးလျှော့ပြီး
ငွေကိုကျစ်ကျစ်ပါအောင် ရည်မှန်းချက်ထားပြီး များများ
စုဆောင်းပါ...။
စုဆောင်းငွေရရှိလာပြီး ရည်မှန်းချက်တွေပြည့်မီလာရင်
Asset လို့ခေါ်တဲ့ မြေ၊ နေအိမ်၊ ရုံးခန်း၊ ဆိုင်ခန်းတွေပိုင်
ဆိုင်လာပြီး စီးပွားရေးလုပ်ငန်းနဲ့ အာမခံချက်ရှိတဲ့ဝင်ငွေ
ရှိလာရင် အတိုးချပြီး ဇိမ်ခံတံဆိပ်၊ ပရီမီယံတံဆိပ်လိုချင်
တာတွေ ကြိုက်သလောက်ဝယ်၊ စား၊ ဝတ်၊ လည်ပတ်ပါ..။
အဓိကက ကိုယ့်ဘဝနဲ့ အနာဂတ်ကို မနာလိုသွေးထိုးသူတွေ
ရဲ့ပါးစပ်ထဲမှာ လုံးဝအဆုံးမခံနဲ့။ အကောင်းအဆိုး အ
ကြောင်းအကျိုးနဲ့ အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်အောင်
စာများများဖတ်၊ လေ့လာသင်ယူပြီး ချင့်ချိန်ပြီးမှယုံပါ...။
ဘာမဆိုလက်တွေ့ကျကျ ဟုတ်မဟုတ် လိုက်လုပ်ကြည့်၊
အတွေ့အကြုံများပြီး ကိုယ့်ပေါ်မှာ အပေါ်ယံမဟုတ်ပဲ အ
မှန်တကယ်စေတနာထားတဲ့သူတွေနဲ့ သေချာတိုင်ပင်ဆွေး
နွေးပြီး လိုက်လုပ်ကြည့်ပါ...။
လက်သည်ကြီးပဲ အားမကိုးနဲ့ ကိုယ်တိုင်ညှစ်အားထုတ်။
သူများလုပ်နိုင်ရင် ကိုယ်လဲလုပ်နိုင်ရမယ် စိတ်ထား၊ မာန
ထား၊ တတ်နိုင်ရင် ဘယ်သူမှအားမကိုးနဲ့ မယုံကြည်နဲ့...။
အထူးသဖြင့် အပျက်သဘောဆောင်ပြီး ကိုယ်ကျိုးစီးပွား
မှမဟုတ်ရင် ကောင်းမလိုလိုနဲ့ အပေါ်ယံသကာရည်လောင်း
တတ်သူတွေနဲ့ ဝေးဝေးနေပါ။ အသိအတတ်လွန်ပြီး ကိုယ့်
အားနည်းချက်ကိုယ်မသိပဲ၊ ကိုယ်ကလွဲရင် အကုန်လုံးက
အဆိုးတွေကြီးပဲလို့ သွေးနထင်ရောက်နေသူတွေဆို လုံးဝ
ကိုအပေါင်းအသင်းမလုပ်ပါနဲ့...။
ခေတ်ပျက် (သို့) အမှောင်ခေတ်မှာ လူရိုး၊ လူကောင်းဆို
တာ သချ်ိုင်းကုန်းမှာတောင်မရှိတော့ပါ။ လူတိုင်းကိုယုံ
ကြည်လို့မရလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်အပြည့်
ထားပြီး ပုံမှန်သင်ယူလေ့လာကာ အားနည်းချက်များ
ပြင်ဆင်ပြီး ကိုယ့်အနာဂတ်ကို အလှအပဆုံးအတောက်
ပဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားကြပါ...။
Credited : PhilipWong
05/11/2024
အဲကွန်း တနာရီဖွင့်ရင် 0.7 unit
ရေခဲသေတ္တာ တနာရီဖွင့်ရင် 0.1 unit
ပန်ကာ တနာရီဖွင့်ရင် 0.1 unit
LED ၄ပေ မီးချောင်း နာရီ၅၀ဖွင့်ရင် 1unit
၄ပေရိုးရိုးဖန်မီးချောင်း ၂၅နာရီသုံးရင် 1unit
ဒယ်နီ ၁နာရီသုံးရင် 1.5unit
ထမင်းပေါင်းအိုး ၁နာရီသုံးရင် 0.7unit
အဲ့ဒီနှုန်းရှိပါတယ်။
air con တည ၅နာရီ
ရေခဲသေတ္တာ အမြဲဖွင့်မယ်
ပန်ကာတနေ့ ၈နာရီ
Led ၄၀ပေမီးချောင်း ၁၀နာရီ
ဒယ်နီ နာရီဝက်
ထမင်းပေါင်းအိုး နာရီဝက်
သုံးမယ်ဆိုရင်
air con 5hrs x 0.7 =3.5
ရေခဲ 24 hrs x 0.1 =2.4
ပန်ကာ 8hrs x 0.1 =0.8
မီးချောင်း10hrsx0.002=0.2
ဒယ်နီ 0.5hr x 1.5 = 0.75
ထမင်းအိုး 0.5hr x 0.7 = 0.35
တရက်ကိုစုစုပေါင်း 8 units ရှိပါမယ်။
တစ်လဆိုရင် 8x 30days =240units
အဲကွန်း ဒယ်နီ ထမင်းပေါင်းအိုး သုံးတဲ့ပေါ်
မူတည်ပြီး မီတာခ ကုန်ကျငွေမှာ
အပြောင်းအလဲ အများကြီးဖြစ်နိုင်ပါတယ်
05/11/2024
အကြော်စုံကို တစ်နေ့ (၃)သိန်းဖိုး ရောင်းရတာတို့၊
ကြက်ဒုတ်ထိုးရောင်းပြီး အိမ်ပိုင်တာတို့၊
ငပိရည် ကြက်သားသုပ်ရောင်းပြီး တိုက်ဆောက်တာတို့၊
ကွမ်းယာရောင်းပြီး နိုင်ငံခြားမှာ သားသမီးကို ကျောင်းထားတာတို့၊
ဘေထုတ်ရောင်းပြီး ကား၀ယ်တာတို့ ...စတာတွေကို
လိုင်းပေါ်မှာချီးကျူးတာထက် ဝေဖန်တာကိုတွေ့ရလို့ ဒီလိုလေး တွေးမိပါတယ်.......
၂၀၁၈ ခုနှစ်လောက်က ထင်တယ်၊
Express ကားစီးရင်းနဲ့ ဒရိုင်ဘာက ဘေးမှာပါလာတဲ့ စပယ်ယာအသစ်ကို စကားပြောနေတာပေါ့ ...
ကိုယ်က ရှေ့ဆုံးခုံဆိုတော့ သူတို့ပြောသမျှ အကုန်ကြားနေရတာ၊
ဒရိုင်ဘာက ငြီးငြူနေတာ ငါတစ်လ(၁၅)သိန်းကျော်ရတယ်
အခုထိအဖတ်တင်တာဘာမှမရှိဘူးတဲ့ ငါ့စပယ်ယာက တစ်လ (၁)သိန်းခွဲဘဲရတယ်
အဲ့ဒါကို ပြီးခဲ့တဲ့လက ရွာမှာမြေကွက် ၀ယ်ပြီးပြီတဲ့၊
အဲ့ဒီကောင်ကွာ နဲနဲနောနောတွက်ကပ်တဲ့ကောင် မဟုတ္ဘူးတဲ့၊
ဒီကောင်ကွာ ဘယ်တော့မှ လက်ဖက်ရည်ဆိုင် မထိုင်ဘူး၊ အပြင်မုန့်ပဲသရေစာ ဘာမှမစားဘူး၊
အမြန်လမ်းမှာကျွေးတဲ့ ထမင်းစားတယ်၊ ဂိတ်ရောက်ရင်ကျွေးတာ စားတယ်၊
ရယ်ဒီမိတ်ကော်ဖီ တစ်ထုတ်(၂)ခါခွဲသောက် တယ်တဲ့၊ အပြင်အ၀တ်အစား မ၀ယ္ဘူးတဲ့ ဒါကကိုယ်တွေ့ နားနဲ့ကြားခဲ့တာ...
နောက်စတိုရီတစ်ပုဒ်ကတော့ ကြားဖူးနား၀ပါ
ဘာလဲဆိုတော့ ရွာတစ်ရွာမှာ ဆင်းဆင်းရဲရဲ လယ်လုပ်သားမိသားစု (၂)စုရှိတာပေါ့
နှစ်တွေအတော်လေး ကြာလာတော့လယ် လုပ်သားမိသားစု တစ်စုကတိုက်နဲ့တာနဲ့ အိမ်ဆိုင်အကြီးကြီးနဲ့ ရုတ်တရက်ကြီး ဖြစ်လာတာပေါ့
အဲ့ဒါနဲ့ဆင်းရဲမြဲ ဆင်းရဲဆဲအိမ်က အရမ်းသိချင်လာတော့
အဲ့ဒီကုန်စုံဆိုင်ကြီးမှာ ဈေး၀ယ်ရင်းနဲ့ ပိုင်ရှင်ကိုမေးတာပေါ့၊
မင်းတို့နဲ့ ငါတို့နဲ့အတူတူ နှစ်တွေဖြတ်သန်းလာတာ၊
မင်းတို့ကဘယ်လိုဖြစ်လို့ ဒီလိုတွေ ချမ်းသာလာတာတုန်း၊ ဘာအလုပ်တွေ လုပ်ခဲ့သတုန်းပေါ့..
အဲ့ဒီမှာ သူဌေးကဘယ်လို ဖြေလိုက်လဲဆိုတော့
"မင်းတို့က၀က်သားဟင်း စော စားခဲ့ကြတာကိုးတဲ့"
အဲ့ဒီမှာ သူဆင်းရဲလယ်သမားက ဒါလဲဟုတ်ပေတာဘဲ
ငါတို့နေ့တိုင်းရသမျှ ငွေကြေးဥစ္စာကို အစားကောင်းအသောက်ကောင်းတွေ ၀ယ်ခြမ်းစားသောက်
နေတဲ့အချိန်မှာ သူတို့အိမ်ကလယ်ကန်သင်းက ကန်ဇွန်းရွက်လေးခူးကြော်၊
ငပိထောင်းလေးနဲ့ နေခဲ့ကြတာဘဲလေတဲ့၊ ဒါကကြားဖူးနား၀ ဘယ္ကစတယ်တော့ မသိပေမယ့်
"မင်းက ၀က်သားဟင်း စော စားခဲ့တာကိုး"ဆိုတဲ့စကားကို ကြိုက်လို့ မှတ္ထားတာ........
နောက်ထပ် ရှိသေးတယ် ...၊
အရင်အင်္ဂလိပ်ခေတ်ပြီးစအချိန် မြို့တစ်မြို့မှာပေါ့၊မြို့လယ်ခေါင်မှာbal mar အိမ်တွေရှိတယ်
အဲ့ဒီအိမ်တွေရဲ့ အောက်မှာ Kal larrတွေကတွန်းလှည်းဆိုင်လေးတွေ ဖွင့်ထားကြတယ်၊
နိုင်ငံရေးအခြေ
အနေတွေမကောင်း ခေတ်ပျက်နေတဲ့အချိန်ဆိုတော့ bal marတွေကအိမ်ထဲမှာဘဲနေ
အိမ်အောက်ထက်မှာ တွန်းလှည်း ဆိုင်လာဖွင့်နေတဲ့ Kal larr တွေဆီက
ဆန်လေးယူလိုက်၊ ဆီလေးယူလိုက်၊ တံမြက်စည်းလေးယူလိုက်၊ကွမ်းဆေးလိပ်လေးယူလိုက် ပြီးရင်
အကြွေးမှတ်ထားအုန်းနော်ပေါ့၊
ဒီလိုနဲ့ Bal Mar တွေကလဲ ရသလောက်အကြွေးယူပြီးရင် မှတ်ထားခိုင်း ၊
တကယ့်ကို ပေါ့ပေါ့ဆဆနော်
အဲ့လိုအချိန်Kal Larr တွေက
"ပဲ"ဟင်းချက် ၊ခြေမကြားထဲ"ငရုတ်သီး"တောင့်ညှပ်ပြီး ရှိစုမဲ့စုနဲ့ ကြိတ်မှိတ်စားတာ၊
အကြွေးတောင်းသမျှ ပေးတယ်၊ရသမျှလိပ်စုတယ်၊
ဒီလိုနဲ့ နှစ်တွေကြာလာတော့ ဟိုကစားရင်းဇယားနဲ့လာတာ၊
မပေးနိုင်ရင် အိမ်သိမ်းဘဲ၊
ဘာမှ လာမပြောနဲ့တော့၊တရားရင်ဆိုင်လဲ ရှုံးလေ၊
လက်ထဲတပြားတစ်ချပ်မှ မရှိကြတာ၊အဲ့ဒါနဲ့ အဲ့မြို့လယ်ခေါင်အိမ်တွေ အကုန္လုံးဟာ
သူတို့ဆီ ပါသွားကြရောတဲ့၊
ဒါက အိမ်ကအဘွား ပြောပြတာ ....
ဆိုလိုချင်တာက
သူတစ်ပါးအောင်မြင် ဖြစ်ထွန်းသွားတဲ့အခါ
ရုတ်တရက်ကြီး ချမ်းသာလာတာလား၊
ဖြစ်ကိုမဖြစ်နိုင်ဘူး၊
မဟုတ္တာ လုပ်စားလို့၊
ဖြတ်လမ်းနည်းနဲ့လုပ်လို့ရလာတာလို့
ဝါးလုံးရှည်နဲ့ ပတ်ရမ်းလို့မရဘူး
သူတို့ဘယ်လို ဒုက္ခခံ၊ဘယ်လို အငတ္ခံ၊
အခက်အခဲတွေကြားဘယ်လိုဖြတ်သန်းခဲ့သလဲ၊
လူ့စည်းစိမ်ကို တစ်ပါးသူတွေခံစားနေချိန်မှာ
သူတို့မနက်(၄)နာရီထပြီး ဈေးပေါပေါပဲပဲကုန်စိမ်းတွေ လိုက်ကောက်၊
တစ်နေကုန် ချက်ပြုတ်ရောင်းချဆေးကြော၊ ညအိပ်ချိန် တစ်ချိန်လေးဘဲ ရှိခဲ့တာတွေကို နားလည်ပေးရမယ်၊
နားလည်နိုင်စွမ်း ရှိရမယ်။
လူ့စည်းစိမ်ကို လူတိုင်း ၀ယ်စား ၊ကြိုက်တယ်၊
စားချင်တာလေးတွေ လုပ်
မယ်မယ်ရရ မရှိဘဲဖုန်းသုံး၊
တီဗီကြည့် .. စိတ်အလိုမှန်သမျှ လိုက်ချင်းတိုင်းလိုက်၊
တစ္ခုခုလုပ်ဖို့အားထည့်မယ် မကြံသေး ဘူး၊နားအုန်းမယ် ၊ နားချင်ပြီ ။
အဲ့လိုတွေ လူတိုင်း မလုပ်ချင်ဘူးလား ၊လုပ်ချင်ပါတယ်၊
လုပ်လို့လည်း ကောင်းပါတယ်၊
ဒါပေမယ့် အဲ့လိုလူ့စည်းစိမ်တွေကို မခံစားဘဲ ကြိုးစားနေတဲ့ သူတွေကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်.....
ဘယ်အရာမှ အစွန်းရောက်တာ မကောင်းဘူးပေါ့၊
သင့်တင့်မျှတအောင် မစားဘဲနဲ့
nutrition out ပြီး
စုဆောင်းထားသမျှ ဆေးရုံမှာကုန်တယ် ဆိုတာလည်း မဟုတ်သေးဘူး၊
ဒါပေမယ့် ကိုယ်မလိုချင်တဲ့ ဘ၀တစ္ခုကနေ ရုန်းထွက်နိုင်ဖို့ ဆိုရင်တော့
မလုပ်ချင်လည်းလုပ်၊မတွက်ကပ်ချင်လဲ
တွက်ကပ်ရတော့မယ့် အရာတွေ ရှိလာတတ်တယ်၊
ငွေပေါ်ငွေဆင့်ပြီး ရှာဖို့လည်း အရင်းအနှီးမရှိရင်တော့ ကပ်စေးနဲ တဲ့ နည်းလမ်းကိုရွေးချယ်တာ အသင့်တော်ဆုံးပါ.....
အာဟာရ သင့်တင့်မျှတအောင် စားပြီးစုနိုင်ဆောင်းနိုင်ကြပါစေ ။
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Pansodan
Yangon